ရိုးသားမှု တန်ဖိုး

ရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဘုရင်တပါး အုပ်ချုပ်တယ်။ ဒါပေမယ့် ဘုရင်ကြီးရဲ့ အရိုက်အရာကို ဆက်ခံဖို့ သားသမီး မထွန်းကားခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာ ဆက်ခံဖို့ သူကိုယ်တိုင် ရွေးချယ်မယ် ဆို ပြီးကြေငြာတယ်။

တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာ စုရုံးစေပြီးအမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကို အုပ်ချုပ်မဲ့သူကို ရွေးချယ်မယ်။ လိုအပ်တဲ့ အရည်အချင်း ကေတာ့ အမှန်တရားကို မြတ်နိုးသူ၊ သတ္တိရှိသူ ၊ စွန့်လွှတ် အနစ်နာခံသူ ဖြစ်ဖို့ပဲ ။

အဲဒီအရည်အချင်းကို စမ်းသပ်ဖို့ လူငယ်တွေကို သစ်စေ့တစေ့နဲ့ ပန်းအိုး တလုံးစီ ပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင် လုပ်ကြ။ နောက်တနှစ်ကြာရင် ပြန်လာခဲ့။ အပင်ကို ကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ် ဆိုပြီး ဘုရင်ကြီးက ပြောလိုက်တယ်။

လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကို ယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကို လုပ်ကျွေးနေတဲ့ မောင်ရစ် ဆိုတဲ့ လူငယ်လေးလည်း ပါဝင်တယ်။ မောင်ရစ်လဲ သစ်စေ့ကိုပန်းအိုးထဲ ထည့်စိုက်ပြီး အချိန်မှန်မှန် ရေလောင်းပေး ပန်းအိုးကို အရိပ်တကြည့် ကြည့် ကြည့်ပြီး ဂရုစိုက်နေ ပေမဲ့ တပါတ်လည်း အပင်က မပေါက်၊ နှစ်ပါတ်လည်း မပေါက်၊ တလလည်း အပင်မပေါက် ဖြစ်နေတယ်။

သူငယ်ချင်းတွေ ကတော့ သူတို့အပင်တွေ ဘယ်လောက်ကြီးကြောင်း၊ အရွက်တွေ ဘယ်လောက် ထွက်နေကြောင်း ပြောသံ ကြားနေပေမဲ့ သူ့ရဲ့ အပင်ကတော့ ထွက်မလာသေးပါဘူး။ စိတ်ဓာတ်မကျဘဲ ဆက်ပြီး ရေလောင်းနေပေမဲ့ သစ်စေ့က ခြောက်နေမြဲ ပါဘဲ။ အပင်က ထွက်မလာပါဘူး။

ဒီလိုနဲ့ တနှစ်ပြည့်လို့ ဘုရင်ကြီး ချိန်းထားတဲ့ရက်ကိုသာ ရောက်လာတယ်။ မောင်ရစ်ရဲ့ အပင်က ပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။ မောင်ရစ်ရဲ့ အမေကတော့ ပြန်သွားဖို့ တိုက်တွန်းတယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်လည်း အရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောင်္ကျားကောင်း တယောက် ဘဲလို့ အားပေးစကား ပြောလိုက်တယ်။

မောင်ရစ်လဲ အပင်မပေါက်တဲ့ ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကို ပြန်သွားတယ်။ မောင်ရစ်ရဲ့ ပန်းအိုးကလွဲလို့ ကျန်တဲ့လူငယ် တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ ဝေဆာ နေတာကိုတွေ့ရတယ်။ လူငယ်တွေလည်း သတ်မှတ်ထားတဲ့ နေရာမှာ ပန်းအိုးကိုထားပြီး ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။

ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတညိတ်ညိတ်နဲ့ လိုက်ပြီးကြည့်နေတယ်။ တတန်းပြီးတတန်း ကျော်သွားတယ်။ ဘုရင်ကြီး စိတ်တိုင်းကျ မတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကို ရောက်တဲ့အခါ အပင်မပေါက်တဲ့ မောင်ရစ်ရဲ့ ပန်းအိုးကို တွေ့သွားပြီး ဘုရင်ကြီး မျက်နှာ ဝင်းလက်သွားတယ်။

မောင်ရစ်ကို လူကြားထဲက ဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကို ဆွဲမြှောက်ပြီး မင်းလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာ လိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ပြီး နားမလည်စွာနဲ့ ဘုရင်ကြီးကို ဝိုင်းကြည့်နေကြတဲ့ အခါမှာ ဘုရင်ကြီးက အကြောင်းစုံကို ရှင်းပြတယ်။

မောင်မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့တွေ အားလုံးကို ရေနွေးထဲမှာ ထည့်ပြုတ်ပြီးမှ ပေးလိုက်တာ ဘယ်လိုမှ အပင်ပေါက်စရာ အကြောင်းမရှိဘူး။ မောင်ရစ်တယောက်သာ ရိုးရိုးသားသားနဲ့ အပင်မပေါက်တဲ့ ပန်းအိုးကို ပြန်ပြီး ယူလာခဲ့တယ်။ ကျန်တဲ့သူတွေက မျိုးစေ့ကို အစားထိုးပြီး စိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်း ဖြစ်တယ်။

ကိုယ်တိုင်မှ မရိုးသားသူတယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ် ဖြောင့်ဖြောင့် မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုးသားသူ တယောက် ဖြစ်ဆို့ဆိုတာ မလွယ်ပါဘူး။ အမှန်တရားကို မြတ်နိုးရုံသာ မက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့ သတ္တိနဲ့ အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်လည်း ရှိဖို့လိုတယ်။

အကြောင်းစုံကို သိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးက လက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်တရားကို လက်ခံပါ။ စွန့်လွှတ် အနစ်နာခံပါ။ ရိုးသားခြင်းသည် အကောင်းဆုံးပါ။

crd

Zawgyi

႐ိုးသားမွု တန္ဖိုး

ေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ ဘုရင္တပါး အုပ္ခ်ဳပ္တယ္။ ဒါေပမယ့္ ဘုရင္ႀကီးရဲ႕ အ႐ိုက္အရာကို ဆက္ခံဖို႔ သားသမီး မထြန္းကားခဲ့ဘူး။ အသက္ႀကီးလာေတာ့ ထီးနန္းအ႐ိုက္အရာ ဆက္ခံဖို႔ သူကိုယ္တိုင္ ေ႐ြးခ်ယ္မယ္ ဆို ၿပီးေၾကျငာတယ္။

တိုင္းျပည္မွာရွိတဲ့ လူငယ္ေတြကို နန္းရင္ျပင္မွာ စု႐ုံးေစၿပီးအမိန႔္ရွိတယ္။ ေမာင္မင္းတို႔အထဲက တိုင္းျပည္ကို အုပ္ခ်ဳပ္မဲ့သူကို ေ႐ြးခ်ယ္မယ္။ လိုအပ္တဲ့ အရည္အခ်င္း ေကတာ့ အမွန္တရားကို ျမတ္ႏိုးသူ၊ သတၱိရွိသူ ၊ စြန႔္လႊတ္ အနစ္နာခံသူ ျဖစ္ဖို႔ပဲ ။

အဲဒီအရည္အခ်င္းကို စမ္းသပ္ဖို႔ သစ္ေစ့တေစ့နဲ႔ ပန္းအိုး တလုံး ေပးလိုက္မယ္။ အိမ္ေရာက္ရင္ အပင္ေပါက္ေအာင္ လုပ္ၾက။ ေနာက္တႏွစ္ၾကာရင္ ျပန္လာခဲ့။ အပင္ကို ၾကည့္ၿပီး ဘယ္သူဟာ ဒီအရည္အခ်င္းရွိလဲ ဆုံးျဖတ္မယ္ ဆိုၿပီး ဘုရင္ႀကီးက ေျပာလိုက္တယ္။

လူငယ္ေတြလဲ ဘုရင္ႀကီးေပးတဲ့ သစ္ေစ့နဲ႔ ပန္းအိုးကို ယူၿပီး အိမ္ျပန္ခဲ့ၾကတယ္။ အဲဒီအထဲမွာ အေမကို လုပ္ေကြၽးေနတဲ့ ေမာင္ရစ္ ဆိုတဲ့ လူငယ္ေလးလည္း ပါဝင္တယ္။ ေမာင္ရစ္လဲ သစ္ေစ့ကိုပန္းအိုးထဲ ထည့္စိုက္ၿပီး အခ်ိန္မွန္မွန္ ေရေလာင္းေပး ပန္းအိုးကို အရိပ္တၾကည့္ ၾကည့္ ၾကည့္ၿပီး ဂ႐ုစိုက္ေန ေပမဲ့ တပါတ္လည္း အပင္က မေပါက္၊ ႏွစ္ပါတ္လည္း မေပါက္၊ တလလည္း အပင္မေပါက္ ျဖစ္ေနတယ္။

သူငယ္ခ်င္းေတြ ကေတာ့ သူတို႔အပင္ေတြ ဘယ္ေလာက္ႀကီးေၾကာင္း၊ အ႐ြက္ေတြ ဘယ္ေလာက္ ထြက္ေနေၾကာင္း ေျပာသံ ၾကားေနေပမဲ့ သူ႔ရဲ႕ အပင္ကေတာ့ ထြက္မလာေသးပါဘူး။ စိတ္ဓာတ္မက်ဘဲ ဆက္ၿပီး ေရေလာင္းေနေပမဲ့ သစ္ေစ့က ေျခာက္ေနၿမဲ ပါဘဲ။ အပင္က ထြက္မလာပါဘူး။

ဒီလိုနဲ႔ တႏွစ္ျပည့္လို႔ ဘုရင္ႀကီး ခ်ိန္းထားတဲ့ရက္ကိုသာ ေရာက္လာတယ္။ ေမာင္ရစ္ရဲ႕ အပင္က ေပါက္မလာပါဘူး။ ေမာင္ရစ္က ဘုရင္ႀကီးဆီကို ျပန္မသြားခ်င္ေတာ့ဘူး။ ေမာင္ရစ္ရဲ႕ အေမကေတာ့ ျပန္သြားဖို႔ တိုက္တြန္းတယ္။ ၿပိဳင္ပြဲမွာ ရႈံးနိမ့္လည္း အရႈံးကို လက္ခံႏိုင္ရဲတဲ့ သတၱိရွိသူဟာ ေယာက်ၤားေကာင္း တေယာက္ ဘဲလို႔ အားေပးစကားေျပာလိုက္တယ္။

ေမာင္ရစ္လဲ အပင္မေပါက္တဲ့ ပန္းအိုးကို ယူေဆာင္ၿပီး နန္းရင္ျပင္ကို ျပန္သြားတယ္။ ေမာင္ရစ္ရဲ႕ ပန္းအိုးကလြဲလို႔ က်န္တဲ့လူငယ္ ေတြရဲ႕ပန္းအိုးထဲမွာ အပင္ေတြနဲ႔ ေဝဆာ ေနတာကိုေတြ႕ရတယ္။ လူငယ္ေတြလည္း သတ္မွတ္ထားတဲ့ ေနရာမွာ ပန္းအိုးကိုထားၿပီး ဘုရင္ႀကီးရဲ႕အဆုံးအျဖတ္ကို ေစာင့္ဆိုင္းေနၾကတယ္။

ဘုရင္ႀကီးက ပန္းအိုးေတြကို ေခါင္းတညိတ္ညိတ္နဲ႔ လိုက္ၿပီးၾကည့္ေနတယ္။ တတန္းၿပီးတတန္း ေက်ာ္သြားတယ္။ ဘုရင္ႀကီး စိတ္တိုင္းက် မေတြ႕ဘူး ျဖစ္ေနတယ္။ ေနာက္ဆုံးတန္းကို ေရာက္တဲ့အခါ အပင္မေပါက္တဲ့ ေမာင္ရစ္ရဲ႕ ပန္းအိုးကို ေတြ႕သြားၿပီး ဘုရင္ႀကီး မ်က္ႏွာ ဝင္းလက္သြားတယ္။

ေမာင္ရစ္ကို လူၾကားထဲ ကဆြဲထုတ္ၿပီး ေမာင္ရစ္ရဲ႕လက္ကို ဆြဲေျမႇာက္ၿပီး မင္းေလာင္းအျဖစ္ ေ႐ြးခ်ယ္လိုက္ေၾကာင္း ေၾကညာ လိုက္တယ္။ ပရိတ္သတ္ႀကီးက ႐ုတ္႐ုတ္သဲသဲ ျဖစ္ၿပီး နားမလည္စြာနဲ႔ ဘုရင္ႀကီးကို ဝိုင္းၾကည့္ေနၾကတဲ့ အခါမွာ ဘုရင္ႀကီးက အေၾကာင္းစုံကို ရွင္းျပတယ္။

ေမာင္မင္းတို႔ကို ေပးလိုက္တဲ့ မ်ိဳးေစ့ေတြ အားလုံးကို ေရေႏြးထဲမွာ ထည့္ျပဳတ္ၿပီးမွ ေပးလိုက္တာ ဘယ္လိုမွ အပင္ေပါက္စရာ အေၾကာင္းမရွိဘူး။ ေမာင္ရစ္တေယာက္သာ ႐ိုး႐ိုးသားသားနဲ႔ အပင္မေပါက္တဲ့ ပန္းအိုးကို ျပန္ၿပီး ယူလာခဲ့တယ္။ က်န္တဲ့သူေတြက မ်ိဳးေစ့ကို အစားထိုးၿပီး စိုက္ခဲ့လို႔သာ အပင္ေပါက္ခဲ့ျခင္း ျဖစ္တယ္။

ကိုယ္တိုင္မွ မ႐ိုးသားသူတေယာက္ဟာ တိုင္းေရးျပည္ေရးကို ဘယ္လိုလုပ္ ေျဖာင့္ေျဖာင့္ မွန္မွန္ ေဆာင္႐ြက္ႏိုင္မွာလဲ။ ႐ိုးသားသူ တေယာက္ ျဖစ္ဆို႔ဆိုတာ မလြယ္ပါဘူး။ အမွန္တရားကို ျမတ္ႏိုး႐ုံသာ မက ဒီအမွန္တရားကို လက္ခံႏိုင္ရဲတဲ့ သတၱိနဲ႔ အနစ္နာခံႏိုင္တဲ့စိတ္ဓာတ္ လည္း ရွိဖို႔လိုတယ္။

အေၾကာင္းစုံကို သိသြားေတာ့ ဘုရင္ႀကီးရဲ႕ အဆုံးအျဖတ္ကို အားလုံးက လက္ခံ သေဘာတူလိုက္ၾကတယ္။ ႐ိုးသားပါ။ အမွန္တရားကို လက္ခံပါ။ စြန႔္လႊတ္ အနစ္နာခံပါ။ ႐ိုးသားျခင္းသည္ အေကာင္းဆုံးပါ။

crd

Post a Comment

0 Comments