မျက်နှာပေါ်က Fine line (ကျီးကန်းခြေရာ) တွေကို လျော့ပါးသွားစေမယ့် လျှို့ဝှက်ချက် (၆) ခု

Fine line (ကျီးကန်းခြေရာ) နဲ့ အရေးအကြောင်းတွေက အသက်အရွယ်ကြီးလာရင် ပေါ်လာပါတယ်။ နေရောင် အထိများတဲ့ မျက်နှာ၊ လည်ပင်းနဲ့ လက်တွေမှာ fine line တွေ အဖြစ်များပါတယ်။ အဲဒီ fine line တွေကြောင့် အလှတွေ လျော့သွားမှာ စိတ်ပူစရာ မလိုတော့ပါဘူး။ ထိရောက်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ နေရောင်ခြည်ကို ကာကွယ်ပါ။

Fine line မဖြစ်ဖို့ အထိရောက်ဆုံးက နေရောင်ခြည်ကို ကာကွယ်တာပါ။ SPF 30 နဲ့ အထက်ပါဝင်တဲ့ sunscreen တွေကို တွေကို နေ့စဉ် သုံးပေးသင့်ပါတယ်။ နေသာတဲ့ နေ့တွေတင်မကဘဲ မိုးရွာတဲ့နေ့၊ မိုးအုံ့တဲ့ နေ့တွေမှာလည်း သုံးသင့်ပါတယ်။

၂။ Moisturizer ကို သုံးပါ။

Moisturizer ကို သုံးရုံနဲ့ အသားအရေရဲ့သွင်ပြင်က တိုးတက်လာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ fine line တွေက ပိုပေါ်လာပါပြီ။ အဲဒါကြောင့် mositurizer ကို ပုံမှန်သုံးပေးဖို့ မမေ့သင့်ပါဘူးနော်။

၃။ မှန်ကန်တဲ့ active ingredients တွေကို သုံးပါ။

Skincare တွေ ဝယ်တဲ့အခါ active ingredients တွေကို သေချာရှာဝယ်ဖို့ အရေးကြီးပါတယ်။ အိုမင်းလာတဲ့ အသားအရေအတွက် retinols နဲ့ retinoids ၊ ဗီတာမင်စီနဲ့ coenzyme Q10 တွေပါဝင်တဲ့ အင်တီအောက်ဆီးဒင့်၊ ကော်လဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ peptides စတဲ့ active ingredients တွေကို ရွေးချယ်သင့်ပါတယ်။

၄။ သင့်ရဲ့အကျင့်များ

အိပ်ရေးမဝတာ၊ စိတ်ဖိစီးမှုများတာ၊ တွေ့တဲ့ဆပ်ပြာနဲ့ မျက်နှာသစ်တာတွေကနေ fine line တွေ စောစောစီးစီး ပေါ်လာပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ စိတ်ကို ပေါ့ပေါ့ပါးပါး နေတာတွေက ကျန်းမာရေးကို သာမက မျက်နှာကိုပါ နုပျိုစေပါတယ်။

၅။ အစားအသောက်ပုံစံကို ပြောင်းလဲပါ။

ကျန်းမာမျှတတဲ့ အစားအသောက်က အသားအရေကို သက်ရောက်မှု ရှိစေပါတယ်။ ထောပတ်သီး၊ တလည်းသီး၊ မုန်လာဥနီ၊ ဖရုံသီး၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ သံလွင်ဆီ၊ ဆော်လမွန်ငါး၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်မှုန့်၊ ဂျင်းတို့က မျက်နှာအသားအရေ သဘောကျတဲ့ အစားအစာတွေပါ။

၆။ ပက်လက်လှန် အိပ်ပါ။

အိပ်ပုံအိပ်နည်းကနေလည်း အရေးအကြောင်းတွေ၊ fine line တွေ ဖြစ်စေပါတယ်။ မှောက်အိပ်တာက မျက်နှာ အလှအတွက် မသင့်တော်ပါဘူး။ အဲဒါကြောင့် ပက်လက်လှန်ပြီး အိပ်သင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

မ်က္ႏွာေပၚက Fine line (က်ီးကန္းေျခရာ) ေတြကို ေလ်ာ့ပါးသြားေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၆) ခု

Fine line (က်ီးကန္းေျခရာ) နဲ႔ အေရးအေၾကာင္းေတြက အသက္အ႐ြယ္ႀကီးလာရင္ ေပၚလာပါတယ္။ ေနေရာင္ အထိမ်ားတဲ့ မ်က္ႏွာ၊ လည္ပင္းနဲ႔ လက္ေတြမွာ fine line ေတြ အျဖစ္မ်ားပါတယ္။ အဲဒီ fine line ေတြေၾကာင့္ အလွေတြ ေလ်ာ့သြားမွာ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ထိေရာက္တဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။

၁။ ေနေရာင္ျခည္ကို ကာကြယ္ပါ။

Fine line မျဖစ္ဖို႔ အထိေရာက္ဆုံးက ေနေရာင္ျခည္ကို ကာကြယ္တာပါ။ SPF 30 နဲ႔ အထက္ပါဝင္တဲ့ sunscreen ေတြကို ေတြကို ေန႔စဥ္ သုံးေပးသင့္ပါတယ္။ ေနသာတဲ့ ေန႔ေတြတင္မကဘဲ မိုး႐ြာတဲ့ေန႔၊ မိုးအုံ႔တဲ့ ေန႔ေတြမွာလည္း သုံးသင့္ပါတယ္။

၂။ Moisturizer ကို သုံးပါ။

Moisturizer ကို သုံး႐ုံနဲ႔ အသားအေရရဲ႕သြင္ျပင္က တိုးတက္လာပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် fine line ေတြက ပိုေပၚလာပါၿပီ။ အဲဒါေၾကာင့္ mositurizer ကို ပုံမွန္သုံးေပးဖို႔ မေမ့သင့္ပါဘူးေနာ္။

၃။ မွန္ကန္တဲ့ active ingredients ေတြကို သုံးပါ။

Skincare ေတြ ဝယ္တဲ့အခါ active ingredients ေတြကို ေသခ်ာရွာဝယ္ဖို႔ အေရးႀကီးပါတယ္။ အိုမင္းလာတဲ့ အသားအေရအတြက္ retinols နဲ႔ retinoids ၊ ဗီတာမင္စီနဲ႔ coenzyme Q10 ေတြပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္၊ ေကာ္လဂ်င္ ထုတ္လုပ္မႈကို လႈံ႕ေဆာ္ေပးတဲ့ peptides စတဲ့ active ingredients ေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

၄။ သင့္ရဲ႕အက်င့္မ်ား

အိပ္ေရးမဝတာ၊ စိတ္ဖိစီးမႈမ်ားတာ၊ ေတြ႕တဲ့ဆပ္ျပာနဲ႔ မ်က္ႏွာသစ္တာေတြကေန fine line ေတြ ေစာေစာစီးစီး ေပၚလာပါတယ္။ ေလ့က်င့္ခန္း လုပ္တာ၊ ေယာဂက်င့္တာ၊ စိတ္ကို ေပါ့ေပါ့ပါးပါး ေနတာေတြက က်န္းမာေရးကို သာမက မ်က္ႏွာကိုပါ ႏုပ်ိဳေစပါတယ္။

၅။ အစားအေသာက္ပုံစံကို ေျပာင္းလဲပါ။

က်န္းမာမွ်တတဲ့ အစားအေသာက္က အသားအေရကို သက္ေရာက္မႈ ရွိေစပါတယ္။ ေထာပတ္သီး၊ တလည္းသီး၊ မုန္လာဥနီ၊ ဖ႐ုံသီး၊ အာလူး၊ ပန္းေဂၚဖီစိမ္း၊ သံလြင္ဆီ၊ ေဆာ္လမြန္ငါး၊ င႐ုတ္ေကာင္း၊ သစ္ႀကံပိုးေခါက္မႈန႔္၊ ဂ်င္းတို႔က မ်က္ႏွာအသားအေရ သေဘာက်တဲ့ အစားအစာေတြပါ။

၆။ ပက္လက္လွန္ အိပ္ပါ။

အိပ္ပုံအိပ္နည္းကေနလည္း အေရးအေၾကာင္းေတြ၊ fine line ေတြ ျဖစ္ေစပါတယ္။ ေမွာက္အိပ္တာက မ်က္ႏွာ အလွအတြက္ မသင့္ေတာ္ပါဘူး။ အဲဒါေၾကာင့္ ပက္လက္လွန္ၿပီး အိပ္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments