ခြင်္သေ့ကြီး နဲ့ မျောက်ကလေး

ဟိုးရှေးရှေးတုန်းက မျောက်လေးတကောင်နဲ့ ခြင်္သေ့တကောင်တို့ဟာ ကျောက်ဂူးကြီး တခုထဲမှာ အတူတူ နေထိုင်ခဲ့ ကြတယ်။ သူတို့နှစ်ကောင်ဟာ အတူတကွ နေထိုင်သော်လည်း ခြင်္သေ့ကြီးက သေးငယ်တဲ့ မျောက်ကလေးကို အထင်သေးပြီ သူ့ရဲ့ ခွန်အားဗလနဲ့ အမြဲလိုလို ဗိုလ်ကျ အနိုင်ကျင့်လေ့ ရှိတယ်။ သူရဲ့ ခွန်အားဗလ တောင့်တင်းကြောင်းကို အမြဲ ကြွားဝါးလေ့ ရှိတာပေါ့ ။

" ဟိတ် မျောက်စုတ် မင်းရဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့ ဟိုအပင်တက် ဒီအပင်တက် အငြိမ်မနေနိုင်တဲ့ကောင် ငါကိုကြည့်စမ်း တိရစ္ဆာန်တွေအားလုံး လေးစားလောက်တဲ့ ဥပဓိရုပ်၊ အဆင်းအင်္ဂါနဲ့ ပြည့်စုံတယ် ၊ မင်းကတော့ တိရစ္ဆာန် ဖြစ်ရကြိုး မနပ်တဲ့ သတ္တဝါမျိုးနွယ် ပဲ ၊ တော်တော် ညံ့ဖျင်းတဲ့ အကောင် စားတော့လည်း သစ်ဥ သစ်ဖုတွေ ငါလို အရသာ ရှိတဲ့ အသားမျိုး မင်း စားဖို့ နေနေသာသာ အိမ်မက်တောင် မက်ဘူးမှာ မဟုတ်ဘူးကွာ ဟား ဟား ဟား ဟား "

မျောက်ကလေးကတော့ သူထက် အင်အား ကြီးမားလှတဲ့ ခြင်္သေ့ကြီးကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာကို အချိန်ပြည့် တွေးတော စဉ်စားနေတာပေါ့ ။ တနေ့မှာတော့ မျောက်ကလေးဟာ အစာလိုက်ရှာရင်း ရေတွင်းတတွင်းကို တွေ့လိုက်တော့ အကြံတခု ရပြီး ပြုံးလိုက်သတဲ့ ။

" အင်း ဒီအတိုင်ဆိုရင် ကြွားဝါးပြီး ဗလအားကိုးနဲ့ငါ့ကို အနိုင်ကျင့်တဲ့ ခြင်္သေ့ကြီး ဒီတခါတော့ အကောင်းသေးပေမဲ့ ဉာဏ်စွမ်း ဘယ်လောက်ထက်တယ် ဆိုတာ တွေ့ကြသေးတာ ပေါ့ကွာ " အဲ့ဒီလိုတွေးရင်း မျောက်ကလေးက ပျော်ရွှင်စွာ ပြန်လာခဲ့ တာပေါ့ ။

နောက်တနေ့မှာ မျောက်ကလေးဟာ သူရဲ့ အကြံအတိုင်း အစားရှာ သွားခါနီး ခြင်္သေ့ကြီးကို နှုတ်ဆက်လိုက်တယ် ။ " အကိုခြင်္သေ့ကြီး မနေ့ကကျွန်တော် ဟိုတောနက်ထဲမှာ ခများနဲ့ တထေရာတည်း တူတဲ့သတ္တဝါ တကောင်ကို တွေ့ခဲ့တယ် ။ သူက ကမ္ဘာမှာ ငါနဲ့ ပြိုင်ဝံ့တဲ့လူ ရှိရဲ့လားလို့ ကျွန်တော်ကို မေးတယ် ၊ အကိုကြီးရဲ့ အစွမ်းကို ကျွန်တော်က သိပြီသားမို့ ရှိတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ အဲ့ဒီမှာ သူက ဒေါသထွက်ပြီး ဟိတ်ကောင် မျောက်စုတ် ရှိရင် ငါ့ဆီ ခေါ်ခဲ့စမ်း သူက ငါနဲ့ မပြိုင်ဝံ့ရင်တော့ မင်းငါ့ကို တသက်လုံး ပြုစုလုပ်ကိုင် ကျွေးမွေးပြီး ငါ့အမိန့်ကို နာခံရမယ်လို့ မှာလိုက်တယ် "

" အင်း ဟုတ်ပမလားကွာ ၊ မျောက်စုတ်ရာ "

" အကိုခြင်္သေ့ကြီးရာ အဲ့ကောင်က မထီမဲ့မြင် လုပ်ပြီး စကားပြော ကြီးကျယ်လွန်းလို့ ခံပြင်းစရာပါဗျာ "

" ဒါနဲ့ မင်းကရော ငါဘယ်လောက် ခွန်အားကြီးမာကြောင်း မပြောပြလိုက် ဘူးလား " မျောက်ကလေးက တမင်မျက်နှာလွဲပြီး

" အကိုခြင်္သေ့ကြီးရယ် ခများအကြောင်းကို ပြောပြတော့ သူက ရယ်တောင် နေသေးတယ်ဗျ "

ခြင်္သေ့ကြီးလည် စိတ်ဆိုးမာန်ဆိုးနဲ့ မျောက်ကလေးကို အော်ဟစ် မေးမြန်ပါလေရော " ဒီလောက် လူပါးဝတဲ့ အကောင် ဘယ်မှာနေတာလည်း ငါ့ကို လိုက်ပြစမ်း "

" အကိုခြင်္သေ့ကြီး သတိတော့ထားနော် ဒီကောင်က တော်ရုံ အစွမ်းအစတော့ မဖြစ်နိုင်ဘူး "

" ငါ အဲ့လိုကောင်မျိုးနဲ့မှ တွေ့ချင်တာ ၊ အမြန်သာလိုက်ပြစမ်းပါ မျောက်စုတ်ရယ် " လို့ ခြင်္သေ့က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တဲ့အခါ " ကောင်းပြီလေ လိုက်ခဲ့ပါ " မျောက်ကလေးဟာ မောက်မာဝင့်ကြွားတဲ့ ခြင်္သေ့ကို တောအုပ်ထဲက ရေတွင်းဆီကို ခေါ်ဆောင်သွား သတဲ့ ။

" ရောက်ပါပြီဗျာ ၊ ကျွန်တော် မနေ့က တွေ့ခဲ့တဲ့ အကောင်က ဒီတွင်းကြီးထဲမှာ နေထိုင်ပါတယ် "

ခြင်္သေ့က ဘာမှ မစဉ်စားတော့ပဲ ရေတွင်းနှုတ်ခမ်းပေါ်ကို ဒေါကြီးမာန်ကြီး တက်ပြီး ငုံကြည့်လိုက်သတဲ့ ။ အဲ့ဒီအချိန်မှာ ကြည်လင်လှသောရေတွင်းပြင်မှာ သူနဲ့ တထေရာတည်း တူနေတဲ့ ခြင်္သေ့တကောင်ကို တွေ့လိုက်သတဲ့ ။ ခြင်္သေု့ကြီးက မိုက်တိမိုက်ကန်းနဲ့ ကြည့်လိုက်တော့ သူနဲ့ တူသော အကောင်းကလည်း မိုက်တိမိုက်ကန်း ပြန်ကြည့်သတဲ့ ။

မောက်မာတဲ့ ခြင်္သေ့ကြီးက ဒေါကြီးမောကြီး ဟိန်းဟောက်လိုက်တော့ ရေတွင်းထဲက ကောင်ကလည်း ပြန်ဟိန်းဟောက် တာပေါ့ ။ ဒီလိုနဲ့ ခြင်္သေ့ကြီးဟာ ဒေါသအိုးပေါက်ပြီး ဘာမှ မတွေးမိ မစဉ်းစား မဆင်ခြင် ရေတွင်းထဲက အကောင်ကို ခုန်အုပ်ဖို့ ရေတွင်းထဲ ခုန်ချလိုက်လေသတဲ့ကွယ် ။

တကယ်တော့ ရေတွင်ထဲမှာ ဘာရန်သူမှ မရှိပါဘူး ကြည်လင်တဲ့ ရေပြင်မှာ ပေါ်နေတဲ့ သူ့အရိပ်ကို ရန်သူထင်ပြီ ခုန်အုပ်မိတဲ့ ခြင်္သေ့ကြီးကတော့ ရေနစ် သေဆုံးသွားတာပေါ့ ။ မျောက်ကလေးကတော့ အဖြစ်အပျက်ကို ကြည့်ပြီး သဘောကြ ရယ်မေားပြီး သစ်ပင်တပင်မှ တပင်သို့ကူးကာ အိမ်ပြန်သွား သတဲ့ကွယ် ။

ဒီပုံပြင်လေးကို ကြည့်မယ်ဆိုရင် သူတပါးကို အထင်သေး အနိုင်ကျင့် နှိပ်ချပြီး ဒေါသထွက်နေတဲ့ အချိန် ဘာမှမစဉ်စား မဆင်ခြင်နိုင်စွမ်း မရှိ ဉာဏ်ပညာနည်းတဲ့ ခြင်္သေ့ကြီးကို အင်အားနည်း သေးကွေးတဲ့ မျောက်ကလေးက ပရိယာယ် ဉာဏ်ပညာနဲ့ အနိုင်ယူလိုက် နိုင်ပါတယ် ။

ဒါကြောင့်လောကမှာ အင်အားကြီးမာဖို့ထက် ကိုယ်မှာရှိတဲ့ အင်အား အနည်းငယ်ကို ဉာဏ်ပညာနဲ့ ယှဉ်တွဲပြီး စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ အသုံးချနိုင်ရင် မည်သည့် အခက်အခဲကို မဆို အောင်မြင်နိုင်ပါတယ် ။

crd

Zawgyi

ျခေသၤ့ႀကီး နဲ႔ ေမ်ာက္ကေလး

ဟိုးေရွးေရွးတုန္းက ေမ်ာက္ေလးတေကာင္နဲ႔ ျခေသၤ့တေကာင္တို႔ဟာ ေက်ာက္ဂူးႀကီး တခုထဲမွာ အတူတူ ေနထိုင္ခဲ့ ၾကတယ္။ သူတို႔ႏွစ္ေကာင္ဟာ အတူတကြ ေနထိုင္ေသာ္လည္း ျခေသၤ့ႀကီးက ေသးငယ္တဲ့ ေမ်ာက္ကေလးကို အထင္ေသးၿပီ သူ႔ရဲ႕ ခြန္အားဗလနဲ႔ အၿမဲလိုလို ဗိုလ္က် အႏိုင္က်င့္ေလ့ ရွိတယ္။ သူရဲ႕ ခြန္အားဗလ ေတာင့္တင္းေၾကာင္းကို အၿမဲ ႂကြားဝါးေလ့ ရွိတာေပါ့ ။

" ဟိတ္ ေမ်ာက္စုတ္ မင္းရဲ႕ ခႏၶာကိုယ္ ေသးေသးေလးနဲ႔ ဟိုအပင္တက္ ဒီအပင္တက္ အၿငိမ္မေနႏိုင္တဲ့ေကာင္ ငါကိုၾကည့္စမ္း တိရစာၦန္ေတြအားလုံး ေလးစားေလာက္တဲ့ ဥပဓိ႐ုပ္၊ အဆင္းအဂၤါနဲ႔ ျပည့္စုံတယ္ ၊ မင္းကေတာ့ တိရစာၦန္ ျဖစ္ရႀကိဳး မနပ္တဲ့ သတၱဝါမ်ိဳးႏြယ္ ပဲ ၊ ေတာ္ေတာ္ ညံ့ဖ်င္းတဲ့ အေကာင္ စားေတာ့လည္း သစ္ဥ သစ္ဖုေတြ ငါလို အရသာ ရွိတဲ့ အသားမ်ိဳး မင္း စားဖို႔ ေနေနသာသာ အိမ္မက္ေတာင္ မက္ဘူးမွာ မဟုတ္ဘူးကြာ ဟား ဟား ဟား ဟား "

ေမ်ာက္ကေလးကေတာ့ သူထက္ အင္အား ႀကီးမားလွတဲ့ ျခေသၤ့ႀကီးကို ဘယ္လို အႏိုင္ယူရမလဲ ဆိုတာကို အခ်ိန္ျပည့္ ေတြးေတာ စဥ္စားေနတာေပါ့ ။ တေန႔မွာေတာ့ ေမ်ာက္ကေလးဟာ အစာလိုက္ရွာရင္း ေရတြင္းတတြင္းကို ေတြ႕လိုက္ေတာ့ အႀကံတခု ရၿပီး ၿပဳံးလိုက္သတဲ့ ။ " အင္း ဒီအတိုင္ဆိုရင္ ႂကြားဝါးၿပီး ဗလအားကိုးနဲ႔ငါ့ကို အႏိုင္က်င့္တဲ့ ျခေသၤ့ႀကီး ဒီတခါေတာ့ အေကာင္းေသးေပမဲ့ ဉာဏ္စြမ္း ဘယ္ေလာက္ထက္တယ္ ဆိုတာ ေတြ႕ၾကေသးတာ ေပါ့ကြာ " အဲ့ဒီလိုေတြးရင္း ေမ်ာက္ကေလးက ေပ်ာ္႐ႊင္စြာ ျပန္လာခဲ့ တာေပါ့ ။

ေနာက္တေန႔မွာ ေမ်ာက္ကေလးဟာ သူရဲ႕ အႀကံအတိုင္း အစားရွာ သြားခါနီး ျခေသၤ့ႀကီးကို ႏႈတ္ဆက္လိုက္တယ္ ။ " အကိုျခေသၤ့ႀကီး မေန႔ကကြၽန္ေတာ္ ဟိုေတာနက္ထဲမွာ ခမ်ားနဲ႔ တေထရာတည္း တူတဲ့သတၱဝါ တေကာင္ကို ေတြ႕ခဲ့တယ္ ။ သူက ကမာၻမွာ ငါနဲ႔ ၿပိဳင္ဝံ့တဲ့လူ ရွိရဲ႕လားလို႔ ကြၽန္ေတာ္ကို ေမးတယ္ ၊ အကိုႀကီးရဲ႕ အစြမ္းကို ကြၽန္ေတာ္က သိၿပီသားမို႔ ရွိတာေပါ့လို႔ ျပန္ေျပာလိုက္တယ္ ။ အဲ့ဒီမွာ သူက ေဒါသထြက္ၿပီး ဟိတ္ေကာင္ ေမ်ာက္စုတ္ ရွိရင္ ငါ့ဆီ ေခၚခဲ့စမ္း သူက ငါနဲ႔ မၿပိဳင္ဝံ့ရင္ေတာ့ မင္းငါ့ကို တသက္လုံး ျပဳစုလုပ္ကိုင္ ေကြၽးေမြးၿပီး ငါ့အမိန႔္ကို နာခံရမယ္လို႔ မွာလိုက္တယ္ "

" အင္း ဟုတ္ပမလားကြာ ၊ ေမ်ာက္စုတ္ရာ "

" အကိုျခေသၤ့ႀကီးရာ အဲ့ေကာင္က မထီမဲ့ျမင္ လုပ္ၿပီး စကားေျပာ ႀကီးက်ယ္လြန္းလို႔ ခံျပင္းစရာပါဗ်ာ "

" ဒါနဲ႔ မင္းကေရာ ငါဘယ္ေလာက္ ခြန္အားႀကီးမာေၾကာင္း မေျပာျပလိုက္ ဘူးလား " ေမ်ာက္ကေလးက တမင္မ်က္ႏွာလြဲၿပီး

" အကိုျခေသၤ့ႀကီးရယ္ ခမ်ားအေၾကာင္းကို ေျပာျပေတာ့ သူက ရယ္ေတာင္ ေနေသးတယ္ဗ် "

ျခေသၤ့ႀကီးလည္ စိတ္ဆိုးမာန္ဆိုးနဲ႔ ေမ်ာက္ကေလးကို ေအာ္ဟစ္ ေမးျမန္ပါေလေရာ " ဒီေလာက္ လူပါးဝတဲ့ အေကာင္ ဘယ္မွာေနတာလည္း ငါ့ကို လိုက္ျပစမ္း "

" အကိုျခေသၤ့ႀကီး သတိေတာ့ထားေနာ္ ဒီေကာင္က ေတာ္႐ုံ အစြမ္းအစေတာ့ မျဖစ္ႏိုင္ဘူး "

" ငါ အဲ့လိုေကာင္မ်ိဳးနဲ႔မွ ေတြ႕ခ်င္တာ ၊ အျမန္သာလိုက္ျပစမ္းပါ ေမ်ာက္စုတ္ရယ္ " လို႔ ျခေသၤ့က စိတ္ဆိုးမာန္ဆိုးနဲ႔ ေျပာလိုက္တဲ့အခါ " ေကာင္းၿပီေလ လိုက္ခဲ့ပါ " ေမ်ာက္ကေလးဟာ ေမာက္မာဝင့္ႂကြားတဲ့ ျခေသၤ့ကို ေတာအုပ္ထဲက ေရတြင္းဆီကို ေခၚေဆာင္သြား သတဲ့ ။

" ေရာက္ပါၿပီဗ်ာ ၊ ကြၽန္ေတာ္ မေန႔က ေတြ႕ခဲ့တဲ့ အေကာင္က ဒီတြင္းႀကီးထဲမွာ ေနထိုင္ပါတယ္ "

ျခေသၤ့က ဘာမွ မစဥ္စားေတာ့ပဲ ေရတြင္းႏႈတ္ခမ္းေပၚကို ေဒါႀကီးမာန္ႀကီး တက္ၿပီး ငုံၾကည့္လိုက္သတဲ့ ။ အဲ့ဒီအခ်ိန္မွာ ၾကည္လင္လွေသာေရတြင္းျပင္မွာ သူနဲ႔ တေထရာတည္း တူေနတဲ့ ျခေသၤ့တေကာင္ကို ေတြ႕လိုက္သတဲ့ ။ ျခေသၤု႔ႀကီးက မိုက္တိမိုက္ကန္းနဲ႔ ၾကည့္လိုက္ေတာ့ သူနဲ႔ တူေသာ အေကာင္းကလည္း မိုက္တိမိုက္ကန္း ျပန္ၾကည့္သတဲ့ ။

ေမာက္မာတဲ့ ျခေသၤ့ႀကီးက ေဒါႀကီးေမာႀကီး ဟိန္းေဟာက္လိုက္ေတာ့ ေရတြင္းထဲက ေကာင္ကလည္း ျပန္ဟိန္းေဟာက္ တာေပါ့ ။ ဒီလိုနဲ႔ ျခေသၤ့ႀကီးဟာ ေဒါသအိုးေပါက္ၿပီး ဘာမွ မေတြးမိ မစဥ္းစား မဆင္ျခင္ ေရတြင္းထဲက အေကာင္ကို ခုန္အုပ္ဖို႔ ေရတြင္းထဲ ခုန္ခ်လိုက္ေလသတဲ့ကြယ္ ။

တကယ္ေတာ့ ေရတြင္ထဲမွာ ဘာရန္သူမွ မရွိပါဘူး ၾကည္လင္တဲ့ ေရျပင္မွာ ေပၚေနတဲ့ သူ႔အရိပ္ကို ရန္သူထင္ၿပီ ခုန္အုပ္မိတဲ့ ျခေသၤ့ႀကီးကေတာ့ ေရနစ္ ေသဆုံးသြားတာေပါ့ ။ ေမ်ာက္ကေလးကေတာ့ အျဖစ္အပ်က္ကို ၾကည့္ၿပီး သေဘာၾက ရယ္ေမားၿပီး သစ္ပင္တပင္မွ တပင္သို႔ကူးကာ အိမ္ျပန္သြား သတဲ့ကြယ္ ။

ဒီပုံျပင္ေလးကို ၾကည့္မယ္ဆိုရင္ သူတပါးကို အထင္ေသး အႏိုင္က်င့္ ႏွိပ္ခ်ၿပီး ေဒါသထြက္ေနတဲ့ အခ်ိန္ ဘာမွမစဥ္စား မဆင္ျခင္ႏိုင္စြမ္း မရွိ ဉာဏ္ပညာနည္းတဲ့ ျခေသၤ့ႀကီးကို အင္အားနည္း ေသးေကြးတဲ့ ေမ်ာက္ကေလးက ပရိယာယ္ ဉာဏ္ပညာနဲ႔ အႏိုင္ယူလိုက္ ႏိုင္ပါတယ္ ။

ဒါေၾကာင့္ေလာကမွာ အင္အားႀကီးမာဖို႔ထက္ ကိုယ္မွာရွိတဲ့ အင္အား အနည္းငယ္ကို ဉာဏ္ပညာနဲ႔ ယွဥ္တြဲၿပီး စဥ္းစား ဆင္ျခင္ဉာဏ္နဲ႔ အသုံးခ်ႏိုင္ရင္ မည္သည့္ အခက္အခဲကို မဆို ေအာင္ျမင္ႏိုင္ပါတယ္ ။

crd

Post a Comment

0 Comments