မွဲပြီးခြောက်သွေ့နေတဲ့ ဆံသားတွေကို တောက်ပလာစေမယ့် အလွယ်ဆုံး နည်းလမ်း (၇) ခု
မွဲခြောက်နေတဲ့ ဆံပင်နဲ့ အပြင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးနေမှာပါ။ ပိုက်ဆံ ဈေးကြီးကြီးပေးမှ ခြောက်သွေ့နေတဲ့ ဆံသားတွေကို ပြုပြင်နိုင်တာ မဟုတ်ပါဘူး။ အိမ်မှာတင် အကုန်အကျ သက်သာစွာ ပြုလုပ်နိုင်ပါတယ်။
၁။ ထောပတ်သီး mask
ထောပတ်သီးမှည့်တစ်လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်ဥ တစ်လုံးကို ရောမွှေပါ။ ပြီးရင် မွှေထားတဲ့ အနှစ်ကို ဆံပင်အရင်းကနေ အဖျားအထိ နှံ့အောင် လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနဲ့ ခေါင်းလျှော်ပါ။ ထောပတ်သီးက ဆံပင်ကို အရမ်း အားဖြည့်ပေးပါတယ်။
၂။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက် တစ်ရွက်ကို တောက်တောက်စင်းထားပြီး ဗာဒံဆီ လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဆံပင်မှာနှံ့အောင် လိမ်းပေးပြီး အပေါ်ကနေ ပလက်စတစ်ဦးထုပ်နဲ့ အုပ်ထားပါ။ မိနစ် ၂၀ ကြာထားပြီးရင် ရေနွေးနဲ့ ရေဆေးချလို့ ရပါပြီ။
၃။ ဗောက်ထတဲ့ ဆံပင်အတွက် ငှက်ပျောသီး
ငှက်ပျောသီး အကြီးတစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို နှံ့သွားအောင် ရောမွှေပါ။ ပြီးရင် တစ်ခေါင်းလုံးအနှံ့ လိုက်ပွတ်ပါ။ မိနစ် ၂၀ ကြာထားပြီးရင် ရေနွေးနဲ့ ခေါင်းလျှော်ချလို့ ရပါပြီ။ ငှက်ပျောသီးရဲ့ လျှို့ဝှက်ချက်က ဗောက်ပျောက်စေတာပါ။
၄။ တောက်ပတဲ့ ဆံပင်အတွက် aspirin ဆေးပြား
ဒီနည်းကို သုံးဖို့အတွက် ဆိုရင် အရမ်းကို သတိထားဖို့ လိုပါတယ်။ သုံးနေကျ ခေါင်းလျှော်ရည်ထဲကို aspirin ဆေးပြား ၂ပြား ချေထည့်ပါ။ ပြီးရင် ခေါင်းလျှော်ရည်ကို ဦးရည်ပြားအထိ ရောက်အောင် လိမ်းပေးပါ။ မိနစ်အနည်းငယ် ထားပြီး ရေဆေးချပါ။ နောက်ထပ် aspirin ဆေးပြား ၂ ပြားကို ရေနွေးနဲ့ ရောမွှေပြီး ဦးရေပြားအထိ ထပ်လိမ်းပါ။ ၁၀ မိနစ်လောက် ထားပြီးရင် ရေကို သေသေချာချာလေး လောင်းချပေးပါ။
၅။ အုန်းဆီ
ကြက်ဥ ၂ လုံး၊ မုန်ညင်းဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရေမွှေပါ။ ပြီးရင် ခေါင်းမှာ သုတ်လိမ်းပြီး ခေါင်းလျှော်ချပါ။ အုန်းဆီနဲ့ ကြက်ဥက ဆံပင်တွေကို သန်စွမ်းစေပြီး အမြဲတမ်းတောက်ပ နေစေပါတယ်။
၆။ မုန့်ဖုန်ဆိုဒါ
ဆံပင်ပါးတဲ့ သူတွေတောင် ထူလာစေဖို့ ဒီနည်းက အလွယ်ကူဆုံးပါ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောမွှေပြီး အရင်းကနေ အဖျားအထိ နှံ့အောင်လိမ်းပေးပါ။ ၃ မိနစ်ခန့် ထားပြီးရင် သေချာရေဆေးချပါ။ ထူးခြားတဲ့ ရလဒ်ကို ပထမတစ်ပတ်အတွင်းမှာ တွေ့မြင်ရပါတယ်။ ပုံမှန်လုပ်ပေးသွားတဲ့အခါ တစ်လအကြာမှာတော့ ဆံပင်တွေ ပြန်ပေါက်လာတာကို တွေ့ရမှာပါ။
၇။ ကြက်သွန်နီဆေး
- ပျားရည် တစ်ကီလိုဂရမ်
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး၊
- သံပုရာသီး ၄ လုံး
- နှမ်းကြတ်ဆီ ၂၀၀ ဂရမ်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပုရာသံးတို့ကို ဖျော်စက်ထဲမှာ ရောကြိတ်ပါ။ ရောကြိတ်ထားတဲ့ အထဲကို နှမ်းကြတ်ဆီနဲ့ ပျားရည် ရောထည့်ပါ။ ရလာနဲ့ အရည်ကို သေချာမွှေပြီး ရေခဲသေတ္တာထဲမှာ ပုလင်းတစ်လုံးနဲ့ သိမ်းထားပါ။ အစာမစားခင် မိနစ် ၃၀ အလိုမှာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် သောက်သုံးပေးပါ။ တစ်နေ့ကို သုံးကြိမ် သောက်သုံးပေးရင် ဆံပင်တွေက အရမ်းသန်လာတာကို တွေ့ရပါတယ်။
Zombie (Lovemedia)
for zawgyi
၁။ ထောပတ်သီး mask
၂။ ရှားစောင်းလက်ပက်
၅။ အုန်းဆီ
၆။ မုန့်ဖုန်ဆိုဒါ
၇။ ကြက်သွန်နီဆေး
- ပျားရည် တစ်ကီလိုဂရမ်
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၃ လုံး၊
- သံပုရာသီး ၄ လုံး
- နှမ်းကြတ်ဆီ ၂၀၀ ဂရမ်
Zombie (Lovemedia)
Post a Comment
0 Comments