ဖုန်းကြည့်တာများလို့ မျက်လုံးခွဲစိတ်လိုက်ရတဲ့ ၄ နှစ်အရွယ်ကလေးလေး

ဒီနေ့ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် ကလေးတွေက ဖုန်းတွေ၊ tablet တွေကို အသုံးများ လာကြပါတယ်။ မိဘတွေကလည်း ကလေးတွေ မပျင်းအောင်၊ အသိပညာ တိုးအောင်၊ ငြိမ်အောင်လို့ ဖုန်းတွေ၊ tablet တွေကို အသုံးပြု ခိုင်းပါတယ်။

ဒါပေမယ့် တချို့မိဘတွေက အလုပ်တွေ အရမ်းများတဲ့အခါ ကလေးတွေ ဖုန်းသုံးချိန်ကို မကန့်သတ်ပေး နိုင်တော့ပါဘူး။ ထိုင်းနိုင်ငံက Dachar Nuysticker Chuaydaung ဆိုတဲ့ ကလေးအဖေ တစ်ယောက်ကတော့ သူ့ရဲ့အဖြစ်အပျက်ကို မျှဝေထားပါတယ်။

Dachar မှာ ၂ နှစ်အရွယ် သမီးလေးတစ်ယောက် ရှိပြီးတော့ ကလေးကို ဖုန်းသုံးခွင့် ပေးထားပါတယ်။ Dachan အလုပ်လုပ်နေချိန်မှာ ကလေးက ဖုန်းထဲမှာပဲ အာရုံရောက်နေပါတယ်။ ကလေးအသက် ၄ နှစ်ရောက်တဲ့အခါ ကလေးက ဖုန်းကို အလွန်စွဲလမ်းလာပြီး မျက်လုံး ပြဿနာတွေလည်း ဖြစ်လာပါတော့တယ်။

ကလေးကို မျက်မှန် တပ်ပေးပေမယ့် lazy eye (ပျင်းသောမျက်စိ) ဖြစ်လာပါတယ်။ Lazy eye ဖြစ်လာလို့ မျက်လုံးကို ခွဲစိတ်ကုသဖို့ လိုအပ်လာခဲ့ပါတယ်။ Lazy eye ကြောင့် မျက်လုံးက မြင်ရတာကို ဦးနှောက်က အပြည့်အဝ အသိအမှတ် မပြုနိုင်တော့ပါဘူး။

Dachan က သူ့ရဲ့အတွေ့အကြုံကို facebook မှာ မျှဝေပြီး ငယ်ရွယ်တဲ့ ကလေးတွေကို ဖုန်းတွေ၊ tablet တွေ၊ ကွန်ပျူတာတွေ ပေးမသုံးဖို့ သတိပေးခဲ့ပါတယ်။

Dachan ရဲ့ သမီးက မျက်မှန် တပ်ရတဲ့အခါ မျက်လုံးအခြေအနေ တိုးတက်လာမယ် လို့ မိဘတွေက ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း ဆိုးလာတာကြောင့် မျက်လုံးခွဲစိတ်မှု ခံယူလိုက်ရပါတယ်။

အခုဆိုရင် ကလေးက မျက်လုံးနှစ်ဖက်လုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနေနိုင်ပါပြီ။ ဆရာဝန်တွေကတော့ Dachan ရဲ့သမီးလေးကို တီဗွီတောင် ပေးမကြည့်ဖို့ မှာထားပါတယ်။

တကယ်တော့ ကလေးတွေကို တစ်နေ့ကို အများဆုံး ၂ နာရီခန့်သာ ဖုန်းကြည့်ဖို့၊ တီဗွီကြည့်ဖို့ ခွင့်ပြုသင့်ပါတယ်။ အသက် ၂ နှစ်နဲ့ ၅ နှစ်ကြား ကလေးတွေကို တစ်နေ့ကို တစ်နာရီပဲ ဖုန်းသုံးဖို့၊ တီဗွီကြည့်ဖို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။

Zombie (Lovemedia)

for zawgyi

ဖုန္းၾကည့္တာမ်ားလို႔ မ်က္လုံးခြဲစိတ္လိုက္ရတဲ့ ၄ ႏွစ္အ႐ြယ္ကေလးေလး

ဒီေန႔ေခတ္မွာ နည္းပညာေတြ တိုးတက္လာတာေၾကာင့္ ကေလးေတြက ဖုန္းေတြ၊ tablet ေတြကို အသုံးမ်ား လာၾကပါတယ္။ မိဘေတြကလည္း ကေလးေတြ မပ်င္းေအာင္၊ အသိပညာ တိုးေအာင္၊ ၿငိမ္ေအာင္လို႔ ဖုန္းေတြ၊ tablet ေတြကို အသုံးျပဳ ခိုင္းပါတယ္။

ဒါေပမယ့္ တခ်ိဳ႕မိဘေတြက အလုပ္ေတြ အရမ္းမ်ားတဲ့အခါ ကေလးေတြ ဖုန္းသုံးခ်ိန္ကို မကန႔္သတ္ေပး ႏိုင္ေတာ့ပါဘူး။ ထိုင္းႏိုင္ငံက Dachar Nuysticker Chuaydaung ဆိုတဲ့ ကေလးအေဖ တစ္ေယာက္ကေတာ့ သူ႔ရဲ႕အျဖစ္အပ်က္ကို မွ်ေဝထားပါတယ္။

Dachar မွာ ၂ ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ ရွိၿပီးေတာ့ ကေလးကို ဖုန္းသုံးခြင့္ ေပးထားပါတယ္။ Dachan အလုပ္လုပ္ေနခ်ိန္မွာ ကေလးက ဖုန္းထဲမွာပဲ အာ႐ုံေရာက္ေနပါတယ္။ ကေလးအသက္ ၄ ႏွစ္ေရာက္တဲ့အခါ ကေလးက ဖုန္းကို အလြန္စြဲလမ္းလာၿပီး မ်က္လုံး ျပႆနာေတြလည္း ျဖစ္လာပါေတာ့တယ္။ ကေလးကို မ်က္မွန္တပ္ေပးေပမယ့္ lazy eye (ပ်င္းေသာမ်က္စိ) ျဖစ္လာပါတယ္။ Lazy eye ျဖစ္လာလို႔ မ်က္လုံးကို ခြဲစိတ္ကုသဖို႔ လိုအပ္လာခဲ့ပါတယ္။ Lazy eye ေၾကာင့္ မ်က္လုံးက ျမင္ရတာကို ဦးေႏွာက္က အျပည့္အဝ အသိအမွတ္ မျပဳႏိုင္ေတာ့ပါဘူး။

Dachan က သူ႔ရဲ႕အေတြ႕အႀကဳံကို facebook မွာ မွ်ေဝၿပီး ငယ္႐ြယ္တဲ့ ကေလးေတြကို ဖုန္းေတြ၊ tablet ေတြ၊ ကြန္ပ်ဴတာေတြ ေပးမသုံးဖို႔ သတိေပးခဲ့ပါတယ္။

Dachan ရဲ႕ သမီးက မ်က္မွန္ တပ္ရတဲ့အခါ မ်က္လုံးအေျခအေန တိုးတက္လာမယ္ လို႔ မိဘေတြက ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ တျဖည္းျဖည္း ဆိုးလာတာေၾကာင့္ မ်က္လုံးခြဲစိတ္မႈ ခံယူလိုက္ရပါတယ္။

အခုဆိုရင္ ကေလးက မ်က္လုံးႏွစ္ဖက္လုံးကို တစ္ၿပိဳင္နက္တည္း အသုံးျပဳေနႏိုင္ပါၿပီ။ ဆရာဝန္ေတြကေတာ့ Dachan ရဲ႕သမီးေလးကို တီဗြီေတာင္ ေပးမၾကည့္ဖို႔ မွာထားပါတယ္။

တကယ္ေတာ့ ကေလးေတြကို တစ္ေန႔ကို အမ်ားဆုံး ၂ နာရီခန႔္သာ ဖုန္းၾကည့္ဖို႔၊ တီဗြီၾကည့္ဖို႔ ခြင့္ျပဳသင့္ပါတယ္။ အသက္ ၂ ႏွစ္နဲ႔ ၅ ႏွစ္ၾကား ကေလးေတြကို တစ္ေန႔ကို တစ္နာရီပဲ ဖုန္းသုံးဖို႔၊ တီဗြီၾကည့္ဖို႔ ဆရာဝန္ေတြက အႀကံေပးထားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments