စွန့်ပစ်သွားတဲ့သခင်ကို နေပူပူမိုးရွာရွာ လပေါင်းများစွာ စောင့်နေတဲ့ ခွေးလေး

ခွေးတွေက လူတွေရဲ့အကောင်းဆုံး သူငယ်ချင်းလို့ ပြောကြပါတယ်။ ဒါပေမယ့် လူတွေကတော့ ခွေးတွေအတွက် အကောင်းဆုံး သူငယ်ချင်း ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ လူတွေမှာလည်း သူ့အခက်အခဲနဲ့သူ ရှိတာကြောင့် တစ်ခါတရံမှာ ခွေးလေးတွေကို ချစ်လျက်နဲ့ စွန့်ပစ်လိုက်ရတတ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ တစ်နေ့ထက် တစ်နေ့ စွန့်ပစ်ခံရတဲ့ လေလွင့်ခွေးတွေ ပိုများလာပါတယ်။ အဲဒီထဲမှာမှ စွန့်ပစ်ခံရတဲ့ ခွေးလေးတစ်ကောင်ကတော့ မီးပွိုင့်မှာ နေပူပူမိုးရွာရွာ သူ့သခင်ကို စောင့်နေပါတယ်။ အစားစားချင်ရင် ခဏသွားရှာစားပြီး နောက်ပြီးရင်တော့ မီးပွိုင့်မှာပဲ ပြန်နေနေတတ်ပါတယ်။ အဲဒီလိုစောင့်နေတတ်တာက လပေါင်းများစွာ ကြာနေပါပြီ။

ခွေးလေး နေပူပူမိုးရွာရွာ စောင့်နေတဲ့ ဗီဒီယိုက socail media မှာ ပျံ့နှံသွားပါတယ်။ အင်တာနက် အသုံးပြုသူတွေက ခွေးလေးကို အရမ်းသနားတာကြောင့် သူ့သခင်နဲ့ ပြန်တွေ့စေချင်စေကြောင်း ဆုတောင်းပေးနေကြပါတယ်။


" ခွေးလေးက သူ့ကို မွေးစားမယ့်အိမ်ကို စောင့်နေပုံပါပဲ။ သူက ခွေးလေးက လူတွေကို ကြောက်နေတာကြောင့် သူ့ကို ဖမ်းဖို့ လွယ်မှာ မဟုတ်ဘူး" လို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ပြောပါတယ်။


အဲဒီ မီးပွိုင့်အနားမှာ လေလွင့်ခွေး အကောင် ၄၀၀ ခန့် ရှိပါတယ်။ စွန့်ပစ်ချင်သူတွေက မီးပွိုင့်နားမှာ လာရောက်စွန့်ပစ် ကြပါတယ်။ ခွေးတွေကို အစာလာကျွေးတဲ့သူတွေလည်း ရှိပါတယ်။


မီးပွိုင့်က Ipoh Lumut အဝေးပြေး လမ်းမကြီးမှာ တည်ရှိပါတယ်။ အဝေးပြေး လမ်းမကြီး ဖြစ်တာကြောင့် ကားတွေက ခွေးတွေကို တိုက်မိပြီး ခွေးတွေသေသွားတဲ့ အဖြစ်မျိုးလည်း မနည်းပါဘူး။

Zombie (Lovemedia)

for zawgyi

စြန႔္ပစ္သြားတဲ့သခင္ကို ေနပူပူမိုး႐ြာ႐ြာ လေပါင္းမ်ားစြာ ေစာင့္ေနတဲ့ ေခြးေလး

ေခြးေတြက လူေတြရဲ႕အေကာင္းဆုံး သူငယ္ခ်င္းလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ လူေတြကေတာ့ ေခြးေတြအတြက္ အေကာင္းဆုံး သူငယ္ခ်င္း ျဖစ္ခ်င္မွျဖစ္ႏိုင္မွာပါ။ လူေတြမွာလည္း သူ႔အခက္အခဲနဲ႔သူ ရွိတာေၾကာင့္ တစ္ခါတရံမွာ ေခြးေလးေတြကို ခ်စ္လ်က္နဲ႔ စြန႔္ပစ္လိုက္ရတတ္ပါတယ္။

မေလးရွားႏိုင္ငံမွာေတာ့ တစ္ေန႔ထက္ တစ္ေန႔ စြန႔္ပစ္ခံရတဲ့ ေလလြင့္ေခြးေတြ ပိုမ်ားလာပါတယ္။ အဲဒီထဲမွာမွ စြန႔္ပစ္ခံရတဲ့ ေခြးေလးတစ္ေကာင္ကေတာ့ မီးပြိဳင့္မွာ ေနပူပူမိုး႐ြာ႐ြာ သူ႔သခင္ကို ေစာင့္ေနပါတယ္။ အစားစားခ်င္ရင္ ခဏသြားရွာစားၿပီး ေနာက္ၿပီးရင္ေတာ့ မီးပြိဳင့္မွာပဲ ျပန္ေနေနတတ္ပါတယ္။ အဲဒီလိုေစာင့္ေနတတ္တာက လေပါင္းမ်ားစြာ ၾကာေနပါၿပီ။

ေခြးေလး ေနပူပူမိုး႐ြာ႐ြာ ေစာင့္ေနတဲ့ ဗီဒီယိုက socail media မွာ ပ်ံ႕ႏွံသြားပါတယ္။ အင္တာနက္ အသုံးျပဳသူေတြက ေခြးေလးကို အရမ္းသနားတာေၾကာင့္ သူ႔သခင္နဲ႔ ျပန္ေတြ႕ေစခ်င္ေစေၾကာင္း ဆုေတာင္းေပးေနၾကပါတယ္။

" ေခြးေလးက သူ႔ကို ေမြးစားမယ့္အိမ္ကို ေစာင့္ေနပုံပါပဲ။ သူက ေခြးေလးက လူေတြကို ေၾကာက္ေနတာေၾကာင့္ သူ႔ကို ဖမ္းဖို႔ လြယ္မွာမဟုတ္ဘူး" လို႔ ကယ္ဆယ္ေရးသမား တစ္ေယာက္က ေျပာပါတယ္။

အဲဒီ မီးပြိဳင့္အနားမွာ ေလလြင့္ေခြး အေကာင္ ၄၀၀ ခန႔္ ရွိပါတယ္။ စြန႔္ပစ္ခ်င္သူေတြက မီးပြိဳင့္နားမွာ လာေရာက္စြန႔္ပစ္ ၾကပါတယ္။ ေခြးေတြကို အစာလာေကြၽးတဲ့သူေတြလည္း ရွိပါတယ္။

မီးပြိဳင့္က Ipoh Lumut အေဝးေျပး လမ္းမႀကီးမွာ တည္ရွိပါတယ္။ အေဝးေျပး လမ္းမႀကီး ျဖစ္တာေၾကာင့္ ကားေတြက ေခြးေတြကို တိုက္မိၿပီး ေခြးေတြေသသြားတဲ့ အျဖစ္မ်ိဳးလည္း မနည္းပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments