အတွေးတချက်

တခါတုန်းက စီးပွားရေး လုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို ပိုက်ဆံတစ်ဒေါ်လာ ထည့်လိုက်ပါတယ် ။ ပြီးတော့ သုတ်သီးသုတ်ပျာနဲ့ ရထားပေါ် ကို ပြေးတက်သွား ခဲ့ပါတယ် ။

နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့်ပေးခဲ့တဲ့ သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံတစ်ချောင်းကို နှိုက်ယူလိုက် ပါတယ် ။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံယူဖို့ မေ့သွားတယ်လို့ ပြုံးပြပြီး ပြောပါတယ် ။ နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ် ။

" ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပဲလေ ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ် မှတ်ထားတာပဲ မဟုတ်လား ။ ကြိုးစားပါ " လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ် ။

အချိန်တခု ကြာတဲ့အခါ လူမှုရေး ပွဲလမ်းသဘင် တစ်ခုမှာ သားသားနားနား ဝတ်စားထားတဲ့ သူတယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံလာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ် ။

" ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့်.. ခင်ဗျားကို ကျွန်တော် ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး ။ ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိ ကျွန်တော်ဟာ ခဲတံလေးတွေ ရောင်းတဲ့ သူတောင်းစား တယောက်ပါပဲ ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲ လို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ် " လို့ ပြောခဲ့ပါတယ် ။

သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲ လို့ တွေးတောထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ် ။ သူ့ကိုယ်သူ အဲ့ဒီအချိန်ကစပြီး သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ လို့ တွေးတော ခဲ့တယ် ။ စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင်ပီး ကျင့်သုံး ပြုမူ ခဲ့တယ် ။ သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ ။

မိမိအတွေး ပုံရိပ်ထဲမှာ " ငါဟာ သူတောင်းစားပဲ " လို့ တွေးပါ များရင် " ငါဟာ သူတောင်းစားပဲ " ဆိုတဲ့အသံသာ အထပ်ထပ် ပြန်ကြားနေရ မှာပါ ။ " ငါဟာ လုပ်ငန်းရှင်ပဲ " လို့ တွေးလိုက်တာနဲ့ " ငါဟာ လုပ်ငန်းရှင်ပဲ " ဆိုတဲ့ အတွေး ပဲ့တင်သံ ပြန်လာမှာ အသေအချာ ပါပဲ ။

နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို သင်လည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ် ။

လူတွေရဲ့ ခန္ဒာကိုယ်ထဲမှာ ပါရမီတွေ ၊ အစွမ်းအစတွေ ကိုယ်စီ ရှိနေကြပါတယ် ။ ဒါတွေကို သင်က နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ ငြိမ်မနေနိုင်ပဲ စွမ်းအားတွေအဖြစ် ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေ နိုင်ပါသေးတယ် ။

ဒီလိုနည်းနဲ့ သင်က လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာ စိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ် ဆိုရင် သင့်ကူညီမှုရဲ့ ပဲ့တင်သံတွေဟာ သင့်ထံကို ပြန်လာမှာ မလွဲမသွေ ပါပဲ ။

တခြားသူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်းအားဖြင့် သင်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ် ဆိုတာ အာမခံပါတယ် ။

သင်ပြုတဲ့ကံ ပဲ့တင်သံ သင့်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ် ။

Crd

for zawgyi

အေတြးတစ္ခ်က္

တခါတုန္းက စီးပြားေရး လုပ္ငန္းရွင္ တေယာက္ဟာ လမ္းေဘးမွာ ခဲတံေလးေတြ ေရာင္းၿပီး ေငြေတာင္းေနတဲ့ လူတေယာက္ရဲ႕ ခြက္ထဲကို ပိုက္ဆံတစ္ေဒၚလာ ထည့္လိုက္ပါတယ္ ။ ၿပီးေတာ့ သုတ္သီးသုတ္ပ်ာနဲ႔ ရထားေပၚ ကို ေျပးတက္သြား ခဲ့ပါတယ္ ။

ေနာက္မွ သတိရၿပီး ရထားေပၚက ျပန္ဆင္းလာကာ ေစာေစာက သူေငြထည့္ေပးခဲ့တဲ့ သူဆီ ျပန္သြားၿပီး ခြက္ထဲက ခဲတံတစ္ေခ်ာင္းကို ႏႈိက္ယူလိုက္ ပါတယ္ ။ ၿပီးေတာ့ သူက အေလာတႀကီး ျဖစ္ေနလို႔ ေငြထည့္ၿပီး ခဲတံယူဖို႔ ေမ့သြားတယ္လို႔ ၿပဳံးျပၿပီး ေျပာပါတယ္ ။ ေနာက္ၿပီး သူက ေငြေတာင္းေနသူကို ေျပာတယ္ ။

" ခင္ဗ်ားလည္း ကြၽန္ေတာ့္လို စီးပြားေရး လုပ္ငန္းရွင္ တစ္ေယာက္ပဲေလ ။ ခင္ဗ်ားမွာ ေရာင္းစရာေတြ ရွိေနၿပီး ဒါေတြကို သင့္တင့္မွ်တတဲ့ ေဈးႏႈန္းသတ္ မွတ္ထားတာပဲ မဟုတ္လား ။ ႀကိဳးစားပါ " လို႔ ေျပာၿပီး ရထားေပၚ တက္သြားခဲ့ပါတယ္ ။

အခ်ိန္တခု ၾကာတဲ့အခါ လူမႈေရး ပြဲလမ္းသဘင္ တစ္ခုမွာ သားသားနားနား ဝတ္စားထားတဲ့ သူတေယာက္က စီးပြားေရး လုပ္ငန္းရွင္ႀကီးထံလာၿပီး သူ႔ကိုယ္သူ မိတ္ဆက္ပါတယ္ ။

" ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ကို မွတ္မိမွာ မဟုတ္ေပမယ့္.. ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွာ ေမ့မွာမဟုတ္ပါဘူး ။ ခင္ဗ်ားနဲ႔ မေတြ႕မီ အခ်ိန္အထိ ကြၽန္ေတာ္ဟာ ခဲတံေလးေတြ ေရာင္းတဲ့ သူေတာင္းစား တေယာက္ပါပဲ ။ ဒါေပမယ့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို စီးပြားေရး လုပ္ငန္းရွင္ပဲ လို႔ ေျပာသြားခဲ့တဲ့ အခ်ိန္က စၿပီး၊ ကြၽန္ေတာ္ဟာ စီးပြားေရး လုပ္ငန္းရွင္ ျဖစ္သြားတယ္ " လို႔ ေျပာခဲ့ပါတယ္ ။

သူဟာ သူ႔ကိုယ္သူ သူေတာင္းစားပဲ လို႔ ေတြးေတာထားတဲ့ အျမင္ကေန ႐ုတ္တရက္ စကားတခြန္းေၾကာင့္ သူ႔အေတြးေတြ ေျပာင္းသြားတယ္ ။ သူ႔ကိုယ္သူ အဲ့ဒီအခ်ိန္ကစၿပီး သူဟာ စီးပြားေရး လုပ္ငန္းရွင္ တေယာက္ပဲ လို႔ ေတြးေတာ ခဲ့တယ္ ။ စီးပြားေရး လုပ္ငန္းရွင္ တေယာက္လို စတင္ပီး က်င့္သုံး ျပဳမူ ခဲ့တယ္ ။ သူအေတြးေတြဟာ သူ႔ဘဝရဲ႕ ပဲ့တင္သံေတြ ပါပဲ ။

မိမိအေတြး ပုံရိပ္ထဲမွာ " ငါဟာ သူေတာင္းစားပဲ " လို႔ ေတြးပါ မ်ားရင္ " ငါဟာ သူေတာင္းစားပဲ " ဆိုတဲ့အသံသာ အထပ္ထပ္ ျပန္ၾကားေနရ မွာပါ ။ " ငါဟာ လုပ္ငန္းရွင္ပဲ " လို႔ ေတြးလိုက္တာနဲ႔ " ငါဟာ လုပ္ငန္းရွင္ပဲ " ဆိုတဲ့ အေတြး ပဲ့တင္သံ ျပန္လာမွာ အေသအခ်ာ ပါပဲ ။

ေနာက္ၿပီး ဒီပုံျပင္ေလးထဲက စီးပြားေရး လုပ္ငန္းရွင္ႀကီးလို သင္လည္း သူတပါးကို အေကာင္းျမင္ၿပီး စိတ္ခြန္အားျဖစ္ေစမယ့္ စကားလုံးေတြနဲ႔ ကူညီႏိုင္ ပါတယ္ ။

လူေတြရဲ႕ ခႏၵာကိုယ္ထဲမွာ ပါရမီေတြ ၊ အစြမ္းအစေတြ ကိုယ္စီ ရွိေနၾကပါတယ္ ။ ဒါေတြကို သင္က ႏႈိးဆြေပးလိုက္႐ုံနဲ႔ သူ႔ကိုယ္ထဲက အစြမ္းအစေတြဟာ ၿငိမ္မေနႏိုင္ပဲ စြမ္းအားေတြအျဖစ္ ထြက္ေပၚကာ သူ႔ဘဝတစ္ခုလုံးကို ေျပာင္းလဲသြားေစ ႏိုင္ပါေသးတယ္ ။

ဒီလိုနည္းနဲ႔ သင္က လူေတြရဲ႕ ဘဝေတြကို တိုးတက္ ေအာင္ျမင္သြားေအာင္ ေစတနာ စိတ္ဓာတ္ အျပည့္နဲ႔ ကူညီေပးမယ္ ဆိုရင္ သင့္ကူညီမႈရဲ႕ ပဲ့တင္သံေတြဟာ သင့္ထံကို ျပန္လာမွာ မလြဲမေသြ ပါပဲ ။

တျခားသူေတြရဲ႕ဘဝကို ျမႇင့္တင္ေပးျခင္းအားျဖင့္ သင္ကိုယ္တိုင္လည္း ေသခ်ာေပါက္ တိုးတက္ ေအာင္ျမင္လာမွာ ျဖစ္တယ္ ဆိုတာ အာမခံပါတယ္ ။

သင္ျပဳတဲ့ကံ ပဲ့တင္သံ သင့္ထံ ျပန္လာမွာပဲ ျဖစ္ပါတယ္ ။

Crd

Post a Comment

0 Comments