ခြေထောက်ရောင်ရမ်းတာကို သက်သာစေတဲ့ ရိုးရှင်းတဲ့နည်းလမ်း (၇) သွယ်

လေယာဉ် အကြာကြီးစီးရတာ၊ အချိန်အကြာကြီး ရပ်နေရတာ၊ ကိုယ်ဝန်ဆောင်တဲ့အခါ စတဲ့ အချိန်တွေမှာ ခြေထောက်တွေက ရောင်ရမ်းတတ်ပါတယ်။ ခြေထောက် ရောင်ရမ်းလာရင် ဖိနပ်စီးတဲ့အခါ အဆင်မပြေတော့ပါဘူး။ ခြေထောက် ရောင်ရမ်းတာကို သက်သာစေမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကွီနိုင်ပါသော ဘိလပ်ရည်

ကွီနိုင်ပါတဲ့ ဘိလပ်ရည်က ခြေထောက် ရောင်ရမ်းတာကို သက်သာစေတာကြောင့် အရမ်း အကျိုးရှိပါတယ်။ ကွီနိုင်ပါတဲ့ ဘိလပ်ရည်ကို ဇလုံတစ်လုံးထဲမှာ ထည့်ပြီး မိနစ် ၃၀ ခန့် ခြေထောက်ကို ရေစိမ်ပါ။ တစ်ရက်ကို ၂ ကြိမ်လောက် ပြုလုပ်လို့ ရပါတယ်။

၂။ ပူဒီနာ

ပူဒီနာမှာ ဆီးရွှင်စေတဲ့ အစွမ်းနဲ့ ဖောရောင်တာကို လျော့ကျစေတဲ့အစွမ်း ရှိပါတယ်။ ရေနွေးထဲကို ပူဒီနာရွက် ၄ ရွက် ၅ ရွက်လောက် ထည့်ပါ။ ပြီးရင် ၁၀ မိနစ်ခန့် အအေးခံထားပါ။ နည်းနည်းလေး အေးသွားရင်တော့ ခြေထောက်ကို မိနစ် ၃၀ ခန့် ဒါမှမဟုတ် ရေလုံးဝ အေးသွားတဲ့အထိ စိမ်လို့ရပါတယ်။

၃။ ဆားခါး

ဆားခါးက ကြွက်သား ရောင်ရမ်းတာတွေနဲ့ အခြားရောင်ရမ်းတာကို လျှော့ချပေးပါတယ်။ ဇလုံ အကြီးတစ်လုံးထဲမှာ ခြေထောက် မြုပ်လောက်တဲ့အထိ ရေနွေးထည့်ပါ။ ဆားခါး ရေနွေးခွက် တစ်ဝက်ထည့်ပြီး ပျော်ဝင်သွားတဲ့အထိမွှေပါ။ ၁၅ မိနစ်ခန့် ခြေထောက်စိမ်ထားရင် ရောင်ရမ်းတာတွေ သက်သာသွားပါတယ်။

၄။ ရှောက်ခါးသီး ရနံ့ဆီ

ရနံ့ကုထုံးမှာ ရှောက်ခါးသီး ရနံ့ဆီကို အသုံးများပါတယ်။ ရှောက်ခါးသီးရနံ့ဆီက ရောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

- ရှောက်ခါးသီးရနံ့ဆီ ၁၀ စက် ၁၂ စက်ခန့်နဲ့ အုန်းဆီကို ရောပါ။

- ရောထားတဲ့ဆီကို ခြေထောက်မှာ လိမ်းပြီး နှိပ်ပေးပါ။ ရနံ့ဆီကို တခြားဆီ တစ်မျိုးမျိုးနဲ့ ရောလိမ်းသင့်ပါတယ်။ ရနံ့ဆီ တစ်မျိုးတည်းကို လိမ်းရင် ဓါတ်မတည့်တာ ဖြစ်တတ်လို့ပါ။

၅။ ဘေးစောင်းအိပ်ပါ။

ဘေးစောင်းအိပ်တဲ့အခါ ဘယ်ဘက်ကို စောင်းအိပ်တာက ပိုကောင်းပါတယ်။ ဘယ်ဘက်ကို စောင်းအိပ်ရင် သွေးပြန်ကြောက ဖိအားတွေ လျော့ကျသွားပါတယ်။ သွေးလည်ပတ်မှုကောင်းသွားလို့ ခြေထောက်ရောင်ရမ်းတာလည်း သက်သာသွားပါတယ်။

