ရွှေတူးသမား သားအဖ

ဟိုး ရှေးရှေးတုန်းကပေါ့ ။ ဘုရားကျောင်း တခုမှာ မာလီအဘိုးအို တယောက် ၊ ကျောင် အနီးနားမှာ ရွှေတွင်းတူးနေတဲ့ ဆင်းရဲသား သားဖနှစ်ယောက် ရှိတယ်။

နေ့စဉ် ရွှေတွင်း လာတူးတဲ့ အသံကို ကျောင်းထဲက အဖိုးအို ကြားနေရတယ်။ တနေ့တော့ အဘိုးအိုဟာ ကြားနေကြ အသံ ဖြစ်တဲ့ ရွှေတွင်းတူးတဲ့ အသံ မကြားရတာ ကြာတော့ ဘာတွေများ ဖြစ်လို့လဲ ဆိုပြီး သွားကြည့်တဲ့ အခါ ရွှေတွင်းတူးတဲ့ သားဖနှစ်ယောက် ကိုယ့်ကိုကို သတ်သေသွား ကြတာကို အံသြဖွယ် တွေ့လိုက်ရတယ် ။

သူတို့တွေ ဘာကြောင့် ဒီလောက်ထိ လုပ်ဆောင်ပြီးမှ သက်သေသွားကြရ တာလဲ ။ သိချင်စိတ်နဲ့ သူတို့ ဝန်းကျင်ကို လေ့လာကြည့်တဲ့ အခါမှာတော့ သေတမ်းစာ ရေးထားတဲ့ စာတစောင်ကို တွေ့ရတယ်။

စာထဲမှာ ရေးထားတာ ကတော့ သူတို့ဟာ သူတို့ ပိုင်ဆိုင်သော အိမ်ယာမြေတွေ ရောင်းပြီး ရွှေထွက်တဲ့ မြေကွက်သစ်ကို ဝယ်ခဲ့ကြတယ် တဲ့ ။အခု သူတို့ တူးတဲ့ ရွှေတွင်းက ရွှေမထွက်တော့ နေစရာအိမ်၊ စားစရာမရှိ အကြွေး ပေးစရာလဲ ဘာမှ မရှိကြတော့လို့ လို့ သိရတဲ့ခါမှာ အဘိုးအိုဟာ အရမ်းကို စိတ်မကောင်း ဖြစ်မိတယ်။

" ငွေကြေးဆိုတာ လူတွေကို သေစေနိုင်ပါလား " လို့ ဆိုပြီး အဘိုးအိုဟာ သူတို့ သားအဖပိုင် ရွှေထွက်တယ် ဆိုတဲ့ မြေကို ခြံခက်ပြီး သူတို့သားဖ အတွက် ရည်စူးပြီး လှူဖို့ သူဌေးတဦးထံ ရောင်းခဲ့တယ်တဲ့ ။

ဟိုသူဌေးလည်း ဝယ်ပြီး မကြာခင်မှာ ဘက်ဖိုးနဲ့ တချက် ကုပ်လိုက်တာနဲ့ပဲ ဟိုသားအဖတွေ အနှစ်နှစ် အလလက တူးပြီးရှာနေတဲ့ ရွှေတွေဘွားခနဲဆို တွေ့ လိုက်ရတယ် တဲ့ ။

ဘယ်လောက် ရင်နာစရာ ကောင်းလိုက်လဲ ။ ဟိုသားဖတွေ တရက်ဆိုတဲ့ အချိန်ကို ဇွဲ ရှိရှိနဲ့ ဆက်တူးကြမယ် ဆိုရင် သူဌေး ဖြစ်ကြမှာပေါ့ ။ပုံပြင်လေးကတော့ ဒါပါပဲ ။

အသက်ရှင်နေသရွှေ့ မျော်လင့်ချက် ရှိတယ် ဆိုတာ ယုံပါ။

crd

Zawgyi

ေ၇ႊတူးသမား သားအဖ









crd

Post a Comment

0 Comments