ဂျပန်အမျိုးသမီးတွေ ပိန်သွယ်ပြီး နုပျိုနေသည့် လျှို့ဝှက်ချက် (၆) ခု

ကမ္ဘာပေါ်မှာ ဂျပန်လူမျိုးတွေက အသက်အရှည်ဆုံးပါ။ ဂျပန် အမျိုးသမီးတွေကလည်း ခန္ဓာကိုယ် သွယ်လျပြီး လှပကြပါတယ်။ ခန္ဓာကိုယ် သွယ်လျပြီး အရွယ်တင်နေတဲ့ လျှို့ဝှက်ချက်တွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁။ ညီမျှသော စားသောက်မှုပုံစံ

ဂျပန်လူမျိုးတွေက ငါး၊ ပင်လယ်ရေညှိ၊ အသီးအရွက်၊ ဆန်၊ အသီးအနှံနဲ့ လက်ဖက်တို့ကို ပိုပြီး ကြိုက်နှစ်သက် ကြပါတယ်။ သူတို့ရဲ့အစားအစာတွေက ကယ်လိုရီ ပါဝင်မှုနည်းပြီး အသင့်စားအစားအစာတွေလည်း မဟုတ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဂျပန်လူမျိုးတွေက ရာသီဥတုနဲ့ လိုက်ပြီးတော့လည်း စားသောက်ကြပါတယ်။ ဆောင်းရာသီမှာ အသား၊ ငါး၊ စွပ်ပြုတ်နဲ့ ပူပူနွေးနွေး သောက်စရာတွေကို စားကြပြီး နွေရာသီမှာတော့ ခေါက်ဆွဲအေး၊ အသုပ်နဲ့ ပင်လယ်စာတွေကို စားကြပါတယ်။

၂။ ချက်ပြုတ်သည့်ပုံစံ

ဂျပန်ရိုးရာ အစားအစာတွေကို ချက်တဲ့ပုံစံတွေက ပြုတ်ချက်တာ၊ ကင်တာ၊ ပေါင်းတာတွေများပြီး ဆီနဲ့ကြော်ရင်လည်း ဆီကို နည်းနည်းပဲ ထည့်ကြပါတယ်။ ဆီနည်းနည်းနဲ့ ချက်တဲ့နည်းက ကျန်းမာရေးနဲ့ အရမ်းကို သင့်တော်ပါတယ်။ အသီးအရွက်တွေကို ပါးပါးပဲ လှီးတာကြောင့် ချက်ရလွယ်သလို အမြင်လည်းလှပါတယ်။ အသီးအရွက်ပြုတ် ဟင်းချိုက ဂျပန်လူမျိုးတွေကြားမှာ လူကြိုက်များပါတယ်။ အစာအိမ်၊ အူနဲ့ အသည်းကို မထိခိုက်အောင် အစားအသောက်တွေကို သဘာဝအရောင်၊ အရသာအတိုင်း ချက်ကြပါတယ်။

၃။ စားသောက်ပုံ စားသောက်နည်း

ဂျပန်လူမျိုးတွေက ပန်းကန်သေးသေးလေးတွေနဲ့ နည်းနည်းချင်းစီပဲ စားကြပါတယ်။ အစားအသောက်တွေကို ပန်းကန်နှုတ်ခမ်းအထိ ရောက်အောင် မထည့်ကြပါဘူး။ အဲဒါကြောင့် အလွန်အကျွံ မစားမိတော့ပါဘူး။

၄။ ပေါင်မုန့်အစား ထမင်း

ဂျပန်လူမျိုးတွေအတွက် ထမင်းက မရှိမဖြစ်ပါ။ ထမင်းကို ဆားတွေ၊ ထောပတ်တွေမပါဘဲ ရိုးရိုးချက်တာကလည်း ခန္ဓာကိုယ်သွယ်လျဖို့ အထောက်အကူဖြစ်စေပါတယ်။

၅။ မနက်စာက တစ်နေ့တာအတွက် အဓိက အစားအစာပါ။

မနက်စာမှာ ဟင်းတွေအများကြီးနဲ့ စားကြပါတယ်။ ပုံမှန်အားဖြင့် ငါး၊ ထမင်း၊ ကြက်ဥခေါက်ကြော်၊ မီဆိုဟင်းရည်၊ ပင်လယ်ရေညှိ၊ လက်ဖက်ရည်တို့ ပါဝင်ပါတယ်။

၆။ အချိုမပါသော အချိုပွဲ

ဂျပန် အချိုပွဲတွေက ယေဘုယျအားဖြင့် အဆီနဲ့ သကြားပါဝင်မှု နည်းပါတယ်။ ထောပတ်တွေ၊ ခရင်မ်တွေပါတဲ့ အချိုပွဲအစား ဆန်နဲ့လုပ်တဲ့ Mochi လို မုန့်တွေကိုသာ အစားများ ကြပါတယ်။

Zombie (Lovemedia)

for zawgyi

ဂ်ပန္အမ်ိဳးသမီးေတြ ပိန္သြယ္ၿပီး ႏုပ်ိဳေနသည့္ လွ်ိဳ႕ဝွက္ခ်က္ (၆) ခု

ကမာၻေပၚမွာ ဂ်ပန္လူမ်ိဳးေတြက အသက္အရွည္ဆုံးပါ။ ဂ်ပန္ အမ်ိဳးသမီးေတြကလည္း ခႏၶာကိုယ္သြယ္လ်ၿပီး လွပၾကပါတယ္။ ခႏၶာကိုယ္ သြယ္လ်ၿပီး အ႐ြယ္တင္ေနတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။

၁။ ညီမွ်ေသာစားေသာက္မႈပုံစံ

ဂ်ပန္လူမ်ိဳးေတြက ငါး၊ ပင္လယ္ေရညႇိ၊ အသီးအ႐ြက္၊ ဆန္၊ အသီးအႏွံနဲ႔ လက္ဖက္တို႔ကို ပိုၿပီး ႀကိဳက္ႏွစ္သက္ ၾကပါတယ္။ သူတို႔ရဲ႕အစားအစာေတြက ကယ္လိုရီ ပါဝင္မႈနည္းၿပီး အသင့္စားအစားအစာေတြလည္း မဟုတ္တာေၾကာင့္ က်န္းမာေရးနဲ႔ ညီၫြတ္ပါတယ္။ ဂ်ပန္လူမ်ိဳးေတြက ရာသီဥတုနဲ႔ လိုက္ၿပီးေတာ့လည္း စားေသာက္ၾကပါတယ္။ ေဆာင္းရာသီမွာ အသား၊ ငါး၊ စြပ္ျပဳတ္နဲ႔ ပူပူေႏြးေႏြး ေသာက္စရာေတြကို စားၾကၿပီး ေႏြရာသီမွာေတာ့ ေခါက္ဆြဲေအး၊ အသုပ္နဲ႔ ပင္လယ္စာေတြကို စားၾကပါတယ္။

၂။ ခ်က္ျပဳတ္သည့္ပုံစံ

ဂ်ပန္႐ိုးရာ အစားအစာေတြကို ခ်က္တဲ့ပုံစံေတြက ျပဳတ္ခ်က္တာ၊ ကင္တာ၊ ေပါင္းတာေတြမ်ားၿပီး ဆီနဲ႔ေၾကာ္ရင္လည္း ဆီကို နည္းနည္းပဲ ထည့္ၾကပါတယ္။ ဆီနည္းနည္းနဲ႔ ခ်က္တဲ့နည္းက က်န္းမာေရးနဲ႔ အရမ္းကို သင့္ေတာ္ပါတယ္။ အသီးအ႐ြက္ေတြကို ပါးပါးပဲ လွီးတာေၾကာင့္ ခ်က္ရလြယ္သလို အျမင္လည္းလွပါတယ္။ အသီးအ႐ြက္ျပဳတ္ ဟင္းခ်ိဳက ဂ်ပန္လူမ်ိဳးေတြၾကားမွာ လူႀကိဳက္မ်ားပါတယ္။ အစာအိမ္၊ အူနဲ႔ အသည္းကို မထိခိုက္ေအာင္ အစားအေသာက္ေတြကို သဘာဝအေရာင္၊ အရသာအတိုင္း ခ်က္ၾကပါတယ္။

၃။ စားေသာက္ပုံ စားေသာက္နည္း

ဂ်ပန္လူမ်ိဳးေတြက ပန္းကန္ေသးေသးေလးေတြနဲ႔ နည္းနည္းခ်င္းစီပဲ စားၾကပါတယ္။ အစားအေသာက္ေတြကို ပန္းကန္ႏႈတ္ခမ္းအထိ ေရာက္ေအာင္ မထည့္ၾကပါဘူး။ အဲဒါေၾကာင့္ အလြန္အကြၽံ မစားမိေတာ့ပါဘူး။

၄။ေပါင္မုန႔္အစား ထမင္း

ဂ်ပန္လူမ်ိဳးေတြအတြက္ ထမင္းက မရွိမျဖစ္ပါ။ ထမင္းကို ဆားေတြ၊ ေထာပတ္ေတြမပါဘဲ ႐ိုး႐ိုးခ်က္တာကလည္း ခႏၶာကိုယ္သြယ္လ်ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

၅။ မနက္စာက တစ္ေန႔တာအတြက္ အဓိကအစားအစာပါ။

မနက္စာမွာ ဟင္းေတြအမ်ားႀကီးနဲ႔ စားၾကပါတယ္။ ပုံမွန္အားျဖင့္ ငါး၊ ထမင္း၊ ၾကက္ဥေခါက္ေၾကာ္၊ မီဆိုဟင္းရည္၊ ပင္လယ္ေရညႇိ၊ လက္ဖက္ရည္တို႔ ပါဝင္ပါတယ္။

၆။ အခ်ိဳမပါေသာ အခ်ိဳပြဲ

ဂ်ပန္ အခ်ိဳပြဲေတြက ေယဘုယ်အားျဖင့္ အဆီနဲ႔ သၾကားပါဝင္မႈ နည္းပါတယ္။ ေထာပတ္ေတြ၊ ခရင္မ္ေတြပါတဲ့ အခ်ိဳပြဲအစား ဆန္နဲ႔လုပ္တဲ့ Mochi လို မုန႔္ေတြကိုသာ အစားမ်ား ၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments