အဖေပေးတဲ့ရွှေအိုး

တခါတုန်းက လယ်ပိုင်ရှင်ကြီး တဦးမှာ သားနှစ်ယောက် ရှိတယ် ။ သားနှစ်ယောက်စလုံးဟာ ဉာဏ်ပညာကို အသုံးပြုခြင်း မရှိပဲ တဇွတ်ထိုးဆန်ဆန် လုပ်တတ်သူတွေ ပေါ့ ။ ဒါကြောင့်လည်း လယ်ရှင်ကြီးက သူ့သားနှစ်ယောက်ကို စိတ်မချနိုင် ဖြစ်နေရရှာ ပါတယ် ။ ဒီလိုနဲ့ တနေ့မှာတော့ လယ်ပိုင်ရှင်ကြီးလည်း မီးစာကုန် ဆီခမ်းချိန် ရောက်လာခဲ့ပါတယ် ။

လယ်ပိုင်ရှင်ကြီးဟာ မသေခင်မှာ သားတွေကို စိတ်ချရစေဖို့ ရွာထဲက ပညာရှိဆရာကြီး တဦးနဲ့ တိုင်ပင်ပြီး သေတမ်းစာ ရေးသားခဲ့တယ် ။ သေတမ်းစာထဲ မှာတော့ မိမိပိုင်တဲ့ လယ်မြေတွေထဲတွင် ရွှေအိုးကြီးတလုံး ရှိတယ် ။ သားနှစ်ယောက်ထဲက ထိုက်သူ ရစေဆိုပြီး ပါတာပေါ့။

လယ်ပိုင်ရှင်ကြီး သေခါနီး အချိန်မှာ လယ်ရှင်ကြီးက သားအငယ်ကို " ငါ့သား ဖေဖေရဲ့ လယ်မြေကြီးထဲမှာ ရွှေအိုးကြီးတလုံး ရှိတယ်။ အဖေသေရင် မင်းတို့ညီအကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အဲ့ရွှေအိုးကြီးကို ထိန်းသိမ်း လုပ်ဆောင်ကြ ၊ သားကြီးကိုလည်း အဲ့အကြောင်းပြောရအောင် သွားခေါ်ပေးပါ " လို့ ပြောတယ် ။

အကိုဖြစ်သူကို သွားခေါ်ဖို့ ထွက်လာတဲ့ ညီငယ်က စဉ်းစားတယ်။ လယ်မြေတွေကို တဝက်ပိုင်းပြီး အကိုနဲ့ငါ ရှာကြရင် ကံဆိုးလို့များ အကိုဘက်မှာ ရွှေအိုးပါခဲ့သော် ငါ ငတ်ရတော့မယ်။ တခုခုတော့ ကြံမှပဲ လို့ တွေးတယ်။ ဒါကြောင့် ဖခင် ခေါ်ခိုင်းပေမယ့် ညီလုပ်တဲ့သူဟာ အစ်ကိုကို တခွန်းမှ မပြောဘူး တဲ့။

အကိုကြီးလည်း ညနေယာခင်းမှ ပြန်လာတော့ ဖခင်ရဲ့အသက်ကို မမှီတော့ဘူးပေါ့ ။ ဖခင်သေပြီး မကြာခင်မှာ ညီအကိုနှစ်ယောက်က ဖခင်ရဲ့ ကြီးမားတဲ့ ယာခင်းကြီးကို ၂ ခြမ်း ခွဲလိုက်ကြ ပါတယ် ။ အမွေခွဲပြီး မကြာခင်မှာ ညီလုပ်သူဟာ သူ့ရဲ့ သူငယ်ချင်း နောက်လိုက် အပေါင်းနဲ့ ရောက်လာပြီး " အစ်ကို ယာအလုပ်တွေဟာ တယောက်တည်း လုပ်ရတာ ပင်ပန်းလှပါတယ် အကို့ ယာခင်းတွေကို ဝိုင်းဝန်း တူးဆွ ပေးပါရစေ "

အကိုဖြစ်သူ ကလည်း " ညီငယ်သည် ငါ့အပေါ်တွင် သိတတ်လှပေစွ " ဟု တွေးထင်ကာ ခွင့်ပြုပေးလိုက်ပေသည်။ အကိုကြီး ခွင့်ပြုချက် ရသည်နှင့် အစ်ကိုပိုင်သော ယာများအား နေ့မအား ညမနား ရက်အတော်ကြာ တူးဆွ ပါသော်လည်း ရွှေအိုးကြီးကိုမူ လုံးဝ တွေ့ခဲ့ခြင်း မရှိပေ ။

ထိုအခါ ညီငယ်က " တကယ်တော့ ငါသည်သာ ကံကောင်းသူပဲ ရွှေအိုးကြီးသည် ငါပိုင်သော ယာခင်းအတွင်း တွင်သာ ဧကန်မုချ ရှိနေလိမ့်မည် " ဟု ထင်ကာ ပင်ပန်းခြင်းကိုပင် မမှု အပျော်ကြီး ပျော်နေပေတော့သည် ။

အစ်ကိုဖြစ်သူလည်း မြေဆီလွှာ သန့်ရှင်း တူးဆွထားသော မြေပေါ်တွင် ဖခင်လက်ထက်က အတိုင်း သစ်သီးဝလံ စုံစွာ စတင် စိုက်ပျိုးတော့သည် ။

ညီငယ်မှာတော့ ဖခင်ပေးထားသော တခြား ငွေတိုငွေစလေး များနှင့် မိတ်ဆွေသူငယ်ချင်း နောက်လိုက်များကို ကျွေးမွေးငှါးရမ်းကာ မြေတူးဆွခြင်း အလုပ်သာ ပြုလုပ်လျှက် ရှိတော့သည် ။ ထို့ကြောင့် ညီဖြစ်သူသည် တနေ့တခြား စီးပွား ကျသထက် ကျလာ၍ အကိုဖြစ်သူမှာမူ သစ်သီးဝလံများ ရောင်းချရငွေ များကြောင့် ကြွယ်ဝချမ်းသာ၍ လာတော့သည် ။

အစ်ကိုဖြစ်သူ ကြွယ်ဝချမ်းသာ လာသည်ကို ညီငယ် သိသောအခါ " ငါသည် မျက်စိလျှမ်း၍ ရွှေအိုးကြီးအား မမြင်မိပါတကား ။ အစ်ကိုသည် ရွှေအိုးကြီးကို ရရှိသွားခြင်းသာ ဖြစ်ပေလိမ့်မည် ။ ငါ၏ ဝေစုအား သွားတောင်းအံ့ " ဟု တွေးပြီး အစ်ကိုဖြစ်သူထံသို့ ရောက်ရှိ လာလေသည် ။

အစ်ကိုဖြစ်သူလည်း မည်သို့ပင် ငြင်းဆိုစေကာမူ လက်မခံသဖြင့် ရွာထဲရှိ ပညာရှိ ဆရာကြီးထံသို့ ညီအစ်ကို ၂ ယောက် ရောက်ရှိလာတော့သည် ။ ပညာရှိဆရာကြီးလည်း အကြောင်းအရာ အလုံးစုံကို သိသောအခါ ညီငယ်အား " သင်သည် လူမိုက်သာ ဖြစ်ပေတော့သည် ။ သင်၏ဖခင် နောက်ဆုံး ပြောကြားခဲ့သော ရွှေအိုး ဆိုသည်ကား ဉာဏ်ပညာ၊ ဇွဲ ၊ လုံ့လ နှင့် ရိုးသားစွာ လုပ်ကိုင်ခြင်း တို့သာ ဖြစ်ပေသည် ။

ရိုးသားစွာ လုပ်ကိုင်ခြင်းအား သင်တို့ညီအစ်ကို နှစ်ယောက်၏ ဇွဲလုံ့လနှင့် ပေါင်းစည်းကာ အမျှော်အမြင်ရှိစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိလာသော အသီးအပွင့် တို့သည် သင်တို့ စားမကုန်သော ရွှေအိုးကြီးပင် ဖြစ်ပေတော့သည် ။ လောဘဆိုသော အကြောင်းအရာကို မသိရှိခဲ့ခြင်းကြောင့် အစ်ကိုဖြစ်သူသည် သင်တို့ဖခင် ပြောကြားသော ရွှေအိုးကြီးအား ရရှိခဲ့ခြင်း ဖြစ်ပေသည်ဟု ဆုံးမလိုက်လေသည်။

ပုံပြင်လေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ် ။ လူတိုင်းဟာ လောဘ ရှိကြပါတယ် ။ အဲဒီ ဖြစ်ပေါ်လာတဲ့ လောဘကို စဉ်းစားဆင်ခြင် နိုင်သော ကိုယ်ပိုင်ဉာဏ်စွမ်းအားဖြင့် လုပ်ဆောင်နိုင်မယ် ဆိုရင် အောင်မြင်မှုတွေဟာ စောင့်ကြိုနေမှာ မလွဲပါဘူး ။

crd

Zawgyi

အေဖေပးတဲ့ေ႐ႊအိုး

တခါတုန္းက လယ္ပိုင္ရွင္ႀကီး တဦးမွာ သားႏွစ္ေယာက္ ရွိတယ္ ။ သားႏွစ္ေယာက္စလုံးဟာ ဉာဏ္ပညာကို အသုံးျပဳျခင္း မရွိပဲ တဇြတ္ထိုးဆန္ဆန္ လုပ္တတ္သူေတြ ေပါ့ ။ ဒါေၾကာင့္လည္း လယ္ရွင္ႀကီးက သူ႔သားႏွစ္ေယာက္ကို စိတ္မခ်ႏိုင္ ျဖစ္ေနရရွာ ပါတယ္ ။ ဒီလိုနဲ႔ တေန႔မွာေတာ့ လယ္ပိုင္ရွင္ႀကီးလည္း မီးစာကုန္ ဆီခမ္းခ်ိန္ ေရာက္လာခဲ့ပါတယ္ ။

လယ္ပိုင္ရွင္ႀကီးဟာ မေသခင္မွာ သားေတြကို စိတ္ခ်ရေစဖို႔ ႐ြာထဲက ပညာရွိဆရာႀကီး တဦးနဲ႔ တိုင္ပင္ၿပီး ေသတမ္းစာ ေရးသားခဲ့တယ္ ။ ေသတမ္းစာထဲ မွာေတာ့ မိမိပိုင္တဲ့ လယ္ေျမေတြထဲတြင္ ေ႐ႊအိုးႀကီးတလုံး ရွိတယ္ ။ သားႏွစ္ေယာက္ထဲက ထိုက္သူ ရေစဆိုၿပီး ပါတာေပါ့။

လယ္ပိုင္ရွင္ႀကီး ေသခါနီး အခ်ိန္မွာ လယ္ရွင္ႀကီးက သားအငယ္ကို " ငါ့သား ေဖေဖရဲ႕ လယ္ေျမႀကီးထဲမွာ ေ႐ႊအိုးႀကီးတလုံး ရွိတယ္။ အေဖေသရင္ မင္းတို႔ညီအကို ႏွစ္ေယာက္ တိုင္တိုင္ပင္ပင္နဲ႔ အဲ့ေ႐ႊအိုးႀကီးကို ထိန္းသိမ္း လုပ္ေဆာင္ၾက ၊ သားႀကီးကိုလည္း အဲ့အေၾကာင္းေျပာရေအာင္ သြားေခၚေပးပါ " လို႔ ေျပာတယ္ ။

အကိုျဖစ္သူကို သြားေခၚဖို႔ ထြက္လာတဲ့ ညီငယ္က စဥ္းစားတယ္။ လယ္ေျမေတြကို တဝက္ပိုင္းၿပီး အကိုနဲ႔ငါ ရွာၾကရင္ ကံဆိုးလို႔မ်ား အကိုဘက္မွာ ေ႐ႊအိုးပါခဲ့ေသာ္ ငါ ငတ္ရေတာ့မယ္။ တခုခုေတာ့ ႀကံမွပဲ လို႔ ေတြးတယ္။ ဒါေၾကာင့္ ဖခင္ ေခၚခိုင္းေပမယ့္ ညီလုပ္တဲ့သူဟာ အစ္ကိုကို တခြန္းမွ မေျပာဘူး တဲ့။

အကိုႀကီးလည္း ညေနယာခင္းမွ ျပန္လာေတာ့ ဖခင္ရဲ႕အသက္ကို မမွီေတာ့ဘူးေပါ့ ။ ဖခင္ေသၿပီး မၾကာခင္မွာ ညီအကိုႏွစ္ေယာက္က ဖခင္ရဲ႕ ႀကီးမားတဲ့ ယာခင္းႀကီးကို ၂ ျခမ္း ခြဲလိုက္ၾက ပါတယ္ ။ အေမြခြဲၿပီး မၾကာခင္မွာ ညီလုပ္သူဟာ သူ႔ရဲ႕ သူငယ္ခ်င္း ေနာက္လိုက္ အေပါင္းနဲ႔ ေရာက္လာၿပီး " အစ္ကို ယာအလုပ္ေတြဟာ တေယာက္တည္း လုပ္ရတာ ပင္ပန္းလွပါတယ္ အကို႔ ယာခင္းေတြကို ဝိုင္းဝန္း တူးဆြ ေပးပါရေစ "

အကိုျဖစ္သူ ကလည္း " ညီငယ္သည္ ငါ့အေပၚတြင္ သိတတ္လွေပစြ " ဟု ေတြးထင္ကာ ခြင့္ျပဳေပးလိုက္ေပသည္။ အကိုႀကီး ခြင့္ျပဳခ်က္ ရသည္ႏွင့္ အစ္ကိုပိုင္ေသာ ယာမ်ားအား ေန႔မအား ညမနား ရက္အေတာ္ၾကာ တူးဆြ ပါေသာ္လည္း ေ႐ႊအိုးႀကီးကိုမူ လုံးဝ ေတြ႕ခဲ့ျခင္း မရွိေပ ။

ထိုအခါ ညီငယ္က " တကယ္ေတာ့ ငါသည္သာ ကံေကာင္းသူပဲ ေ႐ႊအိုးႀကီးသည္ ငါပိုင္ေသာ ယာခင္းအတြင္း တြင္သာ ဧကန္မုခ် ရွိေနလိမ့္မည္ " ဟု ထင္ကာ ပင္ပန္းျခင္းကိုပင္ မမႈ အေပ်ာ္ႀကီး ေပ်ာ္ေနေပေတာ့သည္ ။

အစ္ကိုျဖစ္သူလည္း ေျမဆီလႊာ သန႔္ရွင္း တူးဆြထားေသာ ေျမေပၚတြင္ ဖခင္လက္ထက္က အတိုင္း သစ္သီးဝလံ စုံစြာ စတင္ စိုက္ပ်ိဳးေတာ့သည္ ။

ညီငယ္မွာေတာ့ ဖခင္ေပးထားေသာ တျခား ေငြတိုေငြစေလး မ်ားႏွင့္ မိတ္ေဆြသူငယ္ခ်င္း ေနာက္လိုက္မ်ားကို ေကြၽးေမြးငွါးရမ္းကာ ေျမတူးဆြျခင္း အလုပ္သာ ျပဳလုပ္လွ်က္ ရွိေတာ့သည္ ။ ထို႔ေၾကာင့္ ညီျဖစ္သူသည္ တေန႔တျခား စီးပြား က်သထက္ က်လာ၍ အကိုျဖစ္သူမွာမူ သစ္သီးဝလံမ်ား ေရာင္းခ်ရေငြ မ်ားေၾကာင့္ ႂကြယ္ဝခ်မ္းသာ၍ လာေတာ့သည္ ။

အစ္ကိုျဖစ္သူ ႂကြယ္ဝခ်မ္းသာ လာသည္ကို ညီငယ္ သိေသာအခါ " ငါသည္ မ်က္စိလွ်မ္း၍ ေ႐ႊအိုးႀကီးအား မျမင္မိပါတကား ။ အစ္ကိုသည္ ေ႐ႊအိုးႀကီးကို ရရွိသြားျခင္းသာ ျဖစ္ေပလိမ့္မည္ ။ ငါ၏ ေဝစုအား သြားေတာင္းအံ့ " ဟု ေတြးၿပီး အစ္ကိုျဖစ္သူထံသို႔ ေရာက္ရွိ လာေလသည္ ။

အစ္ကိုျဖစ္သူလည္း မည္သို႔ပင္ ျငင္းဆိုေစကာမူ လက္မခံသျဖင့္ ႐ြာထဲရွိ ပညာရွိ ဆရာႀကီးထံသို႔ ညီအစ္ကို ၂ ေယာက္ ေရာက္ရွိလာေတာ့သည္ ။ ပညာရွိဆရာႀကီးလည္း အေၾကာင္းအရာ အလုံးစုံကို သိေသာအခါ ညီငယ္အား " သင္သည္ လူမိုက္သာ ျဖစ္ေပေတာ့သည္ ။ သင္၏ဖခင္ ေနာက္ဆုံး ေျပာၾကားခဲ့ေသာ ေ႐ႊအိုး ဆိုသည္ကား ဉာဏ္ပညာ၊ ဇြဲ ၊ လုံ႔လ ႏွင့္ ႐ိုးသားစြာ လုပ္ကိုင္ျခင္း တို႔သာ ျဖစ္ေပသည္ ။

႐ိုးသားစြာ လုပ္ကိုင္ျခင္းအား သင္တို႔ညီအစ္ကို ႏွစ္ေယာက္၏ ဇြဲလုံ႔လႏွင့္ ေပါင္းစည္းကာ အေမွ်ာ္အျမင္ရွိစြာ လုပ္ကိုင္ျခင္းျဖင့္ ရရွိလာေသာ အသီးအပြင့္ တို႔သည္ သင္တို႔ စားမကုန္ေသာ ေ႐ႊအိုးႀကီးပင္ ျဖစ္ေပေတာ့သည္ ။ ေလာဘဆိုေသာ အေၾကာင္းအရာကို မသိရွိခဲ့ျခင္းေၾကာင့္ အစ္ကိုျဖစ္သူသည္ သင္တို႔ဖခင္ ေျပာၾကားေသာ ေ႐ႊအိုးႀကီးအား ရရွိခဲ့ျခင္း ျဖစ္ေပသည္ဟု ဆုံးမလိုက္ေလသည္။

ပုံျပင္ေလးကို ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္ ။ လူတိုင္းဟာ ေလာဘ ရွိၾကပါတယ္ ။ အဲဒီ ျဖစ္ေပၚလာတဲ့ ေလာဘကို စဥ္းစားဆင္ျခင္ ႏိုင္ေသာ ကိုယ္ပိုင္ဉာဏ္စြမ္းအားျဖင့္ လုပ္ေဆာင္ႏိုင္မယ္ ဆိုရင္ ေအာင္ျမင္မႈေတြဟာ ေစာင့္ႀကိဳေနမွာ မလြဲပါဘူး ။

crd

Post a Comment

0 Comments