မြည်း နှင့် မြင်း

တခါတုန်းက မြင်းတကောင်နှင့် မြည်းတကောင်တို့သည် ခရီး တခုကို အတူတကွ သွားကြ ရလေသည်။ သူတို့၏ သခင် မှာလည်း နောက်မှ လိုက်ပါ လာ၏ ။

မြင်း၏ ကျောပေါ်၌ မည်သည့် ဝန်ထုပ် ဝန်ပိုးမျှ မရှိသဖြင့် မြင်းသည် လွတ်လပ်ပေါ့ပါးစွာ သွားနိုင်သည်။ မြည်း၏ ကျောပေါ်မှာမူ ဝန်တို့သည် အထူးပင် များပြားလှပေသည်။

မြည်းခင်မျာ လှုပ်ရန်ပင် အလွန် ခဲယဉ်းစွာ လှုပ်ရလေ၏ ။ ခရီးကိုလည်း နှေးကွေးစွာ သွားနိုင်လေသည်။ ထိုအခါ မြည်းသည် မြင်းအား ဤသို့ တောင်းပန် လေ၏။

" အဆွေခြင်း၊ ကျွန်ုပ်၏ ကျောပေါ်ရှိ ဝန်ထုပ်တို့မှာ အလွန်များ ပြားပါသည်။ လေးလည်း လေးလွန်းလှ ပါသည် ။ သင်သည် ကျွန်ုပ်ကို ကြင်နာသောအားဖြင့် ပစ္စည်းတချို့ကို ကူညီ သယ်ဆောင်ပေးပါ "

သို့သော် တကိုယ်ကောင်း ကြံတတ်သော မြင်းသည် မြည်း၏ တောင်းပန် စကားကို ဂရုမစိုက်ဘဲ နေလေ၏ ။ စိုးစဉ်းမျှသော အကူအညီ ကိုလည်း မပေးခဲ့ချေ ။

သို့ဖြင့် ခရီးများစွာ မရောက်မီပင် မြည်းခမျာ ဝန်ထုပ် ဝန်ပိုး တို့၏ အလေးဒဏ်ကို ကြံ့ကြံ့ မခံနိုင် တော့ဘဲ လမ်းမှာပင် လဲကျ သေဆုံးသွားလေသည် ။ သခင်သည် မြည်း၏ အသက် ချမ်းသာမှုကို တတ်နိုင်စွမ်း သမျှ အားထုတ် ပါသော်လည်း မရလိုက်တော့ဘဲ ရှိလေ၏။

ထို့ကြောင့် သခင်သည် မြည်း၏ ကျောပေါ်မှ ဝန်များကို ကျန်ရှိနေသော မြင်း၏ ကျောကုန်းထက်သို့ ပြောင်းရွှေ့ တင်ထား လေ၏ ။ ထိုမျှမကသေး သေဆုံးသွားသော မြည်း၏ အရေခွံကိုပါ ထပ်မံ တင်ဆောင်ကာ ခရီး ဆက်လေတော့သည် ။

ထိုသို့ဖြင့် စိတ်ထား ယုတ်သောမြင်းသည် ဆတက် ထမ်းပိုး တိုး၍ ဝန်ထုပ်တို့ကို တကိုယ်တည်းသာ ပင်ပန်းကြီးစွာ သယ်ပိုး သယ်ဆောင် သွားရလေတော့ သတည်း ။

ဒီပုံပြင်လေးကနေ သင်ခန်းစာ ပေးတာကတော့ စိတ်ထားကောင်းထားရင် ကံကောင်းပီး စိတ်ထားဆိုးရင် ကံလည်း ဆိုးပါလိမ့်မယ်။ လိုအပ်နေသူကို မိမိတတ်နိုင်တဲ့ အကူအညီ ပေးလိုက်မယ်ဆိုရင် မိမိလည်း တချိန်မှာ အထောက်အပံ့ကောင်းတွေ အကျိုးအမြတ်တွေ ပြန်လည် ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

crd

Zawgyi

ျမည္း ႏွင့္ ျမင္း

တခါတုန္းက ျမင္းတေကာင္ႏွင့္ ျမည္းတေကာင္တို႔သည္ ခရီး တခုကို အတူတကြ သြားၾက ရေလသည္။ သူတို႔၏ သခင္ မွာလည္း ေနာက္မွ လိုက္ပါ လာ၏ ။

ျမင္း၏ ေက်ာေပၚ၌ မည္သည့္ ဝန္ထုပ္ ဝန္ပိုးမွ် မရွိသျဖင့္ ျမင္းသည္ လြတ္လပ္ေပါ့ပါးစြာ သြားႏိုင္သည္။ ျမည္း၏ ေက်ာေပၚမွာမူ ဝန္တို႔သည္ အထူးပင္ မ်ားျပားလွေပသည္။ ျမည္းခင္မ်ာ လႈပ္ရန္ပင္ အလြန္ ခဲယဥ္းစြာ လႈပ္ရေလ၏ ။ ခရီးကိုလည္း ေႏွးေကြးစြာ သြားႏိုင္ေလသည္။

ထိုအခါ ျမည္းသည္ ျမင္းအား ဤသို႔ ေတာင္းပန္ ေလ၏ " အေဆြျခင္း၊ ကြၽႏ္ုပ္၏ ေက်ာေပၚရွိ ဝန္ထုပ္တို႔မွာ အလြန္မ်ား ျပားပါသည္။ ေလးလည္း ေလးလြန္းလွ ပါသည္ ။ သင္သည္ ကြၽႏ္ုပ္ကို ၾကင္နာေသာအားျဖင့္ ပစၥည္းတခ်ိဳ႕ကို ကူညီ သယ္ေဆာင္ေပးပါ "

သို႔ေသာ္ တကိုယ္ေကာင္း ႀကံတတ္ေသာ ျမင္းသည္ ျမည္း၏ ေတာင္းပန္ စကားကို ဂ႐ုမစိုက္ဘဲ ေနေလ၏ ။ စိုးစဥ္းမွ်ေသာ အကူအညီ ကိုလည္း မေပးခဲ့ေခ် ။

သို႔ျဖင့္ ခရီးမ်ားစြာ မေရာက္မီပင္ ျမည္းခမ်ာ ဝန္ထုပ္ ဝန္ပိုး တို႔၏ အေလးဒဏ္ကို ႀကံ့ႀကံ့ မခံႏိုင္ ေတာ့ဘဲ လမ္းမွာပင္ လဲက် ေသဆုံးသြားေလသည္ ။ သခင္သည္ ျမည္း၏ အသက္ ခ်မ္းသာမႈကို တတ္ႏိုင္စြမ္း သမွ် အားထုတ္ ပါေသာ္လည္း မရလိုက္ေတာ့ဘဲ ရွိေလ၏။

ထို႔ေၾကာင့္ သခင္သည္ ျမည္း၏ ေက်ာေပၚမွ ဝန္မ်ားကို က်န္ရွိေနေသာ ျမင္း၏ ေက်ာကုန္းထက္သို႔ ေျပာင္းေ႐ႊ႕ တင္ထား ေလ၏ ။ ထိုမွ်မကေသး ေသဆုံးသြားေသာ ျမည္း၏ အေရခြံကိုပါ ထပ္မံ တင္ေဆာင္ကာ ခရီး ဆက္ေလေတာ့သည္ ။

ထိုသို႔ျဖင့္ စိတ္ထား ယုတ္ေသာျမင္းသည္ ဆတက္ ထမ္းပိုး တိုး၍ ဝန္ထုပ္တို႔ကို တကိုယ္တည္းသာ ပင္ပန္းႀကီးစြာ သယ္ပိုး သယ္ေဆာင္ သြားရေလေတာ့ သတည္း ။

ဒီပုံျပင္ေလးကေန သင္ခန္းစာ ေပးတာကေတာ့ စိတ္ထားေကာင္းထားရင္ ကံေကာင္းပီး စိတ္ထားဆိုးရင္ ကံလည္း ဆိုးပါလိမ့္မယ္။ လိုအပ္ေနသူကို မိမိတတ္ႏိုင္တဲ့ အကူအညီ ေပးလိုက္မယ္ဆိုရင္ မိမိလည္း တခ်ိန္မွာ အေထာက္အပံ့ေကာင္းေတြ အက်ဳိးအျမတ္ေတြ ျပန္လည္ ရရွိႏိုင္မွာပဲ ျဖစ္ပါတယ္။

crd

Post a Comment

0 Comments