ခွေးကျွေးခြင်းကုသိုလ်၏ အကျိုး

တခါတုန်းက သီဟိုဠ်ကျွန်းမှာ " အရှင်စူဠနာဂ " လို့ အမည်ရတဲ့ မထေရ်တပါးရှိခဲ့ဖူးပါတယ်။ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေဝါနံပိယတိဿမင်းကြီးရဲ့ ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီ ဆိုတာ ရှိပါတယ်။

ထူပါရုံ စေတီတော်ရဲ့ အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော် တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတပါးပါ။

တနေ့မှာ အရှင်စူဠနာဂ ဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော် ဆာလောင် မွတ်သိပ်နေတဲ့ပုံ ပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကို မြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။

ဒါပေမယ့် ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီ ဆိုတော့ ကျွေးစရာ ဆွမ်းကျန်လည်း မရှိတော့ပါဘူး။ ဒါကြောင့် ဘာလုပ်လိုက်သလဲ ဆိုတော့ “ ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏ ” လို့ နှလုံးပိုက်ပြီး မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။

အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင် မက ပါဘူး၊ အိုးခြမ်းကွဲ တစ်ခုထဲမှာ ရေထည့်ပြီး ရေလဲ တိုက်လိုက်ပါသေးတယ်။ အစာ ထိုက်သင့်သလောက် ဝသွားတဲ့ ခွေးမကို ကြည့်ပြီး အရှင်စူဠနာဂ လည်း တခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ဆုတခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။

သူ့ရဲ့ဆုတောင်းက " ငါသည် ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာ ကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏ " တဲ့။

စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်။

အရှင်စူဠနာဂ ဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး “ခအရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲခ” လို့ မေးပြီး ရောက်လာကြပါတယ် ။

အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။ အရှင်စူဠနာဂဟာ ရောက်လာတဲ့ ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။

နောက်မကြာခင်မှာ ဒကာ ဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီး ကပ်လှူပြန်ပါတယ်။ အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက် ပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ ဒကာမတွေဟာ ရေတွက်လို့ မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။

ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီး နေ့စဉ် ပြန်လှူခဲ့ပါတယ်။

တနေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကို အခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ " ဒါနစေတနာ " ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ " အရဟတ္တဖိုလ် " အထိ အကျိုးပေးသွားတာ ပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသော ကာလကြာကြာ ရက်တရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော် ၅၀၀ ကြွလာပြီး မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်ဝန်ခံလိုက်ပါတယ်။

အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတလျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။

အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော် ၅၀၀ ကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတလျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ ဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ် လောင်းလှူကြပါတယ်။

မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေဝမ်းရောဂါကို အပြင်းအထန် ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။

သူတို့ စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။

ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်း ၅၀၀ ကို ဘယ်လိုမိန့်သလဲ ဆိုတော့ “ အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို့ရွာထဲဝင်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်း ဖြစ်ရပါလိမ့်မယ် ဘုရား။ ” လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော် ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကို ယူပြီး ကြွတော်မူကြပါတယ်။

ကြွတော်မူတဲ့ လမ်းခရီးတလျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့ မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မဝတ္ထုလေးပါ။

စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ဝတ္ထုလေးအဖြစ်လည်း ပူးတွဲ သဘောပေါက်လိုက်ရပါတယ်။ အရှင်စူဠနာဂရဲ့ဝတ္ထုလေးကို သတိရနေသမျှတော့ ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။

ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့ ဝတ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။

အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

Zawgyi

ေခြးေကြၽးျခင္း၏ ကုသိုလ္အက်ိဳး

တခါတုန္းက သီဟိုဠ္ကြၽန္းမွာ " အရွင္စူဠနာဂ " လို႔ အမည္ရတဲ့ မေထရ္တပါးရွိခဲ့ဖူးပါတယ္။ သီဟိုဠ္ကြၽန္း အႏုရာဓၿမိဳ႕မွာ ျမတ္စြာဘုရားရဲ႕ညႇပ္႐ိုးေတာ္ကို ဌာပနာထားရာလည္းျဖစ္၊ ေဒဝါနံပိယတိႆမင္းႀကီးရဲ႕ ေကာင္းမႈလည္းျဖစ္တဲ့ ထူပါ႐ုံေစတီ ဆိုတာ ရွိပါတယ္။

ထူပါ႐ုံ ေစတီေတာ္ရဲ႕ အနီးမွာရွိတဲ့ ေက်ာင္းႀကီးကိုလည္း ထူပါ႐ုံေက်ာင္းတိုက္ႀကီးလို႔ ေခၚပါတယ္။ အရွင္စူဠနာဂဟာ အဲဒီထူပါ႐ုံေက်ာင္းတိုက္ႀကီးမွာ တျခားရဟန္းေတာ္ ေတြႏွင့္အတူ သီတင္းသုံးေနတဲ့ ရဟန္းတပါးပါ။

တေန႔မွာ အရွင္စူဠနာဂ ဆြမ္းစားၿပီးလို႔ ခံတြင္းေဆးၿပီးခ်ိန္မွာ သားေတြေပါက္ထားတဲ့ ေခြးမတစ္ေကာင္ကို ေတြ႕လိုက္ရပါတယ္။ ေခြးမကိုေသခ်ာ ၾကည့္လိုက္ေတာ့ ပိန္ပိန္ခ်ည့္ခ်ည့္နဲ႔ အေတာ္ ဆာေလာင္ မြတ္သိပ္ေနတဲ့ပုံ ပါ။ ဆာေလာင္မြတ္သိပ္ေနပုံရတဲ့ ေခြးမကို ျမင္လိုက္ေတာ့ အရွင္စူဠနာဂက ေတာ္ေတာ္ေလး သနားသြားပါတယ္။

ဒါေပမယ့္ ဆြမ္းစားၿပီး သပိတ္ေဆးၿပီးၿပီ ဆိုေတာ့ ေကြၽးစရာ ဆြမ္းက်န္လည္း မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ဘာလုပ္လိုက္သလဲ ဆိုေတာ့ “ ငါသည္ စားအပ္ၿပီးေသာ အစာမွန္ေသာ္လည္း ထိုေခြးမအား အန္၍ လႉအံ့ေသာငွာအပ္၏ ” လို႔ ႏွလုံးပိုက္ၿပီး မိမိရဲ႕ ခံတြင္းထဲကို လက္ထိုးအန္ၿပီး ေခြးမကို ေကြၽးလိုက္ပါတယ္။

အရွင္စူဠနာဂဟာ ေခြးမကို အန္ေကြၽး႐ုံတင္ မက ပါဘူး၊ အိုးျခမ္းကြဲ တစ္ခုထဲမွာ ေရထည့္ၿပီး ေရလဲ တိုက္လိုက္ပါေသးတယ္။ အစာ ထိုက္သင့္သေလာက္ ဝသြားတဲ့ ေခြးမကို ၾကည့္ၿပီး အရွင္စူဠနာဂ လည္း တခါမွ မျဖစ္ဖူးတဲ့ ပီတိေတြ ျဖစ္လာပါတယ္။

ဒါေၾကာင့္ ဆုတခုကို ေကာက္ခါငင္ခါ ေတာင္းလိုက္ပါတယ္။

သူ႔ရဲ႕ဆုေတာင္းက " ငါသည္ ဤေခြးမအား မိမိရဲ႕ခႏၶာကိုယ္ကို မငဲ့ကြက္ဘဲ အန္၍ ေကြၽးလိုက္ရေသာ ကုသိုလ္ေကာင္းမႈေၾကာင့္ နိဗၺာန္ေရာက္ရပါလို၏။ နိဗၺာန္မရေသး၍ သံသရာ က်င္လည္ရသည္ရွိေသာ္ ပစၥည္းလာဘ္လာဘ ေပါမ်ားရပါလို၏ " တဲ့။

စာမွာေတာ့ အရွင္စူဠနာဂရဲ႕ ဒါနေစတနာဟာ ပထမေဇာအဆင့္မွာတင္ အရွိန္အဟုန္အစြမ္း ေတာ္ေတာ္ႀကီးမားေနခဲ့တယ္လို႔ ဆိုပါတယ္။

အရွင္စူဠနာဂ ဆုေတာင္းတဲ့ေန႔ ညခ်မ္းမွာပဲ ဒကာ ဒကာမမ်ားစြာဟာ ေထာပတ္ေတြ တင္လဲခဲေတြ သကာေတြ ပ်ားရည္ေတြ ယူလာၿပီး “ခအရွင္စူဠနာဂ ဘယ္ေက်ာင္းမွာ ေနပါသလဲခ” လို႔ ေမးၿပီး ေရာက္လာၾကပါတယ္ ။

အရွင္စူဠနာဂလည္း ကိုယ့္ကိုယ္ကို အံ့အားသင့္ေနပါတယ္။ အရွင္စူဠနာဂဟာ ေရာက္လာတဲ့ ဘုဥ္းေပးစရာေတြကို သီတင္းသုံးေဖာ္ရဟန္းေတာ္ေတြကိုပါ ခြဲေဝလႉဒါန္းလိုက္ပါတယ္။

ေနာက္မၾကာခင္မွာ ဒကာ ဒကာမေတြ ထပ္ေရာက္လာျပန္ပါတယ္။ သူတို႔ သီဟိုဠ္ေခတ္မွာ အသုံးမ်ားတဲ့ ဇာတိပၹိဳလ္ပြင့္ အစရွိတဲ့ေဆးေတြကို ယူလာၿပီး ကပ္လႉျပန္ပါတယ္။ အရွင္စူဠနာဂလည္း ေရွးနည္းအတိုင္း သီတင္းသုံးေဖာ္ေတြကိုပါ ခြဲေဝလႉဒါန္းလိုက္ ပါတယ္။

နံနက္လင္းလို႔ ဆြမ္းခံႂကြတဲ့အခါမွာေတာ့ ဒကာ ဒကာမေတြဟာ ေရတြက္လို႔ မရႏိုင္ေလာက္ေအာင္ ဆြမ္းဟင္းမ်ားစြာကို ေလာင္းလႉေတာ့တာပါပဲတဲ့။

ဘယ္ေလာက္အထိ ဆြမ္းေတြရသလဲဆိုရင္ ထူပါ႐ုံေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္အားလုံး သုံးေဆာင္ႏိုင္ေလာက္ေအာင္အထိ မ်ားျပားလြန္းတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အရွင္စူဠနာဂက ေက်ာက္စည္ကို တီးခတ္ၿပီး ထူပါ႐ုံေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္ေတြကို ျပန္ၿပီးေလာင္းလႉလိုက္ပါတယ္။ ေနာက္ရက္ေတြမွာလည္း အရွင္စူဠနာဂဟာ ရသမွ်ဆြမ္းဟင္းေတြကို ေက်ာက္စည္တီးခတ္ၿပီး ေန႔စဥ္ ျပန္လႉခဲ့ပါတယ္။

တေန႔မွာေတာ့ အရွင္စူဠနာဂဟာ မိမိျပဳခဲ့တဲ့ ဒါနေစတနာကို ျပန္ဆင္ျခင္ရင္း ပီတိေတြျဖစ္လာပါတယ္။ အဲဒီျဖစ္ေပၚလာတဲ့ ပီတိကို အျခခံၿပီး ဝိပႆနာဘက္ကူး ကမၼ႒ာန္းဘာဝနာကို ႀကိဳးႀကိဳးစားစား အားထုတ္လိုက္တာ ရဟႏၲာျဖစ္သြားခဲ့ပါတယ္။ တက္ႂကြထက္သန္တဲ့ " ဒါနေစတနာ " ဟာ ပစၥဳပၸန္အက်ိဳးတင္မကဘဲ " အရဟတၱဖိုလ္ " အထိ အက်ိဳးေပးသြားတာ ပါပဲ။

အရွင္စူဠနာဂ ရဟႏၲာျဖစ္ၿပီးေနာက္ပိုင္း တစ္ခုေသာ ကာလၾကာၾကာ ရက္တရက္မွာ ထူပါ႐ုံေက်ာင္းတိုက္မွာရွိတဲ့ ရဟန္းေတာ္ ၅၀၀ ႂကြလာၿပီး မဇၩိမေဒသ အိႏၵိယႏိုင္ငံမွာရွိတဲ့ မဟာေဗာဓိပင္ကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ၾကပါတယ္။ အရွင္စူဠနာဂကလည္း လိုက္ပို႔ေပးပါမယ္လို႔ ျပန္ဝန္ခံလိုက္ပါတယ္။

အရွင္စူဠနာဂကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ရျခင္းရဲ႕ အဓိကအေၾကာင္းကေတာ့ လမ္းခရီးတေလွ်ာက္မွာ ဆြမ္းကြမ္းအခက္အခဲ မရွိေအာင္လို႔ပါ။

အရွင္စူဠနာဂလည္း ဂတိခံထားတဲ့အတိုင္း ရဟန္းေတာ္ ၅၀၀ ကို မဟာေဗာဓိပင္ကို လိုက္ပို႔ေပးပါတယ္။ လမ္းခရီးတေလွ်ာက္မွာ နတ္ေကာင္းနတ္ျမတ္ေတြက ကူညီေစာင့္ေရွာက္သလို ေရာက္ရာေဒသက ဒကာ ဒကာမေတြကလည္း ဆြမ္းအခ်ိဳပြဲေတြ အလွ်ံအပယ္ ေလာင္းလႉၾကပါတယ္။

မဟာေဗာဓိပင္ကိုဖူးၿပီး အျပန္ခရီးမွာေတာ့ အရွင္စူဠနာဂဟာ ေလဝမ္းေရာဂါကို အျပင္းအထန္ ခံစားရပါေတာ့တယ္။ ဒီေတာ့ အတူပါလာသူ ရဟန္းေတာ္ေတြလည္း စိတ္မေကာင္းျဖစ္ၾကရပါတယ္။

သူတို႔ စိတ္မေကာင္းျဖစ္ၾကျခင္းရဲ႕ အေၾကာင္းကေတာ့ အကယ္၍ အရွင္စူဠနာဂ လမ္းခရီးမွာ ပရိနိဗၺာန္ျပဳခဲ့ရင္ သူတို႔အတြက္ ဆြမ္းေဘာဇဥ္အခက္အခဲ ေတြ႕ၾကမွာစိုးလို႔ပါ။

ဒါကိုသိတဲ့ အရွင္စူဠနာဂက အေဖာ္ရဟန္း ၅၀၀ ကို ဘယ္လိုမိန႔္သလဲ ဆိုေတာ့ “ အရွင္ဘုရားတို႔၊ အေထြအထူး မစိုးရိမ္ၾကပါနဲ႔။ တပည့္ေတာ္ ပရိနိဗၺာန္ျပဳခဲ့ရင္ ႂကြင္းက်န္တဲ့ တပည့္ေတာ္ရဲ႕ဓါတ္ေတာ္ကို ေရွ႕ဆုံးကႂကြတဲ့ မေထရ္ရဲ႕ ေရစစ္မွာျဖစ္ျဖစ္၊ သပိတ္မွာျဖစ္ျဖစ္ ဖြဲ႕ခ်ည္ၿပီး ၿမိဳ႕႐ြာထဲဝင္ပါဘုရား။ ဒါဆို အရွင္ဘုရားတို႔အတြက္ လမ္းခရီးမွာ ပစၥည္းေလးပါးအတြက္ မပင္မပန္း ျဖစ္ရပါလိမ့္မယ္ ဘုရား။ ” လို႔ အႀကံေပးေတာ္မူပါတယ္။

အရွင္စူဠနာဂမေထရ္လည္း အဲဒီလိုအႀကံေပးၿပီး မၾကာခင္မွာပဲ ပရိနိဗၺာန္ျပဳသြားပါတယ္။ က်န္ခဲ့တဲ့ သတင္းသုံးေဖာ္ ရဟန္းေတာ္ေတြက အရွင္စူဠနာဂရဲ႕ အေလာင္းေတာ္ကို ေကာင္းေကာင္းသၿဂိဳလ္ၿပီး အရွင္စူဠနာဂမွာခဲ့တဲ့အတိုင္း ဓါတ္ေတာ္ေတြကို ယူၿပီး ႂကြေတာ္မူၾကပါတယ္။

ႂကြေတာ္မူတဲ့ လမ္းခရီးတေလွ်ာက္ ပစၥည္းေလးပါးမပင္မပန္းနဲ႔ မိမိတို႔သီတင္းသုံးရာ သီဟိုဠ္ကြၽန္း ထူပါ႐ုံေက်ာင္းတိုက္ကို ျပန္ေရာက္ခဲ့တယ္လို႔ဆိုပါတယ္။

ေစတနာႀကီးမားလွတဲ့ သာမန္ဒါနေလးဟာ ကာယကံရွင္မရွိေတာ့တာေတာင္ က်န္ခဲ့သူေတြအတြက္ အက်ိဳးျပဳသြားတဲ့ သီဟိုဠ္ဓမၼဝတၳဳေလးပါ။

ေစတနာရဲ႕ သေဘာသ႐ုပ္ကို ဖြင့္ျပခဲ့တဲ့ ဝတၳဳေလးအျဖစ္လည္း ပူးတြဲ သေဘာေပါက္လိုက္ရပါတယ္။ အရွင္စူဠနာဂရဲ႕ဝတၳဳေလးကို သတိရေနသမွ်ေတာ့ ေခြးေတြကို ေကြၽးျဖစ္ေနအုံးမွာပါ။

ေခြးေတြကို ေကြၽးျဖစ္ေနသမွ်ေတာ့ အရွင္စူဠနာဂရဲ႕ ဝတၳဳေလးကို သတိရေနျဖစ္အုံးမွာပါ။

အရွင္ရာဇိႏၵ(ရေဝႏြယ္-အင္းမ)

Post a Comment

0 Comments