ငါးမြှားခြင်း သင်ခန်းစာ

တစ်ခါတုန်းက မြို့ငယ်လေး တစ်မြို့ဖွား ဘီလျှံနာ ပရော်ဖက်ဆာကြီးဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ ခေါင်းချဖို့ ပြန်လာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအနေနဲ့ သူ့ရပ်ရွာက လူငါးဦးကို သင်တန်းတစ်ခု ပေးမယ်လို့ ပြောသတဲ့။ ဘဝပညာ သင်တန်း လို့ပဲ ပြောပါတော့.. ။

သူဟာ စီးပွားရေးမှာ အောင်မြင်ခဲ့တဲ့ ဘီလျှံနာ ဖြစ်ခဲ့သလို အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှာ ပရော်ဖက်ဆာ လုပ်ခဲ့သူပါ။ သူ ဘာသင်ပေးပေး တန်ဘိုးမဖြတ်နိုင်မှာတော့ အမှန်ပါပဲ။ ဒါနဲ့ သင်ယူလိုသူ များစွာထဲက ဒေသခံ လူငယ်လေး ၅ ဦးကို ရွေးချယ် ခဲ့တယ်။

ပရော်ဖက်ဆာကြီးက.. " ကဲ ပထမဆုံး သင်ခန်းစာ စပြီ " တဲ့ ။

ငါးမြှားတံ ၅ ခု ပေးတယ်။ " သွား မြားချေ " တဲ့။ ခက်တာက ၅ ယောက်လုံး ငါး မမြားတတ်ဘူး။ ငါးမြားခြင်းနဲ့ မယဉ်ပါးဘူး။ ငါးရှိမယ့် ကန်ကိုတောင် သူတို့နေရာကနေ နေ့တစ်စိတ် ခရီးလောက် သွားရတယ်။

ဟိုရောက်တော့ အသီးသီး သင့်ရာနေရာ ရှာပြီး ကြိုးစားပမ်းစား မြား။ ညကျတော့ ပရော်ဖက်ဆာကြီးဆီ ပြန်ရောက်။ နှစ်ယောက်က ငါးရလာတယ်။ သုံးယောက်က မရဘူး။

ငါးကို ရလာသူ နှစ်ယောက်မှာ တစ်ယောက်ရတဲ့ ငါးက အကြီးကြီးပဲ။ ပရော်ဖက်ဆာကြီးက အဲဒီလူ မျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။

" မင်း ငါးက မြားလာတာမှ မဟုတ်ပဲ၊ ဈေးထဲက ဝယ်ဖြည့်လာတာ မဟုတ်လား၊ အဲဒီကန်မှာ ဒီငါးမျိုး မရှိဘူး " တဲ့ ဟိုလူလည်း ဝန်ခံရတယ်။ ပရော်ဖက်ဆာကြီးက..

" လောကမှာ အဖြောင့်ဆုံးလမ်းဟာ အနီးဆုံးပဲ၊ အောင်မြင်မှုဆီ သွားချင်ရင် ဖြောင့်မတ်ရတယ်၊၊ မင်းဟာ အများကြီး သင်ကြားရဦးမယ် "

နောက် ငါးမရသူ သုံးယောက်ဘက် လှည့်တယ်။

" ကဲ မင်းတို့ရဲ့ ငါးမြားခြင်းအတွေ့အကြုံအကြောင်းပြောပါအုံး " ဆိုပီး တစ်ယောက်ကို မေးတော့.. သူက.. မြားတော့ မြှားတာပဲတဲ့၊ ငါးမှ မရှိတာတဲ့။ ဒါကြောင့် မရဘူး။

နောက်တစ်ယောက်ကျတော့.. ဟိုနေရာက ငါးလေးပွက်လိုက်၊ ငါးမြားတံချလိုက် ဒီနေရာက ငါးလေးပွက်လိုက် ငါးမြားတံ လိုက်ချလိုက်နဲ့ အပြေးအလွှား ဗျာများခဲ့သတဲ့။ သူလည်း ငါးမရခဲ့ဘူး။

နောက်တစ်ယောက် ကျတော့.. ငါးက သူ့ချိတ်ကို လာဟပ်တယ်။ သူ ဆွဲမတင်ရဲဘူး။ ပြန်လွှတ်သွားမှာ စိုးလို့၊ ဒင်း ရုန်းနေတာကို ထိုင်စောင့်နေသတဲ့။ မောပြီးရပ်သွားမှ ဆွဲမယ်ပေါ့လေ။ မရပ်ဘူး။ ဟိုက ရုန်းရင်း လွတ်သွားသတဲ့။ ဒါနဲ့ ငါးမရလိုက်ဘူး..

ငါးရတဲ့သူကျတော့ ပြောပြတာ ရှင်းပါတယ်။ ငါးပွက်တဲ့ နေရာကို ရှာတယ်၊ ငါးမြားတံချတယ်၊ အကြာကြီး ထိုင်စောင့်တယ်၊ ငါးလာဟပ်တယ်၊ ဆွဲတင်တယ်၊ လျော့လိုက် ဆွဲလိုက် လုပ်တော့ နောက်ဆုံးကိုယ့်ဘက်ပါလာတယ်။ ပရော်ဖက်ဆာကြီးက ပြောပြတယ်။

" အောင်မြင်မှု ဆိုတာ ငါးလိုပဲ၊ ငါးမြှားခြင်း အတတ်က မင်းတို့ရဲ့ အရည်အချင်းကို ကိုယ်စားပြုတယ်။ အောင်မြင်မှုကို လူတိုင်း မက်မောကြတယ်၊ ဒါပေမဲ့ တကယ်စစ်မှန်တဲ့ အောင်မြင်မှု ရဖို့ လုပ်ပါ၊ ဟိုလူလို မဖြောင့်မှန်တဲ့ နည်းနဲ့ မလုပ်နဲ့၊ သူ့အောင်မြင်မှုဟာ တာရှည် မခံတတ်ဘူး။ "

" အောင်မြင်မှုနောက်လည်း မလိုက်နဲ့။ အရည်အချင်းနောက်ပဲ လိုက်ပါ။ ငါးနောက် တကောက်ကောက် လျှောက်လိုက်နေတဲ့သူ ဘာဖြစ်သလဲ တွေ့တယ် မဟုတ်လား။ "

" ငါးမြှားတံ ချထားသလို မိမိ အရည်အချင်းကို ပြင်ဆင်ထား။ အောင်မြင်မှုဆိုတဲ့ ငါးက လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်ပေတော့။ လာဟပ်ပါလျက် မဆွဲပဲလည်း မနှောင့်နှေးနဲ့။ "

" လာဟပ်မယ့် နေရာမှာ နေဖို့လည်း မပျက်ကွက်နဲ့။ မင်းဘက်က အရည်အချင်း ဆိုတဲ့ ငါးမြှားတံနဲ့ ချိတ်ကို အသင့်ချထားရင် အောင်မြင်မှု ဆိုတဲ့ ငါးက မုချကို လာဟပ်ပါတယ် ”

crd

for zawgyi

ငါးျမႇားျခင္း သင္ခန္းစာ

တစ္ခါတုန္းက ၿမိဳ႕ငယ္ေလး တစ္ၿမိဳ႕ဖြား ဘီလွ်ံနာ ပေရာ္ဖက္ဆာႀကီးဟာ သူ႔ဇာတိရပ္႐ြာမွာ ေအးေအးလူလူ ေခါင္းခ်ဖို႔ ျပန္လာခဲ့တယ္။ ဒါေပမဲ့ ေနာက္ဆုံးအေနနဲ႔ သူ႔ရပ္႐ြာက လူငါးဦးကို သင္တန္းတစ္ခု ေပးမယ္လို႔ ေျပာသတဲ့။ ဘဝပညာ သင္တန္း လို႔ပဲ ေျပာပါေတာ့.. ။

သူဟာ စီးပြားေရးမွာ ေအာင္ျမင္ခဲ့တဲ့ ဘီလွ်ံနာ ျဖစ္ခဲ့သလို အထင္ကရ တကၠသိုလ္ႀကီးတစ္ခုမွာ ပေရာ္ဖက္ဆာ လုပ္ခဲ့သူပါ။ သူ ဘာသင္ေပးေပး တန္ဘိုးမျဖတ္ႏိုင္မွာေတာ့ အမွန္ပါပဲ။ ဒါနဲ႔ သင္ယူလိုသူ မ်ားစြာထဲက ေဒသခံ လူငယ္ေလး ၅ ဦးကို ေ႐ြးခ်ယ္ ခဲ့တယ္။

ပေရာ္ဖက္ဆာႀကီးက.. " ကဲ ပထမဆုံး သင္ခန္းစာ စၿပီ " တဲ့။

ငါးျမွားတံ ၅ ခု ေပးတယ္။ " သြား ျမားေခ် " တဲ့။ ခက္တာက ၅ ေယာက္လုံး ငါး မျမားတတ္ဘူး။ ငါးျမားျခင္းနဲ႔ မယဥ္ပါးဘူး။ ငါးရွိမယ့္ ကန္ကိုေတာင္ သူတို႔ေနရာကေန ေန႔တစ္စိတ္ ခရီးေလာက္ သြားရတယ္။။

ဟိုေရာက္ေတာ့ အသီးသီး သင့္ရာေနရာ ရွာၿပီး ႀကိဳးစားပမ္းစား ျမား။ ညက်ေတာ့ ပေရာ္ဖက္ဆာႀကီးဆီ ျပန္ေရာက္။ ႏွစ္ေယာက္က ငါးရလာတယ္။ သုံးေယာက္က မရဘူး။

ငါးကို ရလာသူ ႏွစ္ေယာက္မွာ တစ္ေယာက္ရတဲ့ ငါးက အႀကီးႀကီးပဲ။ ပေရာ္ဖက္ဆာႀကီးက အဲဒီလူ မ်က္လုံးေတြကို ေစ့ေစ့ၾကည့္လိုက္တယ္။

" မင္း ငါးက ျမားလာတာမွ မဟုတ္ပဲ၊ ေဈးထဲက ဝယ္ျဖည့္လာတာ မဟုတ္လား၊ အဲဒီကန္မွာ ဒီငါးမ်ိဳး မရွိဘူး " တဲ့

ဟိုလူလည္း ဝန္ခံရတယ္။ ပေရာ္ဖက္ဆာႀကီးက..

" ေလာကမွာ အေျဖာင့္ဆုံးလမ္းဟာ အနီးဆုံးပဲ၊ ေအာင္ျမင္မႈဆီ သြားခ်င္ရင္ ေျဖာင့္မတ္ရတယ္၊၊ မင္းဟာ အမ်ားႀကီး သင္ၾကားရဦးမယ္ "

ေနာက္ ငါးမရသူ သုံးေယာက္ဘက္ လွည့္တယ္။

" ကဲ မင္းတို႔ရဲ႕ ငါးျမားျခင္းအေတြ႕အႀကဳံအေၾကာင္းေျပာပါအုံး " ဆိုပီး တစ္ေယာက္ကို ေမးေတာ့.. သူက.. ျမားေတာ့ ျမႇားတာပဲတဲ့၊ ငါးမွ မရွိတာတဲ့။ ဒါေၾကာင့္မရဘူး။

ေနာက္တစ္ေယာက္က်ေတာ့.. ဟိုေနရာက ငါးေလးပြက္လိုက္၊ ငါးျမားတံခ်လိုက္ ဒီေနရာက ငါးေလးပြက္လိုက္ ငါးျမားတံ လိုက္ခ်လိုက္နဲ႔ အေျပးအလႊား ဗ်ာမ်ားခဲ့သတဲ့။ သူလည္း ငါးမရခဲ့ဘူး။

ေနာက္တစ္ေယာက္ က်ေတာ့.. ငါးက သူ႔ခ်ိတ္ကို လာဟပ္တယ္။ သူ ဆြဲမတင္ရဲဘူး။ ျပန္လႊတ္သြားမွာ စိုးလို႔၊ ဒင္း ႐ုန္းေနတာကို ထိုင္ေစာင့္ေနသတဲ့။ ေမာၿပီးရပ္သြားမွ ဆြဲမယ္ေပါ့ေလ။ မရပ္ဘူး။ ဟိုက ႐ုန္းရင္း လြတ္သြားသတဲ့။ ဒါနဲ႔ ငါးမရလိုက္ဘူး..

ငါးရတဲ့သူက်ေတာ့ ေျပာျပတာ ရွင္းပါတယ္။

ငါးပြက္တဲ့ ေနရာကို ရွာတယ္၊ ငါးျမားတံခ်တယ္၊ အၾကာႀကီး ထိုင္ေစာင့္တယ္၊ ငါးလာဟပ္တယ္၊ ဆြဲတင္တယ္၊ ေလ်ာ့လိုက္ ဆြဲလိုက္ လုပ္ေတာ့ ေနာက္ဆုံးကိုယ့္ဘက္ပါလာတယ္။ ပေရာ္ဖက္ဆာႀကီးက ေျပာျပတယ္။

" ေအာင္ျမင္မႈ ဆိုတာ ငါးလိုပဲ၊ ငါးျမွားျခင္း အတတ္က မင္းတို႔ရဲ႕ အရည္အခ်င္းကို ကိုယ္စားျပဳတယ္။ ေအာင္ျမင္မႈကို လူတိုင္း မက္ေမာၾကတယ္၊ ဒါေပမဲ့ တကယ္စစ္မွန္တဲ့ ေအာင္ျမင္မႈ ရဖို႔ လုပ္ပါ၊ ဟိုလူလို မေျဖာင့္မွန္တဲ့ နည္းနဲ႔ မလုပ္နဲ႔၊ သူ႔ေအာင္ျမင္မႈဟာ တာရွည္ မခံတတ္ဘူး။ "

" ေအာင္ျမင္မႈေနာက္လည္း မလိုက္နဲ႔။ အရည္အခ်င္းေနာက္ပဲ လိုက္ပါ။ ငါးေနာက္ တေကာက္ေကာက္ ေလွ်ာက္လိုက္ေနတဲ့သူ ဘာျဖစ္သလဲ ေတြ႕တယ္ မဟုတ္လား။ "

" ငါးျမွားတံ ခ်ထားသလို မိမိ အရည္အခ်င္းကို ျပင္ဆင္ထား။ ေအာင္ျမင္မႈဆိုတဲ့ ငါးက လာဟပ္ရင္ အလိုက္သင့္သာ ဆြဲတင္ေပေတာ့။ လာဟပ္ပါလ်က္ မဆြဲပဲလည္း မေႏွာင့္ေႏွးနဲ႔။ "

" လာဟပ္မယ့္ ေနရာမွာ ေနဖို႔လည္း မပ်က္ကြက္နဲ႔။ မင္းဘက္က အရည္အခ်င္း ဆိုတဲ့ ငါးျမွားတံနဲ႔ ခ်ိတ္ကို အသင့္ခ်ထားရင္ ေအာင္ျမင္မႈ ဆိုတဲ့ ငါးက မုခ်ကို လာဟပ္ပါတယ္ ”

crd

Post a Comment

0 Comments