အမှောင်တကာ့ အမှောင်ဆုံး

ရှေးရှေးတုန်းက ဘုရင်ကြီးတပါးသည် သူ့မှာရှိသော ပညာရှိများကို အဖြေတခု ရှာခိုင်းလေသည်။ ဘုရင်ကြီးကိုယ်တိုင် မသိသေးသောကြောင့် ပညာရှိများကို မေးခြင်းဖြစ်သည်။ တကယ်လို့ သူစိတ်တိုင်းကျတဲ့ အဖြေမရရင်အားလုံးကို ပြည်နှင်ဒဏ် ပေးမည် ဆိုသော အမိန့်တော်ပါ မိန့်လိုက်လေသည်။

ဘုရင်ကြီးမေးသောမေးခွန်းမှာ အမှောင်တကာ့ အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံးနည်း ဟူသော မေးခွန်းဖြစ်သည်!! တယောက်ယောက်က ဖြေနိုင်မယ် ဆိုရင် ရပြီ။ မဖြေနိုင်ရင်တော့ ပြည်နှင်ဒဏ်ပေါ့။ ၇ ရက် အချိန်ပေးလိုက်လေသည်။ ပညာရှိတွေလည်း စဉ်းစားကြတာ ပေါ့လေ။

တချို့ကလည်း အလင်းရောင် မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး။ မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံး။ တိမ်တွေဖုံးနေတဲ့ လမသာတဲ့ သန်းခေါင်ယံသည် အမှောင်ဆုံး။ မိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး စသဖြင့် တွေးတောနေကြ အဖြေထုတ်နေကြတာပေါ့။

ပညာရှိတဦးသည် ဒါတွေလောက်တော့ ဘုရင်လည်း သိလိမ့်မည်။ ဒီအဖြေကို နှစ်သက်လိမ့်မည် မဟုတ် သေချာစဉ်းစားမှ ရမည်ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို ၇ ရက်သာ ပြည့်တော့မည်။ အဖြေမရပါပဲ အခက်တွေ့နေပါသည်။ မစားနိုင်မသောက်နိုင် တမှိုင်မှိုင်တတွေတွေ ဖြစ်နေ၏။ ဖခင် ခုလိုဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည်။

အဖေ ဘာများညစ်နေပါသလဲဟုမေးလေသည် ။ ဖခင်ကလည်း ဒီလိုဖြစ်နေသည်ဟု ပြဿနာကို ရှင်းပြလေသည်။ သမီးက နားထောင်ပြီးသောအခါ အဖေသိချင်သော အဖြေကို သမီးပေးမည်။ ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာ အဖြေသွားယူလိုက်ပါဟု ပြောလိုက်လေသည်။ သမီးဖြစ်သူသည်လည်း ပညာဉာဏ်ရှိတယ်ဆိုတာကို ဖခင်ကသိတော့ ကောင်းပြီသမီး ဟု ပြောလိုက်လေသည်။

ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေးသည်။ အဖြေမှန်ပါ့မလားပေါ့။ ညသန်းခေါင်ယံလည်း ရောက်တယ်ဆိုရင်ပဲ ဖခင်ကြီးက အခန်းရှိရာသို့လာလေသည်။ အခန်းသည် မီးရောင် မှိန်ပြပြလေးနှင့် ဝိုးတဝါးဖြစ်နေသည်။ အခန်းအတွင်းသို့ လိုက်ကာစကို ဖွင့်ပြီးအဝင်တွင် မြင်လိုက်ရသည်က မိန်းမတစ်ယောက် အဝတ်စလစ်ဖြင့် ဆွဲဆောင်မှု အပြည့်နှင့် စိတ်ကိုမြူစွယ်နေသည်။

အမတ်ကြီးလည်း စိတ်တွေထကြွလာကာ ရှေ့သို့တိုးလာလေသည်။ တဖြေးဖြေးနီးလာသောအခါ မျက်လုံးထဲတွင် ထိုမိန်းမသည် သမီးဖြစ်သူနှင့် တူနေသည်ကို သတိထားမိပေမယ့် အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ။ သမီးဖြစ်သည်ကို သေချာသော်လည်း ကြံရွယ်ထားသော စိတ်အာရုံကိုလည်း မရပ် တဏှာစိတ်တို့သည် ထကြွလျက် အသိပျောက်ခါ နေလေတော့သည်။

ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာ လိုက်ပြီး အဖေ သတိထားလော့ ဟု ပြောလိုက်လေသည်။ အဖေလိုချင်သော အဖြေသည် ဒါပါပဲဟု ပြောလိုက်၏ ။ ထိုအခါမှ ဖခင်အမတ်ကြီးလည်း သတိဝင်သွားကာ " ငါမှားပြီ၊ ငါရှက်လိုက်တာ သိက္ခာတရားတွေ ကျပါပြီ" ဟု နောင်တတွေ ရနေသည်။

သမီးမှ အဖေ မမှားပါဘူး၊ အဖေတင်မဟုတ် ယောင်္ကျားတိုင်း မိန်းမတိုင်း ကာမဂုဏ် အရသာနှင့် ထိတွေ့လျှင် သတိတွေအသိတွေ ပျောက်တတ်တာ သဘာဝပါဟု ပြောပြီး မနက်ကို ဘုရင်ကြီးဆီမှာ လျှောက်ချေလော့ဟု ပြောလိုက်၏။

ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများဖြေသော အဖြေများကို နားထောင်ပြီး လိုချင်သော အဖြေမရဖြစ်နေပြီး ဒေါသထွက်နေချိန် နောက်ဆုံးတယောက်အဖြစ် အမတ်ကြီးကို မေးလေသည်။

အမတ်ကြီးမှ မှန်လှပါဘုရား ဘုရင်မင်းကြီးမေးသော အဖြေကို ရရှိလာပါသည်ဟု လျှောက်တင်လေသည်။ အမှောင်တကာ့ အမှောင် ထဲတွင် ကာမ အမှောင်သည် အမှောင်ဆုံးဟု လျှောက်တင် အဖြေပေးလေသည်။ တခြားအမှောင်တို့သည် မှောင်သော်လည်း မမှားပါ၊ မမြင်သော်လည်း မမှားပါ။ မှားခဲ့သော် တစ်ခဏသာ မှားမည်။

ကြယ်ရောင် လရောင် မရှိသောည သည် စိတ်ကိုတော့ မမှောင်စေပါ၊ မျက်လုံးကိုသာ မှောင်စေပါသည်။ မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည်။ အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ။ ညအမှောင်များသည်လည်း နေ့တွင်မမှောင်နိုင်တော့ပါ၊ ညမှာသာမှောင်ပါသည်။

ကာမအမှောင် ကိလေသာတဏှာ အမှောင်သည် စိတ်ကိုလည်း မှောင်စေသည်၊ ဘဝကိုလည်းမှောင်စေသည်၊ သံသရာကိုလည်း မှောင်စေသည်။ ဒီလိုအမှောင်သည် ပြန်လည် လင်းလက်ဖို့အတွက် အင်မတန်မှ မလွယ်သလို ဒီအမှောင်သည် ကောင်းသော အနံ့လည်းပျောက် ကောင်းသော အကြံလည်းပျောက် ကောင်းတဲ့ သိက္ခာလည်းမဲ့ ကောင်းတဲ့ အရှက်တရားလည်းကင်း၊ မှားမှန်းသိသည်ကိုပင် မှားပါစေဟု ရေစုန်မျောတဲ့အထိ ဖြစ်တတ်ပါသည် ဘုရား။

ဒါကြောင့် လောကတွင်ရှိသော အမှောင်တကာ့အမှောင်တွင် ကာမကိလေသာ အမှောင်သည် အမှောင်ဆုံး ကြောက်စရာ အကောင်းဆုံးသာ ဖြစ်ပါသည်ဟု ဖြေလိုက်သောအခါ ဘုရင်ကြီး နှစ်ခြိုက်တော်မူသည်။ နောက်နေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှစွန့်ခွါပြီး တောထွက်တော်မူပြီး တရားအားထုတ်ကြ၏။

ပုံပြင်ကတော့ ဒါပါပဲဗျာ၊ ဒါပေမယ့် စာရေးသူ ပြောချင်ပါသေးတယ်ဗျာ၊ ပညာရှိပါတယ် ဆိုတဲ့ လူလည်း မှားတတ်တယ်၊ မထင်မှတ်သူဆီမှလည်း တန်ဖိုးကြီးတဲ့ အဖြေမှန်ရတတ်တယ်၊ ခက်ခဲတဲ့အဖြေတွေကို သိက္ခာတွေရင်းပြီးမှ ရနိုင်တတ်တယ်၊ ခက်ခဲတဲ့အဖြေကို သိက္ခာတွေကိုရင်းပြီး ပေးရတတ်တယ်၊ အမှောင်ဆုံးသော ကြောက်စရာ အကောင်းဆုံးသော ကာမကိလေသာစိတ်ကို သေချာစွာ ထိန်းသိမ်းကြပါ။ သေချာစွာ သတိထားကြပါဟု ပြောရင်း အဆုံးသတ်ပါ၏။

crd

Zawgyi

အေမွာင္တကာ့ အေမွာင္

ေရွးေရွးတုန္းက ဘုရင္ႀကီးတပါးသည္ သူ႔မွာရွိေသာ ပညာရွိမ်ားကို အေျဖတခု ရွာခိုင္းေလသည္။ ဘုရင္ႀကီးကိုယ္တိုင္ မသိေသးေသာေၾကာင့္ ပညာရွိမ်ားကို ေမးျခင္းျဖစ္သည္။ တကယ္လို႔ သူစိတ္တိုင္းက်တဲ့ အေျဖမရရင္အားလုံးကို ျပည္ႏွင္ဒဏ္ ေပးမည္ ဆိုေသာ အမိန႔္ေတာ္ပါ မိန႔္လိုက္ေလသည္။

ဘုရင္ႀကီးေမးေသ ာေမးခြန္းမွာ အေမွာင္တကာ့ အေမွာင္တြင္ ဘယ္အေမွာင္သည္ အေမွာင္ဆုံးနည္း ဟူေသာ ေမးခြန္းျဖစ္သည္!! တေယာက္ေယာက္က ေျဖႏိုင္မယ္ ဆိုရင္ ရၿပီ။ မေျဖႏိုင္ရင္ေတာ့ ျပည္ႏွင္ဒဏ္ေပါ့။ ၇ ရက္ အခ်ိန္ေပးလိုက္ေလသည္။ ပညာရွိေတြလည္း စဥ္းစားၾကတာ ေပါ့ေလ။

တခ်ိဳ႕ကလည္း အလင္းေရာင္ မရွိတဲ့ အခန္းက်ဥ္းသည္ အေမွာင္ဆုံး။ ေျမေအာက္ခန္း အလင္းမရွိရင္ အေမွာင္ဆုံး။ တိမ္ေတြဖုံးေနတဲ့ လမသာတဲ့ သန္းေခါင္ယံသည္ အေမွာင္ဆုံး။ မိုးေမွာင္က်ၿပီး လမရွိ ၾကယ္မရွိက အေမွာင္ဆုံး စသျဖင့္ ေတြးေတာေနၾက အေျဖထုတ္ေနၾကတာေပါ့။

ပညာရွိတဦးသည္ ဒါေတြေလာက္ေတာ့ ဘုရင္လည္း သိလိမ့္မည္။ ဒီအေျဖကို ႏွစ္သက္လိမ့္မည္ မဟုတ္ ေသခ်ာစဥ္းစားမွ ရမည္ဆိုၿပီး စဥ္းစားလိုက္တာ မနက္ျဖန္ဆို ၇ ရက္သာ ျပည့္ေတာ့မည္။ အေျဖမရပါပဲ အခက္ေတြ႕ေနပါသည္။ မစားႏိုင္မေသာက္ႏိုင္ တမႈိင္မႈိင္တေတြေတြ ျဖစ္ေန၏။ ဖခင္ ခုလိုျဖစ္ေနတာကို ျမင္ေသာအခါ သမီးမွ ေမးေလသည္။

အေဖ ဘာမ်ားညစ္ေနပါသလဲဟုေမးေလသည္ ။ ဖခင္ကလည္း ဒီလိုျဖစ္ေနသည္ဟု ျပႆနာကို ရွင္းျပေလသည္။ သမီးက နားေထာင္ၿပီးေသာအခါ အေဖသိခ်င္ေသာ အေျဖကို သမီးေပးမည္။ ညသန္းေခါင္ယံ အိမ္ေဘးက လူမေနတဲ့ အခန္းမွာ အေျဖသြားယူလိုက္ပါဟု ေျပာလိုက္ေလသည္။ သမီးျဖစ္သူသည္လည္း ပညာဉာဏ္ရွိတယ္ဆိုတာကို ဖခင္ကသိေတာ့ ေကာင္းၿပီသမီး ဟု ေျပာလိုက္ေလသည္။

ဒါေပမယ့္ စိတ္ထဲမွာ စိုးရိမ္ေနေသးသည္။ အေျဖမွန္ပါ့မလားေပါ့။ ညသန္းေခါင္ယံလည္း ေရာက္တယ္ဆိုရင္ပဲ ဖခင္ႀကီးက အခန္းရွိရာသို႔လာေလသည္။ အခန္းသည္ မီးေရာင္ မွိန္ျပျပေလးႏွင့္ ဝိုးတဝါးျဖစ္ေနသည္။ အခန္းအတြင္းသို႔ လိုက္ကာစကို ဖြင့္ၿပီးအဝင္တြင္ ျမင္လိုက္ရသည္က မိန္းမတစ္ေယာက္ အဝတ္စလစ္ျဖင့္ ဆြဲေဆာင္မႈ အျပည့္ႏွင့္ စိတ္ကိုျမဴစြယ္ေနသည္။

အမတ္ႀကီးလည္း စိတ္ေတြထႂကြလာကာ ေရွ႕သို႔တိုးလာေလသည္။ တေျဖးေျဖးနီးလာေသာအခါ မ်က္လုံးထဲတြင္ ထိုမိန္းမသည္ သမီးျဖစ္သူႏွင့္ တူေနသည္ကို သတိထားမိေပမယ့္ အၾကည့္ႏွင့္ ေျခလွမ္းမ်ားလည္း မရပ္ခဲ့ပါ။ သမီးျဖစ္သည္ကို ေသခ်ာေသာ္လည္း ႀကံ႐ြယ္ထားေသာ စိတ္အာ႐ုံကိုလည္း မရပ္ တဏွာစိတ္တို႔သည္ ထႂကြလ်က္ အသိေပ်ာက္ခါ ေနေလေတာ့သည္။

ထိုအခါတြင္ သမီးျဖစ္သူက အဝတ္မ်ားကို ဆြဲကာ လိုက္ၿပီး အေဖ သတိထားေလာ့ ဟု ေျပာလိုက္ေလသည္။ အေဖလိုခ်င္ေသာ အေျဖသည္ ဒါပါပဲဟု ေျပာလိုက္၏ ။ ထိုအခါမွ ဖခင္အမတ္ႀကီးလည္း သတိဝင္သြားကာ " ငါမွားၿပီ၊ ငါရွက္လိုက္တာ သိကၡာတရားေတြ က်ပါၿပီ" ဟု ေနာင္တေတြ ရေနသည္။

သမီးမွ အေဖမမွားပါဘူး၊ အေဖတင္မဟုတ္ ေယာက်ၤားတိုင္း မိန္းမတိုင္း ကာမဂုဏ္ အရသာႏွင့္ ထိေတြ႕လွ်င္ သတိေတြအသိေတြ ေပ်ာက္တတ္တာ သဘာဝပါဟု ေျပာၿပီး မနက္ကို ဘုရင္ႀကီးဆီမွာ ေလွ်ာက္ေခ်ေလာ့ဟု ေျပာလိုက္၏။

ညီလာခံတြင္ ဘုရင္ႀကီးသည္ပညာရွိမ်ားေျဖေသာ အေျဖမ်ားကို နားေထာင္ၿပီး လိုခ်င္ေသာ အေျဖမရျဖစ္ေနၿပီး ေဒါသထြက္ေနခ်ိန္ ေနာက္ဆုံးတေယာက္အျဖစ္ အမတ္ႀကီးကို ေမးေလသည္။

အမတ္ႀကီးမွ မွန္လွပါဘုရား ဘုရင္မင္းႀကီးေမးေသာအေျဖကို ရရွိလာပါသည္ဟု ေလွ်ာက္တင္ေလသည္။ အေမွာင္တကာ့ အေမွာင္ ထဲတြင္ ကာမ အေမွာင္သည္ အေမွာင္ဆုံးဟု ေလွ်ာက္တင္ အေျဖေပးေလသည္။ တျခားအေမွာင္တို႔သည္ ေမွာင္ေသာ္လည္း မမွားပါ၊ မျမင္ေသာ္လည္း မမွားပါ။ မွားခဲ့ေသာ္ တစ္ခဏသာ မွားမည္။

ၾကယ္ေရာင္ လေရာင္ မရွိေသာည သည္ စိတ္ကိုေတာ့ မေမွာင္ေစပါ၊ မ်က္လုံးကိုသာ ေမွာင္ေစပါသည္။ ေျမေအာက္ခန္းသည္ ေမွာင္ေသာ္လည္း ေျမနံ႔ေတာ့ မေပ်ာက္ အခန္းမွာ ရွိခ်ိန္မွာသာ ေမွာင္သည္။ အခန္းအျပင္တြင္ မေမွာင္ႏိုင္ေတာ့ပါ။ ညအေမွာင္မ်ားသည္လည္း ေန႔တြင္မေမွာင္ႏိုင္ေတာ့ပါ၊ ညမွာသာေမွာင္ပါသည္။

ကာမအေမွာင္ ကိေလသာတဏွာ အေမွာင္သည္ စိတ္ကိုလည္း ေမွာင္ေစသည္၊ ဘဝကိုလည္းေမွာင္ေစသည္၊ သံသရာကိုလည္း ေမွာင္ေစသည္။ ဒီလိုအေမွာင္သည္ ျပန္လည္ လင္းလက္ဖို႔အတြက္ အင္မတန္မွ မလြယ္သလို ဒီအေမွာင္သည္ ေကာင္းေသာ အနံ႔လည္းေပ်ာက္ ေကာင္းေသာ အႀကံလည္းေပ်ာက္ ေကာင္းတဲ့ သိကၡာလည္းမဲ့ ေကာင္းတဲ့ အရွက္တရားလည္းကင္း၊ မွားမွန္းသိသည္ကိုပင္ မွားပါေစဟု ေရစုန္ေမ်ာတဲ့အထိ ျဖစ္တတ္ပါသည္ ဘုရား။

ဒါေၾကာင့္ ေလာကတြင္ရွိေသာ အေမွာင္တကာ့အေမွာင္တြင္ ကာမကိေလသာ အေမွာင္သည္ အေမွာင္ဆုံး ေၾကာက္စရာ အေကာင္းဆုံးသာ ျဖစ္ပါသည္ဟု ေျဖလိုက္ေသာအခါ ဘုရင္ႀကီး ႏွစ္ၿခိဳက္ေတာ္မူသည္။ ေနာက္ေန႔တြင္ ဘုရင္ႀကီးႏွင့္ အမတ္ႀကီးသည္ နန္းေတာ္မွစြန႔္ခြါၿပီး ေတာထြက္ေတာ္မူၿပီး တရားအားထုတ္ၾက၏။

ပုံျပင္ကေတာ့ ဒါပါပဲဗ်ာ၊ ဒါေပမယ့္ စာေရးသူ ေျပာခ်င္ပါေသးတယ္ဗ်ာ၊ ပညာရွိပါတယ္ဆိုတဲ့ လူလည္း မွားတတ္တယ္၊ မထင္မွတ္သူဆီမွလည္း တန္ဖိုးႀကီးတဲ့ အေျဖမွန္ရတတ္တယ္၊ ခက္ခဲတဲ့အေျဖေတြကို သိကၡာေတြရင္းၿပီးမွ ရႏိုင္တတ္တယ္၊ ခက္ခဲတဲ့အေျဖကို သိကၡာေတြကိုရင္းၿပီး ေပးရတတ္တယ္၊ အေမွာင္ဆုံးေသာ ေၾကာက္စရာအေကာင္းဆုံးေသာ ကာမကိေလသာစိတ္ကို ေသခ်ာစြာ ထိန္းသိမ္းၾကပါ။ ေသခ်ာစြာ သတိထားၾကပါဟု ေျပာရင္း အဆုံးသတ္ပါ၏။

crd

Post a Comment

0 Comments