သင့်ရဲ့ hairstyle ကို ကြာကြာခံစေမယ့် နည်းလမ်း (၇) ခု

ဆံပင်ကောက်တာပဲဖြစ်ဖြစ် ဖြောင့်တာပဲဖြစ်ဖြစ် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ထားရတာကြောင့် ဆံပင် style ကို ကြာကြာတော့ ခံစေချင်ကြပါတယ်။ Hairstyle ကို ကြာကြာခံပြီး ပုံမပျက်ချင်ရင် ဒီလိုအချက်လေးတွေ လုပ်ကြည့်ပါနော်။

၁။ ဆံပင်ကို အပူပေးပြီး ပုံသွင်းတာကို လျှော့ပါ။

ဆံပင်ကို အပူပေးပြီး ပုံသွင်းတာက ဆံပင်ကျွတ်၊ ခြောက်သွေ့ပြီး ပုံမကျပန်းမကျ ဖြစ်စေပါတယ်။ အဲဒါကြောင့် ဆံပင်ကောက်မယ်၊ ဖြောင့်မယ်ဆိုရင် roller လေးတွေ၊ ဆံပင်ပုံသွင်းဆေးတွေကို သုံးသင့်ပါတယ်။

၂။ ဆံပင်ကောက်ခါနီးမှာ ခေါင်းမလျှော်သင့်ပါဘူး။

ခေါင်းလျှော်တဲ့အခါ အညစ်အကြေးတွေ သာမက ဆံပင်ရဲ့သဘာဝ အဆီလေးတွေလည်း ပါသွားပါတယ်။ ဆံပင်အဆီလေးတွေက သင့်ရဲ့ ဆံပင်ပုံစံ သွင်းထားတာကို ကြာရှည်ခံ စေပါတယ်။ အဲဒါကြောင့် ဆံပင်ကောက်တော့မယ် ဆိုရင် ခေါင်းလျှော်ပြီး ၂ ရက် ၃ ရက်နေမှ ကောက်သင့်ပါတယ်။

၃။ Conditioner ကို လျှော့သုံးပါ။

Conditioner က ဆံပင်ကို ဝိတ်ပိုပါစေပြီး အဆီပိုထွက် စေပါတယ်။ Conditioner ကို သုံးတဲ့အခါ ဆံပင်အရင်းနဲ့ ခွာပြီးမှ လိမ်းသင့်ပါတယ်။ ပြီးတော့ conditioner ကိုလည်း နည်းနည်းလေးပဲ သုံးသင့်ပါတယ်နော်။

၄။ ဆံပင်ပုံသွင်းပြီးတဲ့အခါ လေအေးနဲ့ မှုတ်ပေးပါ။

ဆံပင်ပုံသွင်းပြီးတဲ့အခါ လေအေးနဲ့ မှုတ်ပေးရင် ဆံပင်ပုံစံကို ကြာကြာခံစေပါတယ်။ Hair dryer ကို အပူချိန် အနိမ့်ဆုံးအထိ ထားလို့ရသလို တချို့ hair dryer တွေမှာ လေအေးပေးတဲ့ ခလုပ်လည်း ပါဝင်ပါတယ်။

၅။ Dry shampoo ကို သုံးပါ။

ဆံပင်ပုံစံကို ကြာကြာခံစေမယ့် နည်းလ်းတစ်ခုကတော့ dry shampoo သုံးတာပါ။ Dry shampoo ကို ဆံပင်အရင်းထိ ရောက်အောင် ဖြန်းပေးပါ။ သင်က ဆံပင်ကို keratin နည်းနဲ့ ဖြောင့်ထားတယ်ဆိုရင် sulfate မပါဝင်တဲ့ shampoo ကို သုံးဖို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။

၆။ ညလက်မှာ ဆံပင်ကို အုပ်ပြီးအိပ်ပါ။

ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို ပိုးသားပုဝါနဲ့ အုပ်ပြီးမှအိပ်ပါ။ ဆံပင်ကို အုပ်ပြီး အိပ်တာက ဆံပင်ခြောက်သွေ့တာ၊ ဆံပင်ငြိတာတွေကို သက်သာစေပါတယ်။

၇။ ဆံပင်ကို ခဏခဏ မကိုင်သင့်ပါဘူး။

ဆံပင်ကို salon ဆိုင်သွားပြီး ခဏခဏ ပုံမသွင်းနိုင်တဲ့အခါ ဆံပင်ကို အားတိုင်း ကိုင်နေတတ်တဲ့အကျင့်ကို ဖျောက်သင့်ပါတယ်။ ဆံပင်ကို ခဏခဏ ကိုင်တဲ့အခါ အညစ်အကြေးနဲ့ အဆီတွေက ဆံပင်တွေမှာ ကပ်ပါသွားပါတယ်။ ဆံပင်ပုံစံလည်း ကြာကြာမခံတော့ပါဘူး။

Zombie (Lovemedia)

for zawgyi

သင့္ရဲ႕ hairstyle ကို ၾကာၾကာခံေစမယ့္ နည္းလမ္း (၇) ခု

ဆံပင္ေကာက္တာပဲျဖစ္ျဖစ္ ေျဖာင့္တာပဲျဖစ္ျဖစ္ အခ်ိန္ကုန္ ေငြကုန္ခံၿပီး လုပ္ထားရတာေၾကာင့္ ဆံပင္ style ကို ၾကာၾကာေတာ့ ခံေစခ်င္ၾကပါတယ္။ Hairstyle ကို ၾကာၾကာခံၿပီး ပုံမပ်က္ခ်င္ရင္ ဒီလိုအခ်က္ေလးေတြ လုပ္ၾကည့္ပါေနာ္။

၁။ ဆံပင္ကို အပူေပးၿပီး ပုံသြင္းတာကို ေလွ်ာ့ပါ။

ဆံပင္ကို အပူေပးၿပီး ပုံသြင္းတာက ဆံပင္ကြၽတ္၊ ေျခာက္ေသြ႕ၿပီး ပုံမက်ပန္းမက် ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ ဆံပင္ေကာက္မယ္၊ ေျဖာင့္မယ္ဆိုရင္ roller ေလးေတြ၊ ဆံပင္ပုံသြင္းေဆးေတြကို သုံးသင့္ပါတယ္။

၂။ ဆံပင္ေကာက္ခါနီးမွာ ေခါင္းမေလွ်ာ္သင့္ပါဘူး။

ေခါင္းေလွ်ာ္တဲ့အခါ အညစ္အေၾကးေတြ သာမက ဆံပင္ရဲ႕သဘာဝ အဆီေလးေတြလည္း ပါသြားပါတယ္။ ဆံပင္အဆီေလးေတြက သင့္ရဲ႕ ဆံပင္ပုံစံ သြင္းထားတာကို ၾကာရွည္ခံ ေစပါတယ္။ အဲဒါေၾကာင့္ ဆံပင္ေကာက္ေတာ့မယ္ ဆိုရင္ ေခါင္းေလွ်ာ္ၿပီး ၂ ရက္ ၃ ရက္ေနမွ ေကာက္သင့္ပါတယ္။

၃။ Conditioner ကို ေလွ်ာ့သုံးပါ။

Conditioner က ဆံပင္ကို ဝိတ္ပိုပါေစၿပီး အဆီပိုထြက္ ေစပါတယ္။ Conditioner ကို သုံးတဲ့အခါ ဆံပင္အရင္းနဲ႔ ခြာၿပီးမွ လိမ္းသင့္ပါတယ္။ ၿပီးေတာ့ conditioner ကိုလည္း နည္းနည္းေလးပဲ သုံးသင့္ပါတယ္ေနာ္။

၄။ ဆံပင္ပုံသြင္းၿပီးတဲ့အခါ ေလေအးနဲ႔မႈတ္ေပးပါ။

ဆံပင္ပုံသြင္းၿပီးတဲ့အခါ ေလေအးနဲ႔ မႈတ္ေပးရင္ ဆံပင္ပုံစံကို ၾကာၾကာခံေစပါတယ္။ Hair dryer ကို အပူခ်ိန္ အနိမ့္ဆုံးအထိ ထားလို႔ရသလို တခ်ိဳ႕ hair dryer ေတြမွာ ေလေအးေပးတဲ့ ခလုပ္လည္း ပါဝင္ပါတယ္။

၅။ Dry shampoo ကို သုံးပါ။

ဆံပင္ပုံစံကို ၾကာၾကာခံေစမယ့္ နည္းလ္းတစ္ခုကေတာ့ dry shampoo သုံးတာပါ။ Dry shampoo ကို ဆံပင္အရင္းထိ ေရာက္ေအာင္ ျဖန္းေပးပါ။ သင္က ဆံပင္ကို keratin နည္းနဲ႔ ေျဖာင့္ထားတယ္ဆိုရင္ sulfate မပါဝင္တဲ့ shampoo ကို သုံးဖို႔ ကြၽမ္းက်င္သူေတြက အႀကံေပးၾကပါတယ္။

၆။ ညလက္မွာ ဆံပင္ကို အုပ္ၿပီးအိပ္ပါ။

ညအိပ္ရာမဝင္ခင္မွာ ဆံပင္ကို ပိုးသားပုဝါနဲ႔ အုပ္ၿပီးမွအိပ္ပါ။ ဆံပင္ကို အုပ္ၿပီး အိပ္တာက ဆံပင္ေျခာက္ေသြ႕တာ၊ ဆံပင္ၿငိတာေတြကို သက္သာေစပါတယ္။

၇။ ဆံပင္ကို ခဏခဏ မကိုင္သင့္ပါဘူး။

ဆံပင္ကို salon ဆိုင္သြားၿပီး ခဏခဏ ပုံမသြင္းႏိုင္တဲ့အခါ ဆံပင္ကို အားတိုင္း ကိုင္ေနတတ္တဲ့အက်င့္ကို ေဖ်ာက္သင့္ပါတယ္။ ဆံပင္ကို ခဏခဏ ကိုင္တဲ့အခါ အညစ္အေၾကးနဲ႔ အဆီေတြက ဆံပင္ေတြမွာ ကပ္ပါသြားပါတယ္။ ဆံပင္ပုံစံလည္း ၾကာၾကာမခံေတာ့ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments