မုန့်ဖုတ်သမားနဲ့ လယ်သမား

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ မုန့်ဖုတ်သမားကြီး တဦးရှိသတဲ့။ မုန့်ဖုတ်သမားကြီး ဆီကို နေ့စဉ် နေ့တိုင်း ထောပတ် ရောင်းတဲ့ လယ်သမား တဦးလည်း ရှိပါတယ်။

တနေ့မှာတော့ မုန့်ဖုတ်သမားဟာ လယ်သမားကြီး ဆီကနေ ထောပတ်ကို ဝယ်လာခဲ့တယ် ။ မုန့်ဖုတ်သမားဟာ သူဝယ်လာတဲ့ ထောပတ်ကို ချိန်ကြည့်လိုက်တဲ့ အခါမှာ အချိန်လျော့နေတာကို သိလိုက်ရ ပါတယ်။

သူဟာ စိတ်တိုသွားပြီး လယ်သမားကို တရားစွဲဖို့ တရားခွင်သို့ ခေါ်သွားလိုက် ပါတယ်။ တရားသူကြီးက လယ်သမားကို ဘယ်အချိန်အတွယ် ယူနစ်ကို သုံးလဲ လို့ မေးမြန်းပါတယ်။

ဒီတော့ လယ်သမားက " တရားသူကြီးမင်း ခင်ဗျာ ကျွန်တော်မျိုးဟာ စာမတတ်သူ တယောက် ဖြစ်လို့ အချိန်အတွယ် ယူနစ်တွေကို မသိပါဘူး၊ ဒါပေမယ့် ကျွန်တော်မျိုး မှာ ထောပတ်ရောင်းတိုင်း စံထားချိန်တွယ်တဲ့ အလေးတော့ ရှိပါတယ်" လို့ ပြန်ဖြေလိုက် ပါတယ်။

ဒါနဲ့ တရားသူကြီးက မေးလိုက်တယ် " ဟုတ်ပြီ ၊ ဒါဆို မောင်မင်း ထောပတ်ကို ဘယ်လို ချိန်လဲ " လယ်သမားက ဒီလိုပြန်ဖြေလိုက်ပါတယ်။

" တရားသူကြီးမင်း ခင်ဗျာ ဒီမုန့်ဖုတ်သမား ဦးလေးကြီးက ကျွန်တော့ဆီမှာ ထောပတ် မဝယ်ခင်ကတည်းက ကျွန်တော်ဟာ သူ့ဆီကနေ ပေါင်မုန့် တပေါင် နေ့တိုင်း ဝယ်နေကျပါ။ မနက်တိုင်း သူဟာ ကျွန်တော့ကို ပေါင်မုန့် ယူလာပေးပါတယ်။

ကျွန်တော်က သူ့ဆီက ပေါင်မုန့်ကို ချိန်ခွင်ပေါ်တင်ပြီး တူညီတဲ့ ထောပတ် ပမာဏအတိုင်း ပြန်ပေးလေ့ ရှိပါတယ်။ ဒီတော့ ထောပတ်က အလေး မပြည့်ဘူး ဆိုရင် မုန့်ဖုတ်သမား ကိုပဲ မေးသင့်ပါတယ် "

လယ်သမားကြီးက အဲလို ပြောလိုက်တာနဲ့ မုန့်ဖုတ်သမားကြီးက သူ့ရဲ့ မရိုးသားမှုတွေ ပေါ်သွားလို့ မုန့်ဖုတ်သမားကြီးဟာ အရှက်ရ သွားပါတယ်။ ရိုးသားတဲ့ လယ်သမားကတော့ အမှုက လွတ်မြောက်သွားပြီး မုန့်ဖုတ်သမားကြီးကတော့ သူ့ရဲ့ လိမ်လည်မှုအတွက် ဒဏ်ရိုက် ခံလိုက်ရပါတယ်။

ဒီပုံပြင်လေးကနေ ပြောပြချင်တဲ့ သင်ခန်းစာကတော့ ဘယ်အရာမဆို ကိုယ့်ဘက်က ပေးသလောက်ပဲ ပြန်ရမှာပါ။

လောကမှာ ဘယ်အရာမှ အလကားမရပါ ။

Crd

Zawgyi

မုန႔္ဖုတ္သမားနဲ႔ လယ္သမား

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာမွာ မုန႔္ဖုတ္သမားႀကီး တဦးရွိသတဲ့။ မုန႔္ဖုတ္သမားႀကီး ဆီကို ေန႔စဥ္ ေန႔တိုင္း ေထာပတ္ ေရာင္းတဲ့ လယ္သမား တဦးလည္း ရွိပါတယ္။

တေန႔မွာေတာ့ မုန႔္ဖုတ္သမားဟာ လယ္သမားႀကီး ဆီကေန ေထာပတ္ကို ဝယ္လာခဲ့တယ္ ။ မုန႔္ဖုတ္သမားဟာ သူဝယ္လာတဲ့ ေထာပတ္ကို ခ်ိန္ၾကည့္လိုက္တဲ့ အခါမွာ အခ်ိန္ေလ်ာ့ေနတာကို သိလိုက္ရ ပါတယ္။

သူဟာ စိတ္တိုသြားၿပီး လယ္သမားကို တရားစြဲဖို႔ တရားခြင္သို႔ ေခၚသြားလိုက္ ပါတယ္။ တရားသူႀကီးက လယ္သမားကို ဘယ္အခ်ိန္အတြယ္ယူနစ္ကို သုံးလဲ လို႔ ေမးျမန္းပါတယ္။

ဒီေတာ့ လယ္သမားက " တရားသူႀကီးမင္း ခင္ဗ်ာ ကြၽန္ေတာ္မ်ိဳးဟာ စာမတတ္သူ တေယာက္ ျဖစ္လို႔ အခ်ိန္အတြယ္ ယူနစ္ေတြကို မသိပါဘူး၊ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳး မွာ ေထာပတ္ေရာင္းတိုင္း စံထားခ်ိန္တြယ္တဲ့ အေလးေတာ့ ရွိပါတယ္" လို႔ ျပန္ေျဖလိုက္ ပါတယ္။

ဒါနဲ႔ တရားသူႀကီးက ေမးလိုက္တယ္ " ဟုတ္ၿပီ ၊ ဒါဆို ေမာင္မင္း ေထာပတ္ကို ဘယ္လို ခ်ိန္လဲ " လယ္သမားက ဒီလိုျပန္ေျဖလိုက္ပါတယ္။

" တရားသူႀကီးမင္း ခင္ဗ်ာ ဒီမုန႔္ဖုတ္သမား ဦးေလးႀကီးက ကြၽန္ေတာ့ဆီမွာ ေထာပတ္ မဝယ္ခင္ကတည္းက ကြၽန္ေတာ္ဟာ သူ႔ဆီကေန ေပါင္မုန႔္ တေပါင္ ေန႔တိုင္း ဝယ္ေနက်ပါ။ မနက္တိုင္း သူဟာ ကြၽန္ေတာ့ကို ေပါင္မုန႔္ ယူလာေပးပါတယ္။

ကြၽန္ေတာ္က သူ႔ဆီက ေပါင္မုန႔္ကို ခ်ိန္ခြင္ေပၚတင္ၿပီး တူညီတဲ့ ေထာပတ္ ပမာဏအတိုင္း ျပန္ေပးေလ့ ရွိပါတယ္။ ဒီေတာ့ ေထာပတ္က အေလး မျပည့္ဘူး ဆိုရင္ မုန႔္ဖုတ္သမား ကိုပဲ ေမးသင့္ပါတယ္ "

လယ္သမားႀကီးက အဲလို ေျပာလိုက္တာနဲ႔ မုန႔္ဖုတ္သမားႀကီးက သူ႔ရဲ႕ မ႐ိုးသားမႈေတြ ေပၚသြားလို႔ မုန႔္ဖုတ္သမားႀကီးဟာ အရွက္ရ သြားပါတယ္။ ႐ိုးသားတဲ့ လယ္သမားကေတာ့ အမႈက လြတ္ေျမာက္သြားၿပီး မုန႔္ဖုတ္သမားႀကီးကေတာ့ သူ႔ရဲ႕ လိမ္လည္မႈအတြက္ ဒဏ္႐ိုက္ ခံလိုက္ရပါတယ္။

ဒီပုံျပင္ေလးကေန ေျပာျပခ်င္တဲ့ သင္ခန္းစာကေတာ့ ဘယ္အရာမဆို ကိုယ့္ဘက္က ေပးသေလာက္ပဲ ျပန္ရမွာပါ။

ေလာကမွာ ဘယ္အရာမွ အလကားမရပါ ။

Crd

Post a Comment

0 Comments