ဇနီးသည်ကို ရှုခင်းအမျိုးမျိုး ကြည့်စေချင်လို့ လှည့်လို့ရတဲ့အိမ်ကို ဆောက်ပေးတဲ့ အမျိုးသား (ရုပ်သံ)

ဇနီးသည်ကို အမြဲတမ်း စိတ်ချမ်းသာစေချင်တဲ့ ဘော့စနီးယန်းလူမျိုး အမျိုးသားတစ်ယောက်က သူတို့ရဲ့အိမ်ကို လှည့်လို့ရတဲ့အိမ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ လှည့်လို့ရတဲ့အိမ်ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နေထွက်လာတာကို ကြည့်နိုင်ဖို့၊ ဘေးပတ်ဝန်းကျင်ကို တစ်နေရာတည်းကနေ မြင်ရအောင်လို့ပါ။

အသက် ၇၂ နှစ်အရွယ် Vojin Kusic ဆိုတဲ့အမျိုးသားက သူ့ရဲ့ဇနီးသည်အတွက် လှည့်လို့ရတဲ့အိမ် ဆောက်ပေးလိုက်ရာကနေ လူအများရဲ့စိတ်ဝင်စားမှုလည်း ရရှိလာပါပြီ။ အဲဒီအိမ်က ဘော့စနီးယားနိုင်ငံ မြောက်ဘက်၊ Srbac မြို့အနီးမှာ တည်ရှိပါတယ်။ အိမ်က ၇ မီတာရှည်တဲ့ ဝင်ရိုးပေါ်မှာ လည်တာပါ။

လှည့်လို့ရတဲ့အိမ်ရဲ့ကောင်းတဲ့အချက်ကတော့ ကိုယ့်ရဲ့အိပ်ခန်းကနေ ပြောင်းခင်းတွေ၊ လယ်ခင်းတွေနဲ့မြစ်ကို ကိုယ်လိုချင်တဲ့ အမြန်နှုန်းနဲ့ လှည့်ကြည့်လို့ရတာပါ။ အိမ်အပြင်ကို ထွက်ပြီးတော့ မြင်ကွင်းတွေကို လှည့်ပတ်ကြည့်နေစရာ မလိုတော့ပါဘူး။

ဒီအိမ်ကို အနှေးဆုံးအရှိန်နှုန်း ပေးထားရင် တစ်ပတ်ပြည့်ဖို့ ၂၄ နာရီ ကြာပါတယ်။ အမြန်ဆုံး အရှိန်နှုန်းကို ပေးထားရင်တော့ တစ်ပတ်ပြည့်ဖို့ ၂၂ စက္ကန့်သာကြာပါတယ်။ သူ့ရဲ့ဇနီးကတော့ အိမ်သစ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးပါဘူး။ အိမ်ဒီဇိုင်းကို Kusic ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာပါ။

လှည့်လို့ရတဲ့အိမ်ကို ဆောက်ဖို့ စိတ်ကူးရတာကတော့ Serbian-American တီထွင်သူ Nikola Tesla နဲ့ Mihajlo Pupin တို့ ထံကနေပါ။ Kusic က ငယ်ငယ်တကည်းက ဆင်းရဲတဲ့မိသားစုကနေ ဆင်းသက်လာပြီး ပညာကိုလည်း ကောင်းကောင်း မသင်ယူခဲ့ရပါဘူး။

ဒီအိမ်ကို ဆောက်ဖို့ အချိန်နဲ့ ဗဟုသုတတွေ လိုအပ်ပြီး ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ ကိုယ်တိုင် ဆောက်ခဲ့ကြောင်း Kusic က ပြောပါတယ်။ အိမ်ပြီးဖို့ အချိန် ၆ နှစ်ကြာခဲ့ပါတယ်။ ဆောက်နေရင်းနဲ့ နှလုံးရောဂါကြောင့် ဆေးရုံတက်လိုက် ရပါသေးတယ်။ ဒီအိမ်က သာမန်အိမ်တွေထက် ငလျင်ဒဏ်ကို ပိုခံနိုင်ပါတယ်။

" ကျွန်တော်က အိမ်ကိုပြီးအောင် ဆက်ဆောက်ချင်တာကြောင့် တစ်နှစ်လောက် အသက်ရှင်နိုင်ဦးမလား လို့ ဆရာဝန်ကို မေးခဲ့တယ်။ အိမ်ကို ဘယ်လိုဆောက်ရမလဲ ဆိုတာ ကျွန်တော်ကလွဲလို့ ဘယ်သူမှပြီးအောင် မဆောက်နိုင်လို့ပါ" လို့ Kusic က ပြောပါတယ်။ နှစ်တွေ ပြောင်းလဲလာပေမယ့် မပြောင်းလဲသေးတဲ့အချစ်ကို Kusic က သက်သေပြသွားခဲ့တာပါ။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ဇနီးသည္ကို ရႈခင္းအမ်ိဳးမ်ိဳး ၾကည့္ေစခ်င္လို႔ လွည့္လို႔ရတဲ့အိမ္ကို ေဆာက္ေပးတဲ့ အမ်ိဳးသား

ဇနီးသည္ကို အၿမဲတမ္း စိတ္ခ်မ္းသာေစခ်င္တဲ့ ေဘာ့စနီးယန္းလူမ်ိဳး အမ်ိဳးသားတစ္ေယာက္က သူတို႔ရဲ႕အိမ္ကို လွည့္လို႔ရတဲ့အိမ္အျဖစ္ ေျပာင္းလဲလိုက္ပါတယ္။ လွည့္လို႔ရတဲ့အိမ္ကို တည္ေဆာက္ရတဲ့ ရည္႐ြယ္ခ်က္ကေတာ့ ေနထြက္လာတာကို ၾကည့္ႏိုင္ဖို႔၊ ေဘးပတ္ဝန္းက်င္ကို တစ္ေနရာတည္းကေန ျမင္ရေအာင္လို႔ပါ။

အသက္ ၇၂ ႏွစ္အ႐ြယ္ Vojin Kusic ဆိုတဲ့အမ်ိဳးသားက သူ႔ရဲ႕ဇနီးသည္အတြက္ လွည့္လို႔ရတဲ့အိမ္ ေဆာက္ေပးလိုက္ရာကေန လူအမ်ားရဲ႕စိတ္ဝင္စားမႈလည္း ရရွိလာပါၿပီ။ အဲဒီအိမ္က ေဘာ့စနီးယားႏိုင္ငံ ေျမာက္ဘက္၊ Srbac ၿမိဳ႕အနီးမွာ တည္ရွိပါတယ္။ အိမ္က ၇ မီတာရွည္တဲ့ ဝင္႐ိုးေပၚမွာ လည္တာပါ။

လွည့္လို႔ရတဲ့အိမ္ရဲ႕ေကာင္းတဲ့အခ်က္ကေတာ့ ကိုယ့္ရဲ႕အိပ္ခန္းကေန ေျပာင္းခင္းေတြ၊ လယ္ခင္းေတြနဲ႔ျမစ္ကို ကိုယ္လိုခ်င္တဲ့ အျမန္ႏႈန္းနဲ႔ လွည့္ၾကည့္လို႔ရတာပါ။ အိမ္အျပင္ကို ထြက္ၿပီးေတာ့ ျမင္ကြင္းေတြကို လွည့္ပတ္ၾကည့္ေနစရာ မလိုေတာ့ပါဘူး။

ဒီအိမ္ကို အေႏွးဆုံးအရွိန္ႏႈန္း ေပးထားရင္ တစ္ပတ္ျပည့္ဖို႔ ၂၄ နာရီ ၾကာပါတယ္။ အျမန္ဆုံး အရွိန္ႏႈန္းကို ေပးထားရင္ေတာ့ တစ္ပတ္ျပည့္ဖို႔ ၂၂ စကၠန႔္သာၾကာပါတယ္။ သူ႔ရဲ႕ဇနီးကေတာ့ အိမ္သစ္နဲ႔ ပတ္သက္ၿပီး ဘာမွတ္ခ်က္မွ မေပးပါဘူး။ အိမ္ဒီဇိုင္းကို Kusic ကိုယ္တိုင္ ဒီဇိုင္းဆြဲခဲ့တာပါ။

လွည့္လို႔ရတဲ့အိမ္ကို ေဆာက္ဖို႔ စိတ္ကူးရတာကေတာ့ Serbian-American တီထြင္သူ Nikola Tesla နဲ႔ Mihajlo Pupin တို႔ ထံကေနပါ။ Kusic က ငယ္ငယ္တကည္းက ဆင္းရဲတဲ့မိသားစုကေန ဆင္းသက္လာၿပီး ပညာကိုလည္း ေကာင္းေကာင္း မသင္ယူခဲ့ရပါဘူး။

ဒီအိမ္ကို ေဆာက္ဖို႔ အခ်ိန္နဲ႔ ဗဟုသုတေတြ လိုအပ္ၿပီး ကိုယ္တိုင္ ဒီဇိုင္းဆြဲ၊ ကိုယ္တိုင္ ေဆာက္ခဲ့ေၾကာင္း Kusic က ေျပာပါတယ္။ အိမ္ၿပီးဖို႔ အခ်ိန္ ၆ ႏွစ္ၾကာခဲ့ပါတယ္။ ေဆာက္ေနရင္းနဲ႔ ႏွလုံးေရာဂါေၾကာင့္ ေဆး႐ုံတက္လိုက္ ရပါေသးတယ္။ ဒီအိမ္က သာမန္အိမ္ေတြထက္ ငလ်င္ဒဏ္ကို ပိုခံႏိုင္ပါတယ္။

" ကြၽန္ေတာ္က အိမ္ကိုၿပီးေအာင္ ဆက္ေဆာက္ခ်င္တာေၾကာင့္ တစ္ႏွစ္ေလာက္ အသက္ရွင္ႏိုင္ဦးမလား လို႔ ဆရာဝန္ကို ေမးခဲ့တယ္။ အိမ္ကို ဘယ္လိုေဆာက္ရမလဲ ဆိုတာ ကြၽန္ေတာ္ကလြဲလို႔ ဘယ္သူမွၿပီးေအာင္ မေဆာက္ႏိုင္လို႔ပါ" လို႔ Kusic က ေျပာပါတယ္။ ႏွစ္ေတြ ေျပာင္းလဲလာေပမယ့္ မေျပာင္းလဲေသးတဲ့အခ်စ္ကို Kusic က သက္ေသျပသြားခဲ့တာပါ။

Zombie (Lovemedia)

Post a Comment

0 Comments