အသုဘလာသူတွေကို ထီလက်မှတ် လက်ဆောင်ပေးဖို့ မကွယ်လွန်ခင်မှာ စီစဥ်ခဲ့တဲ့အမျိုးသမီး

အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စင်္ကာပူနိုင်ငံက အမျိူးသမီး တစ်ဦးဟာ သူမသေဆုံးခင် အချိန်လေးကို အလှပဆုံးလေးဖြစ်အောင် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူမဟာ ကွယ်လွန်ချိန်မှာ အသက် (၃၈) နှစ်ပဲ ရှိပါသေးတယ်။

ပြီးတော့ သူ့အသုဘကို တက်ရောက်တဲ့သူတွေ အကုန်လုံးကိုလည်း ထီလက်မှတ်တွေ အလကားပေးဖို့ စီစဉ်ခဲ့ပါသေးတယ်။

သူ့နာမည်ကတော့ Evelyn Ho ဖြစ်ပြီး သူမသေဆုံးခင် အချိန်လေးမှာ ရောင်စုံ မီးပုံးလေးတွေကို ကိုယ်တိုင် ချိတ်ဆွဲခဲ့ပါသေးတယ်။ သူ့ရဲ့ အသုဘလှပအောင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခဲ့တာပါ။

" သူရင်ဘတ်တွေ စအောင့်လာတာ ဇွန်လကတည်းကပဲ။ မသက်သာလို့ ဆရာဝန်နဲ့ ပြကြည့်တဲ့အခါမှာ နှောင်းပိုင်း အဆုတ်ကင်ဆာကို ခံစားနေခဲ့ရတာ"လို့ Evelyn ရဲ့ ခင်ပွန်းဖြစ်သူ Royston Lim က ပြောပါတယ်။

" သူက ဆေးလိပ်လဲ မသောက်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်အောင် နေခဲ့တယ်။ စစ်ဆေးမှု မလုပ်ခင် တစ်လလောက် အလိုကတည်းက သူ ချောင်းအရမ်း ဆိုးနေခဲ့တာ"

" အစကတော့ ပုံမှန် ချောင်းဆိုးတယ်လို့ပဲ ထင်ခဲ့တာ။ အဲ့တာကြောင့် သိပ်လဲ ဂရုမစိုက်ဖြစ်ခဲ့ဘူး"လို့ သူ့ရဲ့ အမျိုးသားက ပြောထားပါသေးတယ်။

Evelyn ရဲ့ မိသားစုတွေဟာ သူတို့သမီး bubble tea ကြိုက်တတ်တာမို့ အသုဘလာတဲ့ လူတွေကိုလည်း bubble tea ယူလာဖို့ တောင်းဆိုခဲ့ပါတယ်။

" အကုန်လုံးကိုတော့ သူကြိုက်တဲ့ အရောင်တွေ၊ လိုချင်တဲ့ အရောင်တွေနဲ့ အလှဆင် ထားပြီးသွားပြီ" လို့ Lim က ပြောပါတယ်။

Evelyn ဟာ သူမသေဆုံးခင် အချိန်ခဏလေးအလိုမှာ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို အမှတ်တရ လက်ဆောင်အဖြစ် Brand အိတ်တွေ၊ လက်ဝတ် ရတနာတွေကို ပေးခဲ့ပါသေးတယ်။

သူ အသည်းအသန်ဖြစ်နေတဲ့ (၆) နာရီအတွင်းမှာလည်း နှုတ်ဆက်စာတွေကို ရေးဖြစ်အောင် ရေးခဲ့ပါသေးတယ်။

" သူမနဲ့ ဒီဘဝမှာ ဆုံစည်းပြီး လက်ထပ်ခွင့်ရခဲ့တာ ကျွန်တော့်ဘဝမှာ အကောင်းဆုံးပါပဲ"လို့ သူ့ရဲ့အမျိုးသား Lim က ပြောပါသေးတယ်။

Zombie (Lovemedia)

for zawgyi

အသုဘလာသူေတြကို ထီလက္မွတ္ လက္ေဆာင္ေပးဖို႔ မကြယ္လြန္ခင္မွာ စီစဥ္ခဲ့တဲ့အမ်ိဳးသမီး

အဆုတ္ကင္ဆာနဲ႔ ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ စကၤာပူႏိုင္ငံက အမ်ိဴးသမီး တစ္ဦးဟာ သူမေသဆုံးခင္ အခ်ိန္ေလးကို အလွပဆုံးေလးျဖစ္ေအာင္ ျပဳလုပ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ သူမဟာ ကြယ္လြန္ခ်ိန္မွာ အသက္ (၃၈) ႏွစ္ပဲ ရွိပါေသးတယ္။

ၿပီးေတာ့ သူ႔အသုဘကို တက္ေရာက္တဲ့သူေတြ အကုန္လုံးကိုလည္း ထီလက္မွတ္ေတြ အလကားေပးဖို႔ စီစဥ္ခဲ့ပါေသးတယ္။

သူ႔နာမည္ကေတာ့ Evelyn Ho ျဖစ္ၿပီး သူမေသဆုံးခင္ အခ်ိန္ေလးမွာ ေရာင္စုံ မီးပုံးေလးေတြကို ကိုယ္တိုင္ ခ်ိတ္ဆြဲခဲ့ပါေသးတယ္။ သူ႔ရဲ႕ အသုဘလွပေအာင္ ကိုယ္တိုင္ကိုယ္က် စီစဥ္ခဲ့တာပါ။

" သူရင္ဘတ္ေတြ စေအာင့္လာတာ ဇြန္လကတည္းကပဲ။ မသက္သာလို႔ ဆရာဝန္နဲ႔ ျပၾကည့္တဲ့အခါမွာ ေႏွာင္းပိုင္း အဆုတ္ကင္ဆာကို ခံစားေနခဲ့ရတာ"လို႔ Evelyn ရဲ႕ ခင္ပြန္းျဖစ္သူ Royston Lim က ေျပာပါတယ္။

" သူက ေဆးလိပ္လဲ မေသာက္ဘူး။ က်န္းမာေရးနဲ႔လည္း ညီၫႊတ္ေအာင္ ေနခဲ့တယ္။ စစ္ေဆးမႈ မလုပ္ခင္ တစ္လေလာက္ အလိုကတည္းက သူ ေခ်ာင္းအရမ္းဆိုးေနခဲ့တာ"

" အစကေတာ့ ပုံမွန္ ေခ်ာင္းဆိုးတယ္လို႔ပဲ ထင္ခဲ့တာ။ အဲ့တာေၾကာင့္ သိပ္လဲ ဂ႐ုမစိုက္ျဖစ္ခဲ့ဘူး"လို႔ သူ႔ရဲ႕ အမ်ိဳးသားက ေျပာထားပါေသးတယ္။

Evelyn ရဲ႕ မိသားစုေတြဟာ သူတို႔သမီး bubble tea ႀကိဳက္တတ္တာမို႔ အသုဘလာတဲ့ လူေတြကိုလည္း bubble tea ယူလာဖို႔ ေတာင္းဆိုခဲ့ပါတယ္။

" အကုန္လုံးကိုေတာ့ သူႀကိဳက္တဲ့ အေရာင္ေတြ၊ လိုခ်င္တဲ့ အေရာင္ေတြနဲ႔ အလွဆင္ ထားၿပီးသြားၿပီ" လို႔ Lim က ေျပာပါတယ္။

Evelyn ဟာ သူမေသဆုံးခင္ အခ်ိန္ခဏေလးအလိုမွာ မိတ္ေဆြေတြ၊ သူငယ္ခ်င္းေတြကို အမွတ္တရ လက္ေဆာင္အျဖစ္ Brand အိတ္ေတြ၊ လက္ဝတ္ ရတနာေတြကို ေပးခဲ့ပါေသးတယ္။

သူ အသည္းအသန္ျဖစ္ေနတဲ့ (၆) နာရီအတြင္းမွာလည္း ႏႈတ္ဆက္စာေတြကို ေရးျဖစ္ေအာင္ ေရးခဲ့ပါေသးတယ္။

" သူမနဲ႔ ဒီဘဝမွာ ဆုံစည္းၿပီး လက္ထပ္ခြင့္ရခဲ့တာ ကြၽန္ေတာ့္ဘဝမွာ အေကာင္းဆုံးပါပဲ"လို႔ သူ႔ရဲ႕အမ်ိဳးသား Lim က ေျပာပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments