လောက်ပျော်ပျော်တယ်

ဟိုးရှေးရှေးတုန်းက နတ်သားနှစ်ပါး ရှိတယ်။ အဲဒီ နတ်သားနှစ်ပါးဟာ စုတေခါနီးတော့ သေပြီး ဘယ်ဘုံဘယ်ဘဝ ရောက်မလဲ ကြည့်တဲ့အခါ နတ်သားတပါးက နတ်ဘဝက သေပြီး ကျီးကန်း ဖြစ်မယ် ။ ကျန်နတ်သား တပါးက နတ်ဘဝက သေပြီး ချီးတွင်းထဲက လောက်ဖြစ်မယ် ဆိုတာကို သိရတယ် ဆိုပဲ။

အဲဒီတော့ သေပြီး လောက်ဖြစ်မယ့် နတ်သားက ကျီးကန်းဖြစ်မယ့် နတ်သားကို မှာတယ်။ အကယ်၍ မင်းကျီးကန်း ဖြစ်သွားပြီးရင် ငါ့ကိုတွေ့အောင် ရှာပြီး ထိုးဆိတ် သတ်ပေးပါ ။ ငါ့ကို ရွံစရာကောင်းတဲ့ ချီးတွင်းထဲက လောက်ဘဝက ကျွတ်လွတ်အောင် ကူညီပေးပါလို့ အတန်တန် မှာရှာပါတယ် ။

ဒီလိုနဲ့ နတ် နှစ်ပါးလုံး စုတေပြီး တပါးက ကျီးကန်းဖြစ်တယ်။ တပါးက ချီးတွင်းထဲမှာ လောက် သွားဖြစ်တယ်။ ဒီလိုနဲ့ ကျီးကန်းဟာ အတိတ်ဘဝက သူ့သူငယ်ချင်း အတန်တန် မှာခဲ့တာကို မမေ့ပဲ သူ့သူငယ်ချင်း လောက်ကို လိုက်ရှာတယ်။ ရှာရင်းနဲ့ တနေ့ တွေ့သွားတော့ သူငယ်ချင်းငါမင်းကို တွေ့ပြီ။

မင်းမှာတဲ့အတိုင်း ငါမင်းကို ထိုးဆိတ် သတ်ဖြတ်ပြီး လောက်ဘဝက ကျွတ်အောင် ကယ်တင်တော့မယ် ဆိုတော့ သူငယ်ချင်း ဖြစ်တဲ့လောက်က ဘာပြောလဲဆို..

" ငါ အရင်ဘဝက မသိမိုက်မဲလို့ ပြောမိတာပါကွာ။ အခု ငါ့မှာ သားတွေသမီးတွေနဲ့ သူတို့တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်တွေက ရှိသေးတယ် ။ ဒါကြောင့် သူငယ်ချင်း အရင်ဘဝက ပြောခဲ့တာတွေကို ဗွေမယူပါနဲ့ ငါမရှိရင် မဖြစ်လို့ပါ " တဲ့လေ ။

လူတွေလည်း အတိတ်ဘဝက ဆုတောင်းကောင်းလို့ လူဘဝလေး ရလာကြပေမယ့် ဘယ်လိုပဲ သံဝေဂရအောင် ဟောဟော ၊ တရားအားထုတ်ကြပါလို ဘယ်လိုပင် တိုက်တွန်းပါစေ လောက်ဘဝမှာ ပျော်ကောင်းနေကြတုန်း ပါပဲ ။ လောက်ပျော် ပျော်တယ် ဆိုတာ အဲ့ဒါပြောတာ ။

ငါးအာရုံဘင်အစု ခင်မှုနှင့်နေ့ကုန်၊ နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊ ပယ်လေးဝသောကဘုံမှာ မျောရရုံရှိတော့ကမန်း၊ အောက်အဝီစိညောင်းအငူမှာ ခေါင်းမပြူစတမ်း။

နှစ်အရှည်နစ်မည့်လမ်းကိုလ နင်မျှော်စမ်းနင့်ကို၊ ဒေသနာထင်အလင်းရယ်နှင့် နင်အဖျင်းပိုထက်သာပို၊ ဒီလောဘစရိုက်အိုကို မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ်တကယ်ပြင်လျှင် ကောင်းဖို့အစဉ်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်မလား၊

ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်မလား။ လယ်တီဆရာတော်ဘုရားကြီး

crd

Zawgyi

ေလာက္ေပ်ာ္ေပ်ာ္တယ္

ဟိုးေရွးေရွးတုန္းက နတ္သားႏွစ္ပါး ရွိတယ္။ အဲဒီ နတ္သားႏွစ္ပါးဟာ စုေတခါနီးေတာ့ ေသၿပီး ဘယ္ဘုံဘယ္ဘဝ ေရာက္မလဲ ၾကည့္တဲ့အခါ နတ္သားတပါးက နတ္ဘဝက ေသၿပီး က်ီးကန္း ျဖစ္မယ္ ။ က်န္နတ္သား တပါးက နတ္ဘဝက ေသၿပီး ခ်ီးတြင္းထဲက ေလာက္ျဖစ္မယ္ ဆိုတာကို သိရတယ္ ဆိုပဲ။

အဲဒီေတာ့ ေသၿပီး ေလာက္ျဖစ္မယ့္ နတ္သားက က်ီးကန္းျဖစ္မယ့္ နတ္သားကို မွာတယ္။ အကယ္၍ မင္းက်ီးကန္း ျဖစ္သြားၿပီးရင္ ငါ့ကိုေတြ႕ေအာင္ ရွာၿပီး ထိုးဆိတ္ သတ္ေပးပါ ။ ငါ့ကို ႐ြံစရာေကာင္းတဲ့ ခ်ီးတြင္းထဲက ေလာက္ဘဝက ကြၽတ္လြတ္ေအာင္ ကူညီေပးပါလို႔ အတန္တန္ မွာရွာပါတယ္ ။

ဒီလိုနဲ႔ နတ္ ႏွစ္ပါးလုံး စုေတၿပီး တပါးက က်ီးကန္းျဖစ္တယ္။ တပါးက ခ်ီးတြင္းထဲမွာ ေလာက္ သြားျဖစ္တယ္။ ဒီလိုနဲ႔ က်ီးကန္းဟာ အတိတ္ဘဝက သူ႔သူငယ္ခ်င္း အတန္တန္ မွာခဲ့တာကို မေမ့ပဲ သူ႔သူငယ္ခ်င္း ေလာက္ကို လိုက္ရွာတယ္။ ရွာရင္းနဲ႔ တေန႔ ေတြ႕သြားေတာ့ သူငယ္ခ်င္းငါမင္းကို ေတြ႕ၿပီ။

မင္းမွာတဲ့အတိုင္း ငါမင္းကို ထိုးဆိတ္ သတ္ျဖတ္ၿပီး ေလာက္ဘဝက ကြၽတ္ေအာင္ ကယ္တင္ေတာ့မယ္ ဆိုေတာ့ သူငယ္ခ်င္း ျဖစ္တဲ့ေလာက္က ဘာေျပာလဲဆို

" ငါ အရင္ဘဝက မသိမိုက္မဲလို႔ ေျပာမိတာပါကြာ။ အခု ငါ့မွာ သားေတြသမီးေတြနဲ႔ သူတို႔ေတြကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔ တာဝန္ေတြက ရွိေသးတယ္ ။ ဒါေၾကာင့္ သူငယ္ခ်င္း အရင္ဘဝက ေျပာခဲ့တာေတြကို ေဗြမယူပါနဲ႔ ငါမရွိရင္ မျဖစ္လို႔ပါ " တဲ့ေလ ။

လူေတြလည္း အတိတ္ဘဝက ဆုေတာင္းေကာင္းလို႔ လူဘဝေလး ရလာၾကေပမယ့္ ဘယ္လိုပဲ သံေဝဂရေအာင္ ေဟာေဟာ ၊ တရားအားထုတ္ၾကပါလို ဘယ္လိုပင္ တိုက္တြန္းပါေစ ေလာက္ဘဝမွာ ေပ်ာ္ေကာင္းေနၾကတုန္း ပါပဲ ။ ေလာက္ေပ်ာ္ ေပ်ာ္တယ္ ဆိုတာ အဲ့ဒါေျပာတာ ။

ငါးအာ႐ုံဘင္အစု ခင္မႈႏွင့္ေန႔ကုန္၊ နင္ယခုေမ့ပုံလို ေတြ႕မႀကဳံစခန္း၊ ပယ္ေလးဝေသာကဘုံမွာ ေမ်ာရ႐ုံရွိေတာ့ကမန္း၊ ေအာက္အဝီစိေညာင္းအငူမွာ ေခါင္းမျပဴစတမ္း။

ႏွစ္အရွည္နစ္မည့္လမ္းကိုလ နင္ေမွ်ာ္စမ္းနင့္ကို၊ ေဒသနာထင္အလင္းရယ္ႏွင့္ နင္အဖ်င္းပိုထက္သာပို၊ ဒီေလာဘစ႐ိုက္အိုကို မလိုက္လို ေရွာင္ပစ္လို႔၊ ေနာင္အသစ္တကယ္ျပင္လွ်င္ ေကာင္းဖို႔အစဥ္။

ခြင့္သာခိုက္မွ မလိုက္ခ်င္လွ်င္ အမိုက္နင့္ျပင္ ရွိေသးေလလိမ့္မလား၊

ခြင့္သာဆဲမွ မခဲခ်င္လွ်င္ အလြဲနင့္ျပင္ ရွိေသးေလလိမ့္မလား၊

ခြင့္သာတုန္းမွ မ႐ုန္းခ်င္လွ်င္ အရႈံးနင့္ျပင္ ရွိေသးေလလိမ့္မလား။ လယ္တီဆရာေတာ္ဘုရားႀကီး

crd

Post a Comment

0 Comments