သူ့ကိုရှာနေမှန်းမသိပဲ ကယ်ဆယ်ရေးအဖွဲ့နဲ့ တူတူလိုက်ရှာနေတဲ့ အရက်မူးသမား

Beyhan Mutlu လို့ခေါ်တဲ့လူဟာ တူရကီနိုင်ငံ Inegol မြို့မှာ နေထိုင်ပြီးတော့ တစ်ခုသော ညနေခင်းမှာ သူ့သူငယ်ချင်းတွေနဲ့ အတူတူ အရက်သောက်ခဲ့ ကြပါတယ်။ သူက အမူးလွန်ပြီး တောထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

ထွက်ပြေးသွားပြီး အချိန်အတော်ကြာတဲ့အထိ ပြန်လည်းမလာသလို ဖုန်းလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါ့ကြောင့် သူငယ်ချင်းတွေနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့က ရဲစခန်းကို လူပျောက်သွားတိုင် ခဲ့ပါတယ်။

Firstpost ရဲ့အဆိုအရ Beyhan ကိုရှာဖွေဖို့ ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းစေလွှတ် ခဲ့ပါတယ်။ အာဏာပိုင်တွေကလည်း သူ့ကိုနောက်ဆုံး ရှာတွေ့တဲ့ နေရာကနေ ရှာဖွေဖို့အတွက် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်မှာ Beyhan ဟာ တော်တော်ကို မူးနေပြီး သူ့ကို ရှာဖွေနေတဲ့ အဖွဲ့နဲ့ ပူးပေါင်းမိသွားပါတယ်။ သူ့ကို ရှာနေမှန်းလည်း မသိပါဘူး။ India Today ရဲ့ သတင်းတွေ အရကတော့ သူ့နာမည်ကို အော်ခေါ်ပြီး ရှာနေတာတောင် ဘယ်သူ့ကို ရှာနေတာလဲ လို့တောင် ပြန်ပြီးတော့ မေးခွန်းထုတ်ခဲ့ ပါသေးတယ်။

“ ငါဒီမှာ ရှိနေတယ်လေ ” ဆိုပြီးတော့တောင် သူက တည်တည်ငြိမ်ငြိမ်နဲ့တောင် ပြန်ဖြေလိုက်ပါသေးတယ်။

“ Beyhan က သူဟာ ဖုန်းနံပါတ် ပြောင်းထားလိုက်တာ ကြာပြီ။ သူက အမူးလွန်ပြီး သူငယ်ချင်းတစ်ယောက် အိမ်မှာ သွားအိပ်နေတာပါ။

ဒါပေမယ့် မနက် (၅) နာရီလောက်မှာ လူတွေ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဖြစ်နေတာမို့ မတော်တဆမှု ဖြစ်တယ်ထင်ပြီး လာကြည့်ရင်း တွေ့ကြတာ” လို့ Daily Sabah က ဖော်ပြထားပါတယ်။

" ဖြစ်ပျက်ခဲ့သမျှ အားလုံးက ဟာသ တစ်ခုလိုပါပဲ " လို့ သူက ဆက်ပြောပါသေးတယ်။

Beyhan ကတော့ အရက်သောက်ထားတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ မူးနေပါစေ လူတစ်ယောက်ကို ကူညီဖို့ ဝန်မလေးဘူး ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

Zombie (Lovemedia)

သူ႔ကိုရွာေနမွန္းမသိပဲ ကယ္ဆယ္ေရးအဖြဲ႕နဲ႔ တူတူလိုက္ရွာေနတဲ့ အရက္မူးသမား

Beyhan Mutlu လို႔ေခၚတဲ့လူဟာ တူရကီႏိုင္ငံ Inegol ၿမိဳ႕မွာ ေနထိုင္ၿပီးေတာ့ တစ္ခုေသာ ညေနခင္းမွာ သူ႔သူငယ္ခ်င္းေတြနဲ႔ အတူတူ အရက္ေသာက္ခဲ့ ၾကပါတယ္။ သူက အမူးလြန္ၿပီး ေတာထဲကို ထြက္ေျပးသြားခဲ့ပါတယ္။

ထြက္ေျပးသြားၿပီး အခ်ိန္အေတာ္ၾကာတဲ့အထိ ျပန္လည္းမလာသလို ဖုန္းလည္းဆက္သြယ္လို႔ မရခဲ့ပါဘူး။ ဒါ့ေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ သူ႔ရဲ႕ဇနီးျဖစ္သူတို႔က ရဲစခန္းကို လူေပ်ာက္သြားတိုင္ ခဲ့ပါတယ္။

Firstpost ရဲ႕အဆိုအရ Beyhan ကိုရွာေဖြဖို႔ ကယ္ဆယ္ေရးအဖြဲ႕ကို ခ်က္ခ်င္းေစလႊတ္ ခဲ့ပါတယ္။ အာဏာပိုင္ေတြကလည္း သူ႔ကိုေနာက္ဆုံး ရွာေတြ႕တဲ့ေနရာကေန ရွာေဖြဖို႔အတြက္ အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ Beyhan ဟာ ေတာ္ေတာ္ကို မူးေနၿပီး သူ႔ကို ရွာေဖြေနတဲ့ အဖြဲ႕နဲ႔ ပူးေပါင္းမိသြားပါတယ္။ သူ႔ကို ရွာေနမွန္းလည္း မသိပါဘူး။ India Today ရဲ႕ သတင္းေတြ အရကေတာ့ သူ႔နာမည္ကို ေအာ္ေခၚၿပီး ရွာေနတာေတာင္ ဘယ္သူ႔ကို ရွာေနတာလဲ လို႔ေတာင္ ျပန္ၿပီးေတာ့ ေမးခြန္းထုတ္ခဲ့ ပါေသးတယ္။

“ ငါဒီမွာ ရွိေနတယ္ေလ ” ဆိုၿပီးေတာ့ေတာင္ သူက တည္တည္ၿငိမ္ၿငိမ္နဲ႔ေတာင္ ျပန္ေျဖလိုက္ပါေသးတယ္။

“ Beyhan က သူဟာ ဖုန္းနံပါတ္ ေျပာင္းထားလိုက္တာ ၾကာၿပီ။ သူက အမူးလြန္ၿပီး သူငယ္ခ်င္းတစ္ေယာက္ အိမ္မွာ သြားအိပ္ေနတာပါ။ ဒါေပမယ့္ မနက္ (၅) နာရီေလာက္မွာ လူေတြ ႐ုတ္႐ုတ္႐ုတ္႐ုတ္နဲ႔ ျဖစ္ေနတာမို႔ မေတာ္တဆမႈ ျဖစ္တယ္ထင္ၿပီး လာၾကည့္ရင္း ေတြ႕ၾကတာ” လို႔ Daily Sabah က ေဖာ္ျပထားပါတယ္။

" ျဖစ္ပ်က္ခဲ့သမွ် အားလုံးက ဟာသ တစ္ခုလိုပါပဲ " လို႔ သူက ဆက္ေျပာပါေသးတယ္။

Beyhan ကေတာ့ အရက္ေသာက္ထားတဲ့ လူတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ မူးေနပါေစ လူတစ္ေယာက္ကို ကူညီဖို႔ ဝန္မေလးဘူး ဆိုတာကို သက္ေသျပသြားခဲ့ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments