Dry Shampoo ပြုလုပ်နည်း

Dry shampoo ဆို​ပေမယ့် သူ့ရဲ့ အကျိူး​ကျေးဇူး​တွေက မနည်းပါဘူး။ Dry shamopoo မှာ ဆံပင်ကို သန်စေတဲ့အရာတွေ ပါဝင်တဲ့အပြင် ဖုန်တွေ၊ အမှုန်တွေ၊ မမြင်ရတဲ့ ဘတ်တီးရီးယားတွေကိုပါ သန့်ရှင်းပေးပါတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ဝယ်ဖို့ အခက်အခဲနဲ့ ကြုံလာတဲ့အခါ၊ ခေါင်းကို ရေနဲ့လျှော်ဖို့ ခက်ခဲတဲ့အခါ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့..

- ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

- မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

- သင့်ဆံပင်အရောင်နဲ့ လိုက်ဖက်မယ့် ကိုကိုးမှုန့်

- peppermint အဆီ (၁၅) စက်ခန့်

မှတ်ချက် - တစ်ပတ်မှာ နှစ်ကြိမ်လောက် သုံးနိုင်ပါတယ်။

အဆင့် (၁)

ပန်းကန်လုံးထဲကို ပြောင်းကော်မှုန့်တွေ ထည့်လိုက်ပါ။ ပြောင်းကော်မှုန့်က သင့်ဆံပင်က အဆီတွေ ထွက်လာအောင် ကူညီပေးပါတယ်။

အဆင့် (၂)

မုန့်ဖုတ်ဆော်ဒါ ၁ ဇွန်းထည့်ပါ။ ဒါက သင့်ဆံပင်က ထွက်လာတဲ့ အနံ့ဆိုးတွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ (Baking Soda) ဟာ အညစ်အကြေးတွေကို သန့်ရှင်းပေးတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။

အဆင့် (၃)

သင်ရဲ့ဆံပင်က အညိုရောင် (သို့) အနည်းငယ် နက်နေရင် cocoa powder ထည့်တာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပါပဲ။ သင့်ရဲ့ ဆံပင်အရောင်နဲ့ ကိုက်ညီတဲ့အထိ ကိုကိုးမှုန့်ထည့်ပါ။

အဆင့် (၄)

Peppermint အဆီကိုလည်း ရောထည့်တာက ကောင်းပါတယ်။ သူက သင့်ဦးရေပြားကို လှုံ့ဆော်ပေးပြီး သင်ရဲ့ ဆံပင်ကိုလည်း သန်မာစေပါတယ်။

အဆင့် (၅)

မွှေစက်နဲ့ အကုန်လုံးကို ရောသမဖြစ်အောင် မွှေပါ။ အစိုင်အခဲ သေးသေးလေး မကျန်အောင် မွှေတာက ပိုကောင်းပါတယ်။

အဆင့် (၆)

ရလာတဲ့ အရာတွေ အကုန်လုံးကို ဗူးတစ်ခုထဲမှာ သေချာလေး ထည့်သိမ်းထားလိုက်ပါ။ ဒီနည်းနဲ့ သင်ကိုယ်တိုင် အိမ်မှာ dry shampoo ပြုလုပ်နိုင်ပါပြီ။

Zombie (Lovemedia)

for zawgyi

Dry Shampoo ျပဳလုပ္နည္း

Dry shampoo ဆို​ေပမယ့္ သူ႔ရဲ႕ အက်ိဴး​ေက်းဇူး​ေတြက မနည္းပါဘူး။ Dry shamopoo မွာ ဆံပင္ကို သန္ေစတဲ့အရာေတြ ပါဝင္တဲ့အျပင္ ဖုန္ေတြ၊ အမႈန္ေတြ၊ မျမင္ရတဲ့ ဘတ္တီးရီးယားေတြကိုပါ သန႔္ရွင္းေပးပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ရည္ဝယ္ဖို႔ အခက္အခဲနဲ႔ ႀကဳံလာတဲ့အခါ၊ ေခါင္းကို ေရနဲ႔ေလွ်ာ္ဖို႔ ခက္ခဲတဲ့အခါ ကိုယ္တိုင္ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေလးကို ေျပာျပေပးခ်င္ပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုေတာ့..

- ေျပာင္းေကာ္မႈန႔္ လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံ

- မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

- သင့္ဆံပင္အေရာင္နဲ႔ လိုက္ဖက္မယ့္ ကိုကိုးမႈန႔္

- peppermint အဆီ (၁၅) စက္ခန႔္

မွတ္ခ်က္ - တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ သုံးႏိုင္ပါတယ္။

အဆင့္ (၁)

ပန္းကန္လုံးထဲကို ေျပာင္းေကာ္မႈန႔္ေတြ ထည့္လိုက္ပါ။ ေျပာင္းေကာ္မႈန႔္က သင့္ဆံပင္က အဆီေတြ ထြက္လာေအာင္ ကူညီေပးပါတယ္။

အဆင့္ (၂)

မုန႔္ဖုတ္ေဆာ္ဒါ ၁ ဇြန္းထည့္ပါ။ ဒါက သင့္ဆံပင္က ထြက္လာတဲ့ အနံ႔ဆိုးေတြကို ဖယ္ရွားဖို႔ ကူညီေပးပါတယ္။ မုန႔္ဖုတ္ေဆာ္ဒါ (Baking Soda) ဟာ အညစ္အေၾကးေတြကို သန႔္ရွင္းေပးတဲ့ ဂုဏ္သတၱိလည္း ရွိပါတယ္။

အဆင့္ (၃)

သင္ရဲ႕ဆံပင္က အညိဳေရာင္ (သို႔) အနည္းငယ္ နက္ေနရင္ cocoa powder ထည့္တာက ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈ တစ္ခုပါပဲ။ သင့္ရဲ႕ ဆံပင္အေရာင္နဲ႔ ကိုက္ညီတဲ့အထိ ကိုကိုးမႈန႔္ထည့္ပါ။

အဆင့္ (၄)

Peppermint အဆီကိုလည္း ေရာထည့္တာက ေကာင္းပါတယ္။ သူက သင့္ဦးေရျပားကို လႈံ႕ေဆာ္ေပးၿပီး သင္ရဲ႕ ဆံပင္ကိုလည္း သန္မာေစပါတယ္။

အဆင့္ (၅)

ေမႊစက္နဲ႔ အကုန္လုံးကို ေရာသမျဖစ္ေအာင္ ေမႊပါ။ အစိုင္အခဲ ေသးေသးေလး မက်န္ေအာင္ ေမႊတာက ပိုေကာင္းပါတယ္။

အဆင့္ (၆)

ရလာတဲ့ အရာေတြ အကုန္လုံးကို ဗူးတစ္ခုထဲမွာ ေသခ်ာေလး ထည့္သိမ္းထားလိုက္ပါ။ ဒီနည္းနဲ႔ သင္ကိုယ္တိုင္ အိမ္မွာ dry shampoo ျပဳလုပ္ႏိုင္ပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments