၈ နှစ်ကြာ ကလေးထိန်းပေးတဲ့ အမျိုးသမီးကို စီးပွားရေးလုပ်ငန်းတွေနဲ့ ကားတွေ ဝယ်ပေးလိုက်တဲ့ အလုပ်ရှင်

အပြန်အလှန် ကျေးဇူးသိတတ်တာကလည်း အလွန်လှပတဲ့ ယဉ်ကျေးမှု တစ်ခုပါပဲ။ ဖိလစ်ပိုင် အမျိုးသမီးတစ်ယောက်ဟာ ပြန်လည်သိတတ်တဲ့ အလုပ်ရှင်ကြောင့် အခုဆိုရင် စီးပွားရေး လုပ်ငန်းတွေနဲ့ ကားတွေ ပိုင်ဆိုင်နေပါပြီ။ အခုဆိုရင် သူက ဆွစ်ဇာလန်နိုင်ငံသား ဖြစ်သွားပြီးတော့ သူ့ရဲ့ကလေးကိုလည်း စောင့်ရှောက် နေနိုင်ပါပြီ။

Cherrie Salamanca ဆိုတဲ့ ဖိလစ်ပိုင်အမျိုးသမီးက နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူပါ။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့တာ ၁၁ နှစ်ကျော်ရှိပါပြီ။ ဒါပေမယ့် လက်ရှိအလုပ်ရှင်နဲ့ အလုပ်လုပ်လာတာကတော့ ၈ နှစ်ပဲ ရှိပါသေးတယ်။ သူမရဲ့အလုပ်ရှင်က ဒူဘိုင်းက ကုမ္ပဏီပိုင်ရှင် တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အပျော်စီး သင်္ဘောတစ်စင်းလည်း ပိုင်ဆိုင်ပါတယ်။

သူတို့မှာ ကလေးတွေ အများကြီး ရှိတာကြောင့် Cherrie ကို ကလေးထိန်းအဖြစ် အလုပ်ခန့်ခဲ့ပါတယ်။ အလုပ်ရှင်က ကလေးတွေနဲ့ ကမ္ဘာပတ်ပြီး ခရီးထွက်တိုင်း Cherrie ကိုလည်း ခေါ်သွားလေ့ ရှိပါတယ်။ အဲဒါကြောင့် Cherrie က ဥရောပနိုင်ငံ တော်တော်များများကို ရောက်ဖူးပါတယ်။

အလုပ်ရှင်က လစာပေးတဲ့အပြင် Cherrie ရဲ့ သမီးကိုလည်း ဒူဘိုင်းမှာ ကျောင်းထားပေးပါတယ်။ Cherrie ရဲ့သမီးက ဖိလစ်ပိုင်ကို ပြန်သွားတဲ့အခါ ကျောင်းတက်နေတုန်းမို့လို့ ငွေကြေးလည်း ထောက်ပံ့ပေးပါသေးတယ်။

ကိုဗစ် ၁၉ ဖြစ်ပွားတဲ့အခါ သူမရဲ့အလုပ်ရှင်က သူမအတွက် ဆွစ်ဇာလန်နိုင်ငံသား ခံယူနိုင်ဖို့၊ အိမ်ပိုင်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ အခုဆိုရင် Cherrie မှာ တိုက်ခန်းငယ်နှစ်ခန်း၊ စိုက်ပျိုးရေးမြေနဲ့ ကားတွေ ပိုင်ဆိုင်နေပါပြီ။ သူမရဲ့အလုပ်ရှင်က သူမရဲ့ယောကျ်ားနဲ့ သမီးကိုလည်း ဆွစ်ဇာလန်မှာ နေထိုင်ခွင့်ရအောင် ကူညီပေးပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ သွားရောက်လည်ပတ်ဖို့ လွယ်ကူတဲ့နိုင်ငံ ဖြစ်ပေမယ့် အခြေချနေထိုင်ဖို့ မလွယ်ကူတဲ့ နိုင်ငံပါ။

Zombie (Lovemedia)

for zawgyi

၈ ႏွစ္ၾကာ ကေလးထိန္းေပးတဲ့ အမ်ိဳးသမီးကို စီးပြားေရးလုပ္ငန္းေတြနဲ႔ ကားေတြ ဝယ္ေပးလိုက္တဲ့ အလုပ္ရွင္

အျပန္အလွန္ေက်းဇူးသိတတ္တာကလည္း အလြန္လွပတဲ့ ယဥ္ေက်းမႈ တစ္ခုပါပဲ။ ဖိလစ္ပိုင္ အမ်ိဳးသမီးတစ္ေယာက္ဟာ ျပန္လည္သိတတ္တဲ့ အလုပ္ရွင္ေၾကာင့္ အခုဆိုရင္ စီးပြားေရး လုပ္ငန္းေတြနဲ႔ ကားေတြ ပိုင္ဆိုင္ေနပါၿပီ။ အခုဆိုရင္ သူက ဆြစ္ဇာလန္ႏိုင္ငံသား ျဖစ္သြားၿပီးေတာ့ သူ႔ရဲ႕ကေလးကိုလည္း ေစာင့္ေရွာက္ ေနႏိုင္ပါၿပီ။

Cherrie Salamanca ဆိုတဲ့ ဖိလစ္ပိုင္အမ်ိဳးသမီးက ႏိုင္ငံျခားမွာ အလုပ္လုပ္တဲ့သူပါ။ ႏိုင္ငံျခားမွာ အလုပ္လုပ္တဲ့တာ ၁၁ ႏွစ္ေက်ာ္ရွိပါၿပီ။ ဒါေပမယ့္ လက္ရွိအလုပ္ရွင္နဲ႔ အလုပ္လုပ္လာတာကေတာ့ ၈ ႏွစ္ပဲ ရွိပါေသးတယ္။ သူမရဲ႕အလုပ္ရွင္က ဒူဘိုင္းက ကုမၸဏီပိုင္ရွင္ တစ္ေယာက္ျဖစ္ၿပီး ကိုယ္ပိုင္အေပ်ာ္စီး သေဘၤာတစ္စင္းလည္း ပိုင္ဆိုင္ပါတယ္။

သူတို႔မွာ ကေလးေတြ အမ်ားႀကီး ရွိတာေၾကာင့္ Cherrie ကို ကေလးထိန္းအျဖစ္ အလုပ္ခန႔္ခဲ့ပါတယ္။ အလုပ္ရွင္က ကေလးေတြနဲ႔ ကမာၻပတ္ၿပီး ခရီးထြက္တိုင္း Cherrie ကိုလည္း ေခၚသြားေလ့ ရွိပါတယ္။ အဲဒါေၾကာင့္ Cherrie က ဥေရာပႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားကို ေရာက္ဖူးပါတယ္။

အလုပ္ရွင္က လစာေပးတဲ့အျပင္ Cherrie ရဲ႕ သမီးကိုလည္း ဒူဘိုင္းမွာ ေက်ာင္းထားေပးပါတယ္။ Cherrie ရဲ႕သမီးက ဖိလစ္ပိုင္ကို ျပန္သြားတဲ့အခါ ေက်ာင္းတက္ေနတုန္းမို႔လို႔ ေငြေၾကးလည္း ေထာက္ပံ့ေပးပါေသးတယ္။

ကိုဗစ္ ၁၉ ျဖစ္ပြားတဲ့အခါ သူမရဲ႕အလုပ္ရွင္က သူမအတြက္ ဆြစ္ဇာလန္ႏိုင္ငံသား ခံယူႏိုင္ဖို႔၊ အိမ္ပိုင္ႏိုင္ဖို႔ ကူညီေပးခဲ့ပါတယ္။ အခုဆိုရင္ Cherrie မွာ တိုက္ခန္းငယ္ႏွစ္ခန္း၊ စိုက္ပ်ိဳးေရးေျမနဲ႔ ကားေတြ ပိုင္ဆိုင္ေနပါၿပီ။ သူမရဲ႕အလုပ္ရွင္က သူမရဲ႕ေယာက်္ားနဲ႔ သမီးကိုလည္း ဆြစ္ဇာလန္မွာ ေနထိုင္ခြင့္ရေအာင္ ကူညီေပးပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံဟာ သြားေရာက္လည္ပတ္ဖို႔ လြယ္ကူတဲ့ႏိုင္ငံ ျဖစ္ေပမယ့္ အေျခခ်ေနထိုင္ဖို႔ မလြယ္ကူတဲ့ ႏိုင္ငံပါ။

Zombie (Lovemedia)

Post a Comment

0 Comments