တန်ဖိုးမရှိတဲ့ ရွှေ

တခါက ရွှေတူးသမား တယောက်က ပန်းခြံထဲမှာ အိမ်လေးတလုံး ဆောက်ပြီးနေပါတယ်။ ရွှေတူးသမားဟာ သူ့ရဲ့ရွှေဒဂါၤးတွေကို ပန်းခြံထဲက ကျောက်တုံးတွေရဲ့ အောက်မှာ မြေတူးပြီး မြု့ပ်ထားခဲ့ပါတယ်။

နေ့တိုင်း အိပ်ရာမဝင်မီ ရွှေတူးသမားဟာ ကျောက်တုံးတွေနားကို သွားလေ့ ရှိပါတယ်။ ထိုကျောက်တုံးတွေနားမှာ ရွှေဒဂါၤးတွေကိုရေတွက်ပြီး ရွှေတွေကို မြု့ပ်နှံလေ့ရှိပါတယ်။ နေ့တိုင်းလိုလို ထိုအလုပ်ကို လုပ်လေ့ရှိပါတယ်။

ဒါပေမယ့် တစ်ကြိမ်မှာတော့ မြုပ်နှံမယ့် ရွှေတွေကို သူသုံးလိုက်မိပါတယ်။

တစ်နေ့မှာ ရွှေတူးသမားရဲ့ အကျင့်ကိုသိတဲ့ သူခိုးတစ်ယောက်က ရွှေတူးသမားအိမ်ထဲ ပြန်ဝင်သွားတာကို စောင့်နေပါတယ်။ အမှောင်ထုကြီးစိုးလာတဲ့ အခါမှာတော့ သူခိုးဟာ ရွှေတွေ မြုပ်နှံထားတဲ့ နေရာကို သွားပြီး ရွှေဒဂါၤးတွေကို တူးဖော်ပြီး ခိုးသွားပါတော့တယ်။

နောက်တစ်နေ့မှာတော့ ရွှေတူးသမားက သူ့ရဲ့ရွှေတွေ ပျောက်ဆုံးကြောင်း သိရှိသွားပြီး အော်ကြီးဟစ်ကျယ် အော်ငိုပါတော့တယ်။

ရွှေတူးသမားရဲ့အိမ်နီးနားချင်းတွေက ရွှေတူးသမား ငိုသံကို ကြားတဲ့အခါမှာ ဘာဖြစ်သလဲလို့ စပ်စုကြပါတယ်။ အကြောင်းစုံကို သိတဲ့အခါမှာတော့ အိမ်နီးနားချင်းတယောက်က မေးပါတယ်။ “ ရွှေဒဂါၤးတွေကို ဘာလို့များ အိမ်ထဲမှာ မထားရတာလဲ။ တခုခုကို ခင်ဗျားဝယ်ထားလိုက်ရင် ငွေအဖြစ်ပြောင်းလို့တောင် လွယ်သေးတာကို ”

“ ဝယ်ရမယ် ၊ ဟုတ်လား ” လို့ ရွှေတူးသမားက ရေရွတ်လိုက်ပါတယ်။ “ ငါက အဲဒီ့ရွှေတွေကို ဘယ်တုန်းကမှ မသုံးချင်ခဲ့ဘူးလေ ”

အဲဒါကို ကြားတဲ့ အိမ်နီးချင်းက ကျောက်တုံးတတုံးကို အိမ်ထဲကနေ လွှင့်ပစ်လိုက်ပြီး ပြောလိုက်ပါတယ်။

“ ဒီကိစ္စမှာ ကျောက်တုံးတွေကို သိမ်းထားသလိုပေါ့။ ခု လွှင့်ပစ်လိုက်ရင် တန်ဖိုးမရှိဘူး ၊ အဲဒီလိုပဲ၊ ရွှေတွေ ခုဆုံးရှုံးသွားတော့ မင်းမှာဘာတန်ဖိုးရှိတာ ကျန်ခဲ့လို့လဲ။ အဲဒါကြောင့် အစောကြီးထဲက ရွှေတွေကို ရောင်းပြီး မင်းအတွက် တန်ဖိုးရှိတာ တခုခု ဝယ်ထားလိုက်ရမှာ ”

သင်ခန်းစာ ။ ။ ဒီပုံပြင်ထဲကလို ကိုယ်ပိုင်ဆိုင်ထားသမျှကို ကိုယ့်အတွက် တန်ဖိုးရှိစွာ အသုံးမချဘဲ စုဆောင်းထားခြင်းက အဓိပ္ပါယ် မရှိပါဘူး။ ကိုယ်ပိုင်ဆိုင် ထားသမျှကို ကိုယ်ဘယ်လို အသုံးချသလဲ ဆိုတာကသာ တန်ဖိုးဖြစ်ပါတယ်လို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။

ပြောချင်တာက သင်မှာ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ၊ သင့်မှာ ဘယ်လောက်ပဲ အဖိုးတန်တာတွေ ပိုင်ဆိုင်ပါစေ၊ တန်ဖိုးရှိတဲ့ နေရာမှာ အသုံးမချဘူး ဆိုရင် ထိုအဖိုးတန်ပစ္စည်းကလည်း တန်ဖိုးမဲ့နေတာပါပဲ လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။

Crd

Zawgyi

တန္ဖိုးမရွိတဲ့ ေ႐ႊ

တခါက ေ႐ႊတူးသမားတေယာက္က ပန္းၿခံထဲမွာ အိမ္ေလးတလုံး ေဆာက္ၿပီးေနပါတယ္။ ေ႐ႊတူးသမားဟာ သူ႔ရဲ႕ေ႐ႊဒဂါၤးေတြကို ပန္းၿခံထဲက ေက်ာက္တုံးေတြရဲ႕ ေအာက္မွာ ေျမတူးၿပီး ျမဳ႕ပ္ထားခဲ့ပါတယ္။

ေန႔တိုင္း အိပ္ရာမဝင္မီ ေ႐ႊတူးသမားဟာ ေက်ာက္တုံးေတြနားကို သြားေလ့ ရွိပါတယ္။ ထိုေက်ာက္တုံးေတြနားမွာ ေ႐ႊဒဂါၤးေတြကိုေရတြက္ၿပီး ေ႐ႊေတြကို ျမဳ႕ပ္ႏွံေလ့ရွိပါတယ္။ ေန႔တိုင္းလိုလို ထိုအလုပ္ကို လုပ္ေလ့ရွိပါတယ္။

ဒါေပမယ့္ တစ္ႀကိမ္မွာေတာ့ ျမဳပ္ႏွံမယ့္ ေ႐ႊေတြကို သူသုံးလိုက္မိပါတယ္။

တစ္ေန႔မွာ ေ႐ႊတူးသမားရဲ႕ အက်င့္ကိုသိတဲ့ သူခိုးတစ္ေယာက္က ေ႐ႊတူးသမားအိမ္ထဲ ျပန္ဝင္သြားတာကို ေစာင့္ေနပါတယ္။ အေမွာင္ထုႀကီးစိုးလာတဲ့ အခါမွာေတာ့ သူခိုးဟာ ေ႐ႊေတြ ျမဳပ္ႏွံထားတဲ့ ေနရာကို သြားၿပီး ေ႐ႊဒဂါၤးေတြကို တူးေဖာ္ၿပီး ခိုးသြားပါေတာ့တယ္။

ေနာက္တစ္ေန႔မွာေတာ့ ေ႐ႊတူးသမားက သူ႔ရဲ႕ေ႐ႊေတြ ေပ်ာက္ဆုံးေၾကာင္း သိရွိသြားၿပီး ေအာ္ႀကီးဟစ္က်ယ္ ေအာ္ငိုပါေတာ့တယ္။

ေ႐ႊတူးသမားရဲ႕အိမ္နီးနားခ်င္းေတြက ေ႐ႊတူးသမား ငိုသံကို ၾကားတဲ့အခါမွာ ဘာျဖစ္သလဲလို႔ စပ္စုၾကပါတယ္။ အေၾကာင္းစုံကို သိတဲ့အခါမွာေတာ့ အိမ္နီးနားခ်င္းတေယာက္က ေမးပါတယ္။ “ ေ႐ႊဒဂါၤးေတြကို ဘာလို႔မ်ား အိမ္ထဲမွာ မထားရတာလဲ။ တခုခုကို ခင္ဗ်ားဝယ္ထားလိုက္ရင္ ေငြအျဖစ္ေျပာင္းလို႔ေတာင္ လြယ္ေသးတာကို ”

“ ဝယ္ရမယ္ ၊ ဟုတ္လား ” လို႔ ေ႐ႊတူးသမားက ေရ႐ြတ္လိုက္ပါတယ္။ “ ငါက အဲဒီ့ေ႐ႊေတြကို ဘယ္တုန္းကမွ မသုံးခ်င္ခဲ့ဘူးေလ ”

အဲဒါကို ၾကားတဲ့ အိမ္နီးခ်င္းက ေက်ာက္တုံးတတုံးကို အိမ္ထဲကေန လႊင့္ပစ္လိုက္ၿပီး ေျပာလိုက္ပါတယ္။

“ ဒီကိစၥမွာ ေက်ာက္တုံးေတြကို သိမ္းထားသလိုေပါ့။ ခု လႊင့္ပစ္လိုက္ရင္ တန္ဖိုးမရွိဘူး ၊ အဲဒီလိုပဲ၊ ေ႐ႊေတြ ခုဆုံးရႈံးသြားေတာ့ မင္းမွာဘာတန္ဖိုးရွိတာ က်န္ခဲ့လို႔လဲ။ အဲဒါေၾကာင့္ အေစာႀကီးထဲက ေ႐ႊေတြကို ေရာင္းၿပီး မင္းအတြက္ တန္ဖိုးရွိတာ တခုခု ဝယ္ထားလိုက္ရမွာ ”

သင္ခန္းစာ ။ ။ ဒီပုံျပင္ထဲကလို ကိုယ္ပိုင္ဆိုင္ထားသမွ်ကို ကိုယ့္အတြက္ တန္ဖိုးရွိစြာ အသုံးမခ်ဘဲ စုေဆာင္းထားျခင္းက အဓိပၸါယ္ မရွိပါဘူး။ ကိုယ္ပိုင္ဆိုင္ ထားသမွ်ကို ကိုယ္ဘယ္လို အသုံးခ်သလဲ ဆိုတာကသာ တန္ဖိုးျဖစ္ပါတယ္လို႔ သင္ခန္းစာေပးထားတာ ျဖစ္ပါတယ္။

ေျပာခ်င္တာက သင္မွာ ဘယ္ေလာက္ပဲ အရည္အခ်င္းရွိရွိ ၊ သင့္မွာ ဘယ္ေလာက္ပဲ အဖိုးတန္တာေတြ ပိုင္ဆိုင္ပါေစ၊ တန္ဖိုးရွိတဲ့ ေနရာမွာ အသုံးမခ်ဘူး ဆိုရင္ ထိုအဖိုးတန္ပစၥည္းကလည္း တန္ဖိုးမဲ့ေနတာပါပဲ လို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments