လူကောင်းတွေကို အနိုင်ကျင့်ရတာ လွယ်ပါတယ်

ဟိုရှေးရှေးတုန်းက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေး ရေနုတ်မြောင်း ဖြတ်စီးနေတယ်။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီးပေါ့။ တရက်ကျတော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။

အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။ ညတုန်းက မိုးရွာထားတာကိုး။ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ။

ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပီး မြောင်းကို ကူးသွားတယ်။ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့။

သိပ်မကြာလိုက်ပါဘူး လယ်သမားကြီးတယောက် ရောက်လာတယ် သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့ မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။

အဲ့မှာ မထီမဲ့မြင် လုပ်တယ် ဆိုပီး နတ်ကြီးက ဖမ်းစားသတဲ့။ ဘယ်သူ့ကိုလဲ ဆိုတော့ သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီး ကို။ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး ။

နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပီး မပင့်မလျှောက်လို့တဲ့။ နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပီး ပူဇော်ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်းနတ်တွေက အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်။ မင်းကွာ မင့်ကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး ပေါ့။ ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့..

‘ ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ’ တဲ့။

တချို့တွေက သူတို့အခွက်ကို တက်နင်းတဲ့ သူတွေနဲ့ပဲ တန်တယ် ။

crd

Zawgyi

လူေကာင္းေတြကို အႏိုင္က်င့္ရတာ လြယ္ပါတယ္

ဟိုေရွးေရွးတုန္းက ႐ြာတ႐ြာမွာ ႐ြာဦးနတ္ကြန္းေဘး ေရႏုတ္ေျမာင္း ျဖတ္စီးေနတယ္။ နတ္ကြန္းထဲက နတ္႐ုပ္က မတ္တတ္ကိုယ္ေတာ္ႀကီးေပါ့။ တရက္က်ေတာ့ လူတေယာက္က ေျမာင္းေဘာင္အတိုင္း ေလွ်ာက္လာပီး ဟိုဘက္ကမ္းကို ကူးမယ္လုပ္တယ္။

အဲ့ေျမာင္းထဲမွာ ေရေတာ္ေတာ္မ်ားေနတယ္။ ညတုန္းက မိုး႐ြာထားတာကိုး။ ခုန္ကူးရေအာင္ကလဲ မမီမကမ္းနဲ႔ ေျမာင္းထဲ ဆင္းကူးယင္လဲ ေရစိုမယ္ေလ။

ၿပီးေတာ့ ဒီလူကလဲ ခပ္႐ြတ္႐ြတ္ဆိုေတာ့ နတ္ကြန္းထဲက နတ္႐ုပ္ႀကီးကို ဆြဲခ်လာ၊ ေျမာင္းေပၚခြေက်ာ္ပီး ခ်၊ ပီးမွ နတ္႐ုပ္ႀကီးကို တုံးတံတားလုပ္ပီး ေျမာင္းကို ကူးသြားတယ္။ ဟိုဘက္ကမ္းအဆင္းမွာ နတ္႐ုပ္ႀကီး မ်က္ႏွာခြက္ကိုေတာင္ ေဆာင့္နင္းသြားလိုက္ေသးသတဲ့။

သိပ္မၾကာလိုက္ပါဘူး လယ္သမားႀကီးတေယာက္ ေရာက္လာတယ္ သူကေတာ့ နတ္႐ုပ္ႀကီးမ်က္ခြက္မွာ ႐ႊံ႕ေျခရာႀကီး ေပေနတာ ေတြ႕ေတာ့ မ်က္ေစ့ေတာင္ ပ်ာခနဲ ျဖစ္သြားပီး ေျမာင္းထဲဆင္း၊ ေရေတြ လက္ခုပ္နဲ႔ ခပ္၊ နတ္႐ုပ္ႀကီးကိုေဆး၊ မႏိုင့္တႏိုင္နဲ႔ မ၊ နတ္ကြန္းထဲ ျပန္ထူထားလိုက္တယ္။

အဲ့မွာ မထီမဲ့ျမင္ လုပ္တယ္ ဆိုပီး နတ္ႀကီးက ဖမ္းစားသတဲ့။ ဘယ္သူ႔ကိုလဲ ဆိုေတာ့ သူ႔ကို နတ္ကြန္းထဲ ျပန္ထားတဲ့ လယ္သမားႀကီး ကို။ သူ႔ကို ခ်နင္းသြားတဲ့ လူကို မဟုတ္ဘူး ။ နတ္႐ုပ္ကို ေ႐ႊ႕ေျပာင္းရာမွာ အစဥ္အလာရွိတဲ့အတိုင္း အေမႊးတိုင္ထြန္းပီး မပင့္မေလွ်ာက္လို႔တဲ့။ နတ္ဆရာေတြက ဒီလိုေဟာလို႔ လယ္သမားႀကီးက ဝက္ေပၚပီး ပူေဇာ္ရသတဲ့။

ဒါနဲ႔ သူ႔သူငယ္ခ်င္းနတ္ေတြက အဲ့နတ္ကို ဝိုင္းေလွာင္ၾကတယ္။ မင္းကြာ မင့္ကို တက္နင္းသြားတဲ့ ေကာင္ေတာ့ ဖမ္းမစားရဲဘူး ေပါ့။ ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ပီး ျပန္ေျပာသတဲ့ ‘ ေဟ့ေကာင္ေတြ၊ မင္းတို႔ မသိဘူးလား၊ လူေကာင္းကို အႏိုင္က်င့္ရတာ လြယ္တယ္ကြ’ တဲ့။

တခ်ိဳ႕ေတြက သူတို႔အခြက္ကို တက္နင္းတဲ့ သူေတြနဲ႔ပဲ တန္တယ္ ။

crd

Post a Comment

0 Comments