အပေါင်ပစ္စည်း

တခါက လယ်သမားအဖိုးကြီး တယောက် ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။

" ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ"

" တစ်သိန်းပါ"

ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။

" အဲဒီငွေက ဘာအတွက် သုံးမှာလဲ"

" မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ"

" ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ"

" အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ"

" အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့်ရှိပါတယ်"

" အော်၊ ဒီလိုလား။ ငါ့မှာ လက်ထွန်စက် တစ်စီးတော့ ရှိတယ်ကွ။ အဟောင်းပေမယ့် ငွေတစ်သိန်းမကတော့ တန်ပါတယ်"

" ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်ငွေတစ်သိန်း ထုတ်ပေးလိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန် မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်"

၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့ ပြန်တွေ့တယ်။ သူဟာ အိတ်ကြီးထဲက ပိုက်ဆံတွေ တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်။

" အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့ အတိုးအတွက်ပါ"

" ဦးလေးဆီမှာ ငွေတွေအများကြီးပါလား။ သူများ လုမှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။ ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား"

" အဲဒီလို အပ်ထားတော့ ငါ့အတွက် ဘာအကျိုးရှိမှာမို့လဲ"

" ဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်း ထားပေးမယ်လေ။ သူခိုးဓါးပြရန်လည်း ကင်းတယ်။ ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ် ဦးလေးလိုချင် တဲ့ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်"

" မင်းပြောသလိုဆိုရင် မဆိုးဘူးကွ။ ဒါနဲ့ မင်းတို့ ဘဏ်မှာ ဘာအပေါင်ပစ္စည်း ရှိသလဲ။"

Right ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်း များစွာ အပ်ထားကြတယ်။ ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ။ စဉ်းစားစရာပါ။ မေးရမှာ

ဗန်းမော်သိန်းဖေ

Zawgyi

အေပါင္ပစၥည္း

တခါက လယ္သမားအဖိုးႀကီး တေယာက္ ဘဏ္ကို ေငြေခ်းဖို႔ ေရာက္လာပါတယ္။ ဘဏ္အရာရွိက သူ႔ကို ေမးလိုက္တယ္။

" ဦးေလးက ပိုက္ဆံ ဘယ္ေလာက္ ေခ်းခ်င္လို႔လဲ"

" တစ္သိန္းပါ"

ဘဏ္အရာရွိဟာ ေငြေခ်းတဲ့ ပုံစံကို သူ႔ကို ထုတ္ေပးရင္း ခုလို ေမးလိုက္ျပန္ပါတယ္။

" အဲဒီေငြက ဘာအတြက္ သုံးမွာလဲ"

" ၿမိဳ႕က ပစၥည္းေတြ ဝယ္ၿပီး ႐ြာမွာ အျမတ္နဲ႔ ျပန္ေရာင္းဖို႔ပါ"

" ဦးေလးမွာ ဘာအေပါင္ပစၥည္း ရွိလဲ"

" အေပါင္ပစၥည္းဆိုတာ ဘာကို ေျပာတာလဲ"

" အခု ေခ်းသြားတဲ့ ေငြတစ္သိန္းနဲ႔ ညီမွ်တဲ့ ပစၥည္းတစ္ခုခုေပါ့။ ဦးေလးက ေခ်းထားတဲ့ ေငြကို ျပန္မဆပ္ႏိုင္ရင္ အဲဒီပစၥည္းကို ဘဏ္က သိမ္းယူခြင့္ရွိပါတယ္"

"ေအာ္၊ ဒီလိုလား။ ငါ့မွာ လက္ထြန္စက္ တစ္စီးေတာ့ ရွိတယ္ကြ။ အေဟာင္းေပမယ့္ ေငြတစ္သိန္းမကေတာ့ တန္ပါတယ္"

" ဟုတ္ကဲ့။ အဲဒါဆို ရပါတယ္။ ဒီစာ႐ြက္ေပၚမွာ လက္မွတ္ထိုးေပးလိုက္ပါ။ ကြၽန္ေတာ္ေငြတစ္သိန္း ထုတ္ေပးလိုက္ပါမယ္။ အခ်ိန္တန္လို႔ ေငြျပန္ မဆပ္ႏိုင္ရင္ အေပါင္ပစၥည္းကို သိမ္းမွာေနာ္"

၂ လၾကာေတာ့ လယ္သမားႀကီးဟာ ဘဏ္ကို ျပန္ေရာက္လာတယ္။ ေစာေစာက ဘဏ္အရာရွိနဲ႔ ျပန္ေတြ႕တယ္။ သူဟာ အိတ္ႀကီးထဲက ပိုက္ဆံေတြ တစ္ထပ္ႀကီးကို ဆြဲထုတ္လိုက္ၿပီး အဲဒီထဲက ပိုက္ဆံအခ်ိဳ႕ကို ေရတြက္ၿပီး ဘဏ္အရာရွိကို ေပးရင္း ခုလို ေျပာလိုက္တယ္။

" အရင္က ေခ်းထားတဲ့ ေငြတစ္သိန္းနဲ႔ အတိုးအတြက္ပါ"

" ဦးေလးဆီမွာ ေငြေတြအမ်ားႀကီးပါလား။ သူမ်ား လုမွာ ဓါးျပတိုက္မွာ စိုးရိမ္ရတယ္ေလ။ ကြၽန္ေတာ္တို႔ ဘဏ္မွာ အပ္ထားလိုက္ပါလား"

" အဲဒီလို အပ္ထားေတာ့ ငါ့အတြက္ ဘာအက်ိဳးရွိမွာမို႔လဲ"

" ဘဏ္က ဦးေလးရဲ႕ ပိုက္ဆံေတြကို ထိန္းသိမ္း ထားေပးမယ္ေလ။ သူခိုးဓါးျပရန္လည္း ကင္းတယ္။ ဦးေလးက ပုံမွန္အတိုးလည္း ရေနမယ္ ဦးေလးလိုခ်င္ တဲ့ေငြကို အခ်ိန္မေ႐ြး ျပန္ထုတ္ခြင့္လည္း ရွိပါတယ္"

" မင္းေျပာသလိုဆိုရင္ မဆိုးဘူးကြ။ ဒါနဲ႔ မင္းတို႔ ဘဏ္မွာ ဘာအေပါင္ပစၥည္းရွိသလဲ။"

Right ကြၽန္ေတာ္တို႔ ဘဏ္ေတြမွာ ေငြသိန္းေပါင္း မ်ားစြာ အပ္ထားၾကတယ္။ ဘယ္သူကမ်ား လယ္သမားႀကီးေမးတဲ့ ေမးခြန္းမ်ိဳးကို ဘဏ္ကို ေမးဖူးၾကသလဲ။ စဥ္းစားစရာပါ။ ေမးရမွာ

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments