သင်ဟာ အဖော်မက်တဲ့ သူတယောက်ဆိုရင် ဒါလေးကို ဖတ်ကြည့်ပါ

သင်က အဖော်မက်တဲ့ သူတယောက်လား

ကျနော် အရင်က အဖော်မက်ခဲ့တဲ့ သူတယောက်ပါ။ ဒါပေမယ့် ရင့်ကျက်လာတာနဲ့အမျှ ဘဝဆိုတာ သူလည်း သူရွေးချယ်ရာလမ်းကို လျှောက်ကြရသလို ၊ ကိုယ်လည်း ကိုယ်ရွေးချယ်ထားတဲ့ လမ်းကို လျှောက်ကြရတယ် ဆိုတာ ကျနော် နားလည်လာတယ်။

ကျောင်းမှာ သူငယ်ချင်းတွေ စားအတူ၊ သွားအတူ ၊ ဘာလုပ်လုပ် တပူးတွဲတွဲနဲ့ သိပ်ကို ပျော်စရာကောင်းပါတယ်။ ဘယ်သွားသွား၊ ဘယ်လုပ်လုပ် ကိုယ့်ဘေးမှာ အဖော်ပါတာကို ကြိုက်တယ်။ ကျနော်တို့ နက်နဲတဲ့ အတွေးကမ္ဘာထဲကို ခနလောက်သွားကြည့်ရအောင်။

ကျောင်းတုန်းက ဘယ်လောက်ချစ်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေကလည်း ကျောင်းပီးလို့ အချိန်တန်တော့လည်း ကိုယ်ယုံကြည်ရာကို လျှောက်ကြရတယ်။ တကယ်တော့ ကျနော်တို့ အားလုံးက ဘဝခရီးလမ်းမှာ ယာယီလာဆုံကြတဲ့ မိတ်ဆွေသင်္ဂဟတွေပါ။

အချိန်တန်လို့ နှုတ်ဆက်ကြရတော့လည်း ကိုယ်ယုံကြည်ရာ အိပ်မက်ခရီးတွေကို ဆက်လျှောက်ကြရတယ်။ မျက်စိလေးမှိတ်ပီး နဖူးပေါလက်တင် စဉ်းစားကြည့်ပါ။

ဘယ်သူငယ်ချင်းက ကိုယ့်ကို မခွဲနိုင်လို့ဆိုပီး ကျောင်းပီးရင် အတူလိုက်နေလို့လဲ။ အားလုံးက အချိန်တန်ရင် လက်ပြနှုတ်ဆက်ကြရတယ်။

အဲ့တော့ တယောက်တည်းလည်း နေတတ်အောင် လေ့ကျင့်ထားပါ မိတ်ဆွေ။

ကျနော့်မှာ အကိုဝမ်းကွဲတယောက် ရှိတယ်။ ဘွဲ့ရပီးပီ။ အလုပ်လျှောက်ဖို့ ထောက်ခံစာ လုပ်တာကအစ အိမ်က လိုက်လုပ်ပေးရတယ်၊ ကိုယ်ဝတ်မယ့် အင်္ကျီကိုယ်တောင် မိဘက ဝယ်ဆင်ပေးရတယ်။ ဘယ်မှ တယောက်တည်း မသွားရဲသလို၊ လူရာလည်း မဝင်ရဲဘူး။

မြန်မာနိုင်ငံက လူငယ်တွေတော်တော်များက မိဘတွေရဲ့ ထိန်းချုပ်မှုတွေနဲ့ ရှင်သန်ရတာများတယ်။ ဟိုနေရာလည်းစိတ်မချ၊ ဒီနေရာလည်း စိတ်မချနဲ့ ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတမ်း စိတ်မချဘူး။ ဒီလိုမျိုးတွေက သားသမီးတွေကို ချစ်ရာမရောက်ဘဲ နှစ်ရာ ရောက်သွားတတ်တယ်။

အာ့ကြောင့် ကိုယ်သင်တန်းတက်ဖို့ လိုတာလား ဘယ်သူ့မှ အဖော်ညှိမနေပါနဲ့ တယောက်တည်း တက်ပါ။ ကိုယ်အလုပ်လျှောက်မှာလား၊ အဝတ်အစား ဝယ်မှာလား၊ shopping ထွက်မှာလား၊ ကွန်ပြူတာ သင်တန်းတက်မှာလား၊ အင်္ဂလိပ်စာ တက်မှာလား ဘယ်သူ့ကိုမှ အဖော်ညှိမနေပါနဲ့ တယောက်တည်း တက်ပါ။ တယောက်တည်း လုပ်ပါ။

သင်ပိုင်တဲ့ ဘဝခရီးလမ်းက သင်ကိုယ်တိုင် တယောက်တည်း လျှောက်ရမှာပါ။ သင်ပိုင်တဲ့ အရိပ်တောင် အမှောင်ထဲ ရောက်သွားရင် သင့်ကို ထားခဲ့မှာပဲ။ ဒါကြောင့် ဘယ်သွားသွား ဘာလုပ်လုပ် သင်က အဖော်ပါမှ သွားတတ်၊ လာတတ်တဲ့ အကျင့်ရှိရင် ခုကတည်းက အမြန်ဆုံး ပြင်လိုက်ပါ မိတ်ဆွေ။

crd

Zawgyi

သင္က အေဖာ္မက္တဲ့ သူတေယာက္လား

က်ေနာ္ အရင္က အေဖာ္မက္ခဲ့တဲ့ သူတေယာက္ပါ။ ဒါေပမယ့္ ရင့္က်က္လာတာနဲ႔အမွ် ဘဝဆိုတာ သူလည္း သူေ႐ြးခ်ယ္ရာလမ္းကို ေလွ်ာက္ၾကရသလို ၊ ကိုယ္လည္း ကိုယ္ေ႐ြးခ်ယ္ထားတဲ့ လမ္းကို ေလွ်ာက္ၾကရတယ္ ဆိုတာ က်ေနာ္ နားလည္လာတယ္။

ေက်ာင္းမွာ သူငယ္ခ်င္းေတြ စားအတူ၊ သြားအတူ ၊ ဘာလုပ္လုပ္ တပူးတြဲတြဲနဲ႔ သိပ္ကို ေပ်ာ္စရာေကာင္းပါတယ္။ ဘယ္သြားသြား၊ ဘယ္လုပ္လုပ္ ကိုယ့္ေဘးမွာ အေဖာ္ပါတာကို ႀကိဳက္တယ္။ က်ေနာ္တို႔ နက္နဲတဲ့ အေတြးကမာၻထဲကို ခနေလာက္သြားၾကည့္ရေအာင္။

ေက်ာင္းတုန္းက ဘယ္ေလာက္ခ်စ္ပါတယ္ ဆိုတဲ့ သူငယ္ခ်င္းေတြကလည္း ေက်ာင္းပီးလို႔ အခ်ိန္တန္ေတာ့လည္း ကိုယ္ယုံၾကည္ရာကို ေလွ်ာက္ၾကရတယ္။ တကယ္ေတာ့ က်ေနာ္တို႔ အားလုံးက ဘဝခရီးလမ္းမွာ ယာယီလာဆုံၾကတဲ့ မိတ္ေဆြသဂၤဟေတြပါ။

အခ်ိန္တန္လို႔ ႏႈတ္ဆက္ၾကရေတာ့လည္း ကိုယ္ယုံၾကည္ရာ အိပ္မက္ခရီးေတြကို ဆက္ေလွ်ာက္ၾကရတယ္။ မ်က္စိေလးမွိတ္ပီး နဖူးေပါလက္တင္ စဥ္းစားၾကည့္ပါ။

ဘယ္သူငယ္ခ်င္းက ကိုယ့္ကို မခြဲႏိုင္လို႔ဆိုပီး ေက်ာင္းပီးရင္ အတူလိုက္ေနလို႔လဲ။ အားလုံးက အခ်ိန္တန္ရင္ လက္ျပႏႈတ္ဆက္ၾကရတယ္။

အဲ့ေတာ့ တေယာက္တည္းလည္း ေနတတ္ေအာင္ ေလ့က်င့္ထားပါ မိတ္ေဆြ။

က်ေနာ့္မွာ အကိုဝမ္းကြဲတေယာက္ ရွိတယ္။ ဘြဲ႕ရပီးပီ။ အလုပ္ေလွ်ာက္ဖို႔ ေထာက္ခံစာ လုပ္တာကအစ အိမ္က လိုက္လုပ္ေပးရတယ္၊ ကိုယ္ဝတ္မယ့္ အက်ႌကိုယ္ေတာင္ မိဘက ဝယ္ဆင္ေပးရတယ္။ ဘယ္မွ တေယာက္တည္း မသြားရဲသလို၊ လူရာလည္း မဝင္ရဲဘူး။

ျမန္မာႏိုင္ငံက လူငယ္ေတြေတာ္ေတာ္မ်ားက မိဘေတြရဲ႕ ထိန္းခ်ဳပ္မႈေတြနဲ႔ ရွင္သန္ရတာမ်ားတယ္။ ဟိုေနရာလည္းစိတ္မခ်၊ ဒီေနရာလည္း စိတ္မခ်နဲ႔ ဘယ္သြားသြား ဘာလုပ္လုပ္ အၿမဲတမ္း စိတ္မခ်ဘူး။ ဒီလိုမ်ိဳးေတြက သားသမီးေတြကို ခ်စ္ရာမေရာက္ဘဲ ႏွစ္ရာ ေရာက္သြားတတ္တယ္။

အာ့ေၾကာင့္ ကိုယ္သင္တန္းတက္ဖို႔ လိုတာလား ဘယ္သူ႔မွ အေဖာ္ညႇိမေနပါနဲ႔ တေယာက္တည္း တက္ပါ။ ကိုယ္အလုပ္ေလွ်ာက္မွာလား၊ အဝတ္အစား ဝယ္မွာလား၊ shopping ထြက္မွာလား၊ ကြန္ျပဴတာ သင္တန္းတက္မွာလား၊ အဂၤလိပ္စာ တက္မွာလား ဘယ္သူ႔ကိုမွ အေဖာ္ညႇိမေနပါနဲ႔ တေယာက္တည္း တက္ပါ။ တေယာက္တည္း လုပ္ပါ။

သင္ပိုင္တဲ့ ဘဝခရီးလမ္းက သင္ကိုယ္တိုင္ တေယာက္တည္း ေလွ်ာက္ရမွာပါ။ သင္ပိုင္တဲ့ အရိပ္ေတာင္ အေမွာင္ထဲ ေရာက္သြားရင္ သင့္ကို ထားခဲ့မွာပဲ။ ဒါေၾကာင့္ ဘယ္သြားသြား ဘာလုပ္လုပ္ သင္က အေဖာ္ပါမွ သြားတတ္၊ လာတတ္တဲ့ အက်င့္ရွိရင္ ခုကတည္းက အျမန္ဆုံး ျပင္လိုက္ပါ မိတ္ေဆြ။

crd

Post a Comment

0 Comments