ခွေးနဲ့ဆင်

တခါက ခွေးမတကောင်နဲ့ ဆင်မတကောင်တို့ဟာ တချိန်တည်းမှာ ကိုယ်ဝန်ဆောင် ကြပါတယ် ။

၃ လ ကြာတဲ့အခါ ခွေးမ ဟာ ခွေးလေး ၆ ကောင်မွေးပါတယ်။ နောက် ၆ လ မြောက်မှာ ခွေးမက ကိုယ်ဝန် ထပ်ဆောင်ပြန် ပါတယ် ။ ၉ လရောက်တော့ ခွေး ၁ ဒါဇင် ထပ်မွေးပြန် ပါတယ်။

အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈ လ ကြာတဲ့ အခါ ခွေးမ ဟာ ၃ ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ ခါ မွေးပြီးသွား ပါပြီ။ ဆင်မ ကတော့ ကိုယ်ဝန် ဆောင်နေတုန်း ပါပဲ။

အဲဒီမှာတော့ ခွေးမက ဆင်မ ကို မေးပါတယ်။

“ ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ ငါဆိုရင် ကလေး ၃ ခါ မွေးပြီး တချို့တွေဆို ခွေးကြီးတွေတောင် ဖြစ်နေကြပြီ ၊ နင်က ခုထိ ကိုယ်ဝန် ဆောင်နေတုန်း ပဲလား ”

ဒီတော့ ဆင်မက ပြန်ဖြေပါတယ်။

” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မ နားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မ လွယ်ထားတာ ဆင်ပါ ခွေး မဟုတ်ပါဘူး ၊ ကျွန်မဟာ တခါမွေးဖို့ ၂ နှစ် ကိုယ်ဝန်ဆောင် ရပါတယ်။

ကျွန်မ ကလေးမွေးလာတဲ့ အခါ မြေကြီးက သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့ အခါ လူတွေ တအံတသြနဲ့ ရပ်ကြည့်ကြ လိမ့်မယ် ၊ ဒီလို ခွန်အား ကြီးမားပြီး လူတွေ စိတ်ဝင်စားရတဲ့ သန္ဓေသား ကိုယ်ဝန်ကို လွယ်ထားရတာကြောင့် အချိန် ဒီလောက် ကြာနေတာပါ”

တခြားသူတွေ အောင်မြင်သွားချိန်မှာ သင် မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ မပျောက်ဆုံး ပါစေနဲ့ ။ ကြီးမားတဲ့ အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊ ယုံကြည်မှုနဲ့ အချိန်တွေ အများကြီး ရင်းရပါတယ်။ သင်လွယ်ထားရတဲ့ အောင်မြင်မှုဟာ အခြားသူတွေထက် အများကြီး ပိုနိုင်ပါတယ်။

အဲဒီတော့ အခြားသူတွေကို မြင်ပြီး စိတ်ဓာတ်ကျ ၊ ဖြစ်နေမယ့် အစား ကိုယ့်ရဲ့ မနက်ဖြန်ကို ယုံကြည်မှုခွန်အား အပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ ။

crd

Zawgyi

ေခြးနဲ႔ဆင္

တခါက ေခြးမတေကာင္နဲ႔ ဆင္မတေကာင္တို႔ဟာ တခ်ိန္တည္းမွာ ကိုယ္ဝန္ေဆာင္ ၾကပါတယ္ ။

၃ လ ၾကာတဲ့အခါ ေခြးမ ဟာ ေခြးေလး ၆ ေကာင္ေမြးပါတယ္။ ေနာက္ ၆ လ ေျမာက္မွာ ေခြးမက ကိုယ္ဝန္ ထပ္ေဆာင္ျပန္ ပါတယ္ ။ ၉ လေရာက္ေတာ့ ေခြး ၁ ဒါဇင္ ထပ္ေမြးျပန္ ပါတယ္။

အဲဒီအတိုင္းပဲ လည္ပတ္ရင္း ၁၈ လ ၾကာတဲ့ အခါ ေခြးမ ဟာ ၃ ႀကိမ္ ကိုယ္ဝန္ေဆာင္ၿပီး ၃ ခါ ေမြးၿပီးသြား ပါၿပီ။ ဆင္မ ကေတာ့ ကိုယ္ဝန္ ေဆာင္ေနတုန္း ပါပဲ။

အဲဒီမွာေတာ့ ေခြးမက ဆင္မ ကို ေမးပါတယ္။

“ ဟဲ့ ဆင္မ နင့္ဟာက ကိုယ္ဝန္ေရာ ဟုတ္ရဲ႕လားဟယ္ ၊ ငါဆိုရင္ ကေလး ၃ ခါ ေမြးၿပီး တခ်ိဳ႕ေတြဆို ေခြးႀကီးေတြေတာင္ ျဖစ္ေနၾကၿပီ ၊ နင္က ခုထိ ကိုယ္ဝန္ ေဆာင္ေနတုန္း ပဲလား ”

ဒီေတာ့ ဆင္မက ျပန္ေျဖပါတယ္။

” ဒီမွာ မေခြးမ ရွင္ေျပာတာကို ကြၽန္မ နားလည္ပါတယ္ ၊ ဒါေပမယ့္ ကြၽန္မ လြယ္ထားတာ ဆင္ပါ ေခြး မဟုတ္ပါဘူး ၊ ကြၽန္မဟာ တခါေမြးဖို႔ ၂ ႏွစ္ ကိုယ္ဝန္ေဆာင္ ရပါတယ္။

ကြၽန္မ ကေလးေမြးလာတဲ့ အခါ ေျမႀကီးက သိတယ္ ၊ ဒီဆင္ကေလး လမ္းေလွ်ာက္တဲ့ အခါ လူေတြ တအံတၾသနဲ႔ ရပ္ၾကည့္ၾက လိမ့္မယ္ ၊ ဒီလို ခြန္အား ႀကီးမားၿပီး လူေတြ စိတ္ဝင္စားရတဲ့ သေႏၶသား ကိုယ္ဝန္ကို လြယ္ထားရတာေၾကာင့္ အခ်ိန္ ဒီေလာက္ ၾကာေနတာပါ”

တျခားသူေတြ ေအာင္ျမင္သြားခ်ိန္မွာ သင္ မေအာင္ျမင္ေသးလို႔ သင့္ယုံၾကည္မႈေတြ မေပ်ာက္ဆုံး ပါေစနဲ႔ ။ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ရဖို႔ မဆုတ္မနစ္ဇြဲ ၊ ယုံၾကည္မႈနဲ႔ အခ်ိန္ေတြ အမ်ားႀကီး ရင္းရပါတယ္။ သင္လြယ္ထားရတဲ့ ေအာင္ျမင္မႈဟာ အျခားသူေတြထက္ အမ်ားႀကီး ပိုႏိုင္ပါတယ္။

အဲဒီေတာ့ အျခားသူေတြကို ျမင္ၿပီး စိတ္ဓာတ္က် ၊ ျဖစ္ေနမယ့္ အစား ကိုယ့္ရဲ႕ မနက္ျဖန္ကို ယုံၾကည္မႈခြန္အား အျပည့္နဲ႔ ေလွ်ာက္လွမ္းလိုက္ပါ ။

crd

Post a Comment

0 Comments