သင်သတိမထားမိတဲ့ နားက ပြောတဲ့ သင့်ကျန်းမာရေးအကြောင်း
နားက ခန္ဓာကိုယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နားဟာ လက်ဗွေရာ လိုပဲ လူတစ်ယောက်ကို အတည်ပြုနိုင်တဲ့ အရာပါ။ နားပုံစံကနေ ခန္ဓာကိုယ် ကျန်းမာရေးကို သိရှိနိုင်ပါတယ်။
လေ့လာချက်တွေအရ နားပန်က ဦးခေါင်းနဲ့ တစ်ဆက်တည်း ရှိနေတာကို ငုပ်နေတဲ့ ဗီဇလက္ခဏာလို့ ခေါ်ပါတယ်။
နားပန်က ဦးခေါင်းနဲ့ တစ်ဆက်တည်း မဖြစ်ဘဲ အနည်းငယ် တွဲကျနေတာကို လွှမ်းမိုးတဲ့ ဗီဇ လက္ခဏာလို့ ခေါ်ကြပါတယ်။
၁။
နားပန်က အောက်ခြေနားမှာ ခေါက်ရာလိပ်ရာလေးလို ဖြစ်နေရင် နှလုံးပတ် သွေးလွှတ်ကြောမှာ ရောဂါရှိနေနိုင်ပါတယ်။
၂။
နားအရောင်က ဖြူဖျောတဲ့ အရောင်ဖြစ်နေရင် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်နဲ့ ကယ်လ်ဆီယမ်ဓါတ် နည်းပါးနေတာပါ။
၃။
သင့်နားက အမြဲလိုလို နီနေရင် ကျောက်ကပ်မှာ ပြဿနာ ရှိနေနိုင်ပါတယ်။
၄။
သင့်နားက အနီရင့်ရင့်အရောင် ဖြစ်နေရင် မှတ်ဉာဏ်အားနည်းခြင်း၊ အမြဲလိုလို ခေါင်းကိုက်နေခြင်းနဲ့ ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။
၅။
နားအရိုးနုက ရောင်ရမ်းတာက Relapsing polychondritis လို့ခေါ်တဲ့ ရှားပါးရောဂါ တစ်ခုရဲ့ လက္ခဏာပါ။ အဲဒီရောဂါက နား၊ နှာခေါင်းနဲ့ အဆုတ်လေလမ်းကြောင်းကို ထိခိုက်စေပါတယ်။
နားကို နှိပ်နယ်ပေးခြင်း
နားမှာ ကိုယ်အင်္ဂါပေါင်းများစွာနဲ့ ချိတ်ဆက်နေတဲ့ အပ်စိုက်မှတ်နေရာ ၂၀၀ ရှိပါတယ်။ အဲဒီ အမှတ်လေးတွေကို နှိပ်နယ်ပေးရင် ကျန်းမာရေး ပြဿနာ အချို့တောင် သက်သာလာစေပါတယ်။
ဥပမာ နားကို နှိပ်နယ်ပေးရင် ခေါင်းကိုက်ပျောက်တယ် ဆိုတဲ့ အကြောနေရာလေးတွေ ရှိပါတယ်။ ဒါပေမယ့် နားကို နှိပ်နယ်မယ် ဆိုရင် ကျွမ်းကျင်သူနဲ့သာ နှိပ်နယ်သင့်ပါတယ်။
သာမန် နာကျင်မှုလေးတွေ ဖြစ်တဲ့အခါ ပုံမှာပြထားတဲ့ အမှတ်လေးတွေ အတိုင်း နှိပ်နယ်ပေးနိုင်ပါတယ်။
၁။ ကျောနဲ့ပုခုံး
၂။ ကိုယ်အင်္ဂါများ
၃။ အဆစ်အမြစ်များ
၄။ နှာခေါင်းပိတ်ခြင်းနဲ့ လည်ချောင်းနာနားခြင်း
၅။ အစာကြေစေခြင်း
၆။ ဦးခေါင်းနဲ့ နှလုံး
Zombie (Lovemedia)
for zawgyi
၁။ ကျောနဲ့ပုခုံး
၂။ ကိုယ်အင်္ဂါများ
၃။ အဆစ်အမြစ်များ
၅။ အစာကြေစေခြင်း
၆။ ဦးခေါင်းနဲ့ နှလုံး
Zombie (Lovemedia)
Post a Comment
0 Comments