ဈေးရောင်းရင်း လှူ ဈေးဝင်ရင်း လှူ

ဈေးဆိုင်ထဲကို ဈေးဝယ်သူတယောက် ဝင်လာပြီး မေးတယ် ။

" ငှက်ပျောသီး ဘယ်ဈေးလဲ "

ဆိုင်ရှင်က ပြန်ဖြေတယ်

" ငှက်ပျောသီးက ငွေဒင်္ဂါး ၁၂ ပြား၊ ပန်းသီးက ၁ဝ ပြားပါ "

အဲဒီ အချိန်မှာပဲ ဆိုင်ထဲကို အမျိုးသမီး တယောက် ဝင်လာပြီး

" ကျွန်မ ငှက်ပျောသီး ဝယ်ချင်လို့ ငှက်ပျောသီး ဘယ်ဈေးလဲ " လို့ မေးပြန်တယ်။ ဆိုင်ရှင်က ပြန်ဖြေတယ်။

" ငှက်ပျောသီးက ငွေဒင်္ဂါး ၃ ပြား၊ ပန်းသီးက ၂ ပြား ပါ "

ဒါကို ကြားတော့ ပထမ ဝယ်သူ အမျိုးသားက ဒေါသ ထွက်နေတဲ့ အကြည့်နဲ့ ဆိုင်ရှင်ကို ကြည့်နေတယ်။ အဲဒါကို ရိပ်စားမိတဲ့ ဆိုင်ရှင်က ပထမ ဝယ်သူ အမျိုးသားကို ဟို အမျိုးသမီး မမြင်အောင် မျက်စေ့တဖက် မှိတ်ပြပြီး ခဏလေး စောင့်ဖို့ ပြောတယ်။

အမျိုးသမီးက ဝယ်ခြမ်းပြီးတော့ ပျော်ရွှင်စွာ ဆိုင်ထဲက အထွက် မှာ နှုတ်က

" အို ဆိုင်ရှင်ကြီး ကျေးဇူးတင်ပါတယ် ။ ကျွန်မ ကလေးတွေ ဒါတွေကို စားပြီး အရမ်း ပျော်သွားကြလိမ့်မယ် " လို့ ပြောရင်း ထွက်သွားပါတယ်။ အမျိုးသမီး ထွက်သွားတော့မှ ဆိုင်ရှင်က ပထမ ဝယ်သူကို ပြောတယ် ။

" ကျွန်တော် ခင်ဗျားကို သက်သက် ဈေးတင်ပြီး ရောင်းတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးက ဖတဆိုး ကလေး ၄ ယောက်ရဲ့ အမေ မုဆိုးမ တယောက်ပါ။ ဒါပေမယ့် သူမက ဘယ်သူ့ဆီကမှ ဘယ်လို အကူအညီမျှ ယူလေ့ မရှိဘူး။

ကျွန်တော် သူ့ကို ကူညီဖို့ အများကြီး ကြိုးစားကြည့် ပြီးပါပြီ မအောင်မြင်ဘူး ။ အဲဒါနဲ့ ကျွန်တော်လည်း နည်းလမ်းတခု စဉ်းစားမိ သွားတယ်။ ဒီအမျိုးသမီးဆိုင်မှာ ဘာပဲ လာဝယ် လာဝယ် အနည်းဆုံး ဈေးနှုန်းနဲ့ လျှော့ပြီး ရောင်းပေးလိုက်မယ် ။

အဲဒါဆိုရင် သူ့ကို ကူညီရာလည်း ရောက်မယ် ပြီးတော့ ဒီအမျိုးသမီးရဲ့ ဘယ်သူ့ရဲ့ အကူအညီမှ မလိုဘူး ဆိုတဲ့ ယုံကြည်ချက်ကိုလည်း မထိခိုက်တော့ ဘူးပေါ့ ။ ပြီးတော့ ဒီအမျိုးသမီးက တပါတ်လုံး မှာမှ တရက်ပဲ လာတာ ၊ သူမ လာတဲ့နေ့ ဆိုရင် ဆိုင်က ပိုပြီး ရောင်းရတယ် "

အဲဒီတော့မှ ပထမ ဝယ်သူလည်း သဘောပေါက် သွားပြီး မျက်ရည်တွေ စီးကျလာတယ်။

တပါးသူကို ကူညီခြင်းရဲ့ အရသာကို ကူညီဖူးသူတွေပဲ သိပါတယ်လို့ ပြောရင်း ဝယ်ခြမ်းပြီး ပြန်သွားပါတော့တယ်။ ဒီအဖြစ်အပျက် မှာ ဆိုင်ရှင် ပုဂ္ဂိုလ် ဟာ အတုယူသင့် တဲ့ သူပါ။ တဖက်သားကို ကူညီလည်း ကူညီ လိုက်တယ်။ တဖက်သားရဲ့ စိတ်ခံစားချက် ကိုလည်း ငဲ့ကွက်တယ်။ ယုံကြည်ချက်ကိုလည်း မပျက်ယွင်းစေဘူး။

သူဈေးလျှော့ပေးတာ (တနည်းအားဖြင့် သွယ်ဝိုက်သော နည်းနဲ့ ပေးကမ်း လှူဒါန်းတာ) တဖက်သားက သိတောင် မသိလိုက်ပါဘူး။ ကျွန်တော်တို့ အားလုံးလည်း ဒီလိုဆိုင်ရှင်ကို အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြပါစေ။

crd

Zawgyi

ေစ်းေရာင္းရင္းလွဴ ေစ်းဝင္ရင္း လွူ

ေဈးဆိုင္ထဲကို ေဈးဝယ္သူတေယာက္ ဝင္လာၿပီး ေမးတယ္ ။

" ငွက္ေပ်ာသီး ဘယ္ေဈးလဲ "

ဆိုင္ရွင္က ျပန္ေျဖတယ္

" ငွက္ေပ်ာသီးက ေငြဒဂၤါး ၁၂ ျပား၊ ပန္းသီးက ၁ဝ ျပားပါ "

အဲဒီ အခ်ိန္မွာပဲ ဆိုင္ထဲကို အမ်ိဳးသမီး တေယာက္ ဝင္လာၿပီး

" ကြၽန္မ ငွက္ေပ်ာသီး ဝယ္ခ်င္လို႔ ငွက္ေပ်ာသီး ဘယ္ေဈးလဲ " လို႔ ေမးျပန္တယ္။ ဆိုင္ရွင္က ျပန္ေျဖတယ္။

" ငွက္ေပ်ာသီးက ေငြဒဂၤါး ၃ ျပား၊ ပန္းသီးက ၂ ျပား ပါ "

ဒါကို ၾကားေတာ့ ပထမ ဝယ္သူ အမ်ိဳးသားက ေဒါသ ထြက္ေနတဲ့ အၾကည့္နဲ႔ ဆိုင္ရွင္ကို ၾကည့္ေနတယ္။ အဲဒါကို ရိပ္စားမိတဲ့ ဆိုင္ရွင္က ပထမ ဝယ္သူ အမ်ိဳးသားကို ဟို အမ်ိဳးသမီး မျမင္ေအာင္ မ်က္ေစ့တဖက္ မွိတ္ျပၿပီး ခဏေလး ေစာင့္ဖို႔ ေျပာတယ္။

အမ်ိဳးသမီးက ဝယ္ျခမ္းၿပီးေတာ့ ေပ်ာ္႐ႊင္စြာ ဆိုင္ထဲက အထြက္ မွာ ႏႈတ္က

" အို ဆိုင္ရွင္ႀကီး ေက်းဇူးတင္ပါတယ္ ။ ကြၽန္မ ကေလးေတြ ဒါေတြကို စားၿပီး အရမ္း ေပ်ာ္သြားၾကလိမ့္မယ္ " လို႔ ေျပာရင္း ထြက္သြားပါတယ္။ အမ်ိဳးသမီး ထြက္သြားေတာ့မွ ဆိုင္ရွင္က ပထမ ဝယ္သူကို ေျပာတယ္ ။

" ကြၽန္ေတာ္ ခင္ဗ်ားကို သက္သက္ ေဈးတင္ၿပီး ေရာင္းတာ မဟုတ္ပါဘူး။ ဒီအမ်ိဳးသမီးက ဖတဆိုး ကေလး ၄ ေယာက္ရဲ႕ အေမ မုဆိုးမ တေယာက္ပါ။ ဒါေပမယ့္ သူမက ဘယ္သူ႔ဆီကမွ ဘယ္လို အကူအညီမွ် ယူေလ့ မရွိဘူး။

ကြၽန္ေတာ္ သူ႔ကို ကူညီဖို႔ အမ်ားႀကီး ႀကိဳးစားၾကည့္ ၿပီးပါၿပီ မေအာင္ျမင္ဘူး ။ အဲဒါနဲ႔ ကြၽန္ေတာ္လည္း နည္းလမ္းတခု စဥ္းစားမိ သြားတယ္။ ဒီအမ်ိဳးသမီးဆိုင္မွာ ဘာပဲ လာဝယ္ လာဝယ္ အနည္းဆုံး ေဈးႏႈန္းနဲ႔ ေလွ်ာ့ၿပီး ေရာင္းေပးလိုက္မယ္ ။

အဲဒါဆိုရင္ သူ႔ကို ကူညီရာလည္း ေရာက္မယ္ ၿပီးေတာ့ ဒီအမ်ိဳးသမီးရဲ႕ ဘယ္သူ႔ရဲ႕ အကူအညီမွ မလိုဘူး ဆိုတဲ့ ယုံၾကည္ခ်က္ကိုလည္း မထိခိုက္ေတာ့ ဘူးေပါ့ ။ ၿပီးေတာ့ ဒီအမ်ိဳးသမီးက တပါတ္လုံး မွာမွ တရက္ပဲ လာတာ ၊ သူမ လာတဲ့ေန႔ ဆိုရင္ ဆိုင္က ပိုၿပီး ေရာင္းရတယ္ "

အဲဒီေတာ့မွ ပထမ ဝယ္သူလည္း သေဘာေပါက္ သြားၿပီး မ်က္ရည္ေတြ စီးက်လာတယ္။

တပါးသူကို ကူညီျခင္းရဲ႕ အရသာကို ကူညီဖူးသူေတြပဲ သိပါတယ္လို႔ ေျပာရင္း ဝယ္ျခမ္းၿပီး ျပန္သြားပါေတာ့တယ္။ ဒီအျဖစ္အပ်က္ မွာ ဆိုင္ရွင္ ပုဂၢိဳလ္ ဟာ အတုယူသင့္ တဲ့ သူပါ။ တဖက္သားကို ကူညီလည္း ကူညီ လိုက္တယ္။ တဖက္သားရဲ႕ စိတ္ခံစားခ်က္ ကိုလည္း ငဲ့ကြက္တယ္။ ယုံၾကည္ခ်က္ကိုလည္း မပ်က္ယြင္းေစဘူး။

သူေဈးေလွ်ာ့ေပးတာ (တနည္းအားျဖင့္ သြယ္ဝိုက္ေသာ နည္းနဲ႔ ေပးကမ္း လႉဒါန္းတာ) တဖက္သားက သိေတာင္ မသိလိုက္ပါဘူး။ ကြၽန္ေတာ္တို႔ အားလုံးလည္း ဒီလိုဆိုင္ရွင္ကို အတုယူၿပီး လက္ေတြ႕ ျပဳလုပ္ႏိုင္စြမ္း ရွိသူေတြ ျဖစ္ၾကပါေစ။

crd

Post a Comment

0 Comments