99 မိသားစု

တခါတုန်းက လောကကြီး တခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီး တပါးရှိတယ်။ အဲ့ဘုရင်ကြီးက အရာရာကို ပိုင်ဆိုင်ထားသည့်တိုင် အလိုဆန္ဒ မပြည့်ဝခဲ့ဘူး။ မပျော်ရွင်ခဲ့ဘူး။ ညစာစားပွဲတွေ ပျော်ရွင်ပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း သူ့ဘဝဟာ ဘာဖြစ်လို့ မပျော်ရွင်မှန်း အလိုမကျမှန်း မသိဘဲ စိတ်ရှုပ်နေခဲ့တယ်။

တနေ့မှာတော့ ဘုရင်ကြီးဟာ မနက် စောစောထပြီး နန်းတော်ထဲ လှည့်ပတ် ကြည့်ရှုခဲ့တယ်။ စားဖိုဆောင်အရောက်မှာ ပျော်ပျော် ရွှင်ရွှင် သီချင်းဆိုနေသံကို သူကြားလိုက်မိတယ်။ အသံလာရာနောက် လိုက်ကြည့်တော့ စားဖိုမှူးတဦး ဖြစ်နေတာကို တွေ့တယ်။ သီချင်းဆိုနေတဲ့ စားဖိုမှူးမျက်နှာပေါ်မှာ ပျော်ရွင်မှုတွေ ထင်ဟပ်နေတယ်။

ဘုရင်ကြီးဟာ စားဖိုမှူးကို ဘာကြောင့် ဒီလောက် ပျော်ရွင်ရသလဲ လို့ မေးတယ်။ " အရှင်မင်းကြီး ကျွန်တော်မျိုးဟာ စားဖိုမှူးတဦးသာ ဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး၊ သားသမီးတွေကို ကျွန်တော်မျိုး တက်နိုင်သလောက် ပျော်ရွင်စေခဲ့ ပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့ တဲအိမ်တလုံးရှိမယ်။ ဗိုက်ထဲမှာ အစာရှိမယ်ဆိုရင် လုံလောက်ပါပြီ။

အိမ်ကို ကျွန်တော် ယူပြန်တဲ့ မည်သည့် သေးသေးမွှားမွှား အရာမဆို သူတို့အလိုကို ပြည့်စေပါတယ်။ ကျွန်တော်မျိုး မိသားစုတွေ ပျော်ရွင်လို့ ကျွန်တော်မျိုးလည်း ဒီလို နေ့တိုင်းပျော်ရွင်နေရတာပါ " လို့ စားဖိုမှုးက ဖြေတယ် ။ ဘုရင်ကြီးက စားဖိုမှူးပြောတဲ့ စကားတွေကို အမတ်ကြီးနဲ့ တိုင်ပင် ဆွေးနွေးတယ်။

အမတ်ကြီးက " အရှင်မင်းကြီး ဒီစားဖိုမှူးက ၉၉ မိသားစု မဖြစ်သေးလို့ပါ " လို့ ပြောတယ်။ " ၉၉ မိသားစု ဆိုတာ ဘာလဲ " လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့ မေးတယ်။ " ၉၉မိသားစု ဆိုတာကို သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဦးဆုံး အထုပ်တထုပ်ထဲ ငွေပြား ၉၉ စေ့ ကို ထည့်ပြီး စားဖိုမှုးရဲ့ အိမ်တံခါးဝမှာ သွားချထားပါ။ ၉၉ မိသားစု အကြောင်း အရှင်မင်းကြီး အမြန်ဆုံး သိလာပါလိမ့်မယ် ။ ဘုရင်ကြီးလည်း အမတ်ကြီး ပြောတဲ့ ငွေထုပ်ကို စားဖိုမှူးရဲ့ အိမ်ရှေ့ကို သွားထားခိုင်းလိုက်တယ် ။

အဲ့ဒီလိုနဲ့ အိမ်ပြန်လာတဲ့ စားဖိုမှူးဟာ အိမ်တံခါးဝက အထုပ်ကို တွေ့တာနဲ့ သိလိုစိတ် ပြင်းပြပြီး အထုပ်ကို ဖြေကြည့် လိုက်တယ်။ အထဲမှာ ငွေကြေးတွေကို တွေ့တော့ ဝမ်းသာအားရ အော်ပါတယ်။ " အလို ငွေတွေ ဒီလောက်များတဲ့ ငွေတွေ " ဆိုပြီး စားဖိုမှူးက အထုပ်ကို စားပွဲပေါ် ဖြေချပြီး ငွေတွေကို စ ရေတွက်တော့တယ် ။ ၉၉ စေ့ ။ ဒီအရေအတွက် မဖြစ်နိုင်ဘူး ဆိုပြီး ငွေတွေကို သူ ထပ်ရေတွက် ပြန်တယ် ။ ဒါပေမယ့် ဘယ်လိုပဲ ရေရေ ငွေပြားတွေဟာ ၉၉ စေ့ ဖြစ်နေတယ်။

စားဖိုမှူးရဲ့ စိတ်တွေ ရှုပ်ထွေးစ ပြုလာတယ်။ ၉၉ စေ့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ၉၉ စေ့ ပဲ ထည့်ထားမှာ မဟုတ်ဘူး။ ကျန်တဲ့ ငွေပြား ၁ စေ့ ဘယ်ရောက်သွားပြီလဲ။ ဒီလိုနဲ့ ငွေပြား တပြားကို စရှာပါတော့တယ်။ အိမ်ထဲ အိမ်ပြင် မကျန် ရှာတယ်။ အိမ်ဝင်းထဲ ရှာတယ်။ ပင်ပန်းနွမ်းနယ်တဲ့ အထိ ရှာလည်း ငွေ ၁ ပြားကို မတွေ့ခဲ့ဘူး ။

စားဖိုမှူးဟာ စိတ်ာလည်း မပျော်ရွင်တော့ဘူး။ သူ မျှော်လင့်ချက်တွေ မဲ့လာတယ် ။ ငွေ ၁ ပြားကို မနက်ဖြန် ထပ် ကြိုးစားရှာမယ် လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ သူ့ငွေပြားတွေ တရာ ပြည့်မယ် ။

ညက ငွေ ၁ ပြား ရှာရတဲ့ ဒဏ်ကြောင့် နောက် တနေ့မနက်မှာ အိပ်ရာထ နောက်ကျခဲ့လို့ စားဖိုမှုး စိတ်မပျော်ရွင် ဖြစ်နေတယ် ။ သူ့ကို ဘာဖြစ်လို့ မနှိုးရတာလဲဆိုပြီး ဇနီးနဲ့သား သမီးတွေကို သူအော်ငေါက်မိတယ်။ ငွေ ၁ ပြား ရှာဖို့ သူ့အချိန်တွေ ထိခိုက်ကုန်ပြီ လို့ ဆိုတယ်။

နန်းတော်က စားဖိုဆောင်ကို သူ အလျင်စလို ရောက်လာခဲ့တယ်။ သူ့ပုံစံက ခါတိုင်းလို ပျော်ပျော် ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း မညည်းနိုင်သလို ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျုံးလုပ်နေခဲ့တယ်။ ဘုရင်ကြီးက သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ် ဆိုတာကိုလည်း သူ သတိမထားနိုင် တော့ဘူး ။

အမတ်ကြီးက " အရှင်မင်း ကြီး ဒီစားဖိုမှုးဟာ ၉၉ မိသားစုထဲ လုံးဝ ဝင်ရောက်လာပါပြီ " လို့ ဖြေပါတယ် ။ ၉၉ မိသားစု ဆိုတာ သူတို့ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင် မပြည့်ဝတတ်သူတွေ ဖြစ်တယ်။ သူတို့ဟာ အဲဒီ ထပ်ဖြည့်မယ့် ငွေကြေး ၁ ပြားအတွက် အလုပ်တွေကို နေ့မအား ညမအား လုပ်ကြတယ်။ "ရာ" ပြည့်မယ့် သူတို့ရဲ့ လိုအင် ဆန္ဒအတွက် ပင်ပင် ပန်းပန်း အလုပ် လုပ်ကြတယ်။

"ရာ" ပြည့်နိုင်ဖို့ "တစ်" ကို အားကုန်ခမ်းတဲ့အထိ လိုက်ရှာပြီး ပျော်ရွင်ခြင်းတွေ ကျန်းမာရေးတွေ စွန့်တဲ့လူဟာ ၉၉ မိသားစုပဲ ဖြစ်တယ်။ဥစ္စာပစ္စည်းရဲ့ တရာပုံ တပုံနဲ့ ပျော်ရွင်ခြင်းကို ဝယ်နိုင်ရင် ဒါဟာ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဥစ္စာပစ္စည်း တပုံအတွက် ပျော်ရွင်ခြင်းနဲ့ လဲတာက မထိုက်တန်ပါဘူး။

Crd နိုင်းနိုင်းစနေ

Zawgyi

99 မိသားစု

တခါတုန္းက ေလာကႀကီး တခုလုံးကို ပိုင္စိုးထားတဲ့ ဘုရင္ႀကီး တပါးရွိတယ္။ အဲ့ဘုရင္ႀကီးက အရာရာကို ပိုင္ဆိုင္ထားသည့္တိုင္ အလိုဆႏၵ မျပည့္ဝခဲ့ဘူး။ မေပ်ာ္႐ြင္ခဲ့ဘူး။ ညစာစားပြဲေတြ ေပ်ာ္႐ြင္ပြဲေတြ က်င္းပခဲ့ေပမယ့္လည္း သူ႔ဘဝဟာ ဘာျဖစ္လို႔ မေပ်ာ္႐ြင္မွန္း အလိုမက်မွန္း မသိဘဲ စိတ္ရႈပ္ေနခဲ့တယ္။

တေန႔မွာေတာ့ ဘုရင္ႀကီးဟာ မနက္ ေစာေစာထၿပီး နန္းေတာ္ထဲ လွည့္ပတ္ ၾကည့္ရႈခဲ့တယ္။ စားဖိုေဆာင္အေရာက္မွာ ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ သီခ်င္းဆိုေနသံကို သူၾကားလိုက္မိတယ္။ အသံလာရာေနာက္ လိုက္ၾကည့္ေတာ့ စားဖိုမႉးတဦး ျဖစ္ေနတာကို ေတြ႕တယ္။ သီခ်င္းဆိုေနတဲ့ စားဖိုမႉးမ်က္ႏွာေပၚမွာ ေပ်ာ္႐ြင္မႈေတြ ထင္ဟပ္ေနတယ္။

ဘုရင္ႀကီးဟာ စားဖိုမႉးကို ဘာေၾကာင့္ ဒီေလာက္ ေပ်ာ္႐ြင္ရသလဲ လို႔ ေမးတယ္။ " အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးဟာ စားဖိုမႉးတဦးသာ ျဖစ္ေပမယ့္ ကြၽန္ေတာ္မ်ိဳးရဲ႕ ဇနီး၊ သားသမီးေတြကို ကြၽန္ေတာ္မ်ိဳး တက္ႏိုင္သေလာက္ ေပ်ာ္႐ြင္ေစခဲ့ ပါတယ္။ ကြၽန္ေတာ္မ်ိဳးတို႔ သိပ္မ်ားမ်ား မလိုပါဘူး။ ေနဖို႔ တဲအိမ္တလုံးရွိမယ္။ ဗိုက္ထဲမွာ အစာရွိမယ္ဆိုရင္ လုံေလာက္ပါၿပီ။

အိမ္ကို ကြၽန္ေတာ္ ယူျပန္တဲ့ မည္သည့္ ေသးေသးမႊားမႊား အရာမဆို သူတို႔အလိုကို ျပည့္ေစပါတယ္။ ကြၽန္ေတာ္မ်ိဳး မိသားစုေတြ ေပ်ာ္႐ြင္လို႔ ကြၽန္ေတာ္မ်ိဳးလည္း ဒီလို ေန႔တိုင္းေပ်ာ္႐ြင္ေနရတာပါ " လို႔ စားဖိုမႈးက ေျဖတယ္ ။ ဘုရင္ႀကီးက စားဖိုမႉးေျပာတဲ့ စကားေတြကို အမတ္ႀကီးနဲ႔ တိုင္ပင္ ေဆြးေႏြးတယ္။

အမတ္ႀကီးက " အရွင္မင္းႀကီး ဒီစားဖိုမႉးက ၉၉ မိသားစု မျဖစ္ေသးလို႔ပါ " လို႔ ေျပာတယ္။ " ၉၉ မိသားစု ဆိုတာ ဘာလဲ " လို႔ ဘုရင္ႀကီးက သိလိုစိတ္နဲ႔ ေမးတယ္။ " ၉၉မိသားစု ဆိုတာကို သိခ်င္ရင္ အရွင္မင္းႀကီး ဒီလိုလုပ္ပါ။ ပထမဦးဆုံး အထုပ္တထုပ္ထဲ ေငြျပား ၉၉ ေစ့ ကို ထည့္ၿပီး စားဖိုမႈးရဲ႕ အိမ္တံခါးဝမွာ သြားခ်ထားပါ။ ၉၉ မိသားစု အေၾကာင္း အရွင္မင္းႀကီး အျမန္ဆုံး သိလာပါလိမ့္မယ္ ။ ဘုရင္ႀကီးလည္း အမတ္ႀကီး ေျပာတဲ့ ေငြထုပ္ကို စားဖိုမႉးရဲ႕ အိမ္ေရွ႕ကို သြားထားခိုင္းလိုက္တယ္ ။

အဲ့ဒီလိုနဲ႔ အိမ္ျပန္လာတဲ့ စားဖိုမႉးဟာ အိမ္တံခါးဝက အထုပ္ကို ေတြ႕တာနဲ႔ သိလိုစိတ္ ျပင္းျပၿပီး အထုပ္ကို ေျဖၾကည့္ လိုက္တယ္။ အထဲမွာ ေငြေၾကးေတြကို ေတြ႕ေတာ့ ဝမ္းသာအားရ ေအာ္ပါတယ္။ " အလို ေငြေတြ ဒီေလာက္မ်ားတဲ့ ေငြေတြ " ဆိုၿပီး စားဖိုမႉးက အထုပ္ကို စားပြဲေပၚ ေျဖခ်ၿပီး ေငြေတြကို စ ေရတြက္ေတာ့တယ္ ။ ၉၉ ေစ့ ။ ဒီအေရအတြက္ မျဖစ္ႏိုင္ဘူး ဆိုၿပီး ေငြေတြကို သူ ထပ္ေရတြက္ ျပန္တယ္ ။ ဒါေပမယ့္ ဘယ္လိုပဲ ေရေရ ေငြျပားေတြဟာ ၉၉ ေစ့ ျဖစ္ေနတယ္။

စားဖိုမႉးရဲ႕ စိတ္ေတြ ရႈပ္ေထြးစ ျပဳလာတယ္။ ၉၉ ေစ့ မျဖစ္ႏိုင္ဘူး။ ဘယ္သူကမွ ၉၉ ေစ့ ပဲ ထည့္ထားမွာ မဟုတ္ဘူး။ က်န္တဲ့ ေငြျပား ၁ ေစ့ ဘယ္ေရာက္သြားၿပီလဲ။ ဒီလိုနဲ႔ ေငြျပား တျပားကို စရွာပါေတာ့တယ္။ အိမ္ထဲ အိမ္ျပင္ မက်န္ ရွာတယ္။ အိမ္ဝင္းထဲ ရွာတယ္။ ပင္ပန္းႏြမ္းနယ္တဲ့ အထိ ရွာလည္း ေငြ ၁ ျပားကို မေတြ႕ခဲ့ဘူး ။

စားဖိုမႉးဟာ စိတ္ာလည္း မေပ်ာ္႐ြင္ေတာ့ဘူး။ သူ ေမွ်ာ္လင့္ခ်က္ေတြ မဲ့လာတယ္ ။ ေငြ ၁ ျပားကို မနက္ျဖန္ ထပ္ ႀကိဳးစားရွာမယ္ လို႔ သူဆုံးျဖတ္လိုက္တယ္။ ဒါမွ သူ႔ေငြျပားေတြ တရာ ျပည့္မယ္ ။

ညက ေငြ ၁ ျပား ရွာရတဲ့ ဒဏ္ေၾကာင့္ ေနာက္ တေန႔မနက္မွာ အိပ္ရာထ ေနာက္က်ခဲ့လို႔ စားဖိုမႈး စိတ္မေပ်ာ္႐ြင္ ျဖစ္ေနတယ္ ။ သူ႔ကို ဘာျဖစ္လို႔ မႏႈိးရတာလဲဆိုၿပီး ဇနီးနဲ႔သား သမီးေတြကို သူေအာ္ေငါက္မိတယ္။ ေငြ ၁ ျပား ရွာဖို႔ သူ႔အခ်ိန္ေတြ ထိခိုက္ကုန္ၿပီ လို႔ ဆိုတယ္။

နန္းေတာ္က စားဖိုေဆာင္ကို သူ အလ်င္စလို ေရာက္လာခဲ့တယ္။ သူ႔ပုံစံက ခါတိုင္းလို ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ျဖစ္မေနဘူး။ သီခ်င္းေတြလည္း မညည္းႏိုင္သလို ေခါင္းငုံ႔ၿပီး အလုပ္ေတြပဲ သိမ္းက်ဳံးလုပ္ေနခဲ့တယ္။ ဘုရင္ႀကီးက သူ႔ကို တိတ္တိတ္ေလး အကဲခတ္ေနတယ္ ဆိုတာကိုလည္း သူ သတိမထားႏိုင္ ေတာ့ဘူး ။

အမတ္ႀကီးက " အရွင္မင္း ႀကီး ဒီစားဖိုမႈးဟာ ၉၉ မိသားစုထဲ လုံးဝ ဝင္ေရာက္လာပါၿပီ " လို႔ ေျဖပါတယ္ ။ ၉၉ မိသားစု ဆိုတာ သူတို႔ ဘယ္ေလာက္ပဲ ပိုင္ဆိုင္ထားသည့္တိုင္ မျပည့္ဝတတ္သူေတြ ျဖစ္တယ္။ သူတို႔ဟာ အဲဒီ ထပ္ျဖည့္မယ့္ ေငြေၾကး ၁ ျပားအတြက္ အလုပ္ေတြကို ေန႔မအား ညမအား လုပ္ၾကတယ္။ "ရာ" ျပည့္မယ့္ သူတို႔ရဲ႕ လိုအင္ ဆႏၵအတြက္ ပင္ပင္ ပန္းပန္း အလုပ္ လုပ္ၾကတယ္။

"ရာ" ျပည့္ႏိုင္ဖို႔ "တစ္" ကို အားကုန္ခမ္းတဲ့အထိ လိုက္ရွာၿပီး ေပ်ာ္႐ြင္ျခင္းေတြ က်န္းမာေရးေတြ စြန႔္တဲ့လူဟာ ၉၉ မိသားစုပဲ ျဖစ္တယ္။ဥစၥာပစၥည္းရဲ႕ တရာပုံ တပုံနဲ႔ ေပ်ာ္႐ြင္ျခင္းကို ဝယ္ႏိုင္ရင္ ဒါဟာ ထိုက္တန္ပါတယ္။ ဒါေပမယ့္ ဥစၥာပစၥည္း တပုံအတြက္ ေပ်ာ္႐ြင္ျခင္းနဲ႔ လဲတာက မထိုက္တန္ပါဘူး။

Crd ႏိုင္းႏိုင္းစေန

Post a Comment

0 Comments