၆။ ဆားလျှော့စားခြင်း

မဂ္ဂနီဆီယမ်ချို့တဲ့တဲ့အခါ ခြေထောက် ရောင်ရမ်းပါတယ်။ အဲဒါကြောင့် မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ဗာဒံသီး၊ ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ချောကလက်တို့ကို စားပေးပါ။ ဆိုဒီယမ် စားသုံးတာကို လျော့စေဖို့ စားတဲ့အစားအစားထဲမှာ ဆားကို လျှော့စားသင့်ပါတယ်။

၇။ ခြေထောက်ကို မြှင့်ထားပါ။

လဲလျောင်းနေတဲ့အခါ ခြေထောက်ကို နှလုံးနဲ့ တန်းတူနေရာ မရှိစေဘဲ နည်းနည်းလေး မြှင့်ထားပါ။ ခြေထောက်အောက်မှာ ခေါင်းအုံးတွေ၊ စောင်တွေ ထားထားလို့ရပါတယ်။ အဲဒီ အနေအထားအတိုင်း မိနစ် ၂၀ ခန့် နေပေးပါ။ ဒီအနေအထားက သွေးလည်ပတ်မှု အားကောင်းပြီး ခြေထောက်ရောင်ရမ်းတာကို သက်သာစေပါတယ်။

Zombie (Lovemedia)

for zawgyi

ေျခေထာက္ေရာင္ရမ္းတာကို သက္သာေစတဲ့ ႐ိုးရွင္းတဲ့နည္းလမ္း (၇) သြယ္

ေလယာဥ္ အၾကာႀကီးစီးရတာ၊ အခ်ိန္အၾကာႀကီး ရပ္ေနရတာ၊ ကိုယ္ဝန္ေဆာင္တဲ့အခါ စတဲ့ အခ်ိန္ေတြမွာ ေျခေထာက္ေတြက ေရာင္ရမ္းတတ္ပါတယ္။ ေျခေထာက္ ေရာင္ရမ္းလာရင္ ဖိနပ္စီးတဲ့အခါ အဆင္မေျပေတာ့ပါဘူး။ ေျခေထာက္ ေရာင္ရမ္းတာကို သက္သာေစမယ့္ ႐ိုးရွင္းတဲ့ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ကြီႏိုင္ပါေသာ ဘိလပ္ရည္

ကြီႏိုင္ပါတဲ့ ဘိလပ္ရည္က ေျခေထာက္ ေရာင္ရမ္းတာကို သက္သာေစတာေၾကာင့္ အရမ္း အက်ိဳးရွိပါတယ္။ ကြီႏိုင္ပါတဲ့ ဘိလပ္ရည္ကို ဇလုံတစ္လုံးထဲမွာ ထည့္ၿပီး မိနစ္ ၃၀ ခန႔္ ေျခေထာက္ကို ေရစိမ္ပါ။ တစ္ရက္ကို ၂ ႀကိမ္ေလာက္ ျပဳလုပ္လို႔ ရပါတယ္။

၂။ ပူဒီနာ

ပူဒီနာမွာ ဆီး႐ႊင္ေစတဲ့ အစြမ္းနဲ႔ ေဖာေရာင္တာကို ေလ်ာ့က်ေစတဲ့အစြမ္း ရွိပါတယ္။ ေရေႏြးထဲကို ပူဒီနာ႐ြက္ ၄ ႐ြက္ ၅ ႐ြက္ေလာက္ ထည့္ပါ။ ၿပီးရင္ ၁၀ မိနစ္ခန႔္ အေအးခံထားပါ။ နည္းနည္းေလး ေအးသြားရင္ေတာ့ ေျခေထာက္ကို မိနစ္ ၃၀ ခန႔္ ဒါမွမဟုတ္ ေရလုံးဝ ေအးသြားတဲ့အထိ စိမ္လို႔ရပါတယ္။

၃။ ဆားခါး

ဆားခါးက ႂကြက္သား ေရာင္ရမ္းတာေတြနဲ႔ အျခားေရာင္ရမ္းတာကို ေလွ်ာ့ခ်ေပးပါတယ္။ ဇလုံ အႀကီးတစ္လုံးထဲမွာ ေျခေထာက္ ျမဳပ္ေလာက္တဲ့အထိ ေရေႏြးထည့္ပါ။ ဆားခါး ေရေႏြးခြက္ တစ္ဝက္ထည့္ၿပီး ေပ်ာ္ဝင္သြားတဲ့အထိေမႊပါ။ ၁၅ မိနစ္ခန႔္ ေျခေထာက္စိမ္ထားရင္ ေရာင္ရမ္းတာေတြ သက္သာသြားပါတယ္။

၄။ ေရွာက္ခါးသီးရနံ႔ဆီ

ရနံ႔ကုထုံးမွာ ေရွာက္ခါးသီး ရနံ႔ဆီကို အသုံးမ်ားပါတယ္။ ေရွာက္ခါးသီးရနံ႔ဆီက ေရာင္ရမ္းတာေတြကို သက္သာေစတဲ့အျပင္ ေသြးလည္ပတ္မႈကိုလည္း ေကာင္းေစပါတယ္။

- ေရွာက္ခါးသီးရနံ႔ဆီ ၁၀ စက္ ၁၂ စက္ခန႔္နဲ႔ အုန္းဆီကို ေရာပါ။

- ေရာထားတဲ့ဆီကို ေျခေထာက္မွာ လိမ္းၿပီး ႏွိပ္ေပးပါ။ ရနံ႔ဆီကို တျခားဆီ တစ္မ်ိဳးမ်ိဳးနဲ႔ ေရာလိမ္းသင့္ပါတယ္။ ရနံ႔ဆီ တစ္မ်ိဳးတည္းကို လိမ္းရင္ ဓါတ္မတည့္တာ ျဖစ္တတ္လို႔ပါ။

၅။ ေဘးေစာင္းအိပ္ပါ။

ေဘးေစာင္းအိပ္တဲ့အခါ ဘယ္ဘက္ကို ေစာင္းအိပ္တာက ပိုေကာင္းပါတယ္။ ဘယ္ဘက္ကို ေစာင္းအိပ္ရင္ ေသြးျပန္ေၾကာက ဖိအားေတြ ေလ်ာ့က်သြားပါတယ္။ ေသြးလည္ပတ္မႈေကာင္းသြားလို႔ ေျခေထာက္ေရာင္ရမ္းတာလည္း သက္သာသြားပါတယ္။

၆။ ဆားေလွ်ာ့စားျခင္း

မဂၢနီဆီယမ္ခ်ိဳ႕တဲ့တဲ့အခါ ေျခေထာက္ ေရာင္ရမ္းပါတယ္။ အဲဒါေၾကာင့္ မဂၢနီဆီယမ္ ႂကြယ္ဝတဲ့ ဗာဒံသီး၊ ေဒါက္ခြ႐ြက္၊ ပန္းေဂၚဖီစိမ္း၊ ေထာပတ္သီး၊ ေခ်ာကလက္တို႔ကို စားေပးပါ။ ဆိုဒီယမ္ စားသုံးတာကို ေလ်ာ့ေစဖို႔ စားတဲ့အစားအစားထဲမွာ ဆားကို ေလွ်ာ့စားသင့္ပါတယ္။

၇။ ေျခေထာက္ကို ျမႇင့္ထားပါ။

လဲေလ်ာင္းေနတဲ့အခါ ေျခေထာက္ကို ႏွလုံးနဲ႔ တန္းတူေနရာ မရွိေစဘဲ နည္းနည္းေလး ျမႇင့္ထားပါ။ ေျခေထာက္ေအာက္မွာ ေခါင္းအုံးေတြ၊ ေစာင္ေတြ ထားထားလို႔ရပါတယ္။ အဲဒီ အေနအထားအတိုင္း မိနစ္ ၂၀ ခန႔္ ေနေပးပါ။ ဒီအေနအထားက ေသြးလည္ပတ္မႈ အားေကာင္းၿပီး ေျခေထာက္ေရာင္ရမ္းတာကို သက္သာေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments