လယ်သမားနှင့် ဘူးပင်

တခါတုန်းက လယ်သမားကြီး တယောက်ဟာ အိမ်ရှေ့ ကွပ်ပျစ်အိုလေး ပေါ်မှာ အဆင်မပြေခြင်း များစွာဖြင့် စိတ်ပျက် လက်ပျက် ထိုင်နေရင်း ဆေးတံတိုကို ခဲကာ အိမ်ခြံဝင်း တံခါးပေါက်ဆီသို့ ငေးကြည့်နေခဲ့ မိလေ၏ ။

ထိုသို့ ငေးကြည့်နေရာမှ အိမ်ဝင်းတံခါးပေါက် အမိုးစင်လေးမှာ ခွေးနို့စို့သည့်ဟန် တွဲလီတွဲလောင်းဖြင့် အသီးပွင့်များ ဝေဝေဆာဆာ သီးပွင့်နေသော အလေ့ကျ ပေါက်သည့် ဗူးပင်ပျို တပင်အား သတိထားမိသွားလေသည်။

ထိုအခါ စိတ်ပျက်လက်ပျက် ဖြစ်နေသော လယ်သမားကြီး၏ ခေါင်းထဲတွင် အတွေးတခု ဝင်းကနဲ လက်၍ သွားခဲ့‌လေ၏ ။ ဤ " အိုး ၊ ကြည့်စမ်းပါအုံး ၊ သီးနေလိုက်သည့် ဗူးသီးတွေ ငါလည်း ရေတစက်မှ မလောင်းရပါပဲ သီးနေလိုက်ကြတာ ကြီးနေလိုက်ကြတာ ၊ ဒီဗူးသီးတွေကို ခူးပြီး ဈေးမှာ သွားရောင်းရ ရင်ဖြင့် ငွေတွေ အများကြီး ရ‌တော့မှာပဲဟေ့ "

လယ်သမားကြီးမှာ ဆေးတံမှ ထောင်းကနဲ လွင့်တက်လာသော မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း အတွေးစိတ်ကူး နယ်ချဲ့မိ လေတော့သည်။ " မဟုတ်သေးဘူး၊ ဒီထက် များလာအောင် ငါကိုယ်တိုင် ငါ့လယ်တောမှာ ဗူးပင်တွေ အများကြီး ထပ်စိုက်ရမယ် ၊ တပင်ကို ဒီလောက် သီးပုံမျိုးနဲ့ ဒီလောက်ငွေတွေ ရရင် အပင်တွေ အများကြီးသာဆို ငွေတွေလည်း ငါ့မှာ အများကြီး ရလာတော့မယ်လေ "

စိတ်ကူးဖြင့် သာယာနေသော လယ်သမားကြီးသည် ခဲထားသော ဆေးတံကို ဖွာထုတ်လိုက်ပြီး နှုတ်ခမ်းမွှေးကို ဟန်ပါပါ ပွတ်သပ်ကာ ကျေကျေနပ်ကြီးပင် ပြုံးနေမိတော့သည်။

" ဟုတ်ပြီ ၊ ဟုတ်ပြီ ဗူးပင်တွေ အများကြီး စိုက်ပြီး ငါ မြေတောင်မြှောက်‌ပေးရမယ် ။ အသီးတွေ အများကြီး သီးလာပြီး ငွေတွေ အများကြီး ရလာရင် ငါပင်ပင်ပန်းပန်းနဲ့ လယ်လုပ်စရာ မလိုတော့အောင် ဆင်တကောင် ဝယ်ပြီး သစ်ကွင်းထဲကို ထည့်ထားလိုက်တော့မယ် ရလာတဲ့ အခကြေးငွေနဲ့ ငါတို့လင်မယား အေးအေးဆေးဆေး စားသောက် နေနိုင်ပြီလေ "

လယ်သမားကြီးမှာ စိတ်ကူးယဉ် အတွေးထဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေမိတော့သည်။ သို့သော် စိတ်းကူး အယဉ်လွန်သွားသော လယ်သမားကြီးက " အင်း ငါ ဆင်ကြီးကို စီးပြီး သစ်ကွင်းက ပြန်လာရင် အိမ်အဝင် ဒီဗူးပင်နဲ့ လွတ်မှာ မဟုတ်ဘူး ။ ငါ့ဆင်ကြီး အိမ်အဝင်မှာ ဒီဗူးပင်က အနှောက်အယှက် ပေးတော့မှာပဲ " ဟု တွေးမိသဖြင့် ဆေးတံကို ပစ်ချပြီး ကွပ်ပျစ်ဘေးမှ ပေါက်တူးကို ဆက်ကနဲ့ ဆွဲကိုင်ရပ်ကာ ဗူးပင်ကြီး၏ အမြစ်အား ခုတ်ဖြတ်ချလိုက် လေတော့၏ ။

ထိုအပြုအမူအား အမှတ်မထင် မြင်လိုက်သော အိမ်နီးခြင်း တဦးမှာ အလွန်ပင် အံ့ဩသွားပြီး အဘယ့်ကြောင့် ဒီလောက် သီးပွင့်နေသည့် ဗူးပင်အား ခုတ်ဖြတ် လိုက်ရကြောင်း လယ်သမားကြီးအား မေးလေရာ လယ်သမားကြီးမှ သူ့အနေဖြင့် အိမ်ကို ဆင်စီး ဝင်လာတဲ့အခါ အနှောက်အယှက် ဖြစ်လာစေနိုင် သဖြင့် အခုလို နှိမ်လိုက်ရကြောင်း ရှင်းပြလေသည်။

ထိုအခါ အိမ်နီးခြင်းမိတ်ဆွေမှ လယ်သမားကြီးမှာ ဆင်တကောင် ရှိနေပြီလား ဟု တအံတဩဖြင့် ဆက်လက် မေးလိုက်ရာတွင်တော့ လယ်သမားကြီးမှာ အတွေးလွန်နေရာမှ သတိပြန်ဝင်လာကာ ဟာကနဲဖြင့် နောင်တကြီးစွာ ရပြီး ဗူးပင်သေ၏ ခြေရင်းမှာ စိတ်ပျက်လက်ပျက်ဖြင့်ပင် ငိုင်စင်း သွားခဲ့လေ တော့သည် ။

crd

Zawgyi

လယ္သမားႏွင့္ ဘူးပင္

တခါတုန္းက လယ္သမားႀကီး တေယာက္ဟာ အိမ္ေရွ႕ ကြပ္ပ်စ္အိုေလး ေပၚမွာ အဆင္မေျပျခင္း မ်ားစြာျဖင့္ စိတ္ပ်က္ လက္ပ်က္ ထိုင္ေနရင္း ေဆးတံတိုကို ခဲကာ အိမ္ၿခံဝင္း တံခါးေပါက္ဆီသို႔ ေငးၾကည့္ေနခဲ့ မိေလ၏ ။

ထိုသို႔ ေငးၾကည့္ေနရာမွ အိမ္ဝင္းတံခါးေပါက္ အမိုးစင္ေလးမွာ ေခြးႏို႔စို႔သည့္ဟန္ တြဲလီတြဲေလာင္းျဖင့္ အသီးပြင့္မ်ား ေဝေဝဆာဆာ သီးပြင့္ေနေသာ အေလ့က် ေပါက္သည့္ ဗူးပင္ပ်ိဳ တပင္အား သတိထားမိသြားေလသည္။

ထိုအခါ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနေသာ လယ္သမားႀကီး၏ ေခါင္းထဲတြင္ အေတြးတခု ဝင္းကနဲ လက္၍ သြားခဲ့‌ေလ၏ ။ ဤ " အိုး ၊ ၾကည့္စမ္းပါအုံး ၊ သီးေနလိုက္သည့္ ဗူးသီးေတြ ငါလည္း ေရတစက္မွ မေလာင္းရပါပဲ သီးေနလိုက္ၾကတာ ႀကီးေနလိုက္ၾကတာ ၊ ဒီဗူးသီးေတြကို ခူးၿပီး ေဈးမွာ သြားေရာင္းရ ရင္ျဖင့္ ေငြေတြ အမ်ားႀကီး ရ‌ေတာ့မွာပဲေဟ့ "

လယ္သမားႀကီးမွာ ေဆးတံမွ ေထာင္းကနဲ လြင့္တက္လာေသာ မီးခိုးေငြ႕မ်ားကို မႈတ္ထုတ္လိုက္ရင္း အေတြးစိတ္ကူး နယ္ခ်ဲ႕မိ ေလေတာ့သည္။ " မဟုတ္ေသးဘူး၊ ဒီထက္ မ်ားလာေအာင္ ငါကိုယ္တိုင္ ငါ့လယ္ေတာမွာ ဗူးပင္ေတြ အမ်ားႀကီး ထပ္စိုက္ရမယ္ ၊ တပင္ကို ဒီေလာက္ သီးပုံမ်ိဳးနဲ႔ ဒီေလာက္ေငြေတြ ရရင္ အပင္ေတြ အမ်ားႀကီးသာဆို ေငြေတြလည္း ငါ့မွာ အမ်ားႀကီး ရလာေတာ့မယ္ေလ "

စိတ္ကူးျဖင့္ သာယာေနေသာ လယ္သမားႀကီးသည္ ခဲထားေသာ ေဆးတံကို ဖြာထုတ္လိုက္ၿပီး ႏႈတ္ခမ္းေမႊးကို ဟန္ပါပါ ပြတ္သပ္ကာ ေက်ေက်နပ္ႀကီးပင္ ၿပဳံးေနမိေတာ့သည္။

" ဟုတ္ၿပီ ၊ ဟုတ္ၿပီ ဗူးပင္ေတြ အမ်ားႀကီး စိုက္ၿပီး ငါ ေျမေတာင္ေျမႇာက္‌ေပးရမယ္ ။ အသီးေတြ အမ်ားႀကီး သီးလာၿပီး ေငြေတြ အမ်ားႀကီး ရလာရင္ ငါပင္ပင္ပန္းပန္းနဲ႔ လယ္လုပ္စရာ မလိုေတာ့ေအာင္ ဆင္တေကာင္ ဝယ္ၿပီး သစ္ကြင္းထဲကို ထည့္ထားလိုက္ေတာ့မယ္ ရလာတဲ့ အခေၾကးေငြနဲ႔ ငါတို႔လင္မယား ေအးေအးေဆးေဆး စားေသာက္ ေနႏိုင္ၿပီေလ "

လယ္သမားႀကီးမွာ စိတ္ကူးယဥ္ အေတြးထဲ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ၿပဳံးေနမိေတာ့သည္။ သို႔ေသာ္ စိတ္းကူး အယဥ္လြန္သြားေသာ လယ္သမားႀကီးက " အင္း ငါ ဆင္ႀကီးကို စီးၿပီး သစ္ကြင္းက ျပန္လာရင္ အိမ္အဝင္ ဒီဗူးပင္နဲ႔ လြတ္မွာ မဟုတ္ဘူး ။ ငါ့ဆင္ႀကီး အိမ္အဝင္မွာ ဒီဗူးပင္က အေႏွာက္အယွက္ ေပးေတာ့မွာပဲ " ဟု ေတြးမိသျဖင့္ ေဆးတံကို ပစ္ခ်ၿပီး ကြပ္ပ်စ္ေဘးမွ ေပါက္တူးကို ဆက္ကနဲ႔ ဆြဲကိုင္ရပ္ကာ ဗူးပင္ႀကီး၏ အျမစ္အား ခုတ္ျဖတ္ခ်လိုက္ ေလေတာ့၏ ။

ထိုအျပဳအမူအား အမွတ္မထင္ ျမင္လိုက္ေသာ အိမ္နီးျခင္း တဦးမွာ အလြန္ပင္ အံ့ဩသြားၿပီး အဘယ့္ေၾကာင့္ ဒီေလာက္ သီးပြင့္ေနသည့္ ဗူးပင္အား ခုတ္ျဖတ္ လိုက္ရေၾကာင္း လယ္သမားႀကီးအား ေမးေလရာ လယ္သမားႀကီးမွ သူ႔အေနျဖင့္ အိမ္ကို ဆင္စီး ဝင္လာတဲ့အခါ အေႏွာက္အယွက္ ျဖစ္လာေစႏိုင္ သျဖင့္ အခုလို ႏွိမ္လိုက္ရေၾကာင္း ရွင္းျပေလသည္။

ထိုအခါ အိမ္နီးျခင္းမိတ္ေဆြမွ လယ္သမားႀကီးမွာ ဆင္တေကာင္ ရွိေနၿပီလား ဟု တအံတဩျဖင့္ ဆက္လက္ ေမးလိုက္ရာတြင္ေတာ့ လယ္သမားႀကီးမွာ အေတြးလြန္ေနရာမွ သတိျပန္ဝင္လာကာ ဟာကနဲျဖင့္ ေနာင္တႀကီးစြာ ရၿပီး ဗူးပင္ေသ၏ ေျခရင္းမွာ စိတ္ပ်က္လက္ပ်က္ျဖင့္ပင္ ငိုင္စင္း သြားခဲ့ေလ ေတာ့သည္ ။

crd

Post a Comment

0 Comments