အယုံလွယ်တဲ့ ဆိတ်ကလေး

ဟိုးရှေးရှေးတုန်းက မြေခွေး တကောင်ဟာ တောထဲမှာ အစာရှာရင်း ရေတွင်းပျက်ထဲ ပြုတ်ကျသွား ပါတော့တယ်။ ရေတွင်းက သိပ်အနက်ကြီး မဟုတ်ပေမယ့် ရေတွင်းထဲကနေ ပြန်ထွက်ဖို့ ရေတွင်း နံရံတွေက ချောနေတဲ့ အတွက် ဘယ်လိုမှ ပြန်တက်လို့ မရဘူး ဖြစ်နေတယ်။

ရေတွင်းထဲမှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေတဲ့ အချိန်မှာပဲ ဆိတ်တကောင်ဟာ ရေရှာရင်း ရေတွင်း နှုတ်ခမ်းဝကို ရောက်လာခဲ့တယ်။

ရေတွင်းထဲကို ငုံ့ကြည့်လိုက်တဲ့အခါ မြေခွေးကို တွေ့သွားတယ်။ တုံး အ တဲ့ ဆိတ်က မြေခွေးကို မေးလိုက် ပါတယ်။

" ဟယ် အဆွေ မြေခွေး ရေသောက်နေ တာလား ၊ ဒီရေတွင်း ထဲက ရေက သန့်ရှင်းပြီး သောက်ရတာ အေးရဲ့ လား " လို့ မေးလိုက် ပါတယ်။ အဲ့ဒီအချိန် ကောက်ကျစ်တဲ့ မြေခွေးက ချက်ချင်း ပြန်ဖြေပါတယ် ။

" ဟယ် အဆွေဆိတ် ဒီရေတွင်းက ရေက ငါသောက်နေကျ ရေတွင်းပဲ ၊ အရမ်း ကြည်လင်ပြီး အေးမြတဲ့ အပြင် ချိူတောင် ချိူသေးတယ် " ဆိုပြီး ရေတွင်းထဲ ဆင်းလာအောင် ဆွဲဆောင် ပါတော့တယ် ။

ဦးနှောက်မရှိတဲ့ ဆိတ်ကလည်း မြေခွေးရဲ့ ပြောစကားကို တကယ်ထင်ပြီး ခုန်ချလိုက်တဲ့ အချိန်မှာပဲ မြေခွေးက ဆိတ်ရဲ့ ကျောပေါ်ကနေ တဆင့် ရေတွင်း နှုတ်ခမ်းဝကို ခုန်တက်လိုက် ပါတော့တယ် ။

ရေတွင်းက သိပ်မနက်တဲ့ အတွက် မြေခွေးဟာ ဆိတ်ရဲ့ ကျောပေါ်ကနေ ခုန်ပြီး ရေတွင်း နှုတ်ခမ်းဝကို ရောက်အောင် ခုန်တက်သွား နိုင်ပါတယ် ။ တုံး အ လွန်းတဲ့ ဆိတ်ကလေး ကတော့ ရေတွင်းထဲမှာ ကျန်ခဲ့ ပါလေရော။

ပုံပြင်လေး ကတော့ ပြီးသွားပါပြီ။ ဘယ်အရာမဆို လွယ်လွယ်နဲ့ ယုံကြည် မလွယ်ဖို့ သင်ခန်းစာ ပေးထားတဲ့ ပုံပြင်လေးပဲ ဖြစ်ပါတယ်။

အလိမ်အညာတွေ များလှတဲ့ ဒီနေ့ခေတ်ကြီးမှာ ဘယ်အရာကို မဆို မစဉ်းစား မဆင်ခြင်ပဲ မယုံမိဖို့ လိုပါတယ် ။

crd


Zawgyi

အယုံလြယ္တဲ့ ဆိတ္ကေလး

ဟိုးေရွးေရွးတုန္းက ေျမေခြး တေကာင္ဟာ ေတာထဲမွာ အစာရွာရင္း ေရတြင္းပ်က္ထဲ ျပဳတ္က်သြား ပါေတာ့တယ္။ ေရတြင္းက သိပ္အနက္ႀကီး မဟုတ္ေပမယ့္ ေရတြင္းထဲကေန ျပန္ထြက္ဖို႔ ေရတြင္း နံရံေတြက ေခ်ာေနတဲ့ အတြက္ ဘယ္လိုမွ ျပန္တက္လို႔ မရဘူး ျဖစ္ေနတယ္။

ေရတြင္းထဲမွာ စိတ္ညစ္ညစ္နဲ႔ ထိုင္ေနတဲ့ အခ်ိန္မွာပဲ ဆိတ္တေကာင္ဟာ ေရရွာရင္း ေရတြင္း ႏႈတ္ခမ္းဝကို ေရာက္လာခဲ့တယ္။ ေရတြင္းထဲကို ငုံ႔ၾကည့္လိုက္တဲ့အခါ ေျမေခြးကို ေတြ႕သြားတယ္။ တုံး အ တဲ့ ဆိတ္က ေျမေခြးကို ေမးလိုက္ ပါတယ္။

" ဟယ္ အေဆြ ေျမေခြး ေရေသာက္ေန တာလား ၊ ဒီေရတြင္း ထဲက ေရက သန႔္ရွင္းၿပီး ေသာက္ရတာ ေအးရဲ႕ လား " လို႔ ေမးလိုက္ ပါတယ္။ အဲ့ဒီအခ်ိန္ ေကာက္က်စ္တဲ့ ေျမေခြးက ခ်က္ခ်င္း ျပန္ေျဖပါတယ္ ။

" ဟယ္ အေဆြဆိတ္ ဒီေရတြင္းက ေရက ငါေသာက္ေနက် ေရတြင္းပဲ ၊ အရမ္း ၾကည္လင္ၿပီး ေအးျမတဲ့ အျပင္ ခ်ိဴေတာင္ ခ်ိဴေသးတယ္ " ဆိုၿပီး ေရတြင္းထဲ ဆင္းလာေအာင္ ဆြဲေဆာင္ ပါေတာ့တယ္ ။

ဦးေႏွာက္မရွိတဲ့ ဆိတ္ကလည္း ေျမေခြးရဲ႕ ေျပာစကားကို တကယ္ထင္ၿပီး ခုန္ခ်လိုက္တဲ့ အခ်ိန္မွာပဲ ေျမေခြးက ဆိတ္ရဲ႕ ေက်ာေပၚကေန တဆင့္ ေရတြင္း ႏႈတ္ခမ္းဝကို ခုန္တက္လိုက္ ပါေတာ့တယ္ ။

ေရတြင္းက သိပ္မနက္တဲ့ အတြက္ ေျမေခြးဟာ ဆိတ္ရဲ႕ ေက်ာေပၚကေန ခုန္ၿပီး ေရတြင္း ႏႈတ္ခမ္းဝကို ေရာက္ေအာင္ ခုန္တက္သြား ႏိုင္ပါတယ္ ။ တုံး အ လြန္းတဲ့ ဆိတ္ကေလး ကေတာ့ ေရတြင္းထဲမွာ က်န္ခဲ့ ပါေလေရာ။

ပုံျပင္ေလး ကေတာ့ ၿပီးသြားပါၿပီ။ ဘယ္အရာမဆို လြယ္လြယ္နဲ႔ ယုံၾကည္ မလြယ္ဖို႔ သင္ခန္းစာ ေပးထားတဲ့ ပုံျပင္ေလးပဲ ျဖစ္ပါတယ္။

အလိမ္အညာေတြ မ်ားလွတဲ့ ဒီေန႔ေခတ္ႀကီးမွာ ဘယ္အရာကို မဆို မစဥ္းစား မဆင္ျခင္ပဲ မယုံမိဖို႔ လိုပါတယ္ ။

crd

Post a Comment

0 Comments