နွားထက်ကြီးတဲ့ ဖားပြုတ်

တခါတုန်းက ရေအိုင်တခုမှာ ဖားတအုပ်နေထိုင်ကြတယ်။ သူတို့နေတဲ့ ရေအိုင်က လူတွေနေတဲ့ နေရာနဲ့လည်း ဝေးတယ်။ အဲဒါကြောင့်လည်း ဖားတသိုက်ဟာ လူ၊ ကျွဲ၊ နွား၊ ခွေး စတဲ့ တိရစ္ဆာန်တွေကိုလည်း မမြင်ဘူးဘဲ ရှိနေခဲ့ကြတယ်။

တနေ့တော့ မျက်စေ့လည် လမ်းမှားလာတဲ့ နွားတကောင်ဟာ ဖားတွေနေတဲ့ ရေအိုင်မှာ ရေလာသောက်တယ်။ ဖားတွေဟာ နွားကို ကြည့်ရင်း အံ့သြသွားကြတယ်။

“ ဟား အင်မတန်ကြီးမားတဲ့ ဧရာမ သတ္တဝါကြီးပဲ ။ ငါတို့တွေက သူ့ခြေရာခွက်ထဲမှာ ရေစိမ်လို့တောင်ရတယ်၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး။”

“ အေးကွ အရင်က ကိုဖားပြုတ်ကို အကြီးဆုံးလို့ ထင်ထားတာ ခုမှ၊ ဒီသတ္တဝါကြီးက အကြီးဆုံးဆိုတာ သိတော့တယ်။ သူနဲ့ယှဉ်ရင် ကိုဖားပြုတ်က အီးပေါလောပဲ”

ဖားကလေးတွေ အဲဒီလို ပြောဆိုနေတုန်းအခိုက်မှာပဲ ဖားပြုတ်ရောက်လာတယ်။ သူက ဒီလိုပြောတယ်

“ ဟေ့ကောင်တွေ မင်းတို့ပြောတဲ့ အကောင်က ဘာကောင်မို့လဲ ။ လောကမှာ ငါ့ထက် ကြီးတဲ့အကောင်ဆိုတာ မရှိဘူး ။ ငါအကြီးဆုံးပဲ”

ဖားပြုတ်က ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်လုံးကို လေတွေနဲ့ ဖောင်းထားလိုက်တယ်။

“ တွေ့လား ဟေ့ရောင်တွေ ၊ ခု မင်းတို့တွေ့ရတဲ့ သတ္တဝါကြီးနဲ့ တူတယ်မလား”

ဖားပြုတ်က တကိုယ်လုံးကို လေနဲ့ဖောင်းထားတာကို ကြည့်ပြီး ကျန်တဲ့ဖားတွေက ရယ်မောကြတယ်။

“ ခင်ဗျားဖောင်းထားတာက ကျွန်တော်တို့တွေ့တဲ့ သတ္တဝါကြီးရဲ့ အီးပုံလောက်ပဲ ရှိတယ်”

အဲဒီစကားကိုကြားတဲ့အခါ ဖားပြုတ်က သူ့ကိုယ်လုံးကို ထပ်ပြီးမကြီးကြီးအောင် လေတွေထပ်ဖြည့်လိုက်တယ် ။ ဖားကလေးတွေကလည်း လှောင်ပြန်တယ်

“ ဟား ဟား ဟိုသတ္တဝါကြီးရဲ့ ခြေရာခွက်ထဲမှာ ခင်ဗျားလိုအကောင် သုံးလေးကောင်လောက် နေလို့ရတယ်”

အဲဒီအခါမှာလည်း ဖားပြုတ်က ပိုပြီးဖောင်းသည်ထက် ဖောင်အောင် ပြုလုပ်ပြန်တယ်။ ဖားကလေးတွေက ရယ်မောကြပြန်တယ်။ ဖားပြုတ်က ဖောင်းရင်းဖောင်းရင်းနဲ့ နောက်ဆုံးမှာတော့ ရင်ကွဲပြီး သေပွဲဝင်ရသတဲ့။

တခါတလေမှာ ကျွန်တော်တို့တွေဟာ သူတပါး အထင်ကြီးအောင် ကြိုးစားရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ Identity ပျောက်ဆုံးလာကြတယ်။ အဆိုတော်တယောက်ကို အများကြိုက်ကြတဲ့အခါ ကိုယ်မကြိုက်ရင် လူရာမဝင်သယောင် ထင်မြင်လာတယ်။ စာအုပ်တအုပ်ကို အများကြိုက်ကြတဲ့အခါ ကိုယ်မကြိုက်ရင် လူမဖြစ်သယောင် ထင်မြင်လာတယ်။

နာမည်ကြီးကြက်ကြော်ဆိုင်၊ ဘာဂါဆိုင် ကိုယ့်အကြိုက်နဲ့ သိပ်မကိုက်ညီလှပေမယ့်လည်း အများကြိုက်နေတာကြောင့် ဇွတ်မှိတ်ပြီး ကြိုက်လိုက်ကြပြန်တယ်။ လူအများရဲ့ trend ကိုလိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာကြတယ်။

ကိုယ်မကြိုက်တဲ့ ကော်ဖီတခွက်ကို လူအများအထင်ကြီးစေဖို့ ကြေးကြီးပေးပြီး သောက်နေသူတွေလည်း ရှိသလို။ ကိုယ်ဖတ်မကြည့်တဲ့ စာအုပ်တအုပ်နဲ့ ဓါတ်ပုံတွဲရိုက်ကြသူတွေလည်းရှိကြတယ်။

လူတွေဟာ အထင်ကြီးခံရဖို့ အတွက် မိမိရဲ့စစ်မှန်တဲ့ true colour ကို အရောင်တွေခြယ်သထားကြသူတွေဖြစ်လာကြတယ်။ နွားနဲ့တူအောင် လိုက်ဖောင်းနေတဲ့ ဖားပြုတ်လို ကိုယ်နဲ့မတူတဲ့ ဝန်းကျင်တစ်ခုရဲ့ အထင်ကြီးခြင်း ကိုရဖို့အတွက် အဓိပ္ပါယ်မဲ့စွာ ကြိုးစားနေကြသူတွေပဲဖြစ်တယ်။

ကိုယ့်ရဲ့ အရောင်မှန်ကို ဖုံးကွယ်တဲ့ လူသားတွေဟာ တခြားသော ဖုံးကွယ်လူသားအချင်းချင်း တွေ့ဆုံကြ၊ အချင်းချင်းဖုံးကွယ်လိမ်ညာရင်းနဲ့ တခဏတာ သာယာကြတယ်။

ဒါပေမယ့် လောကဓံ လှိုင်းကြမ်း တချက်အရိုက်မှာ အပေါ်ယံ အလွှာကွာအကျမှာတော့ အထင်နဲ့အမြင် တလွဲစီဖြစ်ရင်း အချင်းချင်းအပြစ်တင်ကြ၊ လမ်းခွဲကြနဲ့ပဲ အဆုံးသတ်သွားကြ ပြန်တယ် ။

မတူတာကို တုမိတဲ့အတွက် ရင်ကွဲတဲ့ ဖားပြုတ်လို ရင်ကွဲပက်လက်တွေဖြစ်ကြပြန်တယ်။ တပါးသူတွေရဲ့ အကြိုက်ကို လိုက်ရင်း အချိန်ကုန် ၊ ငွေကုန်၊ အကျိုးမဲ့တွေဖြစ်ကြပြန်တယ် ။

တကယ်တော့ ကိုယ့်နှစ်သက်ရာ၊ ကိုယ်အထင်ကြီးလေးစားရာကို ဖော်ပြခြင်းသာလျင် ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်ခြင်းဖြစ်သလို ဟန်ဆောင်ခြင်းကင်းတဲ့ ဖြူစင်ခြင်းလည်းဖြစ်တယ်။ တကယ်တမ်းမှာလည်း ကိုယ့်ကို တကယ်ချစ်မြတ်နိုးသူကို ရှာဖို့ ကိုယ့်ရဲ့ အရောင်အသွေး အမှန်ကို ပြဖို့တော့ လိုမှာပဲဖြစ်တယ်။

“ Don’t be afraid of being different, be afraid of being the same as everyone else.”

သူများတွေနဲ့ မတူမှာကိုမစိုးရိမ်ပါနဲ့။ သူများယောင်တိုင်း လိုက်ယောင်တဲ့သူ ဖြစ်မှာကိုသာ စိုးရိမ်ပါ ဆိုတဲ့စကားအတိုင်း ကိုယ့်ရဲ့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ဖော်ပြတတ်ဖို့ လိုနေမှာပဲ ဖြစ်တယ် ။

crd

Zawgyi

ႏြားထက္ႀကီးတဲ့ ဖားျပဳတ္

တခါတုန္းက ေရအိုင္တခုမွာ ဖားတအုပ္ေနထိုင္ၾကတယ္။ သူတို႔ေနတဲ့ေရအိုင္က လူေတြေနတဲ့ေနရာနဲ႔လည္း ေဝးတယ္။ အဲဒါေၾကာင့္လည္း ဖားတသိုက္ဟာ လူ၊ ကြၽဲ၊ ႏြား၊ ေခြး စတဲ့ တိရစာၦန္ေတြကိုလည္း မျမင္ဘူးဘဲ ရွိေနခဲ့ၾကတယ္။

တေန႔ေတာ့ မ်က္ေစ့လည္လမ္းမွားလာတဲ့ ႏြားတေကာင္ဟာ ဖားေတြေနတဲ့ ေရအိုင္မွာ ေရလာေသာက္တယ္။ ဖားေတြဟာ ႏြားကို ၾကည့္ရင္း အံ့ၾသသြားၾကတယ္။

“ ဟား အင္မတန္ႀကီးမားတဲ့ ဧရာမ သတၱဝါႀကီးပဲ ။ ငါတို႔ေတြက သူ႔ေျခရာခြက္ထဲမွာ ေရစိမ္လို႔ေတာင္ရတယ္၊ နည္းတဲ့အေကာင္ႀကီးမဟုတ္ဘူး။”

“ေအးကြ အရင္က ကိုဖားျပဳတ္ကို အႀကီးဆုံးလို႔ ထင္ထားတာ ခုမွ၊ ဒီသတၱဝါႀကီးက အႀကီးဆုံးဆိုတာ သိေတာ့တယ္။ သူနဲ႔ယွဥ္ရင္ ကိုဖားျပဳတ္က အီးေပါေလာပဲ”

ဖားကေလးေတြ အဲဒီလို ေျပာဆိုေနတုန္းအခိုက္မွာပဲ ဖားျပဳတ္ေရာက္လာတယ္။ သူက ဒီလိုေျပာတယ္

“ေဟ့ေကာင္ေတြ မင္းတို႔ေျပာတဲ့ အေကာင္က ဘာေကာင္မို႔လဲ ။ ေလာကမွာ ငါ့ထက္ ႀကီးတဲ့အေကာင္ဆိုတာ မရွိဘူး ။ ငါအႀကီးဆုံးပဲ”

ဖားျပဳတ္က ေျပာေျပာဆိုဆိုနဲ႔ သူ႔ကိုယ္လုံးကို ေလေတြနဲ႔ ေဖာင္းထားလိုက္တယ္။

“ေတြ႕လား ေဟ့ေရာင္ေတြ ၊ ခု မင္းတို႔ေတြ႕ရတဲ့ သတၱဝါႀကီးနဲ႔ တူတယ္မလား”

ဖားျပဳတ္က တကိုယ္လုံးကို ေလနဲ႔ေဖာင္းထားတာကို ၾကည့္ၿပီး က်န္တဲ့ဖားေတြက ရယ္ေမာၾကတယ္။

“ခင္ဗ်ားေဖာင္းထားတာက ကြၽန္ေတာ္တို႔ေတြ႕တဲ့ သတၱဝါႀကီးရဲ႕ အီးပုံေလာက္ပဲ ရွိတယ္”

အဲဒီစကားကိုၾကားတဲ့အခါ ဖားျပဳတ္က သူ႔ကိုယ္လုံးကို ထပ္ၿပီးမႀကီးႀကီးေအာင္ ေလေတြထပ္ျဖည့္လိုက္တယ္ ။ ဖားကေလးေတြကလည္း ေလွာင္ျပန္တယ္

“ဟား ဟား ဟိုသတၱဝါႀကီးရဲ႕ ေျခရာခြက္ထဲမွာ ခင္ဗ်ားလိုအေကာင္ သုံးေလးေကာင္ေလာက္ ေနလို႔ရတယ္”

အဲဒီအခါမွာလည္း ဖားျပဳတ္က ပိုၿပီးေဖာင္းသည္ထက္ ေဖာင္ေအာင္ ျပဳလုပ္ျပန္တယ္။ ဖားကေလးေတြက ရယ္ေမာၾကျပန္တယ္။ ဖားျပဳတ္က ေဖာင္းရင္းေဖာင္းရင္းနဲ႔ ေနာက္ဆုံးမွာေတာ့ ရင္ကြဲၿပီး ေသပြဲဝင္ရသတဲ့။

တခါတေလမွာ ကြၽန္ေတာ္တို႔ေတြဟာ သူတပါး အထင္ႀကီးေအာင္ ႀကိဳးစားရင္းနဲ႔ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ရဲ႕ Identity ေပ်ာက္ဆုံးလာၾကတယ္။ အဆိုေတာ္တေယာက္ကို အမ်ားႀကိဳက္ၾကတဲ့အခါ ကိုယ္မႀကိဳက္ရင္ လူရာမဝင္သေယာင္ ထင္ျမင္လာတယ္။ စာအုပ္တအုပ္ကို အမ်ားႀကိဳက္ၾကတဲ့အခါ ကိုယ္မႀကိဳက္ရင္ လူမျဖစ္သေယာင္ ထင္ျမင္လာတယ္။

နာမည္ႀကီးၾကက္ေၾကာ္ဆိုင္၊ ဘာဂါဆိုင္ ကိုယ့္အႀကိဳက္နဲ႔ သိပ္မကိုက္ညီလွေပမယ့္လည္း အမ်ားႀကိဳက္ေနတာေၾကာင့္ ဇြတ္မွိတ္ၿပီး ႀကိဳက္လိုက္ၾကျပန္တယ္။ လူအမ်ားရဲ႕ trend ကိုလိုက္ရင္း ကိုယ့္ကိုယ္ကို ေပ်ာက္ဆုံးလာၾကတယ္။

ကိုယ္မႀကိဳက္တဲ့ ေကာ္ဖီတခြက္ကို လူအမ်ားအထင္ႀကီးေစဖို႔ ေၾကးႀကီးေပးၿပီး ေသာက္ေနသူေတြလည္း ရွိသလို။ ကိုယ္ဖတ္မၾကည့္တဲ့ စာအုပ္တအုပ္နဲ႔ ဓါတ္ပုံတြဲ႐ိုက္ၾကသူေတြလည္းရွိၾကတယ္။

လူေတြဟာ အထင္ႀကီးခံရဖို႔ အတြက္ မိမိရဲ႕စစ္မွန္တဲ့ true colour ကို အေရာင္ေတြျခယ္သထားၾကသူေတြျဖစ္လာၾကတယ္။ ႏြားနဲ႔တူေအာင္ လိုက္ေဖာင္းေနတဲ့ ဖားျပဳတ္လို ကိုယ္နဲ႔မတူတဲ့ ဝန္းက်င္တစ္ခုရဲ႕ အထင္ႀကီးျခင္း ကိုရဖို႔အတြက္ အဓိပၸါယ္မဲ့စြာ ႀကိဳးစားေနၾကသူေတြပဲျဖစ္တယ္။

ကိုယ့္ရဲ႕ အေရာင္မွန္ကို ဖုံးကြယ္တဲ့ လူသားေတြဟာ တျခားေသာ ဖုံးကြယ္လူသားအခ်င္းခ်င္း ေတြ႕ဆုံၾက၊ အခ်င္းခ်င္းဖုံးကြယ္လိမ္ညာရင္းနဲ႔ တခဏတာ သာယာၾကတယ္။

ဒါေပမယ့္ ေလာကဓံ လႈိင္းၾကမ္း တခ်က္အ႐ိုက္မွာ အေပၚယံ အလႊာကြာအက်မွာေတာ့ အထင္နဲ႔အျမင္ တလြဲစီျဖစ္ရင္း အခ်င္းခ်င္းအျပစ္တင္ၾက၊ လမ္းခြဲၾကနဲ႔ပဲ အဆုံးသတ္သြားၾက ျပန္တယ္ ။

မတူတာကို တုမိတဲ့အတြက္ ရင္ကြဲတဲ့ ဖားျပဳတ္လို ရင္ကြဲပက္လက္ေတြျဖစ္ၾကျပန္တယ္။ တပါးသူေတြရဲ႕ အႀကိဳက္ကို လိုက္ရင္း အခ်ိန္ကုန္ ၊ ေငြကုန္၊ အက်ိဳးမဲ့ေတြျဖစ္ၾကျပန္တယ္ ။

တကယ္ေတာ့ ကိုယ့္ႏွစ္သက္ရာ၊ ကိုယ္အထင္ႀကီးေလးစားရာကို ေဖာ္ျပျခင္းသာလ်င္ ကိုယ္ကိုယ္တိုင္ရဲ႕ စစ္မွန္တဲ့ ျဖစ္တည္ျခင္းျဖစ္သလို ဟန္ေဆာင္ျခင္းကင္းတဲ့ ျဖဴစင္ျခင္းလည္းျဖစ္တယ္။ တကယ္တမ္းမွာလည္း ကိုယ့္ကို တကယ္ခ်စ္ျမတ္ႏိုးသူကို ရွာဖို႔ ကိုယ့္ရဲ႕ အေရာင္အေသြး အမွန္ကို ျပဖို႔ေတာ့ လိုမွာပဲျဖစ္တယ္။

“Don’t be afraid of being different, be afraid of being the same as everyone else.”

သူမ်ားေတြနဲ႔ မတူမွာကိုမစိုးရိမ္ပါနဲ႔။ သူမ်ားေယာင္တိုင္း လိုက္ေယာင္တဲ့သူ ျဖစ္မွာကိုသာ စိုးရိမ္ပါ ဆိုတဲ့စကားအတိုင္း ကိုယ့္ရဲ႕ယုံၾကည္ရာကို ရဲရဲဝံ့ဝံ့ေဖာ္ျပတတ္ဖို႔ လိုေနမွာပဲ ျဖစ္တယ္ ။

crd

Post a Comment

0 Comments