ဒုက္ခိတအိမ်မြှောင်လေး

ဒီပုံပြင်လေးဟာ ဂျပန်နိုင်ငံမှာ အမှန်တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။ ဂျပန်နိုင်ငံက လူတဦးဟာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သား နံရံတွေကြား အခေါင်းပေါက် နေရာလပ်တခု ရှိတယ် ။

သူဟာနံရံကို ဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင် တကောင်ကို မြင်ခဲ့တယ် ။ အပြင်က သံတချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ် ။ သူဟာ အိမ်မြှောင်လေးအပေါ် သနားစိတ် ဝင်ခဲ့တယ် ။

တချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့ အခါ သံချောင်းလေးရဲ့ သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့ တွက်ကြည့်ရင် ၁၀ နှစ်လောက် ရှိနေတာကို တွေ့ရှိခဲ့ရတယ်။ ဘယ်လို ဖြစ်ရတာလဲ ။

အိမ်မြှောင်လေးဟာ အဲ့ဒီ တနေရာထဲမှာပဲ ၁၀ နှစ် ကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့် ထားတဲ့ နံရံမှာ ၁၀ နှစ် ကြာ မရွေ့လျားဘဲ ရှိနေတဲ့ အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ် သွားခဲ့တယ် ။

ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်း တလှမ်းမှ မရွေ့လျားဘဲ ၁၀ နှစ် ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူ အရမ်း အံ့သြမိတယ် ။

ဒါကြောင့် သူ့အလုပ်ကို ရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲ ဆိုတာ့ လေ့လာ ကြည့်ခဲ့တယ်။ ဒီလိုနဲ့ သူ့စိတ်ထဲ ဖြစ်နေတဲ့ ခံစားချက် အတွက် အဖြေ ဖော်ထုတ်နိုင် ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေး တကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတ အိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။

အဲဒီ မြင်ကွင်းကို သူ မြင်ရတဲ့အခါ အသက်ရှူ မှားလောက်အောင် ဖြစ်ပြီး အရမ်း ခံစားခဲ့ရတယ်။ ၁၀ နှစ်ကြာ မမောမပန်း ၊ မျှော်လင့်ချက် မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ ။

မင်းလည်း မင်းရဲ့ အဖော် သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူ လက်တွဲ လုပ်ဆောင်ရတဲ့ သူတွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးနိုင်မှာလား ။ အထူးသဖြင့် ၉ လ တိုင်တိုင် ကြီးမားတဲ့ ဝန်ထုပ်ကို လွယ်ပြီး မင်းကို လူဖြစ်အောင် ဒီလောကထဲ ယူဆောင်ပေးခဲ့တဲ့ မင်းရဲ့ အမေကို ဒီလိုပြုစုပေးမှာလား ။

သေးငယ်တဲ့ တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလို ပြုစုတတ်ရင် အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေ အနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ ။

ကျေးဇူးပြုပြီး မင်းချစ်ရတဲ့ သူတွေကို ဘယ်တော့မှ စွန့်ပစ် မထားပါနဲ့။ မင်းရဲ့ အကူအညီကို အမှန်တကယ် လိုလားနေတဲ့ သူကို အလုပ်များတယ် လို့ မပြောပါနဲ့။ နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘဝဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

crd

Zawgyi

ဒုကၡိတအိမ္ေျမႇာင္ေလး

ဒီပုံျပင္ေလးဟာ ဂ်ပန္ႏိုင္ငံမွာ အမွန္တကယ္ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေလး တခုပါ။ ဂ်ပန္ႏိုင္ငံက လူတဦးဟာ အိမ္အေဟာင္းကို ျပဳျပင္ဖို႔ နံရံကို ခ်ိဳးဖ်က္ခဲ့တယ္။ ဂ်ပန္အိမ္ေတြမွာ သစ္သား နံရံေတြၾကား အေခါင္းေပါက္ ေနရာလပ္တခု ရွိတယ္ ။ သူဟာနံရံကို ၿဖိဳခ်တဲ့အခါ ညပ္ေနတဲ့ အိမ္ေျမႇာင္ တေကာင္ကို ျမင္ခဲ့တယ္ ။ အျပင္က သံတေခ်ာင္းက အဲဒီအိမ္ေျမႇာင္ရဲ႕ ေျခတဖက္ကို ေဖာက္႐ိုက္ထားတာ သူေတြ႕ခဲ့တယ္ ။

သူဟာ အိမ္ေျမႇာင္ေလးအေပၚ သနားစိတ္ ဝင္ခဲ့တယ္ ။ တခ်ိန္ထဲမွာလည္း ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းကို သိခ်င္လို႔ သံေခ်ာင္းေလးကိုစစ္ေဆးလိုက္တဲ့ အခါ သံေခ်ာင္းေလးရဲ႕ သက္တမ္းဟာ ပထမဆုံး အိမ္ေဆာက္တဲ့ အခ်ိန္နဲ႔ တြက္ၾကည့္ရင္ ၁၀ ႏွစ္ေလာက္ ရွိေနတာကို ေတြ႕ရွိခဲ့ရတယ္။ ဘယ္လို ျဖစ္ရတာလဲ ။

အိမ္ေျမႇာင္ေလးဟာ အဲ့ဒီ တေနရာထဲမွာပဲ ၁၀ ႏွစ္ ၾကာ အသက္ရွင္ခဲ့တယ္။ ေမွာင္ၿပီး ခြဲကန႔္ ထားတဲ့ နံရံမွာ ၁၀ ႏွစ္ ၾကာ မေ႐ြ႕လ်ားဘဲ ရွိေနတဲ့ အတြက္ သူဟာ စိတ္ထဲမွာ မျဖစ္ႏိုင္သလို ခံစားရၿပီး အံ့ၾသသင့္မႈေတြနဲ႔ တုန္လႈပ္ သြားခဲ့တယ္ ။ ၿပီးေတာ့ ေျခေထာက္မွာ သံ႐ိုက္ခံရလို႔ ေျခလွမ္း တလွမ္းမွ မေ႐ြ႕လ်ားဘဲ ၁၀ ႏွစ္ ၾကာၾကာ အသက္ရွင္ေနတဲ့ ဒီအိမ္ေျမႇာင္ကို သူ အရမ္း အံ့ၾသမိတယ္ ။

ဒါေၾကာင့္ သူ႔အလုပ္ကို ရပ္ၿပီး အိမ္ေျမႇာင္ကေလး ဘာေတြလုပ္ၿပီး ဘယ္လိုစားခဲ့လဲ ဆိုတာ့ ေလ့လာ ၾကည့္ခဲ့တယ္။ ဒီလိုနဲ႔ သူ႔စိတ္ထဲ ျဖစ္ေနတဲ့ ခံစားခ်က္ အတြက္ အေျဖ ေဖာ္ထုတ္ႏိုင္ ခဲ့ပါတယ္။ အဲဒါေတာ့ အျခား အိမ္ေျမႇာင္ေလး တေကာင္က အစာေတြကို ပါးစပ္ထဲမွာ ထည့္ၿပီး ဒုကၡိတ အိမ္ေျမႇာင္ေလးကို လာေကြၽးေနလို႔ပါပဲ။

အဲဒီ ျမင္ကြင္းကို သူ ျမင္ရတဲ့အခါ အသက္ရႉ မွားေလာက္ေအာင္ ျဖစ္ၿပီး အရမ္း ခံစားခဲ့ရတယ္။ ၁၀ ႏွစ္ၾကာ မေမာမပန္း ၊ ေမွ်ာ္လင့္ခ်က္ မစြန႔္ဘဲ အေဖာ္ အိမ္ေျမႇာင္ေလးကို ျပဳစုခဲ့တဲ့ အိမ္ေျမႇာင္ေလးကို စဥ္းစားၾကည့္ပါ ။ မင္းလည္း မင္းရဲ႕ အေဖာ္ သူငယ္ခ်င္း ၊ မိဘ ၊ ေမာင္ႏွမ ၊ ေဆြမ်ိဳး ၊ အတူ လက္တြဲ လုပ္ေဆာင္ရတဲ့ သူေတြအေပၚမွာ အိမ္ေျမႇာင္ေလးလို ျပဳစုေပးႏိုင္မွာလား ။

အထူးသျဖင့္ ၉ လ တိုင္တိုင္ ႀကီးမားတဲ့ ဝန္ထုပ္ကို လြယ္ၿပီး မင္းကို လူျဖစ္ေအာင္ ဒီေလာကထဲ ယူေဆာင္ေပးခဲ့တဲ့ မင္းရဲ႕ အေမကို ဒီလိုျပဳစုေပးမွာလား ။ ေသးငယ္တဲ့ တိရစာၦန္ေလးေတာင္မွ ဒုကၡေရာက္ေနတဲ့ အေဖာ္ကို ဒီလို ျပဳစုတတ္ရင္ အရမ္းထက္ျမက္ ကြၽမ္းက်င္ၿပီး ပါရမီေတြထူးတဲ့ လူသားေတြ အေနနဲ႔ ဘာျဖစ္လို႔ မလုပ္ႏိုင္ရမွာလဲ ။

ေက်းဇူးျပဳၿပီး မင္းခ်စ္ရတဲ့ သူေတြကို ဘယ္ေတာ့မွ စြန႔္ပစ္ မထားပါနဲ႔။ မင္းရဲ႕ အကူအညီကို အမွန္တကယ္ လိုလားေနတဲ့ သူကို အလုပ္မ်ားတယ္ လို႔ မေျပာပါနဲ႔။ ႏွလုံးသားကို အသုံးျပဳၿပီး အသက္ရွင္ပါ။ ဦးေႏွာက္ကို အသုံးျပဳၿပီး အသက္ဆက္ပါ။ ဒါဆိုရင္ မင္းရဲ႕ဘဝဟာ ေကာင္းကင္သုခ ျဖစ္လာပါလိမ့္မယ္။

crd

Post a Comment

0 Comments