ကိုယ်စီးနေတဲ့ ဓါတ်လှေကားက ရုတ်တရက် ပျက်ကျခဲ့ရင် အသက်ရှင်အောင် ဘယ်လိုလုပ်မလဲ

ကမ္ဘာပေါ်မှာနေထိုင်တဲ့ လူသားတိုင်းကတော့ အန္တရာယ် တစ်ခုမဟုတ်တစ်ခု ကြုံရလေ့ ရှိပါတယ်။ ရေချိုးနေရင်း တန်းလန်း ရေပြတ်သွားတာကနေ ကိုယ်စီးနေတဲ့ကားက ဘီးပြုတ်ထွက်တာမျိူးလဲ ရှိပါတယ်။ မထင်မှတ်ထားတဲ့ အန္တရာယ်တွေက များပြားလွန်းတာကြောင့် အချိန်တိုင်း သတိရှိနေဖို့လည်း လိုပါတယ်။ အန္တရာယ်တွေ၊ မတော်တဆမှုတွေ များစွာထဲကနေမှ ကိုယ်စီးနေတဲ့ ဓါတ်လှေကားက ရုတ်တရက် ပြုတ်ကျသွားရင် ဘယ်လိုနေရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ ခုန်ထွက်ခြင်း

ခုန်ထွက်တာကတော့ အလွန်ကို ခက်ခဲပါတယ်။ ခုန်တာ အရှိန်များသွားရင်လည်း သင့်ကို ထိခိုက်စေနိုင်ပါတယ်။ ပြီးတော့ သင့်ခန္ဒာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းနဲ့ ကျမယ်ဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါကြောင့် ခုန်ပြီးထွက်တာကတော့ သင့်ကို တော်တော် ထိခိုက်စေနိုင်ပါတယ်။

၂။ အောက်တည့်တည့်ကို ခုန်ချခြင်း

ခုန်ချတဲ့အချိန်မှာ လေဖိအားကြောင့် သင့်ရဲ့ခန္ဒာကိုယ်ဟာ (၁၀) ဆလောက် ပိုလေးနေပါတယ်။ တကယ်လို့ အောက်မှာသာ ကြမ်းပြင်အမာတစ်ခုခု (သို့) မြေကြီးအမာသာ ဆိုရင်တော့ သင့်ခြေထောက်တွေကို အလိုလို ရိုက်ချိုးပြီးသား ဖြစ်နေပါလိမ့်မယ်။

၃။ လှဲအိပ်ခြင်း

ကိုယ်စီးနေတဲ့ ဓာတ်လှေကားက ပြုတ်ကျပြီလို့ သတိထားမိတာနဲ့ ကြမ်းပြင်ပေါ်ကို ချက်ချင်းလှဲချပြီး မှောက်အိပ်လိုက်ပါ။ ဒီလို အိပ်လိုက်တာက ပြုတ်ကျတဲ့အရှိန်ကို သင့်ရဲ့ ခန္ဒာကိုယ်ဆီ မျှပြီးရောက်သွားပါလိမ့်မယ်။ တစ်နေရာထဲ နာကျင်တာထက် ခန္ဒာကိုယ်ကို ဖြန့်ပြီး နာကျင်စေတာက ပိုပြီး သက်သာရာရစေပါတယ်။

နောက်တစ်မျိုးကတော့ ထိုင်ချလိုက်တာပါပဲ။ မတ်တပ်ရပ်နေတာက အရိုးစုကို ပိုပြီးထိခိုက်ပြီး ဝန်ပိုပိစေပါတယ်။ ပြီးတော့ ဟန်ချက်လည်း ပျက်နိုင်ပါတယ်။ ထိုင်နေတာကတော့ ဖိအား သိပ်မရှိတာကြောင့် အရိုးတွေလည်း နာကျင်မှု သိပ်မရှိစေပါဘူး။ တကယ်လို့ ထိုင်ဖို့ အခက်အခဲဖြစ်တယ် ဆိုရင်လည်း ဒူးကို ကွေးထားလို့ ရပါတယ်။

Zombie (Lovemedia)

for zawgyi

ကိုယ္စီးေနတဲ့ ဓါတ္ေလွကားက ႐ုတ္တရက္ ပ်က္က်ခဲ့ရင္ အသက္ရွင္ေအာင္ ဘယ္လိုလုပ္မလဲ

ကမာၻေပၚမွာေနထိုင္တဲ့ လူသားတိုင္းကေတာ့ အႏၲရာယ္ တစ္ခုမဟုတ္တစ္ခု ႀကဳံရေလ့ ရွိပါတယ္။ ေရခ်ိဳးေနရင္း တန္းလန္း ေရျပတ္သြားတာကေန ကိုယ္စီးေနတဲ့ကားက ဘီးျပဳတ္ထြက္တာမ်ိဴးလဲ ရွိပါတယ္။ မထင္မွတ္ထားတဲ့ အႏၲရာယ္ေတြက မ်ားျပားလြန္းတာေၾကာင့္ အခ်ိန္တိုင္း သတိရွိေနဖို႔လည္း လိုပါတယ္။ အႏၲရာယ္ေတြ၊ မေတာ္တဆမႈေတြ မ်ားစြာထဲကေနမွ ကိုယ္စီးေနတဲ့ ဓါတ္ေလွကားက ႐ုတ္တရက္ ျပဳတ္က်သြားရင္ ဘယ္လိုေနရမလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

၁။ ခုန္ထြက္ျခင္း

ခုန္ထြက္တာကေတာ့ အလြန္ကို ခက္ခဲပါတယ္။ ခုန္တာ အရွိန္မ်ားသြားရင္လည္း သင့္ကို ထိခိုက္ေစႏိုင္ပါတယ္။ ၿပီးေတာ့ သင့္ခႏၵာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းနဲ႔ က်မယ္ဆိုတာကို ႀကိဳမသိႏိုင္ပါဘူး။ ဒါေၾကာင့္ ခုန္ၿပီးထြက္တာကေတာ့ သင့္ကို ေတာ္ေတာ္ ထိခိုက္ေစႏိုင္ပါတယ္။

၂။ ေအာက္တည့္တည့္ကို ခုန္ခ်ျခင္း

ခုန္ခ်တဲ့အခ်ိန္မွာ ေလဖိအားေၾကာင့္ သင့္ရဲ႕ခႏၵာကိုယ္ဟာ (၁၀) ဆေလာက္ ပိုေလးေနပါတယ္။ တကယ္လို႔ ေအာက္မွာသာ ၾကမ္းျပင္အမာတစ္ခုခု (သို႔) ေျမႀကီးအမာသာ ဆိုရင္ေတာ့ သင့္ေျခေထာက္ေတြကို အလိုလို ႐ိုက္ခ်ိဳးၿပီးသား ျဖစ္ေနပါလိမ့္မယ္။

၃။ လွဲအိပ္ျခင္း

ကိုယ္စီးေနတဲ့ ဓာတ္ေလွကားက ျပဳတ္က်ၿပီလို႔ သတိထားမိတာနဲ႔ ၾကမ္းျပင္ေပၚကို ခ်က္ခ်င္းလွဲခ်ၿပီး ေမွာက္အိပ္လိုက္ပါ။ ဒီလို အိပ္လိုက္တာက ျပဳတ္က်တဲ့အရွိန္ကို သင့္ရဲ႕ ခႏၵာကိုယ္ဆီ မွ်ၿပီးေရာက္သြားပါလိမ့္မယ္။ တစ္ေနရာထဲ နာက်င္တာထက္ ခႏၵာကိုယ္ကို ျဖန္႔ၿပီး နာက်င္ေစတာက ပိုၿပီး သက္သာရာရေစပါတယ္။

ေနာက္တစ္မ်ိဳးကေတာ့ ထိုင္ခ်လိုက္တာပါပဲ။ မတ္တပ္ရပ္ေနတာက အ႐ိုးစုကို ပိုၿပီးထိခိုက္ၿပီး ဝန္ပိုပိေစပါတယ္။ ၿပီးေတာ့ ဟန္ခ်က္လည္း ပ်က္ႏိုင္ပါတယ္။ ထိုင္ေနတာကေတာ့ ဖိအား သိပ္မရွိတာေၾကာင့္ အ႐ိုးေတြလည္း နာက်င္မႈ သိပ္မရွိေစပါဘူး။ တကယ္လို႔ ထိုင္ဖို႔ အခက္အခဲျဖစ္တယ္ ဆိုရင္လည္း ဒူးကို ေကြးထားလို႔ ရပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments