ဘုရင်ကြီးရဲ့ ဟင်းတခွက်စာ

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ အလွန်ဆင်းရဲတဲ့ အဖွားအို တယောက် ရှိတယ်။ အဖွားအိုမှာ ပိုင်ဆိုင်တာ ဆိုလို့ လဲပြိုကာနီး တဲ တလုံးရယ် ၊ညစ်ပတ်ပြီး အရောင် မထွက်တော့တဲ့ ချုပ်ရာတွေနဲ့ အဝတ်အစား တစုံရယ် ၊ ကြက်မလေး တကောင်ရယ်၊ ဒါတွေပဲ သူပိုင်ဆိုင်တယ်။

အဖွားအိုရဲ့ ကြက်မလေးက အဖွားအိုအတွက် နေ့တိုင်း ကြက်ဥတလုံး ဥ ပေးတယ်။ အဲဒီ ကြက်ဥလေးနဲ့ပဲ အဖွားအိုက နေ့တိုင်း သူ့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ပြီး အသက်ရှင်နေ ခဲ့ရတယ် ။ အဖွားအို နေထိုင်တဲ့ တိုင်းပြည်ကို အလွန် အစားကျူးတဲ့ ဘုရင်တပါး အုပ်ချုပ်နေတယ်။

တနေ့မှာတော့ ဘုရင်က တိုင်းပြည်ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကြေညာခဲ့တယ်။ အဲဒါအမိန့်က ဘာလဲ ဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူ ပြည်သားတွေ အားလုံး ဘုရင်စားပွဲ တည်ဖို့အတွက် အသားဟင်း တခွက် လာပို့ရမယ်လို့ ကြေညာ မောင်းခတ်ခဲ့တယ် ။

တကယ်လို့များ အသားဟင်း မပို့နိုင်တဲ့ အိမ်ဆို တိုင်းပြည်မှာ နေခွင့်မပေးဘဲ မောင်းထုတ်မယ် လို့ ကြေညာ အမိန့်ထုတ် ပြန်ခဲ့တယ်။ ဒီသတင်းကိုကြားတဲ့ တိုင်းသူပြည်သားတွေက တိုင်းပြည်ကနေ မောင်းထုတ် ခံရမှာ ကြောက်တာကြောင့် ရှိစုမဲ့စုထဲက အသားဟင်းတခွက် ပို့ဖို့ ပြင်ဆင်ကြတယ် ။

အဲဒိအထဲမှာ ကြက်မလေး တကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလည်း အပါအဝင်ပေါ့။ အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာ မရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်းတခွက် ပို့ဖို့ ငွေကြေးကလည်း လုံးဝမရှိ ဆိုတော့ အရမ်းကို ခက်ခဲနေ ခဲ့တယ်။

အသားဟင်း မပို့နိုင်လို့ မင်းပြစ်မင်းဒဏ် ခံရမယ်ဆို ပိုပြီး ကြီးလေးတာကြောင့် အဖွားအိုက နောက်ဆုံးမှာ ဆုံးဖြတ်ချက် တခုကို ခက်ခဲ ပင်ပမ်းစွာနဲ့ ချလိုက်ရတယ်။

အဲဒါကတော့ သူ့ကိုနေ့တိုင်း ကြက်ဥ တလုံး တလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်း တခွက် ပို့ဖို့ သူဆုံးဖြတ်လိုက်တယ် ။ ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ်တယောက်နှုန်း အသားဟင်း ခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။

အသားဟင်းခွက်တွေက သိပ်များပြားလွန်းတာ ကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ် ခဲ့ဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလည်း အပါအဝင် ပေါ့ ။

ဘုရင်က တချက်လွတ်အမိန့် ချမှတ်ခဲ့တဲ့ အတွက် သူ့မှာတော့ ဘာမှ ထိခိုက်နစ်နာမှု မရှိပေမယ့် ။ ဒီအမိန့် ကြောင့် တဘက်လူမှာ ဘဝပျက်ခဲ့ ရတယ်။

သင်ခန်းစာ အနေနဲ့ ဘုရင်ကြီး ဟင်းတခွက်စာ ဆိုပေမယ့် အဖွားအို တယောက်အနေနဲ့ ဘဝပျက်ခဲ့ရ ပါတယ်။

crd

Zawgyi

ဘုရင္ႀကီးရဲ႕ ဟင္းတခြက္စာ

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ အလြန္ဆင္းရဲတဲ့ အဖြားအို တေယာက္ ရွိတယ္။ အဖြားအိုမွာ ပိုင္ဆိုင္တာ ဆိုလို႔ လဲၿပိဳကာနီး တဲ တလုံးရယ္ ၊ညစ္ပတ္ၿပီး အေရာင္ မထြက္ေတာ့တဲ့ ခ်ဳပ္ရာေတြနဲ႔ အဝတ္အစား တစုံရယ္ ၊ ၾကက္မေလး တေကာင္ရယ္၊ ဒါေတြပဲ သူပိုင္ဆိုင္တယ္။

အဖြားအိုရဲ႕ ၾကက္မေလးက အဖြားအိုအတြက္ ေန႔တိုင္း ၾကက္ဥတလုံး ဥ ေပးတယ္။ အဲဒီ ၾကက္ဥေလးနဲ႔ပဲ အဖြားအိုက ေန႔တိုင္း သူ႔ရဲ႕ စားဝတ္ေနေရးကို ေျဖရွင္းခဲ့ၿပီး အသက္ရွင္ေန ခဲ့ရတယ္ ။ အဖြားအို ေနထိုင္တဲ့ တိုင္းျပည္ကို အလြန္ အစားက်ဴးတဲ့ ဘုရင္တပါး အုပ္ခ်ဳပ္ေနတယ္။

တေန႔မွာေတာ့ ဘုရင္က တိုင္းျပည္ထဲမွာ ထူးဆန္းတဲ့ အမိန႔္တခုကို ေမာင္းထုၿပီး ေၾကညာခဲ့တယ္။ အဲဒါအမိန႔္က ဘာလဲ ဆိုေတာ့ လွည္းေန ေလွေအာင္း ျမင္းေဇာင္း မက်န္ တိုင္းျပည္မွာ ရွိတဲ့ တိုင္းသူ ျပည္သားေတြ အားလုံး ဘုရင္စားပြဲ တည္ဖို႔အတြက္ အသားဟင္း တခြက္ လာပို႔ရမယ္လို႔ ေၾကညာ ေမာင္းခတ္ခဲ့တယ္ ။

တကယ္လို႔မ်ား အသားဟင္း မပို႔ႏိုင္တဲ့ အိမ္ဆို တိုင္းျပည္မွာ ေနခြင့္မေပးဘဲ ေမာင္းထုတ္မယ္ လို႔ ေၾကညာ အမိန႔္ထုတ္ ျပန္ခဲ့တယ္။ ဒီသတင္းကိုၾကားတဲ့ တိုင္းသူျပည္သားေတြက တိုင္းျပည္ကေန ေမာင္းထုတ္ ခံရမွာ ေၾကာက္တာေၾကာင့္ ရွိစုမဲ့စုထဲက အသားဟင္းတခြက္ ပို႔ဖို႔ ျပင္ဆင္ၾကတယ္ ။

အဲဒိအထဲမွာ ၾကက္မေလး တေကာင္ကို ပိုင္ဆိုင္ထားတဲ့ အဖြားအိုလည္း အပါအဝင္ေပါ့။ အဖြားအိုမွာ ဘယ္လိုမွ အသားဟင္းကို ပို႔စရာ မရွိဘူး ျဖစ္ေနတယ္။ သူ႔မွာ အသားဟင္းတခြက္ ပို႔ဖို႔ ေငြေၾကးကလည္း လုံးဝမရွိ ဆိုေတာ့ အရမ္းကို ခက္ခဲေန ခဲ့တယ္။ အသားဟင္း မပို႔ႏိုင္လို႔ မင္းျပစ္မင္းဒဏ္ ခံရမယ္ဆို ပိုၿပီး ႀကီးေလးတာေၾကာင့္ အဖြားအိုက ေနာက္ဆုံးမွာ ဆုံးျဖတ္ခ်က္ တခုကို ခက္ခဲ ပင္ပမ္းစြာနဲ႔ ခ်လိုက္ရတယ္။

အဲဒါကေတာ့ သူ႔ကိုေန႔တိုင္း ၾကက္ဥ တလုံး တလုံး ဥေပးေနတဲ့ ၾကက္မေလးကို သတ္ၿပီး ဘုရင္ဆီကို အသားဟင္း တခြက္ ပို႔ဖို႔ သူဆုံးျဖတ္လိုက္တယ္ ။ ဘုရင္ကေတာ့ စားေတာ္ပြဲမွာ တအိမ္တေယာက္ႏႈန္း အသားဟင္း ခြက္ေပါင္း ေျမာက္မ်ားစြာနဲ႔ ပြဲေတာ္ တည္ေနခဲ့တယ္။

အသားဟင္းခြက္ေတြက သိပ္မ်ားျပားလြန္းတာ ေၾကာင့္ ဟင္းခြက္တိုင္းကို မစားျဖစ္ ခဲ့ဘူး။ မစားျဖစ္တဲ့ ဟင္းခြက္ေတြထဲမွာ အဖြားအိုရဲ႕ ၾကက္သားဟင္းေလးလည္း အပါအဝင္ ေပါ့ ။

ဘုရင္က တခ်က္လြတ္အမိန႔္ ခ်မွတ္ခဲ့တဲ့ အတြက္ သူ႔မွာေတာ့ ဘာမွ ထိခိုက္နစ္နာမႈ မရွိေပမယ့္ ။ ဒီအမိန႔္ ေၾကာင့္ တဘက္လူမွာ ဘဝပ်က္ခဲ့ ရတယ္။ သင္ခန္းစာ အေနနဲ႔ ဘုရင္ႀကီး ဟင္းတခြက္စာ ဆိုေပမယ့္ အဖြားအို တေယာက္အေနနဲ႔ ဘဝပ်က္ခဲ့ရ ပါတယ္။

crd

Post a Comment

0 Comments