ပျော်ရွှင်နေတဲ့ ကြွက်ကလေး

တခါတုန်းက ကြွက်ကလေးတကောင်ဟာ အရမ်းကို ပျော်ရွှင်နေပါတယ်။ သူပျော်ရွှင်ရတဲ့ အကြောင်းအရင်း ကလည်း သိပ်ကို ရိုးရှင်းပါတယ်။ နေ့တိုင်း ဒီကြွက်ကလေးဆီ ကနေ ပျော်ရွှင်မြူးတူးစွာ ပြောလိုက်တဲ့ ကြားနေကျ စကားလေးတခွန်း ရှိပါတယ်။ " ငါ့မှာ နေမင်းကြီးတစင်း ပိုင်ဆိုင်ထားတယ် " ဆိုတာ ပါပဲ ။

သူနဲ့ တွေ့သမျှ အကောင်လေးတွေ ကိုလည်း ဒီကြွက်ကလေးက နေမင်းကြီးက ဘယ်လောက် အဖိုးတန်ကြောင်း၊ အပင်တွေ အတွက် ဘယ်လောက်တောင် အရေးပါကြောင်း၊ သူ့ကြောင့်သာ အနွေးဓာတ်တွေ အလင်းရောင်တွေ ရတာ ဖြစ်ကြောင်းနဲ့ သူမရှိရင် မဖြစ်တော့တဲ့အကြောင်းတွေ တဖွဖွ ပြောလွန်းလို့ သူ့ကို အမြင် ကတ်သလိုတောင် ရှိနေပါပြီ။

ဒီကောင်းကင်ပေါ်မှာ ရှိနေတဲ့ နေမင်းကို သူပိုင်ပါတယ်ပြောပြီး အမွှန်းတင် ချီးကျူးနေတဲ့ သူ့ကို အားလုံးက ရူးနေတယ် လို့ပဲ မြင်ကြပါတယ်။ ဒီတော့ ကြည့်မရလို့ ဝင်ပြောတဲ့ သူတွေကလည်း ဝင်ပြောကြပါတယ်။ နေမင်းကြီး တန်ဘိုးရှိတာ မဆန်းပါဘူး ။ ဒါပေမယ့် မင်းပိုင်တာ မဟုတ်တာကို မင်းအပိုင်ဆိုတာ မင်းက အရူးပဲ ဆိုပြီး ဝိုင်းအပြစ်တင် ကြပါတယ်။

ဒီလိုပြောလည်း ကြွက်ကလေးက မမှုပါဘူး ။ ပျော်မြဲပျော်ဆဲပါပဲ ဘယ်သူတွေ ဘယ်လောက်ပြောပြော နေမင်းကြီးက သူပိုင်တယ် ဆိုတာချည်းပါပဲ။ ဘယ်သူပိုင်တယ် မပိုင်ဘူးဆိုတာ စိတ်မဝင်စားပါဘူး။ နေမင်းကြီးကို ဘယ်သူ တန်ဘိုးထားထား မထားထား သူ့အလုပ် မဟုတ်ပါဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြန်လည် ပြောကြားလိုက် ပါတယ်။

နေ့တိုင်း သူ့ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့ မနက်ခင်းတိုင်းမှာ နေပူဆာလှုံပြီး နေထွက်တာ ကြည့်မယ် ။ နေ့လည်ပိုင်းမှာ မြက်ခင်းလေး မှာဆော့ကစားမယ် ။ ညခင်းပိုင်းမှာ နေဝင်တာကို ပြုံးပြုံးကြီး ကြည့်တာကိုတော့ လုပ်မြဲလုပ်ဆဲ ပါပဲ ။

ဆန့်ကျင်ဘက် ကတော့ ကြွက်ကလေးနေထိုင်တဲ့ တောအုပ်က ခြင်္သေ့မင်းကြီး ကတော့ စိတ်သောက ရောက်နေပါသတဲ့။ တဘက်ကတောအုပ်ကြီးကို အပိုင်ရဖို့ တခြားခြင်္သေ့နဲ့ စစ်ဖြစ်ကြတာ ရှုံးနိမ့်သွားလို့ မခံမရပ်နိုင် ဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားနေပါတယ်။

ခြင်္သေ့ကြီးက သူ့ကိုယ်သူ သတ်သေဖို့ နည်းလမ်းပေါင်း မျိုးစုံကို စဉ်းစားလိုက် အဆင်မပြေဖြစ်လိုက်နဲ့ သောကတွေ ထပ်ဆင့်ပြီး အပူမီးတွေ လောင်ကျွမ်းနေ ပါတော့တယ်။ ဒီစစ်ပွဲမှာ သူရှုံးလိုက်ရတဲ့ အတွက် တခြားသူတွေကို မျက်နှာမပြနိုင်အောင်ကို ရှက်နေတဲ့အတွက် ရေထဲခုန်ချလိုက်ရင်လည်း သူ့လို ခြင်္သေ့မင်းကြီးကို ငါးတွေ တွတ်မှာကို စိုးပါတယ်။ ချောက်ထဲကို ခုန်ချလိုက်ရင်လည်း သူ့ရဲ့အလောင်းဟာ တစဆီဖြစ်ပြီး စုတ်ပြတ်သတ်သွားမှာ ကိုလည်း မလိုလားပြန်ပါဘူး။

ဟိုလို သတ်သေလည်း မဖြစ် ဒီလိုသတ်သေလည်း မဖြစ်တော့ စိတ်ညစ်ညစ်နဲ့ သေဖို့နည်းလမ်း စဉ်းစားရင်း လမ်းလျှောက် ထွက်လာတော့ ပျော်ရွှင်မြူးတူးနေတဲ့ ကြွက်ကလေးကို တွေ့လိုက်ပါသတဲ့။ ကြွက်ကလေးကတော့ နေဝင်ဖို့စောင့်ရင်း နေမင်းကို အမွှန်းတင်တဲ့ ကဗျာလေးစပ်လိုက် သီချင်းလေးဆိုရင်းနဲ့ ခြင်္သေ့မင်းကြီး သူ့နားကို ရောက်လာတာကို မတွေ့ပါဘူး။

ခြင်္သေ့မင်းကလည်း သူကသာ သေလောက်အောင် စိတ်ညစ်နေတာ ကြွက်ကဖြင့် ပျော်လို့ ဆိုတော့ ဘဝင်မကျလှပါဘူး။ ဒီတော့ စိတ်တိုတိုနဲ့ ကြွက်ကလေးကို ဂုတ်ကနေ ဆွဲပြီး သူသိချင်တာကို မေးလိုက်ပါတော့တယ်။ " မင်းဘာလို့ ဒီလောက်တောင် ပျော်ရွှင်နေရတာလဲ ၊ ငါ့ကို မထီမဲ့မြင်လုပ်တာလား ပြောစမ်း " " ကျွန်တော့် အဘိုးတန်လေးအကြောင်း တွေးရင်း ကျွန်တော် ပျော်နေမိတာပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့ " လို့ ပြာပြာသလဲ ပြောလိုက်ပါတယ်။

" မင်းရဲ့ အဘိုးတန်လေးက ဘာလဲ ခုချက်ချင်း ထုတ်ပေး ၊ မဟုတ်ရင် ကိုက်စားပစ်လိုက်မယ် " ဆိုတော့ ကြွက်ကလေးက " ကျွန်တော့်မှာ ဘာအဘိုးတန်မှ မရှိပါဘူး ကျွန်တော့်ဘာသာ အေးအေးချမ်းချမ်း နေနေတာပါ" လို့ ကြောက်ကြောက်နဲ့ ပြန်ဖြေလိုက်ပါတယ်။ ခြင်္သေ့မင်းကြီးကလည်း အဖြေထွက်မလာတဲ့ ကြွက်ကလေးကို ကြည့်ရင်း ဒေါသတွေ ပိုထွက်လာပါတယ်။

" မင်းပျော်နေတာ အကြောင်းရင်း ရှိကိုရှိမယ် ပြော အခုပြော " ဆိုပြီး ဆွဲခါရမ်းလိုက် ပါတယ်။ " ခြင်္သေ့မင်းကြီးပြောတဲ့ ပျော်ရွှင်ရတဲ့အကြောင်းဆိုတာတော့ ကျွန်တော်မသိပါဘူး ၊ ကျွန်တော်မှာ နေ့တိုင်းနေမင်းကြီးကို ကြည့်ပြီး ပျော်နေရတာကတော့ ကျွန်တော့်ပိုင်ဆိုင်မှုလေးပါ၊ ခြင်္သေ့မင်းကြီး ဘာလိုချင်မှန်း မသိပေမယ့် ကျွန်တော့မှာ ပိုင်ဆိုင်တာကတော့ ဒီနေမင်းလေးပဲ ရှိပါတယ်။

" ကြွက်ကလေးရဲ့ အဖြေကိုကြားတော့ ခြင်္သေ့ကြီးတချက် တွေဝေသွားပါတယ်။ " နေမင်းဆိုတာ အားလုံးပိုင်တာလေ ၊ မင်းပိုင်တာမှ မဟုတ်ပဲကို " " ဟုတ်ပါတယ် နေမင်းကို အားလုံးပိုင်ကြတာပါပဲ ၊ ဒါပေမဲ့ နေမင်းကြီး ရှိနေတာကို အားလုံး အသိမှတ် မပြုနိုင်ကြပါဘူး ၊ သူ့ရဲ့ကောင်းကျိုးတွေကို ဘယ်သူကမှ အလေးမထားကြ ပါဘူး။ တနေ့ နေမင်းကြီး မရှိတော့ရင် ဆိုတာလေးကို ခြင်္သေ့မင်းအနေနဲ့ တွေးမိပါရဲ့လား " အဖြေစကားကို ကြားပြီး ခြင်္သေ့ကြီးလည်း အံ့သြသွားပါတယ်။

နေမင်းမရှိတော့ရင် ဆိုတာလည်း မတွေးဖူးသလို နေမင်း ရှိနေတာကိုလည်း တခါမှ သတိမပြုမိပါဘူး။ နေမင်းရဲ့ ကောင်းကွက်ကို စဉ်းစားမိဖို့ဝေးစွ ၊ တနေ့တနေ့ ဘယ်နယ်ထိ အပိုင်စားယူရမလဲ အားလုံးက ရိုသေ ကြောက်လန့်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေမိတဲ့အတွက် အင်မတန် ပူလောင်ရပါတယ်။

ဒီတော့မှ ခြင်္သေ့မင်းကြီးလည်း ကြွက်ကလေးရဲ့ ပျော်ရွှင်ရခြင်းရဲ့ အကြောင်းရင်းကို သိသွားပါတော့တယ်။ ဒီလိုလမ်းပြပေးတဲ့ ကြွက်ကလေးကို မြေပြင်ပေါ်မှာ အသာအယာ ပြန်ချပေးရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက် ပါတယ်။

ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း ဆိုတာ နည်းလမ်းနဲ့ မဆိုင်ပါဘူး။ နေတတ်ဖို့နဲ့ စိတ်ထားတတ်ဖို့ပဲ လိုပါတယ်။ မပိုင်ဆိုင်ရတာကို တွေးပြီး မပျော်နိုင်ခြင်းနဲ့ ဒီထက်ကောင်းတာကို ပိုင်ဆိုင်ရဖို့ကြားမှာ အင်မတန် ပူလောင်ရပါတယ်။ တချို့အရာတွေကို ပိုင်ဆိုင်ခွင့် မရတော့ဘူးဆိုရင် ပိုင်ဆိုင်ထားရတဲ့ သေးသေးလေးတွေကို ကြံဖန်ပြီး တန်ဘိုးထားကြည့် လိုက်ပါ။

crd

Zawgyi

ေပ်ာ္ရႊင္ေနတဲ့ ၾကြက္ကေလး

တခါတုန္းက ႂကြက္ကေလးတေကာင္ဟာ အရမ္းကို ေပ်ာ္႐ႊင္ေနပါတယ္။ သူေပ်ာ္႐ႊင္ရတဲ့ အေၾကာင္းအရင္း ကလည္း သိပ္ကို ႐ိုးရွင္းပါတယ္။ ေန႔တိုင္း ဒီႂကြက္ကေလးဆီ ကေန ေပ်ာ္႐ႊင္ျမဴးတူးစြာ ေျပာလိုက္တဲ့ ၾကားေနက် စကားေလးတခြန္း ရွိပါတယ္။ " ငါ့မွာ ေနမင္းႀကီးတစင္း ပိုင္ဆိုင္ထားတယ္ " ဆိုတာ ပါပဲ ။

သူနဲ႔ ေတြ႕သမွ် အေကာင္ေလးေတြ ကိုလည္း ဒီႂကြက္ကေလးက ေနမင္းႀကီးက ဘယ္ေလာက္ အဖိုးတန္ေၾကာင္း၊ အပင္ေတြ အတြက္ ဘယ္ေလာက္ေတာင္ အေရးပါေၾကာင္း၊ သူ႔ေၾကာင့္သာ အေႏြးဓာတ္ေတြ အလင္းေရာင္ေတြ ရတာ ျဖစ္ေၾကာင္းနဲ႔ သူမရွိရင္ မျဖစ္ေတာ့တဲ့အေၾကာင္းေတြ တဖြဖြ ေျပာလြန္းလို႔ သူ႔ကို အျမင္ ကတ္သလိုေတာင္ ရွိေနပါၿပီ။

ဒီေကာင္းကင္ေပၚမွာ ရွိေနတဲ့ ေနမင္းကို သူပိုင္ပါတယ္ေျပာၿပီး အမႊန္းတင္ ခ်ီးက်ဴးေနတဲ့ သူ႔ကို အားလုံးက ႐ူးေနတယ္ လို႔ပဲ ျမင္ၾကပါတယ္။ ဒီေတာ့ ၾကည့္မရလို႔ ဝင္ေျပာတဲ့ သူေတြကလည္း ဝင္ေျပာၾကပါတယ္။ ေနမင္းႀကီး တန္ဘိုးရွိတာ မဆန္းပါဘူး ။ ဒါေပမယ့္ မင္းပိုင္တာ မဟုတ္တာကို မင္းအပိုင္ဆိုတာ မင္းက အ႐ူးပဲ ဆိုၿပီး ဝိုင္းအျပစ္တင္ ၾကပါတယ္။

ဒီလိုေျပာလည္း ႂကြက္ကေလးက မမႈပါဘူး ။ ေပ်ာ္ၿမဲေပ်ာ္ဆဲပါပဲ ဘယ္သူေတြ ဘယ္ေလာက္ေျပာေျပာ ေနမင္းႀကီးက သူပိုင္တယ္ ဆိုတာခ်ည္းပါပဲ။ ဘယ္သူပိုင္တယ္ မပိုင္ဘူးဆိုတာ စိတ္မဝင္စားပါဘူး။ ေနမင္းႀကီးကို ဘယ္သူ တန္ဘိုးထားထား မထားထား သူ႔အလုပ္ မဟုတ္ပါဘူးလို႔ ခပ္ျပတ္ျပတ္ပဲ ျပန္လည္ ေျပာၾကားလိုက္ ပါတယ္။

ေန႔တိုင္း သူ႔ရဲ႕ လုပ္႐ိုးလုပ္စဥ္ ျဖစ္တဲ့ မနက္ခင္းတိုင္းမွာ ေနပူဆာလႈံၿပီး ေနထြက္တာ ၾကည့္မယ္ ။ ေန႔လည္ပိုင္းမွာ ျမက္ခင္းေလး မွာေဆာ့ကစားမယ္ ။ ညခင္းပိုင္းမွာ ေနဝင္တာကို ၿပဳံးၿပဳံးႀကီး ၾကည့္တာကိုေတာ့ လုပ္ၿမဲလုပ္ဆဲ ပါပဲ ။

ဆန႔္က်င္ဘက္ ကေတာ့ ႂကြက္ကေလးေနထိုင္တဲ့ ေတာအုပ္က ျခေသၤ့မင္းႀကီး ကေတာ့ စိတ္ေသာက ေရာက္ေနပါသတဲ့။ တဘက္ကေတာအုပ္ႀကီးကို အပိုင္ရဖို႔ တျခားျခေသၤ့နဲ႔ စစ္ျဖစ္ၾကတာ ရႈံးနိမ့္သြားလို႔ မခံမရပ္ႏိုင္ ျဖစ္ၿပီး ကိုယ့္ကိုယ္ကို သတ္ေသဖို႔ စဥ္းစားေနပါတယ္။

ျခေသၤ့ႀကီးက သူ႔ကိုယ္သူ သတ္ေသဖို႔ နည္းလမ္းေပါင္း မ်ိဳးစုံကို စဥ္းစားလိုက္ အဆင္မေျပျဖစ္လိုက္နဲ႔ ေသာကေတြ ထပ္ဆင့္ၿပီး အပူမီးေတြ ေလာင္ကြၽမ္းေန ပါေတာ့တယ္။ ဒီစစ္ပြဲမွာ သူရႈံးလိုက္ရတဲ့ အတြက္ တျခားသူေတြကို မ်က္ႏွာမျပႏိုင္ေအာင္ကို ရွက္ေနတဲ့အတြက္ ေရထဲခုန္ခ်လိုက္ရင္လည္း သူ႔လို ျခေသၤ့မင္းႀကီးကို ငါးေတြ တြတ္မွာကို စိုးပါတယ္။ ေခ်ာက္ထဲကို ခုန္ခ်လိုက္ရင္လည္း သူ႔ရဲ႕အေလာင္းဟာ တစဆီျဖစ္ၿပီး စုတ္ျပတ္သတ္သြားမွာ ကိုလည္း မလိုလားျပန္ပါဘူး။

ဟိုလို သတ္ေသလည္း မျဖစ္ ဒီလိုသတ္ေသလည္း မျဖစ္ေတာ့ စိတ္ညစ္ညစ္နဲ႔ ေသဖို႔နည္းလမ္း စဥ္းစားရင္း လမ္းေလွ်ာက္ ထြက္လာေတာ့ ေပ်ာ္႐ႊင္ျမဴးတူးေနတဲ့ ႂကြက္ကေလးကို ေတြ႕လိုက္ပါသတဲ့။ ႂကြက္ကေလးကေတာ့ ေနဝင္ဖို႔ေစာင့္ရင္း ေနမင္းကို အမႊန္းတင္တဲ့ ကဗ်ာေလးစပ္လိုက္ သီခ်င္းေလးဆိုရင္းနဲ႔ ျခေသၤ့မင္းႀကီး သူ႔နားကို ေရာက္လာတာကို မေတြ႕ပါဘူး။

ျခေသၤ့မင္းကလည္း သူကသာ ေသေလာက္ေအာင္ စိတ္ညစ္ေနတာ ႂကြက္ကျဖင့္ ေပ်ာ္လို႔ ဆိုေတာ့ ဘဝင္မက်လွပါဘူး။ ဒီေတာ့ စိတ္တိုတိုနဲ႔ ႂကြက္ကေလးကို ဂုတ္ကေန ဆြဲၿပီး သူသိခ်င္တာကို ေမးလိုက္ပါေတာ့တယ္။ " မင္းဘာလို႔ ဒီေလာက္ေတာင္ ေပ်ာ္႐ႊင္ေနရတာလဲ ၊ ငါ့ကို မထီမဲ့ျမင္လုပ္တာလား ေျပာစမ္း " " ကြၽန္ေတာ့္ အဘိုးတန္ေလးအေၾကာင္း ေတြးရင္း ကြၽန္ေတာ္ ေပ်ာ္ေနမိတာပါ၊ ကြၽန္ေတာ့္ကို မသတ္ပါနဲ႔ " လို႔ ျပာျပာသလဲ ေျပာလိုက္ပါတယ္။

" မင္းရဲ႕ အဘိုးတန္ေလးက ဘာလဲ ခုခ်က္ခ်င္း ထုတ္ေပး ၊ မဟုတ္ရင္ ကိုက္စားပစ္လိုက္မယ္ " ဆိုေတာ့ ႂကြက္ကေလးက " ကြၽန္ေတာ့္မွာ ဘာအဘိုးတန္မွ မရွိပါဘူး ကြၽန္ေတာ့္ဘာသာ ေအးေအးခ်မ္းခ်မ္း ေနေနတာပါ" လို႔ ေၾကာက္ေၾကာက္နဲ႔ ျပန္ေျဖလိုက္ပါတယ္။ ျခေသၤ့မင္းႀကီးကလည္း အေျဖထြက္မလာတဲ့ ႂကြက္ကေလးကို ၾကည့္ရင္း ေဒါသေတြ ပိုထြက္လာပါတယ္။

" မင္းေပ်ာ္ေနတာ အေၾကာင္းရင္း ရွိကိုရွိမယ္ ေျပာ အခုေျပာ " ဆိုၿပီး ဆြဲခါရမ္းလိုက္ ပါတယ္။ " ျခေသၤ့မင္းႀကီးေျပာတဲ့ ေပ်ာ္႐ႊင္ရတဲ့အေၾကာင္းဆိုတာေတာ့ ကြၽန္ေတာ္မသိပါဘူး ၊ ကြၽန္ေတာ္မွာ ေန႔တိုင္းေနမင္းႀကီးကို ၾကည့္ၿပီး ေပ်ာ္ေနရတာကေတာ့ ကြၽန္ေတာ့္ပိုင္ဆိုင္မႈေလးပါ၊ ျခေသၤ့မင္းႀကီး ဘာလိုခ်င္မွန္း မသိေပမယ့္ ကြၽန္ေတာ့မွာ ပိုင္ဆိုင္တာကေတာ့ ဒီေနမင္းေလးပဲ ရွိပါတယ္။

" ႂကြက္ကေလးရဲ႕ အေျဖကိုၾကားေတာ့ ျခေသၤ့ႀကီးတခ်က္ ေတြေဝသြားပါတယ္။ " ေနမင္းဆိုတာ အားလုံးပိုင္တာေလ ၊ မင္းပိုင္တာမွ မဟုတ္ပဲကို " " ဟုတ္ပါတယ္ ေနမင္းကို အားလုံးပိုင္ၾကတာပါပဲ ၊ ဒါေပမဲ့ ေနမင္းႀကီး ရွိေနတာကို အားလုံး အသိမွတ္ မျပဳႏိုင္ၾကပါဘူး ၊ သူ႔ရဲ႕ေကာင္းက်ိဳးေတြကို ဘယ္သူကမွ အေလးမထားၾက ပါဘူး။ တေန႔ ေနမင္းႀကီး မရွိေတာ့ရင္ ဆိုတာေလးကို ျခေသၤ့မင္းအေနနဲ႔ ေတြးမိပါရဲ႕လား " အေျဖစကားကို ၾကားၿပီး ျခေသၤ့ႀကီးလည္း အံ့ၾသသြားပါတယ္။

ေနမင္းမရွိေတာ့ရင္ ဆိုတာလည္း မေတြးဖူးသလို ေနမင္း ရွိေနတာကိုလည္း တခါမွ သတိမျပဳမိပါဘူး။ ေနမင္းရဲ႕ ေကာင္းကြက္ကို စဥ္းစားမိဖို႔ေဝးစြ ၊ တေန႔တေန႔ ဘယ္နယ္ထိ အပိုင္စားယူရမလဲ အားလုံးက ႐ိုေသ ေၾကာက္လန႔္ေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာကိုပဲ စဥ္းစားေနမိတဲ့အတြက္ အင္မတန္ ပူေလာင္ရပါတယ္။

ဒီေတာ့မွ ျခေသၤ့မင္းႀကီးလည္း ႂကြက္ကေလးရဲ႕ ေပ်ာ္႐ႊင္ရျခင္းရဲ႕ အေၾကာင္းရင္းကို သိသြားပါေတာ့တယ္။ ဒီလိုလမ္းျပေပးတဲ့ ႂကြက္ကေလးကို ေျမျပင္ေပၚမွာ အသာအယာ ျပန္ခ်ေပးရင္း လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္လိုက္ ပါတယ္။

ေပ်ာ္႐ႊင္ျခင္း မေပ်ာ္႐ႊင္ျခင္း ဆိုတာ နည္းလမ္းနဲ႔ မဆိုင္ပါဘူး။ ေနတတ္ဖို႔နဲ႔ စိတ္ထားတတ္ဖို႔ပဲ လိုပါတယ္။ မပိုင္ဆိုင္ရတာကို ေတြးၿပီး မေပ်ာ္ႏိုင္ျခင္းနဲ႔ ဒီထက္ေကာင္းတာကို ပိုင္ဆိုင္ရဖို႔ၾကားမွာ အင္မတန္ ပူေလာင္ရပါတယ္။ တခ်ိဳ႕အရာေတြကို ပိုင္ဆိုင္ခြင့္ မရေတာ့ဘူးဆိုရင္ ပိုင္ဆိုင္ထားရတဲ့ ေသးေသးေလးေတြကို ႀကံဖန္ၿပီး တန္ဘိုးထားၾကည့္ လိုက္ပါ။

crd

Post a Comment

0 Comments