ရေယုန်ကို သဘာဝအတိုင်းကုသနိုင်မယ့် နည်းလမ်း (၈) ခု

ရေယုန်က အလွယ်တကူ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ရေယုန်တစ်ခါ ဖြစ်လိုက်တာနဲ့ သူ့ရဲ့ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ တစ်သက်လုံး နေသွားပါတယ်။ နှုတ်ခမ်းမှာ ဖြစ်တတ်တဲ့ ရေယုန်က အနမ်းပေးခြင်းလိုမျိုး ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။

လိင်အင်္ဂါမှာ ဖြစ်တတ်တဲ့ရေယုန်က လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုကနေ ဖြစ်တာပါ။ ခါးပတ်ရေယုန် ဆိုပြီးတော့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်တဲ့ ရေယုန်လည်း ရှိပါတယ်။ ကိုယ်ခံအားနည်းတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ ရေယုန်ပြန်ပေါ်လာတတ်ပါတယ်။ ရေယုန်ဖြစ်တဲ့အခါ မီးလောင်ဖုလို အစက်လေးတွေ ဖြစ်လာပြီး အလွန်နာကျင်ပါတယ်။

၁။ လိုင်စင်းဓါတ်ပါတဲ့ အစားအစာများကို စားပါ။

ရေယုန်ဖြစ်တဲ့အခါ အမဲသား၊ သိုးသား၊ ငါး၊ ကြက်သား၊ ပန်းမုံလာ၊ ပဲ၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပန်းသီး၊ သဖန်းသီး၊ သစ်တော်သီး၊ တရုတ်ဆီးသီးတို့ကို စားပါ။ အစေ့အဆန်၊ ဂျုံနဲ့ပြုလုပ်သော အစားအစာများ၊ ပဲနီလေး၊ ချောကလက်၊ ပဲပုပ်နဲ့ပြုလုပ်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

၂။ ဗီတာမင် E နဲ့ ဇင့်ဓါတ်ကို အသုံးပြုပါ။

သင့်နှုတ်ခမ်းမှာ ရေယုန်ပေါက်တဲ့အခါ ဗီတာမင် E က ကူညီပေးနိုင်ပါတယ်။ လိင်အင်္ဂါမှာ ရေယုန်ပေါက်တဲ့အခါ ဇင့်ဆာလဖိတ်ကို လိမ်းပေးပါ။ ဇင့်က ရေယုန်ဖြစ်တဲ့ အနာကို အကျက်မြန်စေပါတယ်။

၃။ လီမွန်သီးမှ ရသောအဆီ

လီမွန်သီးကနေ ရတဲ့အဆီက လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန်ကို သက်သာစေပါတယ်။ ရေယုန်အပြင် ယားယံတဲ့အခါ၊ မီးပူလောင်တဲ့အခါ၊ ရောင်ရမ်းတဲ့အခါ လီမွန်ဆီကို လိမ်းလို့ရပါတယ်။

၄။ ပျားဖယောင်း

ပျားဖယောင်းမှာ flavonoids ဓါတ် ပါဝင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းမှာပဲဖြစ်ဖြစ်၊ လိင်အင်္ဂါမှာပဲဖြစ်ဖြစ် ရေယုန်ပေါက်ရင် ပျားဖယောင်းကို လိမ်းပေးတဲ့အခါ အလွန်ထိရောက်ကြောင်း တွေ့ရပါတယ်။

၅။ နွယ်ချို

နွယ်ချိုမှာ glycyrrhizan ဆိုတဲ့ အင်တီအောက်ဆီးဒင့်ကို တွေ့ရပါတယ်။ နွယ်ချိုက ရေယုန်ဗိုင်းရပ်စ်ကို လှုပ်ရှားလို့မရအောင် တားဆီးပေးတာကြောင့် ရေယုန်ပေါက်တဲ့အခါ နွယ်ချိုစားသင့်ပါတယ်။

၆။ အုတ်ဂျုံမှုန့်နဲ့ ရေချိုးပါ။

လိင်အင်္ဂါမှာ ရေယုန်ပေါက်သူတွေက ရေနွေးနဲ့ ရေစိမ်ကြပါတယ်။ ရေနွေးထဲကို အုတ်ဂျုံမှုန့် ရေနွေးခွက်နဲ့ နှစ်ခွက်စာ၊ မုန့်ဖုတ်ဆိုဒါ ရေနွေးခွက်နဲ့ တစ်ဝက်စာကို ရောထည့်ပြီး ရေနွေးစိမ်ပေးရင် ပိုပြီး ထိရောက်ပါတယ်။

၇။ ရနံ့ဆီ

လေးညှင်းပွင့်ဆီ၊ မုရန်စေးဆီတို့က နှုတ်ခမ်းမှာဖြစ်တဲ့ ရေယုန်နာကို သက်သာစေပါတယ်။ ရေယုန်ဖုတွေက ရောက်နေတဲ့အခါ ရနံ့ဆီတွေကို လိမ်းပေးပါ။

၈။ ရေယုန်ပေါက်တဲ့သူနဲ့ နီးနီးကပ်ကပ် မနေသင့်ပါဘူး။

နှုတ်ခမ်းမှာ ရေယုန်ပေါက်တဲ့သူနဲ့ နှုတ်ခမ်းချင်း ထိတွေ့ရင် တံတွေးကနေ ကူးဆက်နိုင်ပါတယ်။ လိင်အင်္ဂါမှာ ရေယုန်ပေါက်တဲ့ သူနဲ့လည်း ထိတွေ့ဆက်ဆံခြင်း မပြုသင့်ပါဘူး။ ထိတွေ့ဆက်ဆံမယ် ဆိုရင်လည်း ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

ေရယုန္ကို သဘာဝအတိုင္းကုသႏိုင္မယ့္ နည္းလမ္း (၈) ခု

ေရယုန္က အလြယ္တကူ ကူးစက္တတ္တဲ့ေရာဂါ ျဖစ္ပါတယ္။ ေရယုန္တစ္ခါ ျဖစ္လိုက္တာနဲ႔ သူ႔ရဲ႕ ဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲမွာ တစ္သက္လုံး ေနသြားပါတယ္။

ႏႈတ္ခမ္းမွာ ျဖစ္တတ္တဲ့ေရယုန္က အနမ္းေပးျခင္းလိုမ်ိဳး ထိေတြ႕ျခင္းကေန ကူးစက္ပါတယ္။ လိင္အဂၤါမွာ ျဖစ္တတ္တဲ့ေရယုန္က လိင္ပိုင္းဆိုင္ရာထိေတြ႕မႈကေန ျဖစ္တာပါ။ ခါးပတ္ေရယုန္ဆိုၿပီးေတာ့ ခႏၶာကိုယ္ေပၚမွာေပါက္တဲ့ ေရယုန္လည္း ရွိပါတယ္။ ကိုယ္ခံအားနည္းတဲ့အခါ၊ စိတ္ဖိစီးမႈမ်ားတဲ့အခါ ေရယုန္ျပန္ေပၚလာတတ္ပါတယ္။ ေရယုန္ျဖစ္တဲ့အခါ မီးေလာင္ဖုလို အစက္ေလးေတြ ျဖစ္လာၿပီး အလြန္နာက်င္ပါတယ္။

၁။ လိုင္စင္းဓါတ္ပါတဲ့ အစားအစာမ်ားကို စားပါ။

ေရယုန္ျဖစ္တဲ့အခါ အမဲသား၊ သိုးသား၊ ငါး၊ ၾကက္သား၊ ပန္းမုံလာ၊ ပဲ၊ ကြမ္းသီးေဂၚဖီထုပ္၊ အာလူး၊ ဒိန္ခ်ဥ္၊ ဒိန္ခဲ၊ ပန္းသီး၊ သဖန္းသီး၊သစ္ေတာ္သီး၊ တ႐ုတ္ဆီးသီးတို႔ကို စားပါ။ အေစ့အဆန္၊ ဂ်ဳံနဲ႔ျပဳလုပ္ေသာ အစားအစာမ်ား၊ ပဲနီေလး၊ ေခ်ာကလက္၊ ပဲပုပ္နဲ႔ျပဳလုပ္တဲ့ အစားအစာေတြကို ေရွာင္ၾကဥ္ဖို႔ လိုပါတယ္။

၂။ ဗီတာမင္ E နဲ႔ ဇင့္ဓါတ္ကို အသုံးျပဳပါ။

သင့္ႏႈတ္ခမ္းမွာ ေရယုန္ေပါက္တဲ့အခါ ဗီတာမင္E က ကူညီေပးႏိုင္ပါတယ္။ လိင္အဂၤါမွာ ေရယုန္ေပါက္တဲ့အခါ ဇင့္ဆာလဖိတ္ကို လိမ္းေပးပါ။ ဇင့္က ေရယုန္ျဖစ္တဲ့ အနာကို အက်က္ျမန္ေစပါတယ္။

၃။ လီမြန္သီးမွ ရေသာအဆီ

လီမြန္သီးကေန ရတဲ့အဆီက လိင္အဂၤါမွာေပါက္တဲ့ေရယုန္ကို သက္သာေစပါတယ္။ ေရယုန္အျပင္ ယားယံတဲ့အခါ၊ မီးပူေလာင္တဲ့အခါ၊ ေရာင္ရမ္းတဲ့အခါ လီမြန္ဆီကို လိမ္းလို႔ရပါတယ္။

၄။ ပ်ားဖေယာင္း

ပ်ားဖေယာင္းမွာ flavonoids ဓါတ္ ပါဝင္ပါတယ္။ ခႏၶာကိုယ္ေပၚမွာပဲျဖစ္ျဖစ္၊ ႏႈတ္ခမ္းမွာပဲျဖစ္ျဖစ္၊ လိင္အဂၤါမွာပဲျဖစ္ျဖစ္ ေရယုန္ေပါက္ရင္ ပ်ားဖေယာင္းကို လိမ္းေပးတဲ့အခါ အလြန္ထိေရာက္ေၾကာင္း ေတြ႕ရပါတယ္။

၅။ ႏြယ္ခ်ိဳ

ႏြယ္ခ်ိဳမွာ glycyrrhizan ဆိုတဲ့ အင္တီေအာက္ဆီးဒင့္ကို ေတြ႕ရပါတယ္။ ႏြယ္ခ်ိဳက ေရယုန္ဗိုင္းရပ္စ္ကို လႈပ္ရွားလို႔မရေအာင္ တားဆီးေပးတာေၾကာင့္ ေရယုန္ေပါက္တဲ့အခါ ႏြယ္ခ်ိဳစားသင့္ပါတယ္။

၆။ အုတ္ဂ်ဳံမႈန႔္နဲ႔ ေရခ်ိဳးပါ။

လိင္အဂၤါမွာ ေရယုန္ေပါက္သူေတြက ေရေႏြးနဲ႔ ေရစိမ္ၾကပါတယ္။ ေရေႏြးထဲကို အုတ္ဂ်ဳံမႈန႔္ ေရေႏြးခြက္နဲ႔ ႏွစ္ခြက္စာ၊ မုန႔္ဖုတ္ဆိုဒါ ေရေႏြးခြက္နဲ႔ တစ္ဝက္စာကို ေရာထည့္ၿပီး ေရေႏြးစိမ္ေပးရင္ ပိုၿပီး ထိေရာက္ပါတယ္။

၇။ ရနံ႔ဆီ

ေလးညႇင္းပြင့္ဆီ၊ မုရန္ေစးဆီတို႔က ႏႈတ္ခမ္းမွာျဖစ္တဲ့ ေရယုန္နာကို သက္သာေစပါတယ္။ ေရယုန္ဖုေတြက ေရာက္ေနတဲ့အခါ ရနံ႔ဆီေတြကို လိမ္းေပးပါ။

၈။ ေရယုန္ေပါက္တဲ့သူနဲ႔ နီးနီးကပ္ကပ္ မေနသင့္ပါဘူး။

ႏႈတ္ခမ္းမွာ ေရယုန္ေပါက္တဲ့သူနဲ႔ ႏႈတ္ခမ္းခ်င္း ထိေတြ႕ရင္ တံေတြးကေန ကူးဆက္ႏိုင္ပါတယ္။ လိင္အဂၤါမွာ ေရယုန္ေပါက္တဲ့ သူနဲ႔လည္း ထိေတြ႕ဆက္ဆံျခင္းမျပဳသင့္ပါဘူး။ ထိေတြ႕ဆက္ဆံမယ္ ဆိုရင္လည္း ကြန္ဒုံးကို အသုံးျပဳသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments