ကြို့ထိုးတာကို သက်သာစေမယ့် နည်းလမ်း (၆) ခု
ကြို့ထိုးတာက အရမ်းကို နေရခက်ပါတယ်။ ကြို့ထိုးတဲ့အခါ အလျင်မြန်ဆုံး ပျောက်ကင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားရင်တော့ လွယ်ကူပါတယ်နော်။
၁။ အသက်အောင့်ပါ။
၁၀ စက္ကန့်လောက် အသက်အောင့်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ မိနစ် ၂၀ ကြာတဲ့အခါ နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ၊
၂။ စက္ကူအိတ်ထဲ အသက်ရှူခြင်း
စက္ကူအိတ်တစ်ခုထဲကို နှာခေါင်းနဲ့ ပါးစပ်ထည့်ပြီး ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ် လုပ်ပါ။
၃။ ရေသောက်ပါ။
ဒီနည်းက ပုံမှန် ရေသောက်နည်းနဲ့ တူပါဘူး။ ရေခွက်မှာ သောက်နေကျနေရာရဲ့ ဆန့်ကျင်ဘက် နေရာကနေ သောက်ရမှာပါ။
၄။ သကြားတစ်ဇွန်း မျိုချပါ။
သကြားညိုတစ်ဇွန်းကို လျှာပေါ်မှာ ၅ မိနစ်ကနေ ၁၀ မိနစ်ကြာအောင် အရည်ပျော်အောင် တင်ထားပါ။ ပြီးမှ သကြားကို မျိုချလိုက်ပါ။
၅။ သံပုရာသီးတစ်ခြမ်းကို ကိုက်စားပါ။
သံပုရာသီး တစ်ခြမ်းကို ကိုက်စားလို့ရသလို အရည်ကို စုပ်လို့လည်းရပါတယ်။ ပြီးရင်တော့ သွားမထိခိုက်အောင်လို့ ရေသောက်လိုက်ပါ။
၆။ ရေခဲရေနဲ့ ပလုတ်ကျင်းပါ။
ရေခဲရေနဲ့ စက္ကန့် ၃၀ ကြာအောင် ပလုတ်ကျင်းပါ။ ကြို့ထိုးတာပျောက်တဲ့အထိ အကြိမ်ပေါင်းများစွာ လုပ်လို့ရပါတယ်။
- ကြို့ထိုးတဲ့အခါ ရှောင်သင့်သည့်အရာများ
ဒီအချက်တွေကို လုပ်တဲ့အခါ ကြို့ထိုးတာက ပိုဆိုးလာပါတယ်။
၁။ ပီကေဝါးခြင်း
ကြို့ထိုးနေတုန်း ပီကေဝါးတဲ့အခါ လေတွေ မျိုချမိပြီး ကြို့ထိုးတာက ပိုပြီး အခြေအနေ ဆိုးလာပါတယ်။
၂။ စပ်သော အစားအစာများကို စားခြင်း
စပ်တဲ့အစားအစာတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတစ်ခုက ရင်ဝမ်းခြား ကြွက်သားထဲက neuron တွေကို ဖွင့်ပေးပြီး ကြို့ထိုးတာကို ဖြစ်လာစေပါတယ်။
၃။ အစားများခြင်း၊ အမြန်စားခြင်း
အစားကို များများနဲ့ မြန်မြန်စားတာက အစာအိမ်ကို ဖောင်းထာစေပြီး ကြို့ထိုးလာစေပါတယ်။
Zombie (Lovemedia)
for zawgyi
၁။ အသက်အောင့်ပါ။
၃။ ရေသောက်ပါ။
၁။ ပီကေဝါးခြင်း
Zombie (Lovemedia)
Post a Comment
0 Comments