ဆင်ခြေဖုံးစစ်သည်

ရှေးခေတ်တုန်းက ဘုရင်တွေဟာ စစ်တိုက် ထွက်တဲ့ အခါမှာ ဆင်တွေကို သုံးတယ်။ အကယ်၍များ အဲဒီ ဆင်က ခြေထောက် နာသွားပြီ ဆိုရင် သုံးမရ တော့ဘူး။

အဲဒီတော့ ဆင်ရဲ့ ခြေထောက်ကို ကာကွယ် စောင့်ရှောက်ဖို့ စစ်သည်တော်တွေ ထားတယ် ။ ဆင်ခြေဖုံး စစ်သည်တော် လို့ ခေါ်ကြတယ် ။ သူတို့တွေက အဲ့ဒီ ဆင်အတွက် တော့ အလွန်ကိုမှ အရေးပါတယ်။

နောက်တော့ မြို့တွေ တည်လာတဲ့ အခါ မြို့ရဲ့ ဘေးနားက ဝန်းရံတဲ့ ရပ်ကွက် တွေကို မြို့ဆင်ခြေဖုံး ရပ်ကွက်တွေ လို့ ခေါ်တယ်။

လက်လုပ် လက်စား လူတန်းစားတွေ အလုပ်ကြမ်း လုပ်တဲ့သူတွေ နေကြတာ များတယ် ။ သူတို့တွေလည်း သူ့ နေရာနဲ့သူ အရမ်း အရေးပါတယ်။

လောကကြီးမှာ အလုပ်ကြမ်း လုပ်တဲ့ သူက မရှိမဖြစ် အရေး ကြီးတယ် ။ အဲဒီလို လူတွေ ဘဝတွေ ပျက်ပြီး အလုပ် လက်မဲ့ ဖြစ်ကုန်ရင် စာရိတ္တတွေ ပျက်ပြီး ခိုးဆိုး လုယက်ဘဝ ရောက်သွားရင် မြို့တွေ ပူပြီ ။ မြို့ပူရင် နိုင်ငံ ဆူပြီ ။

ဆင်ခြေ မလုံရင် စစ်ရှုံးနိုင် သလို ဆင်ခြေဖုံး ရပ်ကွက်က အခြေခံ လူတန်းစားကို ဂရု မစိုက်မိရင် တိုင်းပြည် အထိနာမယ် ။ တိုင်းပြည် တခု ထူထောင်ဖို့က အခြေခံ လူတန်းစားက အဓိက ကျတယ်။

Crd

Zawgyi

ဆင္ေျခဖုံးစစ္သည္

ေရွးေခတ္တုန္းက ဘုရင္ေတြဟာ စစ္တိုက္ထြက္တဲ့ အခါမွာ ဆင္ေတြကို သုံးတယ္။ အကယ္၍မ်ား အဲဒီ ဆင္က ေျခေထာက္ နာသြားၿပီ ဆိုရင္ သုံးမရ ေတာ့ဘူး။

အဲဒီေတာ့ ဆင္ရဲ႕ ေျခေထာက္ကို ကာကြယ္ ေစာင့္ေရွာက္ဖို႔ စစ္သည္ေတာ္ေတြ ထားတယ္ ။ ဆင္ေျခဖုံး စစ္သည္ေတာ္ လို႔ ေခၚၾကတယ္ ။ သူတို႔ေတြက အဲ့ဒီ ဆင္အတြက္ ေတာ့ အလြန္ကိုမွ အေရးပါတယ္။

ေနာက္ေတာ့ ၿမိဳ႕ေတြ တည္လာတဲ့ အခါ ၿမိဳ႕ရဲ႕ ေဘးနားက ဝန္းရံတဲ့ ရပ္ကြက္ ေတြကို ၿမိဳ႕ဆင္ေျခဖုံး ရပ္ကြက္ေတြ လို႔ ေခၚတယ္။

လက္လုပ္ လက္စား လူတန္းစားေတြ အလုပ္ၾကမ္း လုပ္တဲ့သူေတြ ေနၾကတာ မ်ားတယ္ ။ သူတို႔ေတြလည္း သူ႔ ေနရာနဲ႔သူ အရမ္း အေရးပါတယ္။

ေလာကႀကီးမွာ အလုပ္ၾကမ္း လုပ္တဲ့ သူက မရွိမျဖစ္ အေရး ႀကီးတယ္ ။ အဲဒီလို လူေတြ ဘဝေတြ ပ်က္ၿပီး အလုပ္ လက္မဲ့ ျဖစ္ကုန္ရင္ စာရိတၱေတြ ပ်က္ၿပီး ခိုးဆိုး လုယက္ဘဝ ေရာက္သြားရင္ ၿမိဳ႕ေတြ ပူၿပီ ။ ၿမိဳ႕ပူရင္ ႏိုင္ငံ ဆူၿပီ ။

ဆင္ေျခ မလုံရင္ စစ္ရႈံးႏိုင္ သလို ဆင္ေျခဖုံး ရပ္ကြက္က အေျခခံ လူတန္းစားကို ဂ႐ု မစိုက္မိရင္ တိုင္းျပည္ အထိနာမယ္ ။ တိုင္းျပည္ တခု ထူေထာင္ဖို႔က အေျခခံ လူတန္းစားက အဓိက က်တယ္။ Crd

Post a Comment

0 Comments