အတွေးများတဲ့ ဖား
တခါတုန်းက ဖားတစ်ကောင်ဟာ ကင်းခြေများ တစ်ကောင် လမ်းလျှောက်လာတာ မြင်လိုက်တဲ့အခါ ဒီလို စဉ်းစားမိတယ်။
အော် ငါ့မှာ ခြေနှစ်ချောင်းနဲ့ လက်နှစ်ဖက်ထဲတောင် လမ်းလျှောက်ရတာ ခက်နေတယ်။ တစ်ခါတစ်လေ ဘယ်နဲ့ညာ မှားပြီး ခြေလှမ်းတွေ လွဲနေတက်သေးတယ်။
ဒါပေမဲ့ ဒီကောင်ကြီးက ခြေထောက်တွေ မရေတွက်နိူင်အောင် ရှိနေသာ ဘယ်လိုများ လမ်းလျှောက်လည်း မသိဘူး ၊ တော်တော်ထူးဆန်းသာပဲ။
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်း ဆိုပြီး သူ့ခြေထောက်တွေကို ဘယ်လိုများ ထိမ်းချုပ်သလဲ မသိဘူး ။ အဲ့ဒါနဲ့ ဖားက ကင်းခြေများဆီ သွားပြီး ဒီလို မေးလိုက်တယ်။
" အဆွေ ကင်းခြေများ.. ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ ဘယ်လိုများ လမ်းလျှောက်ပါသလဲ ၊ ကျနော်တော့ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ။ ထိမ်းချုပ်နိူင်ဖို့ ဆိုတာ တော်တော်ကို မလွယ်ကူတဲ့ ကိစ္စပဲ "
အဲ့ဒီတော့ ကင်းခြေများက ပြန်ပြောတယ်..
" ငါမွေးကတည်း ဒီလို လမ်းလျှောက်လာတာ မင်းလို တစ်ခါမှ မတွေးမိဖူးဘူး။ ဘာပဲဖြစ်ဖြစ် မေးလာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့။ နေအုံး ငါစဉ်းစားလိုက်အုံးမယ် " ဆိုပြီး တစ်အောင့်ရပ်ပြီး ခေတ္တခဏ စဉ်းစားနေသတဲ့။
အဲ့ဒီ မေးခွန်းဟာ ကင်းခြေများအတွက် ပထမဦးဆုံး အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ၊ ဘယ်ခြေထောက်ကိုကြတော့ နောက်မှရွေ့ရမလဲဆိုပြီး ခြေထောက်တွေ တစ်ချောင်းချင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေမှားပြီး ချိတ်မိကုန်တယ်။
တည့်တည့်လည်း လျှောက်မရတော့ပဲ ကို့ယိုကားယား ဖြစ်ကုန်လေရောသတဲ့။ ဒါနဲ့ ကင်းခြေများက ဖားကို ပြောတော့တာပေါ့..
" မင်းနောက်တစ်ခါ တစ်ခြားကင်းခြေများတွေကို ဒီလိုမေးခွန်းမျိုး နောက်ထပ် မမေးမိစေနဲ့ ။ ငါ့ဘာသာ ဒီတိုင်း လမ်းလျှောက်လာတာ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ အခု မင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ။ ဘယ်ခြေထောက်ကို စလှမ်းရမှန်း မသိတော့ဘူး ။ ဘယ်လိုလုပ်မလဲ။ "
...
ကျွန်တော်တို့ လူတွေဟာလည်း ဒီတိုင်းနေနေကြတာ အေးချမ်နေကြသည်။ ဒါပေမဲ့ တစ်ချို့လူတွေက သူတို့ရဲ့ပြဿနာ အသီးသီးကို ယူလာကြပြီး ပြောကြတာကို ကျွန်တော်တို့တတွေ သွားနားထောင်မိတော့တဲ့အခါ ကိုယ်လည်း သူတို့နဲ့ အတူတူ အပူသောကတွေ စိတ်ရူပ် စိတ်ညစ်စရာတွေ ကူးလာပါလေရော။
အစက ကိုယ့်ဘဝ ကိုယ့်အခြေအနေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ နေလာတာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ စားဖို့လောက်ငှနေရင် ဘာမှ ပူလောင်စရာ မရှိကြပါဘူး။
ဒါပေမယ့် တစ်ခြားလူတွေဘဝ ကောင်းစားနေတာလည်းမြင်ရော.. ဟိုလူက ဒီလို ကောင်းစားနေတာ ဒီလူက စိန်ရွှေရတနာတိုက်နဲ့ ကားနဲ့ ချမ်းသာ နေကြတာဆိုလည်းမြင်ရော ၊ သူ့တို့က ဘာတွေရှိနေပြီး ပိုင်နေကြပြီး ၊ ငါတို့မှာ ဒီဟာမရှိသေးဘူး ၊ ဟိုဟာ မပိုင်သေးဘူး စသဖြင့် ကိုယ့်ဘာသာကို လျှောက်ပြီးတွေးတော့သာပဲ ။
နောက်ဆုံးတော့ နဂိုအေးချမ်း ပျော်ရွှင်နေသော ကိုယ့်ဘဝဟာ သောကတွေက ကိုယ့်စိတ်တွေကို ကူးစပ်ပူလောင် စေတော့တာပဲ။ ဒါ့ကြောင့် ဘယ်သူဘာပြောပြော ကိုယ့်လမ်းကို မှန်မှန်လေး လျှောက်လှမ်းပါ။ တခြားသူဘဝကို အားကျပြီး နဂို ပျော်ရွှင်အေးချမ်းနေသော ကိုယ့်ဘဝရဲ့ တန်ဖိုးကို မမေ့ပါနဲ့။
ဘဝထဲက တစ်ချို့ ဘာမှမပြော သလောက်သော ဘာမှမဟုတ်သော ပြဿနာတွေကို ပုံကြီးချဲ့ပြီး တွေးပူမနေပါနဲ့။ မလိုအပ်သော တစ်ချို့သော အပိုအလျံ အရာဝတ္ထုတွေကြောင့် နဂိုအေးချမ်း ပျော်ရွှင်နေသော မိမိဘဝထဲက ပျော်ရွှင်မှုများကို မဖျက်စီးလိုက်ပါနဲ့။
သူများစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့။ မိမိစိတ်ကို မတွေဝေပါနဲ့... ။ လူတိုင်းမှာ အခက်အခဲ ပြဿနာ ရှိကြပါတယ်။ ကိုယ်တစ်ယောက်တည်းပဲ ပြဿနာ ရှိကြတာ မဟုတ်ဘူး။
crd
for zawgyi
အေတြးမ်ားတဲ့ ဖား
ဒါပေမဲ့ ဒီကောင်ကြီးက ခြေထောက်တွေ မရေတွက်နိုင်အောင် ရှိနေသာ ဘယ်လိုများ လမ်းလျှောက်လည်း မသိဘူး ၊ တော်တော်ထူးဆန်းသာပဲ။
...
crd
Post a Comment
0 Comments