ကိုယ့်နေရာနဲ့ကိုယ်

ရှေးရှေးတုန်းက မြည်းတကောင်ဟာ ခွေးပေါက်စလေး တကောင် သူ့သခင်နဲ့ ကစားနေတာကို စောင့်ကြည့်နေတယ်။ သူ့သခင်က ခွေးကလေးကို ပွတ်သပ်ပြီး ဘီစကွတ်တို့ ကိတ်မုန့်တို့ ကျွေးနေတာ ကိုလည်း သူတွေ့နေ ရတယ်။

သခင်ကျွေးတဲ့ မုန့်တွေ စားပြီးပြီ ဆိုရင်တော့ ခွေးကလေးဟာ သူ့သခင်ရဲ့ ရင်ခွင်ပေါ် တက်ပြီး ခွေခွေလေး အိပ်မော ကျသွားတတ်တယ်။ တော်တော် အလိုလိုက်ခံရတဲ့ ခွေးပေါက်စဘဲ။ သူ့ သခင်ကို သူ လုပ်ပေးတာ ဆိုလို့ သခင့်ဘေးမှာ ခုန်ပေါက်လိုက် ဟောင်လိုက် လုပ်တာဘဲ ရှိတယ်။

" ဒါမျိုးတော့ ငါလည်း လုပ်နိုင်မှာ သေချာတယ်။ ငါ အိမ်ထဲ ဝင်သွားပြီး သခင်နဲ့ သွားကစားမယ် ဆိုရင် ငါ့ကို သဘောကျသွားပြီး သူ့ဒူးပေါ်မှာ အိပ်ခွင့်ပေးရင် ပေးမှာ " လို့ မြည်းက စဉ်းစားမိတယ်။

ဒီလိုနဲ့ မြည်းဟာ ဖွင့်ထားတဲ့ အိမ်ရှေ့ တံခါးပေါက်ထဲ ပြေးဝင်သွားတယ်။ သူဟာ အိမ်ရဲ့ ခန်းမကျယ်ကြီးထဲကို အသားကျ ပြေးဝင်သွားပြီး သူ့သခင်ရှိတဲ့ အခန်းထဲ ဝင်သွားတယ်။ သူ့သခင်က မီးဖိုနားက ပက်လတ်ကုလား ထိုင်မှာ ထိုင်နေတယ်။

သခင်ဖြစ်သူဟာ အခန်းထဲမှာ ပြေးလွှား က ခုန် နေတဲ့ မြည်းကို တွေ့လိုက်ရတော့ တအံ့တသြနဲ့ "ဟ လုပ်ကြပါဦး၊ ဒီမြည်း ဘာတွေ လုပ်နေတာလဲ " လို့ ဆိုတယ်။

မြည်းဟာ ခွေးလုပ်ပုံကို မြင်ခဲ့ရတဲ့ အတိုင်း အခန်းထဲမှာ ပတ်ပြေးနေတယ်။ ဟီ သံ အကျယ်ကြီး ပေးပြီး ခြေထောက်တွေကိုလည်း လေထဲမှာ ကန်ကျောက်နေတယ်။

" အင် အတော်ဆန်းတာဘဲ " လို့ ဆိုပြီး သခင်ဖြစ်သူဟာ ထမင်းစားခန်းထဲမှာ ခုန်ပေါက်နေတဲ့ မြည်းရဲ့ ရယ်စရာကောင်းတဲ့ ကကွက်တွေကြောင့် မိုက်မဲလှတဲ့ မြည်းကို ကြည့်ရင်း ရယ်မောလေတော့တယ်။

သခင် ရယ်မောနေတာကို တွေ့တော့ မြည်းဟာ ဝမ်းသာသွားပြီး ခဏနေရင်တော့ သူ့ကို ဘီစကွတ်တွေ ကျွေးမလားလို့ စဉ်းစားမိတယ်။ " ငါ သူ့ဆီသွားပြီး သူ့ဒူးပေါ် ခုန်တက်ပြီး ထိုင်နေလိုက်မယ်။ ဒါဆိုရင် သူက ငါ့ကို ကိတ်မုန့်ကျွေးရင် ကျွေးမှာ " လို့ မြည်းက စဉ်းစားတယ်။

ဒါကြောင့် မြည်းဟာ သခင်ထံ ပြေးသွားပြီး ရှေ့ခြေထောက်နှစ်ချောင်းကို သခင်ရဲ့ ဒူးပေါ်တင်ပြီး ရင်ခွင်ထဲကို ခုန်တက်ဖို့ ပြင်တယ်။ ဒါပေမယ့် သူသခင်ဟာ အထိတ်အလန့် ဖြစ်သွားပြီး ဒီမြည်း ကပျက်ကချော်လုပ်တာ တောင်သင့်ပြီ လို့ စဉ်းစားမိသွားတယ်။

သခင်ဖြစ်သူဟာ မြည်းကို တွန်းထုတ်ဖို့ ကြိုးစားရင်း " ကယ်ကြပါဦး၊ ကယ်ကြပါဦး ဟောဒီမှာ မြည်း ရူးနေပြီ " လို့ အော်လေတော့တယ်။

အစေအပါးတွေ အိမ်ထဲ ပြေးဝင်လာကြတယ်။ သူတို့ရဲ့ သခင်ပေါ် ရောက်နေတဲ့ မြည်းကို မြင်ရော မောင်းထုတ်ဖို့ ဝင်လာကြတယ်။ သူတို့အားလုံး မြည်းထွက်သွားအောင် ရိုက်နှိက် မောင်းထုတ်ကြတယ်။

မြည်းရဲ့ တကိုယ်လုံးမှာ ရှိတဲ့ အရိုးတွေတောင် ကိုက်ခဲလာရတဲ့ အထိဘဲ။ မြည်းဟာ သူနေတဲ့မြင်းဇောင်းထဲ အမြန်ပြေးဝင်သွားတယ်။ အခုလို မိုက်မဲတဲ့ စိတ်ကူးမျိုး မစဉ်းစားခဲ့ရင် ကောင်းမှာဘဲလို့ သူဆွေးနေမိတယ်။

မြည်းဟာ ကိုယ့်နေရာ ကိုယ့်အခြေအနေကိုယ် မသိတော့ အရာဝင်မလား ဝင်တိုးကြည့်တာပေါ့ ။ သူနဲ့ဆိုင်တဲ့ နယ်ပယ် မဟုတ်တော့ ဒုတ်ခတွေ များကုန်ရော ။ မြည်းက ခွေးနေရာ ဝင်လို့မရသလို ခွေးကလည်း မြည်းနေရာမှာ ဝင်လို့ မရပါဘူး ။

ကိုယ့်နေရာနဲ့ကိုယ် နေတာ အကောင်းဆုံး ၊ အဆင်ပြေဆုံးပါ ။

crd

Zawgyi

ကိုယ့္ေနရာနဲ႔ကိုယ္

ေရွးေရွးတုန္းက ျမည္းတေကာင္ဟာ ေခြးေပါက္စေလး တေကာင္ သူ႔သခင္နဲ႔ ကစားေနတာကို ေစာင့္ၾကည့္ေနတယ္။ သူ႔သခင္က ေခြးကေလးကို ပြတ္သပ္ၿပီး ဘီစကြတ္တို႔ ကိတ္မုန႔္တို႔ ေကြၽးေနတာ ကိုလည္း သူေတြ႕ေန ရတယ္။

သခင္ေကြၽးတဲ့ မုန႔္ေတြ စားၿပီးၿပီ ဆိုရင္ေတာ့ ေခြးကေလးဟာ သူ႔သခင္ရဲ႕ ရင္ခြင္ေပၚ တက္ၿပီး ေခြေခြေလး အိပ္ေမာ က်သြားတတ္တယ္။ ေတာ္ေတာ္ အလိုလိုက္ခံရတဲ့ ေခြးေပါက္စဘဲ။ သူ႔ သခင္ကို သူ လုပ္ေပးတာ ဆိုလို႔ သခင့္ေဘးမွာ ခုန္ေပါက္လိုက္ ေဟာင္လိုက္ လုပ္တာဘဲ ရွိတယ္။

" ဒါမ်ိဳးေတာ့ ငါလည္း လုပ္ႏိုင္မွာ ေသခ်ာတယ္။ ငါ အိမ္ထဲ ဝင္သြားၿပီး သခင္နဲ႔ သြားကစားမယ္ ဆိုရင္ ငါ့ကို သေဘာက်သြားၿပီး သူ႔ဒူးေပၚမွာ အိပ္ခြင့္ေပးရင္ ေပးမွာ " လို႔ ျမည္းက စဥ္းစားမိတယ္။

ဒီလိုနဲ႔ ျမည္းဟာ ဖြင့္ထားတဲ့ အိမ္ေရွ႕ တံခါးေပါက္ထဲ ေျပးဝင္သြားတယ္။ သူဟာ အိမ္ရဲ႕ ခန္းမက်ယ္ႀကီးထဲကို အသားက် ေျပးဝင္သြားၿပီး သူ႔သခင္ရွိတဲ့ အခန္းထဲ ဝင္သြားတယ္။ သူ႔သခင္က မီးဖိုနားက ပက္လတ္ကုလား ထိုင္မွာ ထိုင္ေနတယ္။

သခင္ျဖစ္သူဟာ အခန္းထဲမွာ ေျပးလႊား က ခုန္ ေနတဲ့ ျမည္းကို ေတြ႕လိုက္ရေတာ့ တအံ့တၾသနဲ႔ "ဟ လုပ္ၾကပါဦး၊ ဒီျမည္း ဘာေတြ လုပ္ေနတာလဲ " လို႔ ဆိုတယ္။

ျမည္းဟာ ေခြးလုပ္ပုံကို ျမင္ခဲ့ရတဲ့ အတိုင္း အခန္းထဲမွာ ပတ္ေျပးေနတယ္။ ဟီ သံ အက်ယ္ႀကီး ေပးၿပီး ေျခေထာက္ေတြကိုလည္း ေလထဲမွာ ကန္ေက်ာက္ေနတယ္။ " အင္ အေတာ္ဆန္းတာဘဲ " လို႔ ဆိုၿပီး သခင္ျဖစ္သူဟာ ထမင္းစားခန္းထဲမွာ ခုန္ေပါက္ေနတဲ့ ျမည္းရဲ႕ ရယ္စရာေကာင္းတဲ့ ကကြက္ေတြေၾကာင့္ မိုက္မဲလွတဲ့ ျမည္းကို ၾကည့္ရင္း ရယ္ေမာေလေတာ့တယ္။

သခင္ ရယ္ေမာေနတာကို ေတြ႕ေတာ့ ျမည္းဟာ ဝမ္းသာသြားၿပီး ခဏေနရင္ေတာ့ သူ႔ကို ဘီစကြတ္ေတြ ေကြၽးမလားလို႔ စဥ္းစားမိတယ္။ " ငါ သူ႔ဆီသြားၿပီး သူ႔ဒူးေပၚ ခုန္တက္ၿပီး ထိုင္ေနလိုက္မယ္။ ဒါဆိုရင္ သူက ငါ့ကို ကိတ္မုန႔္ေကြၽးရင္ ေကြၽးမွာ " လို႔ ျမည္းက စဥ္းစားတယ္။

ဒါေၾကာင့္ ျမည္းဟာ သခင္ထံ ေျပးသြားၿပီး ေရွ႕ေျခေထာက္ႏွစ္ေခ်ာင္းကို သခင္ရဲ႕ ဒူးေပၚတင္ၿပီး ရင္ခြင္ထဲကို ခုန္တက္ဖို႔ ျပင္တယ္။ ဒါေပမယ့္ သူသခင္ဟာ အထိတ္အလန႔္ ျဖစ္သြားၿပီး ဒီျမည္း ကပ်က္ကေခ်ာ္လုပ္တာ ေတာင္သင့္ၿပီ လို႔ စဥ္းစားမိသြားတယ္။

သခင္ျဖစ္သူဟာ ျမည္းကို တြန္းထုတ္ဖို႔ ႀကိဳးစားရင္း " ကယ္ၾကပါဦး၊ ကယ္ၾကပါဦး ေဟာဒီမွာ ျမည္း ႐ူးေနၿပီ " လို႔ ေအာ္ေလေတာ့တယ္။

အေစအပါးေတြ အိမ္ထဲ ေျပးဝင္လာၾကတယ္။ သူတို႔ရဲ႕ သခင္ေပၚ ေရာက္ေနတဲ့ ျမည္းကို ျမင္ေရာ ေမာင္းထုတ္ဖို႔ ဝင္လာၾကတယ္။ သူတို႔အားလုံး ျမည္းထြက္သြားေအာင္ ႐ိုက္ႏွိက္ ေမာင္းထုတ္ၾကတယ္။

ျမည္းရဲ႕ တကိုယ္လုံးမွာ ရွိတဲ့ အ႐ိုးေတြေတာင္ ကိုက္ခဲလာရတဲ့ အထိဘဲ။ ျမည္းဟာ သူေနတဲ့ျမင္းေဇာင္းထဲ အျမန္ေျပးဝင္သြားတယ္။ အခုလို မိုက္မဲတဲ့ စိတ္ကူးမ်ိဳး မစဥ္းစားခဲ့ရင္ေကာင္းမွာဘဲလို႔ သူေဆြးေနမိတယ္။

ျမည္းဟာ ကိုယ့္ေနရာ ကိုယ့္အေျခအေနကိုယ္ မသိေတာ့ အရာဝင္မလား ဝင္တိုးၾကည့္တာေပါ့ ။ သူနဲ႔ဆိုင္တဲ့ နယ္ပယ္ မဟုတ္ေတာ့ ဒုတ္ခေတြ မ်ားကုန္ေရာ ။ ျမည္းက ေခြးေနရာ ဝင္လို႔မရသလို ေခြးကလည္း ျမည္းေနရာမွာ ဝင္လို႔ မရပါဘူး ။

ကိုယ့္ေနရာနဲ႔ကိုယ္ ေနတာ အေကာင္းဆုံး ၊ အဆင္ေျပဆုံးပါ ။

crd

Post a Comment

0 Comments