ပျားရည်တစက် ပြည်ပျက်

ဟိုးရှေးရှေးတုန်းက ဘုရင်တပါးသည် ထမင်း စားပြီးတိုင်း ပျားရည်လျက်သော အကျင့် ရှိသည်။ တနေ့သောအခါ ထိုဘုရင်သည် ခါတိုင်းကဲ့သို့ပင် ထမင်းစားပြီးချိန်တွင် ပျားရည်လျက်သည်။ ထိုအချိန် ပျားရည်တစက်သည် နန်းတော် ကြမ်းပြင်ပေါ်သို့ ဖိတ်စဉ်ကျသွားသည် ။ ထိုအခြင်းအရာကို ယင်ကောင် တကောင်က မြင်သွားသည် ။

ယင်ကောင်သည် တနေရာမှာ နားနေရာမှ ကြမ်းပြင်ပေါ်သို့ ပျံဆင်းလာကာ ပျားရည်ကို သောက်သည်။ ထိုယင်ကောင်ကို အိမ်မြှောင်တကောင်က ချောင်းနေသည်။ အိမ်မြှောင်သည် အလစ်တွင် ယင်ကောင်ကို ဖမ်းယူ စားသောက်လိုက်သည်။ ထိုအိမ်မြှောင်မှာလည်း ဘေးရန်မှ မလွတ် နန်းတော်တွင်းရှိ ကြောင်တကောင်သည် သူ့အနီးတွင် အိပ်နေသည် ။

ထိုကြောင်သည် အိပ်နေရာမှ ထလာသည်။ သူသည် အိမ်မြှောင်ကို မြင်သော် ဖမ်းယူကာ စားသောက် လိုက်သည်။ ဤသို့ ကြောင်က အိမ်မြှောင် ဖမ်းသည်ကို နန်းတွင်းသား တယောက်၏ ခွေးက မြင်တွေ့သွားသည် ။ ထိုခွေးသည် မနေနိုင်၊ ကြောင်ကို ဖမ်းပြန်သည်။

ဤတွင် ကြောင်နှင့် ခွေးတို့ အပြန်အလှန် လုံးထွေး သတ်ပုတ်ကြလေသည် ။ နောက်ဆုံးတွင် ခွေးက အနိုင် ရရှိသွားသည်။ ခွေးသည် ကြောင်ကို နန်းတော် အပြင်ဘက်သို့ ကိုက်ချီသွားကာ ကိုက်သတ်လိုက် လေတော့သည် ။

သေဆုံးသွားသော ကြောင်မှာ ဘုရင့်အစေအပါး တဦး၏ ကြောင် ဖြစ်လေသည်။ သူသည် ထိုကြောင်ကို အလွန်ချစ်သည်။ ကြောင်သေဆုံးသွားသဖြင့် သူသည် အလွန်ဒေါသဖြစ်ကာ ခွေးပိုင်ရှင် နန်းတွင်းသားနှင့် စကားများ ရန်ဖြစ်ကြလေသည် ။ နောက်ဆုံးတွင် ကြောင်ပိုင်ရှင်က ဓားဖြင့် ခုတ်ခံရသည်။ ကြောင်ပိုင်ရှင်လည်း နေရာမှာပင် သေဆုံးသွားလေသည်။

ထိုအဖြစ်အပျက်သည် တခဏအတွင်းမှာပင် နန်းတော် တခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားသည်။ သေဆုံးသွားသူ၏ မိတ်ဆွေများသည် ထိုသတင်းကို ကြားသည်နှင့်တပြိုင်နက် ခွေးပိုင်ရှင်ထံသို့ စုရုံး ရောက်ရှိလာ ကြသည် ။ ခွေးပိုင်ရှင်ကလည်း သူ့မိတ်ဆွေများထံ အပြေးအလွှားသွားရောက် လူစုသည်။

မကြာမီပင် ထိုအုပ်စု နှစ်ခုသည် ရင်ဆိုင် တွေ့ကြလေသည်။ တဖက်နှင့်တဖက် အပြင်းအထန် တိုက်ခိုက်ကြသည်။ ထိုသတင်းသည် ဘုရင့်နန်းတော်သို့ ရောက်သွားသည်။ ဘုရင်လည်း သူ၏ ရဲမက်တို့ကို အလျင်အမြန် စေလွှတ်ကာ ရန်ပွဲကို ဖြေရှင်းစေသည်။ သို့သော် မအောင်မြင်ပေ။ မကြာမီပင် ဘုရင်ကိုယ်တိုင် မှာလည်း အုပ်စုတစု၏ ဓားချက်ဖြင့် မတော်တဆထိကာ နတ်ရွာစံ သွားလေသည်။

ဤတွင် အုပ်စုတခုက အခြားအုပ်စုတခုအား ဘုရင်ကို လုပ်ကြံလို၍ ဤသို့ ဉာဏ်ဆင်ခြင်း ဖြစ်သည်ဟု စွပ်စွဲတော့သည်။ အစွပ်အစွဲ ခံရသော အုပ်စုကလည်း မခံမရပ်နိုင် ဖြစ်ကာ တုံ့ပြန် ကြသည်။ ရန်ပွဲမှာ ပိုမို ပြင်းထန်လာသည်။ ရန်ပွဲအဖြစ်မှ စစ်ပွဲငယ် အဖြစ်သို့ ကူးပြောင်းသွားသည်။

မြို့ရွာများ မီးလောင် ပျက်စီးကုန် ကြသည်။ လူများ သေဆုံးကြသည်။ နောက်ဆုံးတွင် တနိုင်ငံလုံး ပျက်စီးသွား လေတော့သည်။ ဤသတင်းကို အိမ်နီးချင်း တိုင်းပြည်တပြည်၏ ဘုရင်က ကြားသည်။ ထိုဘုရင်သည် စစ်ပွဲ စတင်ချိန်မှ နောက်ဆုံး အချိန်အထိ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်နေသည်။

အဆိုပါတိုင်းပြည် ပျက်စီးသွားကြောင်းကို ကြားလျှင်ကြားချင်း ထိုဘုရင်သည် တပ်တော်များနှင့်အတူ ဝင်ရောက်ကာ ထိုတိုင်းပြည်ကို အလွယ်တကူ သိမ်းပိုက် လိုက်လေသည်။ ပျားရည်တစက်ကြောင့် တိုင်းပြည်ပျက်ရသော ဖြစ်ရပ်ကား သင်ခန်းစာ ယူဖွယ် ဖြစ်ပေသည်ဟု ပညာရှိများက ဆိုကြပေသည်။

crd

Zawgyi

ပ်ားရည္တစက္ ျပည္ပ်က္

ဟိုးေရွးေရွးတုန္းက ဘုရင္တပါးသည္ ထမင္း စားၿပီးတိုင္း ပ်ားရည္လ်က္ေသာ အက်င့္ ရွိသည္။ တေန႔ေသာအခါ ထိုဘုရင္သည္ ခါတိုင္းကဲ့သို႔ပင္ ထမင္းစားၿပီးခ်ိန္တြင္ ပ်ားရည္လ်က္သည္။ ထိုအခ်ိန္ ပ်ားရည္တစက္သည္ နန္းေတာ္ ၾကမ္းျပင္ေပၚသို႔ ဖိတ္စဥ္က်သြားသည္ ။ ထိုအျခင္းအရာကို ယင္ေကာင္ တေကာင္က ျမင္သြားသည္ ။

ယင္ေကာင္သည္ တေနရာမွာ နားေနရာမွ ၾကမ္းျပင္ေပၚသို႔ ပ်ံဆင္းလာကာ ပ်ားရည္ကို ေသာက္သည္။ ထိုယင္ေကာင္ကို အိမ္ေျမႇာင္တေကာင္က ေခ်ာင္းေနသည္။ အိမ္ေျမႇာင္သည္ အလစ္တြင္ ယင္ေကာင္ကို ဖမ္းယူ စားေသာက္လိုက္သည္။ ထိုအိမ္ေျမႇာင္မွာလည္း ေဘးရန္မွ မလြတ္ နန္းေတာ္တြင္းရွိ ေၾကာင္တေကာင္သည္ သူ႔အနီးတြင္ အိပ္ေနသည္ ။

ထိုေၾကာင္သည္ အိပ္ေနရာမွ ထလာသည္။ သူသည္ အိမ္ေျမႇာင္ကို ျမင္ေသာ္ ဖမ္းယူကာ စားေသာက္ လိုက္သည္။ ဤသို႔ ေၾကာင္က အိမ္ေျမႇာင္ ဖမ္းသည္ကို နန္းတြင္းသား တေယာက္၏ ေခြးက ျမင္ေတြ႕သြားသည္ ။ ထိုေခြးသည္ မေနႏိုင္၊ ေၾကာင္ကို ဖမ္းျပန္သည္။

ဤတြင္ ေၾကာင္ႏွင့္ ေခြးတို႔ အျပန္အလွန္ လုံးေထြး သတ္ပုတ္ၾကေလသည္ ။ ေနာက္ဆုံးတြင္ ေခြးက အႏိုင္ ရရွိသြားသည္။ ေခြးသည္ ေၾကာင္ကို နန္းေတာ္ အျပင္ဘက္သို႔ ကိုက္ခ်ီသြားကာ ကိုက္သတ္လိုက္ ေလေတာ့သည္ ။

ေသဆုံးသြားေသာ ေၾကာင္မွာ ဘုရင့္အေစအပါး တဦး၏ ေၾကာင္ ျဖစ္ေလသည္။ သူသည္ ထိုေၾကာင္ကို အလြန္ခ်စ္သည္။ ေၾကာင္ေသဆုံးသြားသျဖင့္ သူသည္ အလြန္ေဒါသျဖစ္ကာ ေခြးပိုင္ရွင္ နန္းတြင္းသားႏွင့္ စကားမ်ား ရန္ျဖစ္ၾကေလသည္ ။ ေနာက္ဆုံးတြင္ ေၾကာင္ပိုင္ရွင္က ဓားျဖင့္ ခုတ္ခံရသည္။ ေၾကာင္ပိုင္ရွင္လည္း ေနရာမွာပင္ ေသဆုံးသြားေလသည္။

ထိုအျဖစ္အပ်က္သည္ တခဏအတြင္းမွာပင္ နန္းေတာ္ တခုလုံးသို႔ ေတာမီးပမာ ပ်ံ႕ႏွံ႔သြားသည္။ ေသဆုံးသြားသူ၏ မိတ္ေဆြမ်ားသည္ ထိုသတင္းကို ၾကားသည္ႏွင့္တၿပိဳင္နက္ ေခြးပိုင္ရွင္ထံသို႔ စု႐ုံး ေရာက္ရွိလာ ၾကသည္ ။ ေခြးပိုင္ရွင္ကလည္း သူ႔မိတ္ေဆြမ်ားထံ အေျပးအလႊားသြားေရာက္ လူစုသည္။

မၾကာမီပင္ ထိုအုပ္စု ႏွစ္ခုသည္ ရင္ဆိုင္ ေတြ႕ၾကေလသည္။ တဖက္ႏွင့္တဖက္ အျပင္းအထန္ တိုက္ခိုက္ၾကသည္။ ထိုသတင္းသည္ ဘုရင့္နန္းေတာ္သို႔ ေရာက္သြားသည္။ ဘုရင္လည္း သူ၏ ရဲမက္တို႔ကို အလ်င္အျမန္ ေစလႊတ္ကာ ရန္ပြဲကို ေျဖရွင္းေစသည္။ သို႔ေသာ္ မေအာင္ျမင္ေပ။ မၾကာမီပင္ ဘုရင္ကိုယ္တိုင္ မွာလည္း အုပ္စုတစု၏ ဓားခ်က္ျဖင့္ မေတာ္တဆထိကာ နတ္႐ြာစံ သြားေလသည္။

ဤတြင္ အုပ္စုတခုက အျခားအုပ္စုတခုအား ဘုရင္ကို လုပ္ႀကံလို၍ ဤသို႔ ဉာဏ္ဆင္ျခင္း ျဖစ္သည္ဟု စြပ္စြဲေတာ့သည္။ အစြပ္အစြဲ ခံရေသာ အုပ္စုကလည္း မခံမရပ္ႏိုင္ ျဖစ္ကာ တုံ႔ျပန္ ၾကသည္။ ရန္ပြဲမွာ ပိုမို ျပင္းထန္လာသည္။ ရန္ပြဲအျဖစ္မွ စစ္ပြဲငယ္ အျဖစ္သို႔ ကူးေျပာင္းသြားသည္။

ၿမိဳ႕႐ြာမ်ား မီးေလာင္ ပ်က္စီးကုန္ ၾကသည္။ လူမ်ား ေသဆုံးၾကသည္။ ေနာက္ဆုံးတြင္ တႏိုင္ငံလုံး ပ်က္စီးသြား ေလေတာ့သည္။ ဤသတင္းကို အိမ္နီးခ်င္း တိုင္းျပည္တျပည္၏ ဘုရင္က ၾကားသည္။ ထိုဘုရင္သည္ စစ္ပြဲ စတင္ခ်ိန္မွ ေနာက္ဆုံး အခ်ိန္အထိ အေျခအေန အရပ္ရပ္ကို ေစာင့္ၾကည့္ေနသည္။

အဆိုပါတိုင္းျပည္ ပ်က္စီးသြားေၾကာင္းကို ၾကားလွ်င္ၾကားခ်င္း ထိုဘုရင္သည္ တပ္ေတာ္မ်ားႏွင့္အတူ ဝင္ေရာက္ကာ ထိုတိုင္းျပည္ကို အလြယ္တကူ သိမ္းပိုက္ လိုက္ေလသည္။ ပ်ားရည္တစက္ေၾကာင့္ တိုင္းျပည္ပ်က္ရေသာ ျဖစ္ရပ္ကား သင္ခန္းစာ ယူဖြယ္ ျဖစ္ေပသည္ဟု ပညာရွိမ်ားက ဆိုၾကေပသည္။

crd

Post a Comment

0 Comments