ဆိတ်နှင့်နွား
ဟိုးရှေးရှေးတုန်းက လယ်သမားတယောက်ဟာ ဆိတ်တကောင်ရယ် နွားတကောင်ရယ် မွေးထားတယ်။ တနေ့မှာ နွားဟာ ပြင်းပြင်း ထန်ထန် နေမကောင်းဖြစ်တော့ လယ်သမားကြီးက တရစ္ဆာန် ဆရာဝန်ကို ခေါ်ပြတယ်။ ဒါနဲ့ ဆရာဝန်က နွားကို သေချာ စစ်ကြည့်ပြီး လယ်သမားကြီးကို ပြောတယ်။
" ခင်ဗျားရဲ့ နွားမှာ ရောဂါပိုး ဝင်နေတယ် ဆေးကို ၃ ရက် ဆက်တိုက်လောက် တိုက်ရမယ် ။ ၃ ရက်မြောက်တဲ့နေ့ အထိ ကောင်းမလားဘူး ဆိုရင်တော့ နွားကို သတ်ရလိမ်မယ်။ မနက်ဖြန်က စပြီး ကျွန်တော် ဆေးလာတိုက်ပေးမယ် " ပြောပြောဆိုဆို ဆရာဝန်လည်း ပြန်သွားတယ်။
ဆိတ်ကလည်း ဆရာဝန်က လယ်သမားကြီးကို ပြောနေတာတွေကို ဘေးကနေ ခိုးနားထောင်နေတယ်။ နောက်နေ့ ရောက်တော့ ဆရာဝန်က ဆေးလာတိုက်တယ် ပြီးတော့ ပြန်သွားတယ်။ ဆိတ်က နွားနားကို ကပ်ပြီး ပြောတယ်။
" အားတင်းထား သူငယ်ချင်း အဲလိုမှ မဟုတ်ရင် သူတို့က မင်းကို တသက်လုံး မနိုးသော အိပ်စက်ခြင်းကို လုပ်ပေးလိမ့်မယ် " ဆိတ်က နွားကို အားပေးရှာတယ်။
ဒုတိယနေ့ ဆရာဝန် ရောက်လာတယ်။ နွားကို ဆေးတိုက်ပြီး ပြန်သွားတယ်။ ဆိတ်က နွားနား ကပ်လာပြီး ပြောတယ် " ထတော့ သူငယ်ချင်း ထတော့ မင်းမထရင် သူတို့ မင်းကို သတ်လိမ့်မယ် ၊ ထတော့ သူငယ်ချင်း ထတော့ "
တတိယနေ့ ။ နွားကို ဆေးတိုက်ပြီးချိန် မှာတော့ ဆရာဝန်က လယ်သမားကြီးကို လှမ်းပြောတယ်။ ၃ ရက် မြောက်ခဲ့ပြီ မနက်ဖြန် လာကြည့်လို့ ဒီအခြေအနေတိုင်းဆို ငါတို့ ဒီနွားကို သတ်ရလိမ့်မယ် ။ အဲလိုမဟုတ်ရင် သူမှာရှိတဲ့ ပိုးမွားဟာ တရွာလုံးမှာ ရှိတဲ့ နွားတွေကို ကူးစက် ကုန်လိမ့်မယ်။
ဆရာဝန် ပြန်သွား သွားခြင်းပဲ ဆိတ်ဟာ နွားနားကို သွားပြီး ပြောတယ် " ထတော့ သူငယ်ချင်း ၊ မင်းအတွက် ဒါဟာ နောက်ဆုံး အကြိမ်ပဲ ၊ မင်း အခုမှ ထမရပ်ရင် မင်းအတွက် နောက်နေ့ဆိုတာ မရှိတော့ဘူး ။
ငါမင်းကို တွဲထူမယ် အေး ဟုပ်ပြီကွ ဒါမှ ငါ့သူငယ်ချင်းကွ ဖြည်းဖြည်းထ သတ္တိရှိစမ်းပါကွ၊ ဖြည်းဖြည်း ၊ ရပ်နိုင်ပြီကွ ရပ်နိုင်ပြီ ၊ ပြေး ပြေး ဖြည်းဖြည်း ဖြည်းဖြည်း ရေး " ။
နောက်ဆုံးမှာတော့ နွားဟာ ဆိတ်ရဲ့ ဖေးမအားပေး ကူညီမှုကြောင့် အသက်ဘေးကနေ လွတ်ခဲ့ရတယ်။ အဲ့အချိန်မှာပဲ အပြင်က ပြန်လာတဲ့ လယ်သမားကြီးဟာ သူနွား ခြံထဲမှာ လှည့်ပတ် သွားလာနေတာကို မြင်ရတော့ တော်တော်လေး ပျော်သွားတယ်။
" ငါ့နွားဟာ အကောင်းပဂတိ အတိုင်း ပြန်ဖြစ်လာတယ် မယုံနိုင်စရာပဲ ။ ဒီညတော့ အောင်ပွဲခံတဲ့ အနေနဲ့ ဆိတ်ကို သတ်ပြီး စားကြမယ် " ပြောလဲပြော ဆိတ်ကို ခြံထဲက ဆွဲထုပ်ပြီး ပေါ်စား ပစ်လိုက်ကြတယ် ။
ပုံပြင်လေးကတော့ ဒါပါပဲ။ လောကကြီးမှာ တခါတရံ တဦးတယောက် ကောင်းစားဖို့ ၊ အောင်မြင်ဖို့ ၊ ဘဝတခု ရပ်တည်နိုင်ဖို့ ၊ ထောက်ခံမှု ရဖို့ လူမသိ သူမသိပဲ ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ ရှိပါတယ်။ လူ့ဘောင် လူ့အဖွဲ့စည်း ထဲမှာလည်း ထိုနည်းတူစွာပဲ အသိမှတ်ပြု ချီးမွမ်းထိုက်တဲ့ သူနဲ့ ချီးမွမ်းခံရတဲ့ သူဟာ လွဲနေတာတွေ ရှိပါတယ်။ နောက်ဆုံးမှာ ဆိတ်လိုမျိုး လူတွေဟာ အမေ့ခံ လူတန်းစားထဲ ရောက်သွားတတ်ကြတယ် ။
crd
Zawgyi
ဆိတ်နှင့်နွား
crd
Post a Comment
0 Comments