သခင်ရဲ့ခြံထဲမှာ ဒူးရင်းသီး ရောင်းအားတက်လာအောင် ကူညီပေးနေတဲ့ ခွေးလေး

ဒူးရင်းသီးက အနံ့ပြင်းတာကြောင့် တချို့တွေက ဒူးရင်းသီးနံ့ကို မခံနိုင်ကြပါဘူး။ ဒူးရင်းသီးဟာ ထိုင်းနိုင်ငံမှာလည်း အလွန်ပေါများ ပါတယ်။

ထိုင်းနိုင်ငံက Jubjib ဆိုတဲ့ golden reliever ခွေးလေးက သူ့သခင်တွေ ပိုင်တဲ့ ဒူးရင်းခြံမှာ ဒူးရင်းသီး ခူးတဲ့အခါ လုပ်ကူပေးနေပါတယ်။



ခွေးတွေက အနံ့ခံအား အရမ်းကောင်းပေမယ့် Jubjib က ဒူးရင်းသီးနံ့တွေကို ကြိုက်ပုံပါပဲ။ Jubjib ရဲ့သခင်က သူ့ခြံထဲမှာ ဒူးရင်းသီးတွေ စိုက်တဲ့အပြင် ဒူးရင်းသီးကြော်ကိုလည်း ထုတ်လုပ်ရောင်းချပါတယ်။ Jubjib က သူ့သခင်ရဲ့ခြံထဲမှာ ၂၀၁၄ ခုနှစ်ကတည်းက လုပ်ကူခဲ့တာပါ။







Jubjib ကို သူ့သခင်က နေလုံဦးထုပ်ဆောင်းပေးပြီး ဓါတ်ပုံ ရိုက်ပေးတဲ့အခါ သူ့ပုံလေးတွေက socail media မှာ ပျံ့နှံ့သွားပါတယ်။ Jubjib ရဲ့ပုံလေးတွေက နာမည်ကြီးလာတဲ့အခါ သူ့သခင်က Jubjib ရဲ့ပုံလေးတွေကို စတေကာ ရိုက်နှိပ်ပြီး ဒူးရင်းသီးဘူးတွေမှာ ကပ်ဖို့ စိတ်ကူးရသွားပါတယ်။



Jabjib ရဲ့ ပုံလေးတွေကို ကပ်ပြီး ဒူးရင်းသီး ရောင်းတဲ့အခါ ရောင်းအားလည်း တက်လာခဲ့ပါတယ်။ ခြံထဲမှာ အလုပ်ရှုပ်တဲ့ နေ့တွေဆိုရင် Jubjib က သူ့ရဲ့ သူငယ်ချင်းကိုလည်း ခေါ်လာပြီး အတူတူ လုပ်ကူ (ဆော့ကူ) ကြပါသေးတယ်။



Zombie (Lovemedia)

for zawgyi

သခင္ရဲ႕ၿခံထဲမွာ ဒူးရင္းသီး ေရာင္းအားတက္လာေအာင္ ကူညီေပးေနတဲ့ ေခြးေလး

ဒူးရင္းသီးက အနံ႔ျပင္းတာေၾကာင့္ တခ်ိဳ႕ေတြက ဒူးရင္းသီးနံ႔ကို မခံႏိုင္ၾကပါဘူး။ ဒူးရင္းသီးဟာ ထိုင္းႏိုင္ငံမွာလည္း အလြန္ေပါမ်ားပါတယ္။

ထိုင္းႏိုင္ငံက Jubjib ဆိုတဲ့ golden reliever ေခြးေလးက သူ႔သခင္ေတြ ပိုင္တဲ့ ဒူးရင္းၿခံမွာ ဒူးရင္းသီး ခူးတဲ့အခါ လုပ္ကူေပးေနပါတယ္။

ေခြးေတြက အနံ႔ခံအား အရမ္းေကာင္းေပမယ့္ Jubjib က ဒူးရင္းသီးနံ႔ေတြကို ႀကိဳက္ပုံပါပဲ။ Jubjib ရဲ႕သခင္က သူ႔ၿခံထဲမွာ ဒူးရင္းသီးေတြ စိုက္တဲ့အျပင္ ဒူးရင္းသီးေၾကာ္ကိုလည္း ထုတ္လုပ္ေရာင္းခ်ပါတယ္။ Jubjib က သူ႔သခင္ရဲ႕ၿခံထဲမွာ ၂၀၁၄ ခုႏွစ္ကတည္းက လုပ္ကူခဲ့တာပါ။

Jubjib ကို သူ႔သခင္က ေနလုံဦးထုပ္ေဆာင္းေပးၿပီး ဓါတ္ပုံ ႐ိုက္ေပးတဲ့အခါ သူ႔ပုံေလးေတြက socail media မွာ ပ်ံ႕ႏွံ႔သြားပါတယ္။ Jubjib ရဲ႕ပုံေလးေတြက နာမည္ႀကီးလာတဲ့အခါ သူ႔သခင္က Jubjib ရဲ႕ပုံေလးေတြကို စေတကာ ႐ိုက္ႏွိပ္ၿပီး ဒူးရင္းသီးဘူးေတြမွာ ကပ္ဖို႔ စိတ္ကူးရသြားပါတယ္။

Jabjib ရဲ႕ ပုံေလးေတြကို ကပ္ၿပီး ဒူးရင္းသီး ေရာင္းတဲ့အခါ ေရာင္းအားလည္း တက္လာခဲ့ပါတယ္။ ၿခံထဲမွာ အလုပ္ရႈပ္တဲ့ ေန႔ေတြဆိုရင္ Jubjib က သူ႔ရဲ႕သူငယ္ခ်င္းကိုလည္း ေခၚလာၿပီး အတူတူ လုပ္ကူ (ေဆာ့ကူ) ၾကပါေသးတယ္။

Zombie (Lovemedia)

Post a Comment

0 Comments