အပြာရောင်ရှိတဲ့ မြက်

“ ဟေ့ ကိုရွှေကျား ကြည့်စမ်းပါဦး မြက်တွေက ပြာလဲ့နေတာပဲဗျို့ ”

ကိုမြည်းကြီးက ပြောရာ ကိုဖိုးရွှေကျားကလည်း

“ ဟာ ကိုမြည်းကြီးရာ ခင်ဗျားကတော့ နောက်ပြီဗျာ။ သေချာကြည့်စမ်းပါဦး အစိမ်းရောင်တွေပါဗျ ၊ ဗရမ်းဗတာတွေ လျှောက်ပြောမနေစမ်းပါနဲ့ ကိုမြည်းကြီးရာ ”

“ မဟုတ်ဘူး ကိုရွှေကျား ခင်ဗျားကသာ သေချာမကြည့်တာဗျ။ မြက်တွေက အပြာရောင်မှ အပြာရောင်ဗျ။ ပြာလဲ့နေတာဘဲ ”

“ မဟုတ်ဘူး အစိမ်းရောင်ကွ ”

“ အပြာရောင်ကွ ”

ဒီလိုနဲ့ ကိုရွှေကျားနဲ့ ကိုမြည်းကြီးတို့နှစ်ယောက် အပြိုင်ငြင်းကြရာ အဆုံး၌ ဘယ်သူမှားတယ် မှန်တယ် ဆိုတာ ဆုံးဖြတ်ရန် ကေသရာဇာ ခြင်္သေ့မင်းကြီးထံ သို့ သွားလေးသည်။ ကေသရာမင်းကြီးထံသို့ ရောက်သော် ကိုမြည်းကြီးက

“ အရှင်မင်းကြီး မြက်က အပြာရောင်အဆင်း ရှိသည် မဟုတ်ပါလားဘုရား? ထိုအချင်းအရာကို ကိုရွှေကျားက အစိမ်းရောင်ရှိတယ်လို့ ငြင်းခုန်နေပါတယ် ဘုရား။ အရှင်မင်းကြီး ကျနော်မျိုးတို့ ပြဿနာရပ်ကို ဖြေရှင်းပေးတော်မူပါ ”

ထိုအခါ ကေသရာမင်းကြီးက

“ အသင်မြည်းပြောသည်မှာ မှန်ပေစွ။ မြက်သည် အပြာရောင် ရှိ၏ ”

ထို့နောက် ကိုရွှေကျားကို အပြစ်ပေး၏။ အပြစ်ပေးပြီးနောက်

“ ကိုရွှေကျား ကျုပ်ပြောတယ်မလား၊ မြက်ဆိုတာ အပြာရောင်။ အခုတော့ ဘယ့်နှယ့်လဲ ခင်ဗျားအမှားကို လက်ခံပြီမလား ” ပြောရင်း ကေသရာမင်းကြီးကို နှုတ်ဆက်ကာ အလွန်ပျော်ရွှင်စွာ ခုန်ပေါက် ထွက်ခွာလေတော့သည်။ ကိုရွှေကျားက မကျေနပ်၍

“ အရှင်မင်းကြီး မြက်ဆိုတာ အစိမ်းရောင် ရှိရက်နဲ့ အဘယ့်ကြောင့် ကျနော်မျိုးကို အပြစ်ပေးတော် မူရသနည်း ဘုရား ”

“ အသင့်လို ရဲံရင်ပြီး ထက်မြက်တဲ့ ကျားတကောင်က မြည်းလို ဉာဏ်နည်းတဲ့ကောင်နဲ့ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတခုအတွက် ငြင်းခုန်ပြီး အချိန်ဖြုန်းနေတယ့် အတွက်ကြောင့် ငါကိုယ်တော်မြတ် အပြစ်ပေးရခြင်း ဖြစ်တယ်။ နောက်ဘယ်တော့မှ ဉာဏ်တိမ်တဲ့ သူတွေနဲ့ ဘယ်တော့မှ အငြင်းခုန် မလုပ်ပါနဲ့တော့ ”

ပုံပြင်လေးကတော့ ရှင်းရှင်းလေးပါဘဲ။ ဉာဏ်တိမ်နေတဲ့သူတွေနဲ့ ပြိုင်ငြင်းနေမယ်ဆို မင်းရဲ့အချိန်တွေ ကုန်မယ် အကျိုးမရှိဘဲဖြစ်မယ်။

မင်းပါ ဉာဏ်တိမ်တဲ့သူ ဖြစ်သွားမယ်။ ကိုယ့်တန်ဖိုးကို ဟိုချောက်ထဲထိ ဆွဲချသလို ဖြစ်သွားလိမ့်မယ်။

အရူးတွေနဲ့ ပြိုင်မငြင်းဖို့ သူတို့ ဘယ်လိုဆုံးမခဲ့ကြလဲဆိုတော့...

“ It is better to keep your mouth closed and let people think you are a fool than to open it and remove all doubt. ”

“ သူတို့ကို ကိုယ်မှန်ကြောင်း ပြန်ရှင်းပြမနေပါနဲ့။ ကိုယ့်ကို ဉာဏ်တိမ်တဲ့သူ၊ အရူးလို့ခံယူပြီး နှုတ်ဆိတ်နေလိုက်ပါ။ ” Mark Twain (ကမ္ဘာကျော်စာရေးဆရာ)

“ Arguing with a fool only proves that there are two. ”

“ ဉာဏ်တိမ်တဲ့လူနဲ့ ငြင်းခုန်နေခြင်းဟာ ဉာဏ်တိမ်တဲ့သူ နှစ်ယောက် ရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်တယ်။ ” ဗုဒ္ဓမြတ်စွာဘုရား

သင်ခန်းစာယူပါ။ ပညာရှိတွေရဲ့စကားကို လိုက်နာပြီး အရူးတွေနဲ့ ပြိုင်ငြင်းမနေပါနဲ့တော့။ ဉာဏ်တိမ်တဲ့ အရူးတွေနဲ့ ပြိုင်ငြင်းနေမယ့်အစား တိတ်တိတ်သာ နေလိုက်ပါတော့..

crd

Zawgyi

အျပာေရာင္ ျမက္

“ ေဟ့ ကိုေ႐ႊက်ား ၾကည့္စမ္းပါဦး ျမက္ေတြက ျပာလဲ့ေနတာပဲဗ်ိဳ႕ ”

ကိုျမည္းႀကီးက ေျပာရာ ကိုဖိုးေ႐ႊက်ားကလည္း

“ ဟာ ကိုျမည္းႀကီးရာ ခင္ဗ်ားကေတာ့ ေနာက္ၿပီဗ်ာ။ ေသခ်ာၾကည့္စမ္းပါဦး အစိမ္းေရာင္ေတြပါဗ် ၊ ဗရမ္းဗတာေတြ ေလွ်ာက္ေျပာမေနစမ္းပါနဲ႔ ကိုျမည္းႀကီးရာ ”

“ မဟုတ္ဘူး ကိုေ႐ႊက်ား ခင္ဗ်ားကသာ ေသခ်ာမၾကည့္တာဗ်။ ျမက္ေတြက အျပာေရာင္မွ အျပာေရာင္ဗ်။ ျပာလဲ့ေနတာဘဲ ”

“ မဟုတ္ဘူး အစိမ္းေရာင္ကြ ”

“ အျပာေရာင္ကြ ”

ဒီလိုနဲ႔ ကိုေ႐ႊက်ားနဲ႔ ကိုျမည္းႀကီးတို႔ႏွစ္ေယာက္ အၿပိဳင္ျငင္းၾကရာ အဆုံး၌ ဘယ္သူမွားတယ္ မွန္တယ္ ဆိုတာ ဆုံးျဖတ္ရန္ ေကသရာဇာျခေသၤ့မင္းႀကီးထံ သို႔ သြားေလးသည္။ ေကသရာမင္းႀကီးထံသို႔ေရာက္ေသာ္ ကိုျမည္းႀကီးက

“ အရွင္မင္းႀကီး ျမက္က အျပာေရာင္အဆင္း ရွိသည္ မဟုတ္ပါလားဘုရား? ထိုအခ်င္းအရာကို ကိုေ႐ႊက်ားက အစိမ္းေရာင္ရွိတယ္လို႔ ျငင္းခုန္ေနပါတယ္ဘုရား။ အရွင္မင္းႀကီး က်ေနာ္မ်ိဳးတို႔ ျပႆနာရပ္ကို ေျဖရွင္းေပးေတာ္မူပါ ”

ထိုအခါ ေကသရာမင္းႀကီးက

“ အသင္ျမည္းေျပာသည္မွာ မွန္ေပစြ။ ျမက္သည္ အျပာေရာင္ ရွိ၏ ”

ထို႔ေနာက္ ကိုေ႐ႊက်ားကို အျပစ္ေပး၏။ အျပစ္ေပးၿပီးေနာက္

“ ကိုေ႐ႊက်ား က်ဳပ္ေျပာတယ္မလား၊ ျမက္ဆိုတာ အျပာေရာင္။ အခုေတာ့ ဘယ့္ႏွယ့္လဲ ခင္ဗ်ားအမွားကို လက္ခံၿပီမလား ” ေျပာရင္း ေကသရာမင္းႀကီးကို ႏႈတ္ဆက္ကာ အလြန္ေပ်ာ္႐ႊင္စြာ ခုန္ေပါက္ ထြက္ခြာေလေတာ့သည္။ ကိုေ႐ႊက်ားက မေက်နပ္၍

“ အရွင္မင္းႀကီး ျမက္ဆိုတာ အစိမ္းေရာင္ ရွိရက္နဲ႔ အဘယ့္ေၾကာင့္ က်ေနာ္မ်ိဳးကို အျပစ္ေပးေတာ္ မူရသနည္း ဘုရား ”

“ အသင့္လို ရဲံရင္ၿပီး ထက္ျမက္တဲ့ က်ားတေကာင္က ျမည္းလို ဉာဏ္နည္းတဲ့ေကာင္နဲ႔ အဓိပၸာယ္မရွိတဲ့ ေမးခြန္းတခုအတြက္ ျငင္းခုန္ၿပီး အခ်ိန္ျဖဳန္းေနတယ့္ အတြက္ေၾကာင့္ ငါကိုယ္ေတာ္ျမတ္ အျပစ္ေပးရျခင္း ျဖစ္တယ္။ ေနာက္ဘယ္ေတာ့မွ ဉာဏ္တိမ္တဲ့ သူေတြနဲ႔ ဘယ္ေတာ့မွ အျငင္းခုန္ မလုပ္ပါနဲ႔ေတာ့ ”

ပုံျပင္ေလးကေတာ့ ရွင္းရွင္းေလးပါဘဲ။ ဉာဏ္တိမ္ေနတဲ့သူေတြနဲ႔ ၿပိဳင္ျငင္းေနမယ္ဆို မင္းရဲ႕အခ်ိန္ေတြ ကုန္မယ္ အက်ိဳးမရွိဘဲျဖစ္မယ္။

မင္းပါ ဉာဏ္တိမ္တဲ့သူ ျဖစ္သြားမယ္။ ကိုယ့္တန္ဖိုးကို ဟိုေခ်ာက္ထဲထိ ဆြဲခ်သလို ျဖစ္သြားလိမ့္မယ္။

အ႐ူးေတြနဲ႔ ၿပိဳင္မျငင္းဖို႔ သူတို႔ ဘယ္လိုဆုံးမခဲ့ၾကလဲဆိုေတာ့...

“ It is better to keep your mouth closed and let people think you are a fool than to open it and remove all doubt. ”

“ သူတို႔ကို ကိုယ္မွန္ေၾကာင္း ျပန္ရွင္းျပမေနပါနဲ႔။ ကိုယ့္ကို ဉာဏ္တိမ္တဲ့သူ၊ အ႐ူးလို႔ခံယူၿပီး ႏႈတ္ဆိတ္ေနလိုက္ပါ။ ” Mark Twain (ကမာၻေက်ာ္စာေရးဆရာ)

“ Arguing with a fool only proves that there are two. ”

“ ဉာဏ္တိမ္တဲ့လူနဲ႔ ျငင္းခုန္ေနျခင္းဟာ ဉာဏ္တိမ္တဲ့သူ ႏွစ္ေယာက္ ရွိေၾကာင္း သက္ေသျပလိုက္ျခင္းျဖစ္တယ္။ ” ဗုဒၶျမတ္စြာဘုရား

သင္ခန္းစာယူပါ။ ပညာရွိေတြရဲ႕စကားကို လိုက္နာၿပီး အ႐ူးေတြနဲ႔ ၿပိဳင္ျငင္းမေနပါနဲ႔ေတာ့။ ဉာဏ္တိမ္တဲ့ အ႐ူးေတြနဲ႔ ၿပိဳင္ျငင္းေနမယ့္အစား တိတ္တိတ္သာ ေနလိုက္ပါေတာ့

crd

Post a Comment

0 Comments