ကမ္ဘာ့ဆရာအကျဆုံး လက်နှစ်ဖက်မရှိတဲ့ Sports ကားမောင်းသမား (ရုပ်သံ)

မတော်တဆမှု တစ်ခုကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရတဲ့ လူတစ်ဦးဟာ ဘဝကို အရှုံးမပေးပဲ Sports ကားတွေ မောင်းဖို့အတွက် အရမ်းကို ကြိုးစားခဲ့ပါတယ်။ သူက ကားပြိုင်ရတာကိုလည်း အရမ်းကို ဝါသနာကြီးပြီး သာမန် လက်နှစ်ဖက်လုံးရှိတဲ့ ပြိုင်ကားမောင်းသမားတွေနဲ့ပါ ယှဉ်ပြိုင်ခဲ့ပါတယ်။

Bartek Ostalowski ဟာ ၂၀၀၆ ခုနှစ်မှာ မတော်တဆမှုကြောင့် သူရဲ့လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်နှစ်ဖက်လုံး မရှိတာက သူ့ကို ပရော်ဖက်ရှင်နယ် ပြိုင်ကားသမား ဖြစ်ဖို့အတွက် ပြဿနာ မရှိခဲ့ပါဘူး။ သူဟာ အသက် (၂၀) သာရှိသေးပြီး ပြိုင်ကားမောင်းဖို့အတွက် အန္တရာယ်မျိုးစုံနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

နှစ်ပေါင်းများစွာကြာအောင် ကားကို ခြေထောက်နှစ်ဖက်ထဲနဲ့ မောင်းနိုင်အောင် လေ့ကျင့်ခဲ့ပါတယ်။ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ပြီးတော့ နောက်မှာတော့ Bartek Ostalowski ကို အရမ်းကို ကျွမ်းကျင်လာခဲ့ပါပြီ။ အခုအချိန်မှာဆိုရင် သူဟာ ခြေထောက်ကို သုံးပြီး ကားပြိုင်တဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမားတစ်ယောက် ဖြစ်နေပါပြီ။

သူက လက်နှစ်ဖက်လုံး မရှိတာကြောင့် ကားကိုခြေထောက်နဲ့ မောင်းနိုင်အောင် Nissan Skyline GT-R ပြိုင်ကားကို သူမောင်းလို့ အဆင်ပြေနိုင်အောင် ပြန်လည်ပြုပြင် ခဲ့ပါတယ်။ အင်ဂျင်အသစ်၊ ဂီယာအုံ၊ အရုန်းအကြွ ဆွဲအားကောင်းတဲ့ ဂီယာစနစ်တွေကို ပြောင်းလဲတပ်ဆင် ခဲ့ပါတယ်။

သူရဲ့ ညာခြေထောက်ကို ကားထိန်းချုပ်ဖို့အတွက် သုံးပြီးတော့ ဘယ်ဘက်ခြေထောက်ကို စတီယာရင် ထိန်းချုပ်ဖို့အတွက် သုံးပါတယ်။ ပြီးတော့ ပုခုံးကိုလည်း ဂီယာပြောင်းဖို့အတွက် အသုံးပြုပါတယ်။

“ မတော်တဆမှု ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို ကျွန်တော် အရှုံးမပေးခဲ့ချင်ဘူး။ ကားတွေ ဆက်မောင်းနေချင်သေးတာ။ ဒါကြောင့် ကားကို ဘယ်လိုမောင်းရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့တယ်” Bartek က ပြောပါတယ်။

“ ပိုလန်နိုင်ငံက လူတစ်ယောက်မှာ လက်နှစ်ဖက်လုံး မရှိပဲ ကားမောင်းတဲ့သူ တစ်ယောက် အကြောင်း ကျွန်တော်ကြားဖူးတယ်။

ဒါပေမယ့် သူကပြဿနာမရှိပဲနေ့တိုင်း ကားကိုမောင်းခဲ့တယ်။ သူနဲ့တွေ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့အိမ်မက်ဖြစ်တဲ့ မော်တော်ကားအားကစား ပြိုင်ပွဲတွေကို ဝင်ပြိုင်ချင်တဲ့ ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်တွေက ရှင်သန်လာခဲ့တယ်၊ ဒါကြောင့် တစ်နေ့မှာ ပြိုင်ပွဲဝင်ပြိုင်ဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့တယ်။ ”လို့ ပြောပါတယ်။

Bartek Ostalowski ဟာ ပိုလန်ပြိုင်ကားမောင်းပြိုင်ပွဲတွေမှာ နာမည်တစ်ခု ရပြီးတဲ့နောက် ပိုကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တဲ့ drift racing ကို ယှဉ်ပြိုင်ခဲ့တယ်။ ဒီလိုပြိုင်ပွဲဟာ အရွေ့လေးတစ်ချက်မှားသွားတာနဲ့တောင် အသက်ကိုစိုးရိမ်ရပါတယ်။ ကားကို ထိန်းချုပ်နိုင်ဖို့ အမြန်တုံ့ပြန်မှုတွေ၊ တိကျတဲ့ လက်နဲ့မျက်လုံးညှိနှိုင်းဖို့ အရမ်းကို လိုအပ်ပါတယ်။ Barek ကတော့ ခြေထောက်တွေနဲ့ပဲ ဝင်ပြိုင်လောက်အောင်ကို ကျွမ်းကျင်ပါတယ်။

၂၀၁၉ ခုနှစ်မှာ Ostalowski ဟာပိုလန်မှာ ပြုလုပ်တဲ့ Drift Championship ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အယောက် ၅၀ ထဲကမှ အဆင့် ၉ နေရာ ချိတ်ခဲ့ပါတယ်။ ဒါဟာ ဥရောပ တစ်ခွင်လုံးမှာရှိတဲ့ Drift မောင်းသမားတွေနဲ့နှင့် တခြားပရော်ဖက်ရှင်နယ် အားကစားများစွာကို အောင်မြင်နိုင်ခဲ့တာပါ။

Bartek Ostalowski ဟာ တကယ့် လက်တွေ့ဘဝက စူပါဟီးရိုးပါပဲ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ မသန်စွမ်းသူတွေ အားလုံးအတွက် လှုံ့ဆော်မှု တစ်ခုပါပဲ။ သူက သင်တစ်ခုခုကို တကယ်လိုချင်ရင် သင် မကျော်ဖြတ်နိုင်တဲ့ အခက်အခဲတွေကိုတောင် ကျော်ဖြတ်နိုင်တယ် ဆိုတာ သက်သေပြနေပါတယ်။

“ ကျွန်တော့်လို မသန်စွမ်းတဲ့ သူတွေကိုလည်း ဒီလိုမျိုး ကားမောင်းပြိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ်။ ဒါဟာ လှပတဲ့ စိတ်အားထက်သန်မှုနဲ့ ပြန်လည်ထူထောင်ရေး ပုံစံကောင်းတစ်ခုလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် သင့်ရဲ့အိမ်မက်တွေ တကယ်ဖြစ်လာအောင် လုပ်ပါ” လို့ Bartek က ပြောပါတယ်။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ကမာၻ႔ဆရာအက်ဆုံး လက္ႏွစ္ဖက္မရွိတဲ့ Sports ကားေမာင္းသမား

မေတာ္တဆမႈ တစ္ခုေၾကာင့္ လက္ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရတဲ့ လူတစ္ဦးဟာ ဘဝကို အရႈံးမေပးပဲ Sports ကားေတြ ေမာင္းဖို႔အတြက္ အရမ္းကို ႀကိဳးစားခဲ့ပါတယ္။ သူက ကားၿပိဳင္ရတာကိုလည္း အရမ္းကို ဝါသနာႀကီးၿပီး သာမန္ လက္ႏွစ္ဖက္လုံးရွိတဲ့ ၿပိဳင္ကားေမာင္းသမားေတြနဲ႔ပါ ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Bartek Ostalowski ဟာ ၂၀၀၆ ခုႏွစ္မွာ မေတာ္တဆမႈေၾကာင့္ သူရဲ႕လက္ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရပါတယ္။ ဒါေပမယ့္လည္း လက္ႏွစ္ဖက္လုံး မရွိတာက သူ႔ကို ပေရာ္ဖက္ရွင္နယ္ ၿပိဳင္ကားသမားျဖစ္ဖို႔အတြက္ ျပႆနာ မရွိခဲ့ပါဘူး။ သူဟာ အသက္ (၂၀) သာရွိေသးၿပီး ၿပိဳင္ကားေမာင္းဖို႔အတြက္ အႏၲရာယ္မ်ိဳးစုံနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။

ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ကားကို ေျခေထာက္ႏွစ္ဖက္ထဲနဲ႔ ေမာင္းႏိုင္ေအာင္ ေလ့က်င့္ခဲ့ပါတယ္။ အခ်ိန္ေတြ အမ်ားႀကီး ေပးဆပ္ခဲ့ၿပီးေတာ့ ေနာက္မွာေတာ့ Bartek Ostalowski ကို အရမ္းကို ကြၽမ္းက်င္လာခဲ့ပါၿပီ။ အခုအခ်ိန္မွာဆိုရင္ သူဟာ ေျခေထာက္ကို သုံးၿပီး ကားၿပိဳင္တဲ့ ပေရာ္ဖက္ရွင္နယ္ ၿပိဳင္ကားေမာင္းသမားတစ္ေယာက္ ျဖစ္ေနပါၿပီ။

သူက လက္ႏွစ္ဖက္လုံး မရွိတာေၾကာင့္ ကားကိုေျခေထာက္နဲ႔ ေမာင္းႏိုင္ေအာင္ Nissan Skyline GT-R ၿပိဳင္ကားကို သူေမာင္းလို႔ အဆင္ေျပႏိုင္ေအာင္ ျပန္လည္ျပဳျပင္ ခဲ့ပါတယ္။ အင္ဂ်င္အသစ္၊ ဂီယာအုံ၊ အ႐ုန္းအႂကြ ဆြဲအားေကာင္းတဲ့ ဂီယာစနစ္ေတြကို ေျပာင္းလဲတပ္ဆင္ ခဲ့ပါတယ္။

သူရဲ႕ ညာေျခေထာက္ကို ကားထိန္းခ်ဳပ္ဖို႔အတြက္ သုံးၿပီးေတာ့ ဘယ္ဘက္ေျခေထာက္ကို စတီယာရင္ ထိန္းခ်ဳပ္ဖို႔အတြက္ သုံးပါတယ္။ ၿပီးေတာ့ ပုခုံးကိုလည္း ဂီယာေျပာင္းဖို႔အတြက္ အသုံးျပဳပါတယ္။

“ မေတာ္တဆမႈ ျဖစ္ခဲ့ေပမယ့္လည္း ဘဝကို ကြၽန္ေတာ္ အရႈံးမေပးခဲ့ခ်င္ဘူး။ ကားေတြ ဆက္ေမာင္းေနခ်င္ေသးတာ။ ဒါေၾကာင့္ ကားကို ဘယ္လိုေမာင္းရမလဲ ဆိုတဲ့ နည္းလမ္းေတြကို ရွာေဖြခဲ့တယ္” Bartek က ေျပာပါတယ္။

“ ပိုလန္ႏိုင္ငံက လူတစ္ေယာက္မွာ လက္ႏွစ္ဖက္လုံး မရွိပဲ ကားေမာင္းတဲ့သူ တစ္ေယာက္ အေၾကာင္း ကြၽန္ေတာ္ၾကားဖူးတယ္။

ဒါေပမယ့္ သူကျပႆနာမရွိပဲေန႔တိုင္း ကားကိုေမာင္းခဲ့တယ္။ သူနဲ႔ေတြ႕ၿပီးတဲ့ေနာက္ ကြၽန္ေတာ့္ရဲ႕အိမ္မက္ျဖစ္တဲ့ ေမာ္ေတာ္ကားအားကစား ၿပိဳင္ပြဲေတြကို ဝင္ၿပိဳင္ခ်င္တဲ့ ကြၽန္ေတာ့္ရဲ႕စိတ္ကူးအိပ္မက္ေတြက ရွင္သန္လာခဲ့တယ္၊ ဒါေၾကာင့္ တစ္ေန႔မွာ ၿပိဳင္ပြဲဝင္ၿပိဳင္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ ”လို႔ ေျပာပါတယ္။

Bartek Ostalowski ဟာ ပိုလန္ၿပိဳင္ကားေမာင္းၿပိဳင္ပြဲေတြမွာ နာမည္တစ္ခု ရၿပီးတဲ့ေနာက္ ပိုႀကီးမားတဲ့ စိန္ေခၚမႈျဖစ္တဲ့ drift racing ကို ယွဥ္ၿပိဳင္ခဲ့တယ္။ ဒီလိုၿပိဳင္ပြဲဟာ အေ႐ြ႕ေလးတစ္ခ်က္မွားသြားတာနဲ႔ေတာင္ အသက္ကိုစိုးရိမ္ရပါတယ္။ ကားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အျမန္တုံ႔ျပန္မႈေတြ၊ တိက်တဲ့ လက္နဲ႔မ်က္လုံးညႇိႏႈိင္းဖို႔ အရမ္းကို လိုအပ္ပါတယ္။ Barek ကေတာ့ ေျခေထာက္ေတြနဲ႔ပဲ ဝင္ၿပိဳင္ေလာက္ေအာင္ကို ကြၽမ္းက်င္ပါတယ္။

၂၀၁၉ ခုႏွစ္မွာ Ostalowski ဟာပိုလန္မွာ ျပဳလုပ္တဲ့ Drift Championship ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ အေယာက္ ၅၀ ထဲကမွ အဆင့္ ၉ ေနရာ ခ်ိတ္ခဲ့ပါတယ္။ ဒါဟာ ဥေရာပ တစ္ခြင္လုံးမွာရွိတဲ့ Drift ေမာင္းသမားေတြနဲ႔ႏွင့္ တျခားပေရာ္ဖက္ရွင္နယ္ အားကစားမ်ားစြာကို ေအာင္ျမင္ႏိုင္ခဲ့တာပါ။

Bartek Ostalowski ဟာ တကယ့္လက္ေတြ႕ဘဝက စူပါဟီး႐ိုးပါပဲ။ ၿပီးေတာ့ ကမာၻတစ္ဝွမ္းလုံးမွာရွိတဲ့ မသန္စြမ္းသူေတြ အားလုံးအတြက္ လႈံ႕ေဆာ္မႈ တစ္ခုပါပဲ။ သူက သင္တစ္ခုခုကို တကယ္လိုခ်င္ရင္ သင္ မေက်ာ္ျဖတ္ႏိုင္တဲ့ အခက္အခဲေတြကိုေတာင္ ေက်ာ္ျဖတ္ႏိုင္တယ္ ဆိုတာ သက္ေသျပေနပါတယ္။

“ ကြၽန္ေတာ့္လို မသန္စြမ္းတဲ့ သူေတြကိုလည္း ဒီလိုမ်ိဳး ကားေမာင္းၿပိဳင္ဖို႔အတြက္ တိုက္တြန္းလိုပါတယ္။ ဒါဟာ လွပတဲ့ စိတ္အားထက္သန္မႈနဲ႔ ျပန္လည္ထူေထာင္ေရး ပုံစံေကာင္းတစ္ခုလို႔လည္း ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕အိမ္မက္ေတြ တကယ္ျဖစ္လာေအာင္ လုပ္ပါ” လို႔ Bartek က ေျပာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments