ညစ်ပေနေတဲ့စိတ်

တစ်ခါတုန်းက လင်မယားစုံတွဲ တစ်တွဲဟာ နှစ်ထပ်အိမ်လေး တစ်လုံးမှာ မှီတင်းနေထိုင် ကြပါတယ် ။

မနက်တိုင်းမှာ မယားလုပ်တဲ့သူဟာ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ ဘေးအိမ်ကို ချောင်းချောင်းကြည့်ပြီး သူမြင်တွေ့သမျှကို သူ့ရဲ့ ခင်ပွန်းဆီကို ဖောက်သည်ချ ပြောပြလေ့ ရှိတယ်။

" ဘေးအိမ်က ဟာတွေက အဝတ်အစား ကောင်းကောင်း မလျှော်တတ်ကြဘူး.. သိလား ။ အဝတ်အစားတွေက ညစ်ပတ်နေတာပဲ။ ဘာဆပ်ပြာမှုန့်များ သုံးကြလဲ မသိဘူး "

ယောင်္ကျားဖြစ်သူ ပြန်ပြောတာက..

" သူများကိစ္စ သွားအာချောင် မနေစမ်းပါနဲ့။ ကိုယ့်အဝတ်အစားတွေသာ ကိုယ်ပြောင်အောင် လျှော်စမ်းပါ ”

ဒါပေမယ့်လည်း မိန်းမလုပ်တဲ့သူက ပြတင်းပေါက်ကနေ နေ့တိုင်း ဘေးအိမ်ကို သွားသွားချောင်းကြည့် နေတတ်မြဲပဲတဲ့။ ပြီးရင် သူ့ယောက်ျားကို လာလာပြောပြ ပြန်တယ်။

" သူတို့ အဝတ်အစား လျှော်တာကလည်း ညစ်ပတ်နေတာပဲ ” တဲ့ ။

ဒီလိုနဲ့ တစ်နေ့ မနက်မှာ ယောက်ျားက အိမ်အောက်ထပ်မှာ ကော်ဖီတစ်ခွက် နဲ့ သတင်းစာ ထိုင်ဖတ်နေတုန်း မိန်းမက အိမ်ပေါ်ကနေ အထူးအဆန်းပြေးဆင်းလာပြီး သူယောင်္ကျားဆီ လာတိုင်ပြောတယ်။

ယောင်္ကျားရေ နားကို မလည်တော့ဘူး သူတို့ ဘာဆပ်ပြာမှုန့် ပြောင်းသုံးကြလည်း မသိဘူး။ ဒီနေ့တော့ သူတို့ အဝတ်အစားတွေ သစ်လွင်နေတာပဲ။ သူတို့ဘာနဲ့ လျှော်တာလည်း အရမ်းသိချင်တာပဲ ”

ဒါနဲ့ ယောက်ျား လုပ်သူက ထပြောတာက..

" ငါ တော်တော်လေးကို အမြင်ကတ်လာပြီနော် ။ ဒီနေ့မနက် အစောကြီး ငါထပြီး ပြတင်းပေါက်မှန်တွေကို ပြောင်နေအောင် သုတ်ထားလို့ ဟေ့.. "

" အရင်က မှန်တွေက ညစ်ပေနေတာ နင်က အဲ့ကနေ သွားသွား ကြည့်မှတော့ အကုန်ညစ်ပေနေတာပဲ မြင်မှာပေါ့ ဟ " တဲ့ ။

သင်ခန်းစာ - ကျွန်တော်တို့ လူသားတွေဟာ သူတစ်ပါးရဲ့ အပြစ်ကိုသာ ရှာကြည့်တတ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ မေ့နေတတ်ကြတယ်။ ဒါကြောင့် သူတပါးကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင်ကြည်လင်အောင် သန့်ရှင်းထားဖို့ လိုပါတယ်။

ကိုယ့်စိတ်က ကြည်လင်နေရင် မြင်သမျှ အရာရာ လှပနေမှာဖြစ်သလို ကိုယ့်စိတ်က နောက်နေရင်လည်း မြင်ရမှာက ပြဿနာချည်း ဖြစ်နေမှာပါ။

စိတ်ကိုကြည်လင်စွာနဲ့ လောကကို အကောင်းမြင် နိုင်ကြပါစေ။

crd

for zawgyi

ညစ္ေပေနတဲ့စိတ္

တစ္ခါတုန္းက လင္မယားစုံတြဲ တစ္တြဲဟာ ႏွစ္ထပ္အိမ္ေလး တစ္လုံးမွာ မွီတင္းေနထိုင္ ၾကပါတယ္ ။

မနက္တိုင္းမွာ မယားလုပ္တဲ့သူဟာ အိမ္အေပၚထပ္ ျပတင္းေပါက္ကေန ေဘးအိမ္ကို ေခ်ာင္းေခ်ာင္းၾကည့္ၿပီး သူျမင္ေတြ႕သမွ်ကို သူ႔ရဲ႕ ခင္ပြန္းဆီကို ေဖာက္သည္ခ် ေျပာျပေလ့ ရွိတယ္။

" ေဘးအိမ္က ဟာေတြက အဝတ္အစား ေကာင္းေကာင္း မေလွ်ာ္တတ္ၾကဘူး.. သိလား။ အဝတ္အစားေတြက ညစ္ပတ္ေနတာပဲ။ ဘာဆပ္ျပာမႈန႔္မ်ား သုံးၾကလဲ မသိဘူး "

ေယာက်ၤားျဖစ္သူ ျပန္ေျပာတာက..

" သူမ်ားကိစၥ သြားအာေခ်ာင္ မေနစမ္းပါနဲ႔။ ကိုယ့္အဝတ္အစားေတြသာ ကိုယ္ေျပာင္ေအာင္ ေလွ်ာ္စမ္းပါ ”

ဒါေပမယ့္လည္း မိန္းမလုပ္တဲ့သူက ျပတင္းေပါက္ကေန ေန႔တိုင္း ေဘးအိမ္ကို သြားသြားေခ်ာင္းၾကည့္ ေနတတ္ၿမဲပဲတဲ့။ ၿပီးရင္ သူ႔ေယာက္်ားကို လာလာေျပာျပ ျပန္တယ္။

" သူတို႔ အဝတ္အစား ေလွ်ာ္တာကလည္း ညစ္ပတ္ေနတာပဲ ” တဲ့ ။

ဒီလိုနဲ႔ တစ္ေန႔ မနက္မွာ ေယာက္်ားက အိမ္ေအာက္ထပ္မွာ ေကာ္ဖီတစ္ခြက္ နဲ႔ သတင္းစာ ထိုင္ဖတ္ေနတုန္း မိန္းမက အိမ္ေပၚကေန အထူးအဆန္းေျပးဆင္းလာၿပီး သူေယာက်ၤားဆီ လာတိုင္ေျပာတယ္။

ေယာက်ၤားေရ နားကို မလည္ေတာ့ဘူး သူတို႔ ဘာဆပ္ျပာမႈန႔္ ေျပာင္းသုံးၾကလည္း မသိဘူး။ ဒီေန႔ေတာ့ သူတို႔ အဝတ္အစားေတြ သစ္လြင္ေနတာပဲ။ သူတို႔ဘာနဲ႔ ေလွ်ာ္တာလည္း အရမ္းသိခ်င္တာပဲ ”

ဒါနဲ႔ ေယာက္်ား လုပ္သူက ထေျပာတာက..

" ငါ ေတာ္ေတာ္ေလးကို အျမင္ကတ္လာၿပီေနာ္ ။ ဒီေန႔မနက္ အေစာႀကီး ငါထၿပီး ျပတင္းေပါက္မွန္ေတြကို ေျပာင္ေနေအာင္ သုတ္ထားလို႔ ေဟ့.. "

" အရင္က မွန္ေတြက ညစ္ေပေနတာ နင္က အဲ့ကေန သြားသြား ၾကည့္မွေတာ့ အကုန္ညစ္ေပေနတာပဲ ျမင္မွာေပါ့ ဟ " တဲ့ ။

သင္ခန္းစာ - ကြၽန္ေတာ္တို႔ လူသားေတြဟာ သူတစ္ပါးရဲ႕ အျပစ္ကိုသာ ရွာၾကည့္တတ္ၿပီး ကိုယ့္ကိုယ္ကို ျပင္ဆင္ဖို႔ ေမ့ေနတတ္ၾကတယ္။ ဒါေၾကာင့္ သူတပါးကို မေဝဖန္ခင္ ကိုယ့္စိတ္ကို အရင္ၾကည္လင္ေအာင္ သန႔္ရွင္းထားဖို႔ လိုပါတယ္။

ကိုယ့္စိတ္က ၾကည္လင္ေနရင္ ျမင္သမွ် အရာရာ လွပေနမွာျဖစ္သလို ကိုယ့္စိတ္က ေနာက္ေနရင္လည္း ျမင္ရမွာက ျပႆနာခ်ည္း ျဖစ္ေနမွာပါ။

စိတ္ကိုၾကည္လင္စြာနဲ႔ ေလာကကို အေကာင္းျမင္ ႏိုင္ၾကပါေစ။

crd

Post a Comment

0 Comments