ပူနေတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်ရင် ရလာမယ့် ဆိုးကျိုးများ

အစားအစာ အပူကြီးကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်တဲ့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က အစားအစာကို မြန်မြန် အေးသွားအောင်လို့ပါ။ နောက်တစ်ခုက အစားအစာကို အခန်းအပူချိန်ထိ ရောက်သွားအောင်လို့ ထည့်တာပါ။

မီးဖိုပေါ်ကနေ ချလာတဲ့ အစားအစာ အပူကြီးကို ရေခဲသေတ္တာထဲ ချက်ချင်း ထည့်တဲ့အခါ..

- ရေခဲသေတ္တာထဲက စင်တွေရဲ့ သက်တမ်းက ကြာကြာ မခံတော့ပါဘူး။

- အစားအစာ အပူကနေ ထွက်လာတဲ့ အပူငွေ့တွေက ရေခဲသေတ္တာရဲ့ နံရံတွေကို သွားထိပြီး ရေစက်တွေ ကျလာနိုင်သလို ရေခဲတွေလည်း ဖြစ်သွားနိုင်ပါတယ်။

- အစားအစာ အပူကြီးကို ရေခဲသေတ္တာထဲ ချက်ချင်းထည့်မယ် ဆိုရင် ရေခိုးတွေ မရိုက်အောင် အဖုံးဖုံးပြီးမှ ထည့်ပါ။

- ရေခဲသေတ္တာထဲမှာ အစားအစာ အပူကြီးကို အေးအောင် လုပ်ပေးရလို့ လျှပ်စစ်စွမ်းအင်က ပိုလိုအပ်ပါတယ်။

- ရေခဲသေတ္တာထဲမှာ မြန်မြန်အေးစေတဲ့ စနစ်ပါရင်တော့ အသုံးပြုသင့်ပါတယ်။

အစားအစာ အပူကြီးကို ရေခဲသေတ္တာထဲ ချက်ချင်း ထည့်လိုက်တဲ့အခါ အထဲမှာ အပူချိန်တွေ တိုးလာပါတယ်။ အခန်းအပူချိန်မှာ ၂ နာရီလောက် ထားပြီးမှသာ ရေခဲသေတ္တာထဲကို ထည့်သင့်ပါတယ်။

အစားအစာတွေကို အခန်းအပူချိန်မှာ သာမန်အတိုင်း အအေးခံဖို့..

- အနီးအနားမှာ ပန်ကာ ဖွင့်ထားလို့ ရပါတယ်။

- ရေထည့်ထားတဲ့ ဇလုံတစ်ခုထဲမှာ ပူနေတဲ့ အစားအစာပန်းကန်ကို ထည့်ပြီး အအေးခံလို့ ရပါတယ်။

- ပြင်ပလေရတဲ့နေရာမှာ အအေးခံလို့လည်း ရပါတယ်။

Zombie (Lovemedia)

for zawgyi

ပူေနတဲ့ အစားအစာေတြကို ေရခဲေသတၱာထဲ ခ်က္ခ်င္းထည့္ရင္ ရလာမယ့္ ဆိုးက်ိဳးမ်ား

အစားအစာ အပူႀကီးကို ေရခဲေသတၱာထဲ ခ်က္ခ်င္းထည့္တဲ့ အေၾကာင္းအရင္း ႏွစ္ခ်က္ ရွိပါတယ္။ ပထမတစ္ခ်က္က အစားအစာကို ျမန္ျမန္ ေအးသြားေအာင္လို႔ပါ။ ေနာက္တစ္ခုက အစားအစာကို အခန္းအပူခ်ိန္ထိ ေရာက္သြားေအာင္လို႔ ထည့္တာပါ။

မီးဖိုေပၚကေန ခ်လာတဲ့ အစားအစာ အပူႀကီးကို ေရခဲေသတၱာထဲ ခ်က္ခ်င္း ထည့္တဲ့အခါ..

- ေရခဲေသတၱာထဲက စင္ေတြရဲ႕ သက္တမ္းက ၾကာၾကာ မခံေတာ့ပါဘူး။

- အစားအစာ အပူကေန ထြက္လာတဲ့ အပူေငြ႕ေတြက ေရခဲေသတၱာရဲ႕ နံရံေတြကို သြားထိၿပီး ေရစက္ေတြ က်လာႏိုင္သလို ေရခဲေတြလည္း ျဖစ္သြားႏိုင္ပါတယ္။

- အစားအစာ အပူႀကီးကို ေရခဲေသတၱာထဲ ခ်က္ခ်င္းထည့္မယ္ ဆိုရင္ ေရခိုးေတြ မ႐ိုက္ေအာင္ အဖုံးဖုံးၿပီးမွ ထည့္ပါ။

- ေရခဲေသတၱာထဲမွာ အစားအစာ အပူႀကီးကို ေအးေအာင္ လုပ္ေပးရလို႔ လွ်ပ္စစ္စြမ္းအင္က ပိုလိုအပ္ပါတယ္။

- ေရခဲေသတၱာထဲမွာ ျမန္ျမန္ေအးေစတဲ့ စနစ္ပါရင္ေတာ့ အသုံးျပဳသင့္ပါတယ္။

အစားအစာ အပူႀကီးကို ေရခဲေသတၱာထဲ ခ်က္ခ်င္း ထည့္လိုက္တဲ့အခါ အထဲမွာ အပူခ်ိန္ေတြ တိုးလာပါတယ္။ အခန္းအပူခ်ိန္မွာ ၂ နာရီေလာက္ ထားၿပီးမွသာ ေရခဲေသတၱာထဲကို ထည့္သင့္ပါတယ္။

အစားအစာေတြကို အခန္းအပူခ်ိန္မွာ သာမန္အတိုင္း အေအးခံဖို႔..

- အနီးအနားမွာ ပန္ကာ ဖြင့္ထားလို႔ ရပါတယ္။

- ေရထည့္ထားတဲ့ ဇလုံတစ္ခုထဲမွာ ပူေနတဲ့ အစားအစာပန္းကန္ကို ထည့္ၿပီး အေအးခံလို႔ ရပါတယ္။

- ျပင္ပေလရတဲ့ေနရာမွာ အေအးခံလို႔လည္း ရပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments